နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေးတာဝန် ထမ်းဆောင်နေကြသည့် တပ်မတော်သားများအား ထောက်ခံပွဲကျင်းပ

 

နေပြည်တော်  နိုဝင်ဘာ  ၁၆


နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံ ရေးတာဝန်များကို      စွမ်းစွမ်း တမံ      ထမ်းဆောင်နေကြသည့် တပ်မတော်သားများ၊  မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များ၊   ပြည်သူ့စစ်များ နှင့်   ၎င်းတို့၏  မိသားစုဝင်များ အားလုံးကို  ငြိမ်းချမ်းရေးလိုလား သည့်   ပြည်သူများက   အားပေး ထောက်ခံလျက်ရှိကြသည်။


ထိုသို့    အားပေးထောက်ခံ လျက်ရှိရာ  ယနေ့နံနက်ပိုင်းက ပဲခူးတိုင်းဒေသကြီး    ပဲခူးခရိုင် ပဲခူးမြို့  ဥဿာမြို့သစ်ရှိ  ဥဿာ ဘောလုံး     အားကစားကွင်း၌ ငြိမ်းချမ်းရေးကို    လိုလားသည့် သံဃာတော်များနှင့်   ပြည်သူများ စုစည်း၍     တိုင်းပြည်အလုံးစုံ ပျက်စီးရေးလုပ်ဆောင်နေကြသည့် KIA၊ TNLA ၊ MNDAA ၊ AA ၊ BPLA နှင့်  PDF   အမည်ခံ   အကြမ်းဖက် လက်နက်ကိုင်   သောင်းကျန်းသူ များအား      ဆန့်ကျင်ရှုတ်ချပြီး နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံ ရေးတာဝန်များကို  ထမ်းဆောင် နေကြသည့်    တပ်မတော်သား များအား    ထောက်ခံအားပေးပွဲ ကျင်းပပြုလုပ်သည်။


ရှေးဦးစွာ    ငြိမ်းချမ်းရေးကို လိုလားကြသည့် သံဃာတော်များ၊ အမျိုးသားရေး  တက်ကြွလှုပ်ရှား သူများက   နိုင်ငံတော်အလံများ ကိုင်ဆောင်၍     ကွင်းအတွင်း ချီတက်နေရာယူပြီး    နိုင်ငံတော် သီချင်းကို     သံပြိုင်ရွတ်ဆိုကာ ထောက်ခံပွဲကို   ဖွင့်လှစ်ကြသည်။


ထို့နောက် အကြမ်းဖက်သမား များ၏  အကြမ်းဖက်လုပ်ရပ်များနှင့်ပတ်သက်၍       အမျိုးသား ရေး    တက်ကြွလှုပ်ရှားသူများက ရှင်းလင်းဟောပြောကြသည်။


ယင်းနောက်   ထောက်ခံပွဲသို့ တက်ရောက်လာကြသည့် ပြည်သူ အားလုံးက      “အမျိုးဘာသာ သာသနာကို    စောင့်ရှောက်ပေး သော တပ်မတော်အား ထောက်ခံ ပါသည်။ တပ်နှင့်ပြည်သူအတူတူ သွေးခွဲလာသူ ဒို့ရန်သူ။   ရှေ့တန်း ရောက်    တပ်မတော်သားများ ကျန်းမာပါစေ။        ပြည်သူတို့၏ အကျိုးအမှန်    ဖော်ဆောင်သည့် တပ်မတော်ကိုထောက်ခံပါသည်။

တရားသောစစ်    အောင်ရမည်။ အစဉ်အလာကောင်းတဲ့ တပ်မတော် ဒို့တပ်မတော်။ မြန်မာ့တပ်မတော် အား အပြည့်အဝ  ထောက်ခံအပ် ပါသည်။   အကြမ်းဖက်  PDF  များ ကျဆုံးပါစေ။   စွန့်လွှတ်  စွန့်စား တပ်မတော်သားများ အောင်မြင်ပါ စေ။ KIA အလိုမရှိ၊ TNLA အလိုမရှိ၊ MNDAA အလိုမရှိ၊ AA အလိုမရှိ၊ BPLA အလိုမရှိ၊  PDF  အလိုမရှိ” စသည့်       ကြွေးကြော်သံများကို သံပြိုင်ကြွေးကြော်ကြပြီး   အခမ်း အနားကို  ရုပ်သိမ်းခဲ့ကြကြောင်း သိရသည်။


အဆိုပါပွဲသို့ တက်ရောက်လာ ကြသည့် ပြည်သူများ၏  ရင်တွင်း စကားသံများကိုလည်း    ယခုလို တင်ပြလိုက်ပါသည်-


ဒေါ်အေးအေးအောင်၊ ပဲခူးမြို့


ဒီထောက်ခံပွဲကို    လာရတဲ့ အဓိက ရည်ရွယ်ချက်က  ကျွန်မတို့ ရဲ့    တပ်မတော်ကြီးကို   ချစ်ခင် မြတ်နိုးပြီး ထောက်ခံအားပေးချင် လို့လာခဲ့တာဖြစ်ပါတယ်။   ဒီပွဲကြီး ရှိတယ်လို့      ကြားရတဲ့အတွက် ကျွန်မတို့နဲ့  စိတ်သဘောထားတူ တဲ့သူတွေစုပြီး လာခဲ့ကြတာဖြစ်ပါ တယ်။    ရှေ့တန်းကနေထွက်ပြီး တိုက်ခိုက်ရမယ်    ဆိုရင်လည်း ကျွန်မတို့တင်     မဟုတ်ပါဘူး။ ပြည်သူတွေကအစ ပူးပေါင်းပါဝင် ဖို့အတွက်    အသင့်ရှိနေပါတယ်။ ဒီလိုပွဲမျိုးကို  အခုမှမဟုတ်ပါဘူး။ နောက်လုပ်မယ့်     ပွဲတွေကိုလည်း ကျွန်မတို့လိုပြည်သူတွေ    အများ ကြီးက        အခုလိုတက်ရောက်ဖို့ အတွက်  အဆင်သင့်ရှိနေပါတယ်။


ဦး . . . ၊ ပဲခူးမြို့


ဒီပွဲကိုလာပြီး တက်ရောက်ရ တဲ့      အကြောင်းရင်းကတော့ ကျွန်တော်တို့မြို့မှာ   တပ်မတော် ထောက်ခံပွဲ    ပြုလုပ်မယ်ဆိုတဲ့ အကြောင်း        သိရတဲ့အတွက် ကျွန်တော်နဲ့   စိတ်သဘောထား ချင်းတိုက်ဆိုင်တဲ့ လူဦးရေတစ်ရာ လောက်စုပြီး   ကိုယ့်အစီအစဉ်နဲ့ ကိုယ်လာခဲ့ကြတာ   ဖြစ်ပါတယ်။ နိုင်ငံတော်ကို    အဘက်ဘက်က နှောင့်ယှက်ဖျက်ဆီးနေတဲ့၊ ပြည်သူ လူထုကို ဒုက္ခပေးနေတဲ့ ရန်သူတွေ ကို တိုက်စစ်ဆင်နေတဲ့ တပ်မတော် သားတွေကို    ကျွန်တော်တို့က လာပြီးအားပေးတာပါ။   ရှေ့တန်း စစ်မြေပြင်မှာ    ရန်သူတွေကို ရွပ်ရွပ်ချွံချွံ   တိုက်ခိုက်နေကြတဲ့ တပ်မတော်သားတွေ     ကျန်းမာ ကြပါစေ၊      ချမ်းသာကြပါစေလို့ ကျွန်တော်တို့က     ဆုတောင်းပေး နေပါတယ်။        ကျွန်တော်တို့ အနောက်မှာလည်း   ကျွန်တော် တို့လို    ပြည်သူတွေ  အများကြီး ရှိနေပါတယ်။ 


သတင်းစဉ်