
နေပြည်တော် ဒီဇင်ဘာ ၁
နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံ ရေးတာဝန်များကို စွမ်းစွမ်းတမံ ထမ်းဆောင်လျက်ရှိသော လုံခြုံ ရေး တပ်ဖွဲ့ဝင်များအတွက် စေတနာရှင်အလှူရှင် ပြည်သူ များက အလှူငွေများ ပေးအပ် လှူဒါန်းလျက်ရှိသည့် အပြင် စားသောက်ဖွယ်ရာများကိုလည်း ပေးပို့လှူဒါန်းလျက်ရှိသည်။
ယနေ့တွင်လည်း စေတနာရှင် အလှူရှင် ပြည်သူများက အရှေ့ မြောက်တိုင်းစစ်ဌာနချုပ် နယ်မြေ အတွင်း နိုင်ငံတော်ကာကွယ် ရေးနှင့် လုံခြုံရေးတာဝန်များ ထမ်းဆောင်နေသည့် လုံခြုံရေး တပ်ဖွဲ့ဝင်များအတွက် ဒံပေါက် ထမင်းဘူးများကို ပေးအပ်လှူဒါန်း ကြရာ တာဝန်ရှိသူများက လက်ခံ ရယူပြီး လားရှိုးမြို့မှတစ်ဆင့် တပ်မတော်မော်တော်ယာဉ်များ၊ ရဟတ်ယာဉ်များဖြင့် လုံခြုံရေး တပ်ဖွဲ့ဝင်များ၏ လက်ဝယ် အရောက် လိုက်လံပို့ဆောင်ပေး ကြသည်။
စေတနာရှင် ပြည်သူများ လှူဒါန်းသည့် ဒံပေါက်ထမင်းဘူး များနှင့်အတူ ရဟန်းသံဃာများ နှင့် ပြည်သူများက ရေးသားပေးပို့ သည့် “ရှေ့တန်းရောက်တပ်မတော် သားအားလုံး တိုက်ပွဲတိုင်း အောင်မြင်ပါစေ၊ ရေလိုအေးပြီး ပန်းလိုမွှေးပါစေ၊ တရားသောစစ် အောင်မြင်ပါစေ”စသည့်ဆုတောင်း မေတ္တာစာလွှာများ ပါရှိကြောင်း သတင်းရရှိသည်။
သတင်းစဉ်