နိုင်ငံတော်၏အားပေးမြှင့်တင်မှုနှင့်အတူ အောင်မြင်လာသည့် နတ်ရေကန် ကော်ဖီနှင့် လက်ဖက်ခြောက်လုပ်ငန်း

 

တွေ့ဆုံမေးမြန်း- ကျော်မင်းဦး၊ ဓာတ်ပုံ- အောင်ကျော်ဇင်

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဦးတည်ချက်(၉) ရပ်၏ စီးပွားရေးကဏ္ဍ အချက် (၃) ချက်တွင် “တိုးတက်ကောင်းမွန်လာသည့် စီးပွားရေး မောင်းနှင်အားကို မဏ္ဍိုင်ပြု၍ MSME စက်မှုလုပ်ငန်းများကို အားပေးဆောင်ရွက်ကာ ပို့ကုန်ကဏ္ဍမြှင့်တင်ရေး”ဟု  မူဝါဒချမှတ် ဆောင်ရွက်လျက် ရှိသည်။ နိုင်ငံတော်၏အားပေးမြှင့်တင်မှုဖြင့် ဆောင်ရွက်လျက်ရှိသည့် MSME လုပ်ငန်းများအနက် မင်းဘူးခရိုင် ငဖဲမြို့နယ် ကျောင်းတွင်း ရပ်ကွက်ရှိ နတ်ရေကန် ကော်ဖီနှင့် လက်ဖက်ခြောက်လုပ်ငန်းရှင် ဒေါ်ဝေနှင်းဖြူနှင့် တွေ့ဆုံမေးမြန်းမှုကို ဖော်ပြလိုက်ပါသည်။


မေး။    ။    အခု မကွေးမြို့ မြသလွန်စေတီတော်မြတ်ကြီး ဗုဒ္ဓပူဇနိယ ပူဇော်ပွဲက MSME ထုတ်ကုန်ပြပွဲနဲ့ ဈေးရောင်းပွဲတော်မှာ  
လာရောက်ရောင်းချဖြစ်တဲ့ အခြေအနေလေး သိပါရစေ။
ဖြေ။    ။    အဓိကတော့   ကျွန်မပစ္စည်းလေးတွေကို မိတ်ဆက် တဲ့သဘောပါပဲ။ မကွေးတိုင်းအတွင်းကရော၊ နေပြည်တော် 
ဘက်ကရော ဘုရားဖူးလာတဲ့ မိဘပြည်သူအပေါင်း အကုန်လုံး သိသွား စေချင်တာပေါ့။ မကွေးတိုင်းဒေသကြီး ငဖဲမြို့နယ်ကနေပြီးတော့ ဒီလို မျိုး  ကော်ဖီကောင်း   ထုတ်လုပ်တာလေးတွေကို   သိသွားစေချင်တဲ့ သဘောပါ။ ရောင်းလည်း ကောင်းပါတယ်။ မိတ်ဆွေအပေါင်းအသင်းနဲ့ ကိုယ်စားလှယ်တွေလည်း အများကြီး အဆက်အသွယ်ရလိုက်ပါတယ်။ အဆင်ပြေပါတယ်။


မေး။    ။    လုပ်ငန်းစတင်တည်ထောင်ဖြစ်တဲ့ အခြေအနေနဲ့ လက်ရှိ အနေအထားအရ ဈေးကွက်ဖြန့်ဖြူးမှု ဘယ်လောက်ထိ 
ကျယ်ပြန့်နေပြီလဲ။
ဖြေ။    ။    ၂၀၁၈ -၂၀၁၉  ခုနှစ်လောက်က   လုပ်တာပါ။  ငါးနှစ် ခြောက်နှစ်လောက်တော့ ကြာပြီ။  လူသိများလာတာက 
တော့ သုံးနှစ်လောက်ပဲ  ရှိသေးတယ်။   မြန်မာနိုင်ငံအတွင်းမှာဆို ရန်ကုန်၊ မန္တလေး၊ နေပြည်တော် အများဆုံးပို့ရတယ်။ နေပြည်တော် ကိုတော့  အများဆုံးပို့ရတယ်။  မကွေးတိုင်းဒေသကြီးအတွင်းမှာဆို စလင်း၊ ပွင့်ဖြူ၊ ဆင်ဖြူကျွန်း အကုန်ပို့ရတယ်။ 


မေး။    ။    ကုန်ကြမ်းမှ ကုန်ချော၊ ဈေးကွက်တင်ပို့မှု အခြေအနေလေး ရှင်းပြပေးပါ။
ဖြေ။    ။    ဝန်ထမ်းအင်အားကတော့   အနည်းဆုံး   ငါးယောက် ခြောက်ယောက်လောက် လိုပါတယ်။ စက်ရုံက စက်က 
မနှစ်ကမှ ရောက်တာ။  ဒီနှစ်မှစပြီး  လည်ပတ်လို့ရမှာ။  လောလော ဆယ်တော့ ကော်ဖီစေ့တစ်တန်ကို ကျပ်သိန်း ၈၀ နဲ့ ဝယ်ယူပြီး အဲဒီ ကုန်ကြမ်းကို ပြင်ဦးလွင်ကို ပို့ရတယ်။ ပို့ထားပြီးတော့ ကုန်ကြမ်းကို ကုန်ချောဖြစ်အောင် ပြင်ဦးလွင်မှာ အမှုန့်ကြိတ်ပြီးတော့ ငဖဲကိုသယ်ပြီး လုပ်ငန်းဆောင်ရွက်နေပါတယ်။ နောက်ဆိုရင်တော့ ကိုယ်ပိုင်လှော်စက် နဲ့ ကုန်ချောဖြစ်အောင် လှော်မယ်၊  လှော်ပြီးသား  ကော်ဖီစေ့တွေကို အမှုန့်ကြိတ်စက်နဲ့ကြိတ်ပြီး ပုံစံအမျိုးမျိုးထုပ်ပိုးပြီး မြန်မာပြည်အနှံ့ တင်ပို့ရောင်းချနိုင်ရေးနဲ့   နိုင်ငံခြားပို့ကုန်အဖြစ်   ပို့ဆောင်နိုင်ရေး ကြိုးပမ်းဆောင်ရွက်သွားမှာပါ။


မေး။    ။    လုပ်ငန်းလည်ပတ်နေတဲ့ ဝန်ထမ်းအင်အား အခြေအနေနဲ့ ဝန်ထမ်းတွေအပေါ်ရော      ဘယ်လိုကူညီစောင့်ရှောက် 
ပေးမှုတွေ ရှိသလဲ။ 
ဖြေ။    ။    ဝန်ထမ်းအင်အားကတော့ နည်းတယ်။ ငါးယောက်၊ ခြောက်ယောက်လောက်နဲ့   အတတ်နိုင်ဆုံး လုပ်ဆောင် 
နေတယ်။  ဝန်ထမ်းတွေကိုလည်း ကျန်းမာရေး၊ ပညာရေး တတ်နိုင် သလောက်   ထောက်ပံ့မှုပေးသလို   လေ့လာရေးခရီးစဉ်တွေလည်း ပို့ဆောင်ပေးပါတယ်။


မေး။    ။    လုပ်ငန်း တည်ထောင်ဖို့ ဘယ်လောက် ရင်းနှီးမြှုပ်နှံမှုကနေ စတင်ခဲ့သလဲ။ တွေ့ကြုံရတဲ့ အခက်အခဲ၊ ကြိုးစားမှုတွေကို ပြောပေးပါ။
ဖြေ။    ။    စပြီးတော့လုပ်တုန်းကတော့ သိန်း ၂၅၀၊ ၃၀၀ ကြား ရင်းနှီးမှုရှိတယ်။ အခုလက်ရှိ ရင်းနှီးမတည်ငွေကတော့ 
သိန်း ၁၅၀၀ ဝန်းကျင်ရှိပါပြီ။ ဝန်ထမ်းအင်အား ငါးယောက် ခြောက် ယောက်နဲ့ လုပ်တယ်ဆိုတာ ထုတ်လုပ်ရေးပိုင်းပဲရှိသေးတာ။ စက်ရုံက မလည်ပတ်ရသေးဘူး။ စက်က မနှစ်ကမှရောက်တာဆိုတော့ ပစ္စည်း မရှိသေးတဲ့အတွက် မလည်ပတ်ရသေးဘူး။ စက်ရုံများလည်ပတ်ခဲ့သော် နောက်ထပ် ဝန်ထမ်း ငါးယောက်၊ ၁၀ ယောက်လောက်နဲ့ လည်ပတ်ရ မှာ။ စက်က ပါကင်ကို မဖောက်ရသေးဘူး။ ဒီဇင်ဘာမှာ ကော်ဖီထွက်မှ စက်က လည်ပတ်လို့ရမှာ။ အခက်အခဲကတော့ အများကြီးပဲ။  ကျွန်မ က ဒီငဖဲမြို့လေးကနေလုပ်တာဆိုတော့ မအောင်မြင်ဘူးလို့ပဲ ထင်ကြ တယ်။ စပါး၊ နှမ်း၊ ပြောင်း၊ မြေပဲ ဒါတွေပဲလုပ်နေကြတဲ့ ကုန်သည်တွေက များတာကို။ ကျွန်မက သူများတွေမလုပ်တာကို ဖြစ်အောင်လုပ်မယ်ဆို တဲ့စိတ်နဲ့    သင်တန်းတွေတက်တယ်၊    ပြင်ဦးလွင်သွားတယ်။ အင်တာနက်မှာလည်း ကော်ဖီလုပ်ငန်းနဲ့ပတ်သက်တာတွေ အကုန် လေ့လာတယ်။ ရွာငံတို့၊ ပြင်ဦးလွင်တို့ ရခိုင်မှာရှိတဲ့ ကော်ဖီလုပ်ငန်း တို့က   လာပြီးတော့  ပညာပေးတယ်။ ကိုယ်ကလည်းသွားပြီးတော့ ပညာယူတယ်။  အဲဒီက နည်းပညာတွေစုပြီးတော့  အခက်အခဲတွေ ကျော်ဖြတ်လာတာပါ။


မေး။     ။    ကော်ဖီပင် စတင်စိုက်ပျိုးထုတ်လုပ်တဲ့အခြေအနေကနေ အခုလို အကြမ်းထည် အချောထည်အထိ ထုပ်ပိုးရောင်းချ‌ နိုင်ခဲ့မှုအပေါ်    ကြိုးစားဆောင်ရွက်ခဲ့ရမှု၊   လေ့လာသင်ယူခဲ့ရမှုတွေ ပြောပြပေးပါ။
ဖြေ။    ။    ကော်ဖီကတော့ နတ်ရေကန်တောင်ပေါ်ဒေသမှာ အမြင့် ပေ ၃၈၀၀ ကျော်မှာစိုက်တယ်။ အမ်းတောင်ကြားလေးမှာ 
စိုက်တယ်။ ကိုယ်ပိုင်ခြံနဲ့လည်းစိုက်တယ်။ ကိုယ်ပိုင်ခြံကတော့ ခြောက် ဧက ရှိတယ်။ အစကတော့ ကော်ဖီသီးကိုပဲ ဝယ်ရောင်းလုပ်နေတာ။ ကော်ဖီမှုန့်ဘယ်မှာ ကြိတ်ရမှန်းလည်းမသိဘူး။ ကော်ဖီသီးကို အမှုန့် ကြိတ်ရအောင် ဘယ်လိုလုပ်ရမှန်းလည်းမသိခဲ့ဘူး။ ခုနစ်နှစ် ရှစ်နှစ် လောက်ကြာမှ   ပြင်ဦးလွင်မှာသွားပြီးတော့ ကော်ဖီမှုန့်ကို ကြိတ်လိုက် တာ။  ကျွန်မ   နေပြည်တော်မှာ   သွားပြိုင်လိုက်သေးတယ်။ ငဖဲက ဒုတိယရတယ်။ ရွာငံကတော့ ပထမရတယ်။ ဒုတိယရတယ်ဆိုတော့ ငါတို့ အဆင့်မီတယ်ဆိုပြီးတော့  အထုပ်လေးတွေ ထုပ်ပြီးရောင်းတာ မရောင်းရဘူး။   အမှုန့်ဆိုတာ   ပြင်ဦးလွင်မှာလည်း   ပေါတာကိုး၊ ဒါကြောင့်    မရောင်းရဘူး။   နောက်ပိုင်းကျတော့  ကော်ဖီထုတ်တဲ့ နည်းပညာကို ရန်ကုန်ကိုသွားပြီး သူငယ်ချင်းတစ်ယောက် လုပ်နေတာ ကို သွားပြီးလေ့လာတယ်။  ပြင်ဦးလွင်က သူငယ်ချင်းတွေရဲ့ စက်ရုံတွေ သွားပြီး လေ့လာတယ်။ ကျွန်မတို့မကွေးဒေသမှာ အချိုကြိုက်တာများ တော့  ချိုဆိမ့်၊  ခါးဆိမ့်ဆိုပြီးထုတ်လိုက်တယ်။ ကော်ဖီသီးကတော့ နိုင်ငံခြားအထိပို့တယ်။   
မေး။    ။    နိုင်ငံတော်က နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေ ထုတ်ချေး ပေးနေတယ်ဆိုတာ     သိရပါတယ်။   ဒီလို  အားပေး 
ထောက်ပံ့မှုဆောင်ရွက်ပေးနေတဲ့အပေါ် ဘယ်လိုများ ထင်မြင်ယူဆ ပါသလဲ။ 
ဖြေ။    ။    ကျွန်မက သိန်း ၅၀၀ ချေးတာကို  ၃၀၀  ချပေးတယ်။ အဲဒါနဲ့ လှော်စက်ဝယ်တယ်၊ အမှုန့်ကြိတ်စက်၊ အိတ်ပိတ်
စက် ဝယ်တယ်။  ကျွန်မရဲ့ ထုတ်ကုန်ပစ္စည်းလေးတွေအပေါ်မှာ ပံ့ပိုး ကူညီပေးတာ ကျေးဇူးတင်ပါတယ်။ တကယ်လို့များ  ထပ်ပြီးချေးနိုင် တယ်ဆိုရင်တော့ ကျွန်မပစ္စည်းတွေ တစ်နှစ်စာ သိုလှောင်ထားချင်တာ။ ကုန်ဈေးနှုန်းတွေက   ကြီးလာတာဆိုတော့  နောက်က  မလိုက်နိုင် တော့ဘူး။ 


မေး။    ။    ကိုယ်ပိုင်ကော်ဖီခြံစိုက်ပျိုးရတဲ့      အခြေအနေလေး ဗဟုသုတအနေနဲ့ ပြောပြပေးပါ။
ဖြေ။    ။        ကော်ဖီပင်ကို စိုက်မယ်ဆိုရင် အရိပ်ရပင်ကို အရင်စိုက်ရ တယ်။ ကော်ဖီပင်က သူများအရိပ်ရဲ့အောက်မှာမှ သီးတာ ပါ။ အရိပ်ပင်ကို နှစ်နှစ် ကြိုစိုက်ထားရတယ်။ အရိပ်ပင်စိုက်တဲ့ အချိန် မှာ   ကော်ဖီပင်ကို  ပျိုးထားရတယ်။   ကော်ဖီပင်   တစ်နှစ်သားရှိတဲ့ အချိန်မှာ အရိပ်ပင်ရဲ့အောက်မှာ စိုက်ရတယ်။ ကော်ဖီပင်က  သုံးနှစ်ရှိမှ သီးတယ်။ သုံးနှစ်သားမှ ခူးရတယ်။ ခူးပြီးသားကို နေပူလှန်း၊ အခွံချွတ် စက်နဲ့  အခွံချွတ်ပြီးရင် နေပူပြန်လှန်းရတယ်။ တောင်ပေါ်မှာကျတော့ နေလှန်းရတာ   အခက်အခဲရှိတယ်။  အခုကတော့ အဆင်ပြေသွားပြီ၊ ဆိုလာအဆောက်အအုံရှိတယ်။ ဆိုလာမှာသွားပြီး အခြောက်ခံတယ်။ ပထမအဆင့်၊      ဒုတိယအဆင့်၊   တတိယအဆင့်    ရွေးပြီးတော့မှ  ကုန်သည်ကို ရောင်းရတယ်။


မေး။    ။    အစ်မအနေနဲ့ သီးခြားပြောပြချင်တဲ့ အကြောင်းအရာရှိရင် ပြောပေးပါ။
ဖြေ။     ။    ကျွန်မအနေနဲ့ အလုပ်ရုံသီးသန့်လေး  ဆောက်ချင်တယ်။ စက်ရုံလေးပေါ့။     အခုကတော့     အိမ်နဲ့တွဲထားရတာ။ 
အမှန်အတိုင်းဆို ကော်ဖီလုပ်ငန်းက တော်တော်လေးကို နက်နဲတယ်။ သန့်ရှင်းသပ်ရပ်မှုရှိရမယ်။  တစ်ကိုယ်ရေသန့်ရှင်းမှုရှိရမယ်။   ဘေး ပတ်ဝန်းကျင်လည်း   သန့်ရှင်းမှုရှိရမယ်။   အဓိကကတော့ စက်ရုံ လိုနေတာ။


မေး။    ။    နိုင်ငံအတွင်းမှာ လုပ်ငန်းရှင်ဖြစ်ဖို့ ကြိုးစားအားထုတ်နေတဲ့ လူတန်းစားမျိုးစုံရှိပါတယ်၊ သူတို့အတွက် ခွန်အားဖြစ်စေ မယ့် အကြံပြုစကားလေး ပြောပေးစေချင်ပါတယ်။
ဖြေ။    ။    အခက်အခဲကတော့ လူတိုင်းရှိတယ်။ ဒါပေမယ့် နောက် မဆုတ်ဖို့ပဲ ပြောချင်တယ်။ ကိုယ်ထုတ်မယ့်ပစ္စည်းတစ်ခုကို 
ယုံကြည်မှုထားပြီးတော့လုပ်မယ်ဆိုရင်  အောင်မြင်မယ်လို့  ယုံကြည် တယ်။ ကျွန်မကတော့   ဒီကော်ဖီလုပ်ငန်းကို   ချစ်နေတာဆိုတော့၊  ကော်ဖီက    ဘယ်လိုရှုထောင့်ကကြည့်ကြည့်   ကျန်းမာရေးအတွက် လည်း     အများကြီး   အကျိုးရှိကောင်းမွန်တော့   ဒီလုပ်ငန်းကို ဘယ်တော့မှ နောက်မဆုတ်ဘူး။ အဲဒါကြောင့် ကြိုးစားပါလို့ပဲ ပြောချင် ပါတယ်။      ။