
နေပြည်တော် ဒီဇင်ဘာ ၁၄ နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေးတာဝန်များကို စွမ်းစွမ်းတမံ ထမ်းဆောင်လျက်ရှိသော လုံခြုံရေး တပ်ဖွဲ့ဝင်များအတွက် စေတနာရှင်အလှူရှင် ပြည်သူ များက အလှူငွေများ ပေးအပ်လှူဒါန်းလျက်ရှိသည့် အပြင် စားသောက်ဖွယ်ရာများကိုလည်း ပေးပို့ လှူဒါန်းလျက်ရှိသည်။
ယနေ့တွင်လည်း စေတနာရှင်အလှူရှင် ပြည်သူ များက အရှေ့မြောက်တိုင်း စစ်ဌာနချုပ်နယ်မြေ အတွင်း နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေးတာဝန် များ ထမ်းဆောင်နေသည့် လုံခြုံရေးတပ်ဖွဲ့ဝင်များ အတွက် ပဲထမင်းဘူးများနှင့် စားသောက်ဖွယ်ရာ များကို ပေးအပ်လှူဒါန်းကြရာ တာဝန်ရှိသူများက လက်ခံရယူပြီး လားရှိုးမြို့မှတစ်ဆင့် တပ်မတော် မော်တော်ယာဉ်များ၊ ရဟတ်ယာဉ်များဖြင့် လုံခြုံရေး တပ်ဖွဲ့ဝင်များ၏ လက်ဝယ်အရောက် လိုက်လံ ပို့ဆောင်ပေးခဲ့ကြကြောင်း သတင်းရရှိသည်။
သတင်းစဉ်