နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေးတာဝန်များကို စွမ်းစွမ်းတမံ ထမ်းဆောင် နေကြသည့် လုံခြုံရေးတပ်ဖွဲ့ဝင် အောင်စစ်သည်များအတွက် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ဝန်ထမ်းမိသားစုများက စားသောက်ဖွယ်ရာများ ပေးပို့လှူဒါန်း

ရန်ကုန် ဒီဇင်ဘာ ၁၂ နိုင်ငံတော် ကာကွယ်ရေးနှင့် လုံခြုံရေးတာဝန်များကို စွန့်လွှတ် စွန့်စားလိုစိတ် ထက်သန်စွာဖြင့် စွမ်းစွမ်းတမံ ထမ်းဆောင်နေကြ သည့် လုံခြုံရေးတပ်ဖွဲ့ဝင် အောင်စစ်သည် များအတွက် စေတနာရှင် အလှူရှင် ပြည်သူ အများက အလှူငွေများ ပေးအပ် လှူဒါန်းလျက် ရှိသည့်အပြင် စားသောက်ဖွယ်ရာများကိုလည်း ပေးပို့လှူဒါန်းလျက်ရှိသည်။ ယနေ့နံနက်ပိုင်းတွင် ပို့ဆောင် ရေးနှင့် ဆက်သွယ်ရေးဝန်ကြီး ဌာန ဝန်ထမ်းမိသားစုများက ပေးပို့ လှူဒါန်းသည့် စားသောက်ဖွယ်ရာ များကို ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ဇော်ဟိန်းနှင့် တာဝန်ရှိသူများက ရန်ကုန်တိုင်း စစ်ဌာနချုပ် ဧည့်ရိပ်သာ၌ လက်ခံ ရယူခဲ့ပြီး တပ်မတော် လေယာဉ်၊ ရဟတ်ယာဉ်များ၊ မော်တော်ယာဉ်များဖြင့် လုံခြုံရေး တပ်ဖွဲ့ဝင် အောင်စစ်သည်များ၏ လက်ဝယ်အရောက် ပို့ဆောင်ပေး သွားမည်ဖြစ်ကြောင်း သိရသည်။ သတင်းစဉ်