နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် (၇၂)နှစ်မြောက် ချင်းအမျိုးသားနေ့အခမ်းအနားသို့ တက်ရောက်မိန့်ခွန်းပြောကြား

Image not available
 
 
 
နေပြည်တော် ဖေဖော်ဝါရီ ၂၀
 
 
၂၀၂၀ ပြည့်နှစ် (၇၂)နှစ်မြောက် ချင်းအမျိုးသားနေ့ အခမ်းအနားကို ယနေ့ နံနက်ပိုင်းတွင် ထန်တလန်မြို့ အမှတ်(၃)ရပ်ကွက်ရှိ ဘောလုံးကွင်း၌ ကျင်းပရာ နယ်စပ်ဒေသနှင့် တိုင်းရင်း သားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေး ဗဟိုကော်မတီဥက္ကဋ္ဌ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်း စုကြည် တက်ရောက်၍ မိန့်ခွန်း ပြောကြားသည်။
 
 
အခမ်းအနားသို့ ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ၏ ဇနီး ဒေါက်တာ ရွှေလွှမ်း၊ အမျိုးသားလွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးအေးသာအောင်နှင့် ဇနီး၊ ပြည်ထောင်စုအစိုးရအဖွဲ့ရုံး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသူ၊ ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီး စိုးထွဋ်၊ နယ်စပ်ရေးရာ ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးရဲအောင်၊ စိုက်ပျိုး ရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူ၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်းနှင့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီးဒေါက်တာမြင့်ထွေး၊ မကွေး တိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညို၊ ချင်းပြည်နယ် အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးဆလိုင်း လျန်လွယ်၊ ချင်းပြည်နယ်လွှတ်တော် ဥက္ကဋ္ဌ ဦးဇိုဘွဲ၊ တိုင်းရင်းသားလူမျိုး များရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးလှမော်ဦး၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်သူ့လွှတ်တော်နှင့် အမျိုးသား လွှတ်တော် ကိုယ်စားလှယ်များ၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် များ၊ ပြည်ထောင်စုဝန်ကြီးများနှင့် ဒုတိယဝန်ကြီးများ၏ ဇနီးများ၊ ခရိုင် နှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ တိုင်းရင်းသားခေါင်းဆောင်များ၊ တိုင်း ရင်းသားရိုးရာ ယဉ်ကျေးမှုအဖွဲ့များ၊ လူမှုရေးအသင်းအဖွဲ့များမှ ကိုယ်စား လှယ်များနှင့် ဒေသခံပြည်သူများ တက်ရောက်ကြသည်။
 
 
ရင်းရင်းနှီးနှီးကြိုဆို
 
နံနက် ၉ နာရီတွင် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် အဖွဲ့ဝင်များ သည် ၂၀၂၀ ပြည့်နှစ် (၇၂)နှစ်မြောက် ချင်းအမျိုးသားနေ့ အခမ်းအနား ကျင်းပမည့် ထန်တလန်မြို့ အမှတ်(၃)ရပ်ကွက်ရှိ ဘောလုံးကွင်းသို့ ရောက်ရှိကြရာ ဒေသခံတိုင်းရင်းသား များက ဂုဏ်ပြုပန်းစည်းများ ပေးအပ်၍ ရင်းရင်းနှီးနှီးကြိုဆို နှုတ်ဆက်ကြသည်။
 
 
ယင်းနောက် ပြည်ထောင်စု ဝန်ကြီး ဦးမင်းသူ၊ ပြည်ထောင်စု ဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးရဲအောင်၊ ချင်းပြည်နယ်အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးဆလိုင်းလျန်လွယ်၊ ချင်းပြည်နယ် လွှတ်တော်ဥက္ကဋ္ဌ ဦးဇိုဘွဲနှင့် မြို့မိမြို့ဖ ဦးငွန်ဟရန်းတို့က (၇၂)နှစ် မြောက် ချင်းအမျိုးသားနေ့ အခမ်း အနားကို ဖဲကြိုးဖြတ်ဖွင့်လှစ်ပေး ကြသည်။
 
 
ထို့နောက် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်း စုကြည်က (၇၂)နှစ်မြောက် ချင်း အမျိုးသားနေ့ အထိမ်းအမှတ်မုခ်ဦး ကို စက်ခလုတ်နှိပ်ဖွင့်လှစ်ပေးပြီး ဒေသခံတိုင်းရင်းသား တိုင်းရင်းသူများ နှင့်အတူ မှတ်တမ်းတင်ဓာတ်ပုံ ရိုက်သည်။
 
 
ဆုတောင်းစကားပြောကြား
 
ယင်းနောက် (၇၂)နှစ်မြောက် ချင်းအမျိုးသားနေ့ အခမ်းအနားကို ဆက်လက်ကျင်းပရာ သိက္ခာတော်ရ ဆရာတော် ဒေါက်တာလာလ်အုပ်က ချင်းအမျိုးသားနေ့ ပွဲတော်အတွက် ကောင်းချီးမင်္ဂလာဆုတောင်းစကား ပြောကြားသည်။
 
 
ထို့နောက် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် အခမ်းအနား သို့ တက်ရောက်လာကြသည့် ဧည့်သည်တော်များသည် နိုင်ငံတော် အလံအားအလေးပြုခြင်း၊ ကျဆုံး လေပြီးသော အာဇာနည်ခေါင်းဆောင် ကြီးများနှင့် ရဲဘော်အပေါင်းအား အလေးပြုခြင်းတို့ကို ဆောင်ရွက် ကြသည်။
 
 
 
 
သဝဏ်လွှာဖတ်ကြား
 
ယင်းနောက် သဘာပတိက (၇၂)နှစ်မြောက် ချင်းအမျိုးသားနေ့ အထိမ်းအမှတ် အမှာစကားပြော ကြားပြီး ချင်းပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးဆလိုင်းလျန်လွယ်က နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်ထံမှ ပေးပို့သည့် (၇၂)နှစ်မြောက် ချင်း အမျိုးသားနေ့ သဝဏ်လွှာကို ဖတ်ကြားသည်။
ထို့နောက် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်က မိန့်ခွန်း ပြောကြားသည်။
 
 
(နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ပြောကြားသည့် မိန့်ခွန်းအပြည့်အစုံ ကို စာမျက်နှာ - ၃ တွင် သီးခြားဖော်ပြ ထားပါသည်။)
ယင်းနောက် သဘာပတိက (၇၂)နှစ်မြောက် ချင်းအမျိုးသားနေ့ အခမ်းအနားသို့ အဖွဲ့အစည်း အသီးသီးက ပေးပို့လာသည့် သဝဏ် လွှာများကို မှတ်တမ်းတင်သည်။
 
 
ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ ဦးတီခွန်မြတ်၊ အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်း၊ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူး ကြီး မင်းအောင်လှိုင်၊ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်အမှု ဆောင်အဖွဲ့၊ ပြည်ထောင်စုကြံ့ခိုင်ရေး နှင့် ဖွံ့ဖြိုးရေးပါတီ(ဗဟို)၊ တိုင်းရင်း သား စည်းလုံးညီညွတ်ရေးပါတီ(ဗဟို)နှင့် ခူမီး(ခမီး) အမျိုးသားပါတီဥက္ကဋ္ဌ တို့က (၇၂)နှစ်မြောက် ချင်းအမျိုးသား နေ့ အခမ်းအနားသို့ သဝဏ်လွှာများ ပေးပို့ခဲ့ကြသည်။
 
 
ထို့နောက် ဒေသခံပြည်သူတစ်ဦး ဖြစ်သည့် ဒေါက်တာဆလိုင်းလျန်မှုန်း ဆာခေါင်းက ကျေးဇူးတင်စကား ပြောကြားကာ အခမ်းအနားကို ရုပ်သိမ်းလိုက်သည်။
 
 
မှတ်တမ်းတင်ဓာတ်ပုံရိုက်
 
ထို့နောက် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် ပြည်ထောင်စု ဝန်ကြီးများသည် အခမ်းအနားသို့ တက်ရောက်လာသည့် ချင်းပြည်နယ် အစိုးရအဖွဲ့ဝင်များ၊ သဘာပတိအဖွဲ့ များ၊ ယဉ်ကျေးမှုအဖွဲ့ဝင်များနှင့်အတူ မှတ်တမ်းတင်ဓာတ်ပုံရိုက်သည်။
 
 
လှည့်လည်ကြည့်ရှုအားပေး
 
အခမ်းအနား အပြီးတွင် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် အဖွဲ့ဝင်များသည် (၇၂)နှစ်မြောက် ချင်းအမျိုးသားနေ့ အထိမ်းအမှတ် ပြည်နယ်လွှတ်တော်နှင့် ပြည်နယ် အစိုးရပြခန်းများ၊ ဝန်ကြီးဌာနဆိုင်ရာပြခန်းများနှင့် ဒေသခံယဉ်ကျေးမှု ပြခန်းများကို လှည့်လည်ကြည့်ရှု အားပေးကြသည်။
ထို့နောက် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်သည် အဖွဲ့ဝင်များ နှင့်အတူ ရဟတ်ယာဉ်များဖြင့် ထန်တလန်မြို့မှ ကလေးမြို့သို့ ရောက်ရှိပြီး ကလေးလေဆိပ် ဧည့်ခန်းမ၌ စစ်ကိုင်းတိုင်းဒေသကြီး နှင့် ချင်းပြည်နယ်အစိုးရအဖွဲ့ဝင်များနှင့် တွေ့ဆုံသည်။
 
 
နေပြည်တော်သို့ ပြန်လည်ရောက်ရှိ
 
ယင်းနောက် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်သည် အဖွဲ့ဝင်များ နှင့်အတူ အထူးလေယာဉ်ဖြင့် ကလေး မြို့မှ ထွက်ခွာလာရာ ညနေပိုင်းတွင် နေပြည်တော်သို့ ပြန်လည်ရောက်ရှိ ကြသည်။
ချင်းအမျိုးသားနေ့သည် ပြည် ထောင်စုဖွား တိုင်းရင်းသားညီအစ်ကို မောင်နှမများနှင့်အတူ သူ့ကျွန်မခံ လို၍ နယ်ချဲ့ဆန့်ကျင်ရေး လွတ်လပ် ရေးတိုက်ပွဲများနှင့် ပဒေသရာဇ် အာဏာဖျက်သိမ်းရေး၊ တောင်တန်း မြေပြန့် တိုင်းရင်းသားအားလုံး သွေးစည်းညီညွတ်ရေး၊ တိုက်သူကြီး များ အုပ်ချုပ်သည့်စနစ်မှ ဒီမိုကရေစီ အုပ်ချုပ်ရေးစနစ်သို့ ပြောင်းလဲ ကျင့်သုံးရေးတို့ကို ဖော်ဆောင်သည့် နေ့ထူးနေ့မြတ်ဖြစ်သည်။
 
 
ချင်းမျိုးချစ်စစ်သည်တော်များက “ချင်းတိုင်းရင်းသားများ ပညာရေး မြှင့်တင်ရေးအဖွဲ့” ကို ၁၉၁၈ ခုနှစ် ဖေဖော်ဝါရီ ၂၀ ရက်တွင် မေမြို့၌ ဖွဲ့စည်းခဲ့ပြီး ချင်းတိုင်းရင်းသားများ ၏ပညာမျက်စိကို အလင်းဖွင့်ပေးကာ အမျိုးသားစိတ်ဓာတ် ရှင်သန် ထက်မြက်ရေးကို မီးမောင်းထိုး ဖော်ဆောင်ပေးခဲ့သော အမျိုးသားရေးသမိုင်းဝင်ဖြစ်ရပ်၊ ချင်းအမျိုးသား ခေါင်းဆောင် ဦးဝမ္မသူးမောင် ခေါင်းဆောင်ပြီး ၁၉၃၃ ခုနှစ်တွင် ချင်းတောင် ညီညွတ်ရေးအဖွဲ့ကို ဖွဲ့စည်းခဲ့ပြီး ချင်းတိုင်းရင်းသားတို့၏ လူမှုစီးပွားရေးဘဝ တိုးတက်မြင့်မား ရေးအတွက် ဗြိတိသျှအစိုးရကို တောင်းဆိုချက် (၉)ချက် တင်ပြ တောင်းဆိုခဲ့ရာ ဗြိတိသျှအစိုးရက တောင်းဆိုချက်များကို မလိုက်လျော သည့်အတွက် ချင်းတိုင်းရင်းသားများ က ဗြိတိသျှကိုဆန္ဒပြ သပိတ်မှောက် ခဲ့ကြသည့် နယ်ချဲ့ဆန့်ကျင်ရေး သမိုင်းဝင်ဖြစ်ရပ်နှင့် ၁၉၄၈ ခုနှစ် ဖေဖော်ဝါရီ (၂၀)ရက် ချင်းပြည်နယ် ဖလမ်းမြို့တွင် လူထု(၅၀၀၀)ကျော် ခန့်က ပဒေသရာဇ်အုပ်ချုပ်ရေးစနစ်ဟောင်းကို ဖျက်သိမ်းပြီး ဒီမိုကရေစီ စနစ်ကို ကျင့်သုံးရန် တောင်းခံ အတည်ပြုခဲ့ကြသည့် လွတ်လပ်ရေး သမိုင်းဝင်ဖြစ်ရပ် စသည့် သမိုင်းဝင် ဖြစ်ရပ်(၃)ရပ်ကို အကြောင်းပြု၍ ဖေဖော်ဝါရီ (၂၀)ရက်ကို ချင်းအမျိုး သားနေ့အဖြစ် သတ်မှတ်ခဲ့ခြင်း ဖြစ်သည်။
 
 
သမိုင်းဝင်နေ့တစ်နေ့ဖြစ်
 
ထို့ပြင် အင်္ဂလိပ်နယ်ချဲ့လက်ထက်
ရခိုင်တောင်တန်းဒေသအုပ်ချုပ်ရေးထဲတွင် ပါဝင်နေသည့် ပလက်၀ဒေသ ကို လည်းကောင်း၊ မကွေးတိုင်းဒေသ ၏ အုပ်ချုပ်မှုအောက်တွင် ရောက်နေ သည့် ကန်ပက်လက်ဒေသကို လည်းကောင်း ၁၉၄၇ ခုနှစ် ဖွဲ့စည်း အုပ်ချုပ်ပုံအခြေခံဥပဒေအရ ဖွဲ့စည်း ဖြစ်ပေါ်လာသည့် ချင်းဝိသေသတိုင်း ထဲသို့ တစိတ်တဝမ်းတည်း ပါဝင်လာ သည့်အတွက် ယနေ့ ချင်းပြည်နယ်ဟုစည်းလုံးညီညွတ်စွာဖြစ် တည်လာ သည့် သမိုင်းဝင်နေ့တစ်နေ့ ဖြစ်သည်။
 
 
နှစ်စဉ်ကျင်းပလျက်ရှိ
 
ဖေဖော်ဝါရီ (၂၀)ရက်သည် ချင်းအမျိုးသား တစ်ရပ်လုံးအတွက် ထူးခြားဂုဏ်ယူဖွယ်ရာ နေ့ထူး နေ့မြတ်အဖြစ် ချင်းရေးရာကောင်စီ က သတ်မှတ်ထားသည့် ချင်းအမျိုး သားနေ့ကို အထွတ်အမြတ်ထား၍ နှစ်စဉ်ကျင်းပလျက်ရှိကြောင်း သိရ သည်။
 
 
သတင်းစဉ်