
နေပြည်တော် ဒီဇင်ဘာ ၁၃
နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံ ရေးတာဝန်များကို စွမ်းစွမ်းတမံ ထမ်းဆောင်လျက်ရှိသော လုံခြုံ ရေး တပ်ဖွဲ့ဝင်များအတွက် စေတနာရှင်အလှူရှင် ပြည်သူများ က အလှူငွေများ ပေးအပ်လှူဒါန်း လျက်ရှိသည့်အပြင် စားသောက် ဖွယ်ရာများကိုလည်း ပေးပို့ လှူဒါန်းလျက်ရှိသည်။
ယနေ့တွင်လည်း စေတနာရှင် အလှူရှင် ပြည်သူများက အရှေ့ မြောက်တိုင်း စစ်ဌာနချုပ်နယ်မြေ အတွင်း နိုင်ငံတော်ကာကွယ် ရေးနှင့် လုံခြုံရေးတာဝန်များ ထမ်းဆောင်နေသည့် လုံခြုံရေး တပ်ဖွဲ့ဝင်များအတွက် ဒံပေါက် ထမင်းဘူးများကို ပေးအပ်လှူဒါန်း ကြရာ တာဝန်ရှိသူများက လက်ခံ ရယူပြီး လားရှိုးမြို့မှတစ်ဆင့် တပ်မတော်မော်တော်ယာဉ်များ၊ ရဟတ်ယာဉ်များဖြင့် လုံခြုံရေး တပ်ဖွဲ့ဝင်များ၏ လက်ဝယ် အရောက် လိုက်လံပို့ဆောင်ပေးခဲ့ ကြကြောင်း သတင်းရရှိသည်။
သတင်းစဉ်