နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေးတာဝန်များကို စွမ်းစွမ်းတမံထမ်းဆောင်လျက်ရှိသော လုံခြုံရေး တပ်ဖွဲ့ဝင်များအတွက် စေတနာရှင်အလှူရှင် ပြည်သူများက ဒံပေါက်ထမင်းဘူးများ ပေးအပ်လှူဒါန်း

 

နေပြည်တော် နိုဝင်ဘာ ၃၀  
နိုင်ငံတော်ကာကွယ်ရေးနှင့်  လုံခြုံရေးတာဝန်များကို  စွမ်းစွမ်းတမံ ထမ်းဆောင်လျက်ရှိသော လုံခြုံရေးတပ်ဖွဲ့ဝင်များအတွက် စေတနာရှင် အလှူရှင် ပြည်သူများက အလှူငွေများ ပေးအပ်လှူဒါန်းလျက်ရှိသည့် အပြင်  စားသောက်ဖွယ်ရာများကိုလည်း ပေးပို့လှူဒါန်းလျက်ရှိသည်။ 
ယနေ့တွင်လည်း စေတနာရှင်အလှူရှင်  ပြည်သူများက  အရှေ့ မြောက်တိုင်းစစ်ဌာနချုပ် နယ်မြေအတွင်း နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေးတာဝန်များ ထမ်းဆောင်နေသည့် လုံခြုံရေးတပ်ဖွဲ့ဝင်များ အတွက် ဒံပေါက်ထမင်းဘူးများကို ပေးအပ်လှူဒါန်းကြရာ တာဝန်ရှိသူ များက လက်ခံရယူပြီး လားရှိုးမြို့မှတစ်ဆင့် တပ်မတော်မော်တော်ယာဉ် များ၊ ရဟတ်ယာဉ်များဖြင့်  လုံခြုံရေးတပ်ဖွဲ့ဝင်များ၏   လက်ဝယ် အရောက် လိုက်လံပို့ဆောင်ပေးကြသည်။
စေတနာရှင်ပြည်သူများ လှူဒါန်းသည့် ဒံပေါက်ထမင်းဘူးများနှင့် အတူ   ရဟန်းသံဃာများနှင့်    ပြည်သူများက  ရေးသားပေးပို့သည့် “ရှေ့တန်းရောက် တပ်မတော်သားအားလုံး  ဘုရား၊ တရား၊ သံဃာ၊ မိဘ၊   ဆရာသမားများ၏   ဂုဏ်ကျေးဇူးကြောင့်   ကျန်းမာပါစေ၊ ဘေးအန္တရာယ်ကင်းရှင်းပါစေ၊ တရားသောစစ်အောင်မြင်ပါစေ” စသည့် ဆုတောင်း မေတ္တာစာလွှာများပါရှိကြောင်း သတင်းရရှိသည်။
သတင်းစဉ်