နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေးတာဝန်များကို စွမ်းစွမ်းတမံ ထမ်းဆောင်လျက်ရှိသော လုံခြုံရေးတပ်ဖွဲ့ဝင်များအတွက် စေတနာရှင် အလှူရှင် ပြည်သူများက ဒံပေါက်ဘူးများ ပေးအပ်လှူဒါန်း

 

နေပြည်တော်   နိုဝင်ဘာ   ၁၆
နိုင်ငံတော်ကာကွယ်ရေးနှင့်  လုံခြုံရေးတာဝန် များကို  စွမ်းစွမ်းတမံ  ထမ်းဆောင်လျက်ရှိသော  လုံခြုံရေး  တပ်ဖွဲ့ဝင်များအတွက်  စေတနာရှင် အလှူရှင် ပြည်သူများက အလှူငွေများ   ပေးအပ် လှူဒါန်းလျက်ရှိသည့်အပြင်  ဒံပေါက်ဘူးများ နှင့်  စားသောက်ဖွယ်ရာများကိုလည်း    ပေးပို့ လှူဒါန်းလျက်ရှိသည်။ 
ယနေ့တွင်လည်း  စေတနာရှင် အလှူရှင် ပြည်သူများက   အရှေ့မြောက်တိုင်းစစ်ဌာနချုပ် နယ်မြေအတွင်း   နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေးတာဝန်များ   ထမ်းဆောင်နေသည့် လုံခြုံရေးတပ်ဖွဲ့ဝင်များအတွက်     ဒံပေါက်ဘူး များကို  ပေးအပ်လှူဒါန်းကြရာ   တာဝန်ရှိသူ များက လက်ခံရယူပြီး  လားရှိုးမြို့မှတစ်ဆင့် တပ်မတော်မော်တော်ယာဉ်များ၊  ရဟတ်ယာဉ် များဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များ၏ လက်ဝယ် အရောက်  လိုက်လံပို့ဆောင်ပေးကြသည်။
စေတနာရှင်ပြည်သူများ  လှူဒါန်းသည့်   ဒံပေါက်ဘူးများ နှင့်အတူ    ရဟန်းသံဃာများနှင့် ပြည်သူများက ရေးသားပေးပို့သည့်   “တပ်မတော် သားများ ကျန်းမာပါစေကြောင်း၊   တိုက်ပွဲ တိုင်း  အောင်မြင်ပါစေကြောင်း၊ ဘေးအန္တရာယ်   ကင်းရှင်းပါစေကြောင်း”   စသည့်  ဆုတောင်း မေတ္တာစာလွှာများ   ပါရှိကြောင်း   သတင်းရရှိ သည်။                                      

သတင်းစဉ်