
နေပြည်တော် ဖေဖော်ဝါရီ ၂၉
နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေးတာဝန်များကို စွမ်းစွမ်းတမံ ထမ်းဆောင်လျက်ရှိသော လုံခြုံရေးတပ်ဖွဲ့ဝင်များအတွက် စေတနာရှင် အလှူရှင်များက စားသောက်ဖွယ်ရာများ လာရောက်ဂုဏ်ပြုပေးအပ် လျက်ရှိရာ ယနေ့တွင် သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာနနှင့် ပညာရေးဝန်ကြီးဌာနတို့မှ ဝန်ထမ်းမိသားစုများက ဂုဏ်ပြုချီးမြှင့်ငွေနှင့် မန္တလေးတိုင်းဒေသကြီးအတွင်းရှိ စေတနာရှင်ပြည်သူများက စားသောက်ဖွယ်ရာများ ပေးအပ်သည်။
ထိုသို့ ပေးအပ်လျက်ရှိရာ သာသနာရေးနှင့် ယဉ်ကျေးမှု ဝန်ကြီးဌာနနှင့် ပညာရေးဝန်ကြီး ဌာနတို့မှ ဝန်ထမ်းမိသားစု များက ဂုဏ်ပြုချီးမြှင့်ငွေ ပေးအပ် ခြင်းကို နေပြည်တော်တိုင်း စစ်ဌာနချုပ်ရှိ ပေါင်းလောင်း ရိပ်သာ၌ ပြုလုပ်ရာ သာသနာရေး နှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ဦး လွင်၊ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ညွန့်ဖေ၊ တိုင်းမှူး ဗိုလ်ချုပ် စောသန်းလှိုင်နှင့် ဝန်ကြီးဌာန များမှ ဒုတိယဝန်ကြီးများနှင့် တိုင်းစစ်ဌာနချုပ်မှ တာဝန်ရှိသူ များ တက်ရောက်ကြသည်။ ထို့နောက် သာသနာရေးနှင့် ယဉ်ကျေးမှု ဝန်ကြီးဌာနမှ ဝန်ထမ်းမိသားစုများက ပေးအပ် လှူဒါန်းသည့် ဂုဏ်ပြုချီးမြှင့်ငွေ ကျပ်သိန်း ၁၀၀ ကိုလည်းကောင်း၊ ပညာရေးဝန်ကြီးဌာနမှ ဝန်ထမ်း မိသားစုများက ပေးအပ်လှူဒါန်း သည့် ဂုဏ်ပြုချီးမြှင့်ငွေကျပ်သိန်း ၁၂၀ ကိုလည်းကောင်း သာသနာ ရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့် ပညာ ရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီးတို့က တိုင်းမှူးထံ ဂုဏ်ပြု ပေးအပ်သည်။ ယင်းနောက် တိုင်းမှူးက ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်ပြီး ကျေးဇူးတင် စကားပြန်လည်ပြောကြားသည်။
အလားတူ မန္တလေးတိုင်း ဒေသကြီးအတွင်းရှိ စေတနာရှင် ပြည်သူများက စားသောက်ဖွယ် ရာများ ပေးအပ်ခြင်းကို ပြင်ဦး လွင်မြို့ နယ်မြေခံသင်တန်း ကျောင်းရှိ ရန်ကြီးအောင်ခန်းမ ၌ ပြုလုပ်ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးအောင်၊ အလယ်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ကြည်ခိုင်နှင့် တိုင်းဒေသကြီး ဝန်ကြီးများ၊ နယ်မြေခံတပ်နယ်မှ တာဝန်ရှိ သူများ၊ ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။ ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ် က တိုင်းဒေသကြီးအတွင်း ရှိ စေတနာရှင်ပြည်သူများက ပေးအပ်လှူဒါန်းသည့် ငွေကျပ် သိန်း ၁၈၀ တန်ဖိုးရှိ စားသောက် ဖွယ်ရာများကို နယ်မြေခံတပ်နယ် မှ တာဝန်ရှိသူတစ်ဦးထံ ဂုဏ်ပြု ပေးအပ်သည်။ ယင်းနောက် နယ်မြေခံတပ်နယ်မှ တာဝန်ရှိ သူတစ်ဦးက ဂုဏ်ပြုမှတ်တမ်း လွှာပြန်လည်ပေးအပ်ပြီး ကျေးဇူး တင်စကား ပြန်လည်ပြောကြား သည်။
အဆိုပါ ဂုဏ်ပြုချီးမြှင့်ငွေ နှင့် စားသောက်ဖွယ်ရာများ ကို လုံခြုံရေးတပ်ဖွဲ့ဝင်များ၏ လက်ဝယ်အရောက် ဆက်လက် ပို့ဆောင် ပေးသွားမည်ဖြစ် ကြောင်း သတင်းရရှိသည်။
သတင်းစဉ်