နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေးတာဝန်များကို စွမ်းစွမ်းတမံထမ်းဆောင်လျက်ရှိသော လုံခြုံရေးတပ်ဖွဲ့ဝင်များအတွက် စေတနာရှင် အလှူရှင် ပြည်သူများက ထောပတ်ထမင်းဘူးများ ပေးအပ်လှူဒါန်း

 

နေပြည်တော်   နိုဝင်ဘာ   ၂၉  


နိုင်ငံတော်     ကာကွယ်ရေးနှင့် လုံခြုံရေးတာဝန်များကို  စွမ်းစွမ်း တမံ   ထမ်းဆောင်လျက်ရှိသော လုံခြုံရေး  တပ်ဖွဲ့ဝင်များအတွက် စေတနာရှင်     အလှူရှင်     ပြည်သူ များက    အလှူငွေများ    ပေးအပ် လှူဒါန်းလျက်ရှိသည့်      အပြင်  စားသောက်ဖွယ်ရာ            များကို လည်း       ပေးပို့လှူဒါန်းလျက်ရှိ သည်။ 


ယနေ့တွင်လည်း စေတနာရှင် အလှူရှင်  ပြည်သူများက အရှေ့ မြောက်တိုင်း စစ်ဌာနချုပ်နယ်မြေ အတွင်း   နိုင်ငံတော်   ကာကွယ် ရေးနှင့်      လုံခြုံရေးတာဝန်များ  ထမ်းဆောင်နေသည့်    လုံခြုံရေး တပ်ဖွဲ့ဝင်များအတွက် ထောပတ် ထမင်းဘူးများကို ပေးအပ်လှူဒါန်း  ကြရာ တာဝန်ရှိသူများက လက်ခံ ရယူပြီး      လားရှိုးမြို့မှတစ်ဆင့် တပ်မတော် မော်တော်ယာဉ်များ၊ ရဟတ်ယာဉ်များဖြင့်      လုံခြုံရေး တပ်ဖွဲ့ဝင်များ၏      လက်ဝယ် အရောက် လိုက်လံပို့ဆောင်ပေး ကြသည်။


စေတနာရှင်     ပြည်သူများ လှူဒါန်းသည့်  ထောပတ်ထမင်း ဘူးများနှင့်အတူ     ရဟန်းသံဃာ များနှင့် ပြည်သူများက ရေးသား ပေးပို့သည့် “တိုင်းပြည်နှင့် ပြည်သူ များအပေါ်မှာ   ကာကွယ်စောင့် ရှောက်တဲ့       မြင့်မြတ်စိတ်ထား ကောင်းတဲ့  တပ်မတော်သားများ ရန်သူမျိုးငါးပါးမှ     ကင်းဝေးကြ ပါစေ၊       တပ်မတော်သားများ ဘေးအန္တရာယ်     ကင်းရှင်းပါစေ၊ ကျန်းမာပါစေ၊      တိုက်ပွဲတိုင်း အောင်မြင်ပါစေ”        စသည့် ဆုတောင်း      မေတ္တာစာလွှာများ ပါရှိကြောင်း သတင်းရရှိသည်။ 


သတင်းစဉ်