နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေးတာဝန်များကို စွမ်းစွမ်းတမံထမ်းဆောင်လျက်ရှိသော လုံခြုံရေးတပ်ဖွဲ့ဝင်များအတွက် စေတနာရှင် အလှူရှင် ပြည်သူများက ပဲထမင်းဘူးများ ပေးအပ်လှူဒါန်း

 

နေပြည်တော်   နိုဝင်ဘာ   ၂၄


နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေးတာဝန်များကို  စွမ်းစွမ်းတမံ  ထမ်းဆောင်လျက်ရှိသော  လုံခြုံရေး တပ်ဖွဲ့ဝင်များအတွက် စေတနာရှင် အလှူရှင် ပြည်သူ များက အလှူငွေများ ပေးအပ်လှူဒါန်းလျက်ရှိသည့် အပြင်    စားသောက်ဖွယ်ရာများကိုလည်း     ပေးပို့ လှူဒါန်းလျက်ရှိသည်။ 


ယနေ့တွင်လည်း စေတနာရှင် အလှူရှင် ပြည်သူ များက   အရှေ့မြောက်တိုင်းစစ်ဌာနချုပ်   နယ်မြေ အတွင်း နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေးတာဝန် များ ထမ်းဆောင်နေသည့် လုံခြုံရေးတပ်ဖွဲ့ဝင်များ အတွက် ပဲထမင်းဘူးများကို ပေးအပ်လှူဒါန်းကြရာ  တာဝန်ရှိသူများက    လက်ခံရယူပြီး    လားရှိုးမြို့မှ တစ်ဆင့် တပ်မတော်မော်တော်ယာဉ်များ၊ ရဟတ် ယာဉ်များဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များ၏ လက်ဝယ် အရောက် လိုက်လံပို့ဆောင်ပေးကြသည်။


စေတနာရှင်ပြည်သူများ လှူဒါန်းသည့် ပဲထမင်း ဘူးများနှင့်အတူ ရဟန်းသံဃာများနှင့် ပြည်သူများ က    ရေးသားပေးပို့သည့်     “တပ်မတော်သားများ ဘေးအန္တရာယ်ကင်းရှင်းပါစေ၊  ကျန်းမာကြပါစေ၊ တရားသောစစ်ကို     ဆင်နွှဲနေကြသည့်       ပြည်သူ့ တပ်မတော်သားများ တိုက်ပွဲတိုင်း အောင်မြင်ကြပါစေ” စသည့် ဆုတောင်းမေတ္တာ စာလွှာများပါရှိကြောင်း သတင်းရရှိသည်။                    
သတင်းစဉ်