
နေပြည်တော် ဩဂုတ် ၃၀
နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံ ရေးတာဝန်များကို စွမ်းစွမ်းတမံ ထမ်းဆောင်လျက်ရှိသော လုံခြုံ ရေး တပ်ဖွဲ့ဝင်များအတွက် စေတနာရှင် အလှူရှင်များက ဂုဏ်ပြုချီးမြှင့်ငွေများနှင့် စား သောက်ဖွယ်ရာများ လာရောက် ဂုဏ်ပြုပေးအပ်လျက်ရှိသည်။
ထိုသို့ ပေးအပ်လျက်ရှိရာ ဩဂုတ် ၂၉ ရက်နှင့် ယနေ့တို့တွင် ပြည်ထောင်စုတရားလွှတ်တော် ချုပ်ဝန်ထမ်းမိသားစုများ၊ သာသနာ ရေးနှင့် ယဉ်ကျေးမှုဝန်ကြီး ဌာန ဝန်ထမ်းမိသားစုများနှင့် ပြည်ထောင်စု လွှတ်တော်ရုံး၊ ပြည်သူ့လွှတ်တော်ရုံးနှင့် အမျိုး သားလွှတ်တော်ရုံး ဝန်ထမ်း မိသားစုများက ဂုဏ်ပြုချီးမြှင့်ငွေ များနှင့် စားသောက်ဖွယ်ရာများ ဂုဏ်ပြုပေးအပ်ခြင်းကို နေပြည် တော် တိုင်းစစ်ဌာနချုပ်ရှိ ပေါင်းလောင်းရိပ်သာ၌ ပြုလုပ်ရာ ပြည်ထောင်စု တရားလွှတ်တော် ချုပ်၊ ပြည်ထောင်စုတရားသူကြီး ချုပ် ဦးသာဌေး၊ နေပြည်တော်တိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် စိုးမင်း၊ သာသနာရေးဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး၊ လွှတ်တော်ရုံးများ နှင့် ဌာနဆိုင်ရာများမှ တာဝန်ရှိသူ များ တက်ရောက်ကြသည်။
ထိုသို့ ပေးအပ်လှူဒါန်းရာတွင် ပြည်ထောင်စု တရားလွှတ်တော် ချုပ် ဝန်ထမ်းမိသားစုများက ဂုဏ်ပြုချီးမြှင့်ငွေ ကျပ်သိန်း ငါးဆယ်နှင့် ငွေကျပ်သိန်းသုံးဆယ် တန်ဖိုးရှိ စားသောက်ဖွယ်ရာများ ကိုလည်းကောင်း၊ သာသနာရေး နှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ဝန်ထမ်း မိသားစုများက ငွေကျပ်တစ်ရာ့ ခြောက်သိန်း ရှစ်သောင်းကျော် တန်ဖိုးရှိ စားသောက်ဖွယ်ရာများ ကိုလည်းကောင်း၊ ပြည်ထောင်စု လွှတ်တော်ရုံး ဝန်ထမ်းမိသားစု များက ဂုဏ်ပြုချီးမြှင့်ငွေကျပ် ဆယ်သိန်းကို လည်းကောင်း၊ ပြည်သူ့လွှတ်တော်ရုံး ဝန်ထမ်း မိသားစုများက ဂုဏ်ပြုချီးမြှင့် ငွေကျပ် သိန်းနှစ်ဆယ်ကိုလည်း ကောင်း၊ အမျိုးသားလွှတ်တော်ရုံးဝန်ထမ်းသားစုများက ဂုဏ်ပြု ချီးမြှင့်ငွေကျပ် ဆယ်သိန်းကိုလည်း ကောင်း ပြည်ထောင်စုတရား သူကြီးချုပ်၊ ဒုတိယဝန်ကြီးနှင့် လွှတ်တော်ရုံးများမှ တာဝန်ရှိသူ များက တိုင်းမှူးထံ ဂုဏ်ပြု ပေးအပ်သည်။ ယင်းနောက် တိုင်းမှူးက ဂုဏ်ပြုမှတ်တမ်းလွှာ များ ပြန်လည်ပေးအပ်ပြီး ကျေးဇူး တင်စကားပြောကြားသည်။
အလားတူ နိုင်ငံတော်ကာကွယ် ရေးနှင့် လုံခြုံရေးတာဝန်များကို စွမ်းစွမ်းတမံ ထမ်းဆောင်လျက် ရှိသော လုံခြုံရေးတပ်ဖွဲ့ဝင်များ အတွက် စားသောက်ဖွယ်ရာများ ဂုဏ်ပြုပေးအပ်ခြင်းကို ယနေ့ မွန်းလွဲပိုင်းတွင် ရှမ်းပြည်နယ် အစိုးရအဖွဲ့ရုံး၊ ဧည့်ခန်းမ၌ ပြုလုပ်ရာ ရှမ်းပြည်နယ် ဝန်ကြီးချုပ် ဦးအောင်အောင်၊ အရှေ့ပိုင်း တိုင်းစစ်ဌာနချုပ် ဒုတိယတိုင်းမှူး ဗိုလ်မှူးချုပ် အောင်ကျော်ဆန်းနှင့် တာဝန် ရှိသူများ၊ ပြည်နယ်အစိုးရအဖွဲ့မှ တာဝန်ရှိသူများ တက်ရောက် ကြသည်။
ထိုသို့ပေးအပ်လှူဒါန်းရာတွင် ရှမ်းပြည်နယ် အစိုးရအဖွဲ့မှ ဝန်ထမ်းမိသားစုများက ငွေကျပ် သိန်း ၁၀၀ တန်ဖိုး ရှိ စားသောက် ဖွယ်ရာများကို ပြည်နယ်ဝန်ကြီး ချုပ်ကပေးအပ်ရာ ဒုတိယတိုင်းမှူး က လက်ခံရယူပြီး (အောက်ဝဲပုံ) ကျေးဇူးတင်စကား ပြန်လည် ပြောကြားသည်။
ထို့ပြင် နိုင်ငံတော်ကာကွယ် ရေးနှင့် လုံခြုံရေးတာဝန်များကို စွမ်းစွမ်းတမံ ထမ်းဆောင်လျက်ရှိ သော လုံခြုံရေးတပ်ဖွဲ့ဝင်များ အတွက် စားသောက်ဖွယ်ရာများ ဂုဏ်ပြုပေးအပ်ခြင်းကို ဩဂုတ် ၂၇ ရက် မွန်းလွဲပိုင်းတွင် အလယ် ပိုင်းတိုင်းစစ်ဌာနချုပ် ဧည့်ခန်းမ၌ ပြုလုပ်ရာ တိုင်းမှူး ဗိုလ်မှူးချုပ် ကျော်ကိုထိုက်နှင့် တာဝန်ရှိသူများ၊ မန္တလေးတိုင်းဒေသကြီး အစိုးရ အဖွဲ့မှ တာဝန်ရှိသူများ၊ စေတနာ ရှင်အလှူရှင်များ တက်ရောက်ကြ သည်။
ထိုသို့ပေးအပ်လှူဒါန်းရာတွင် မန္တလေးတိုင်းဒေသကြီး အစိုးရ အဖွဲ့မှတာဝန်ရှိသူများက စေတနာ ရှင်အလှူရှင်များမှ လှူဒါန်းသည့် ငွေကျပ်သိန်း ၂၀၀ တန်ဖိုးရှိ စားသောက်ဖွယ်ရာများကို ဂုဏ်ပြု ပေးအပ်ရာ တိုင်းမှူးက လက်ခံ ရယူပြီး ဂုဏ်ပြု မှတ်တမ်းလွှာများ ပြန်လည် ပေးအပ်ကာ ကျေးဇူးတင်စကား ပြောကြားသည်။
အဆိုပါ ဂုဏ်ပြုချီးမြှင့်ငွေများ နှင့် စားသောက်ဖွယ်ရာများကို ရှေ့တန်းစစ်မျက်နှာ အသီးသီး တွင် နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေးတာဝန်များကို ရွပ်ရွပ် ချွံချွံ တာဝန်ထမ်းဆောင်လျက်ရှိ သည့် လုံခြုံရေးတပ်ဖွဲ့ဝင်များ၏ လက်ဝယ်အရောက် ဆက်လက် ပို့ဆောင်ပေးသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။ သတင်းစဉ်