
နေပြည်တော် နိုဝင်ဘာ ၁
ယခုသင်တန်းကို နိုင်ငံတော်၏ ဈေးကွက် စီးပွားရေးစနစ်ကို အခြေပြု၍ စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက် ရာတွင် အထောက်အကူပြုနိုင် မည့် အရည်အချင်းပြည့်ဝသည့် စာရင်းပညာရှင်များ မွေးထုတ်ပေး နိုင်ရန် ရည်ရွယ်၍ ဖွင့်လှစ်ရခြင်း ဖြစ်ပါကြောင်း ပြည်ထောင်စု စာရင်းစစ်ချုပ် မြန်မာနိုင်ငံ စာရင်းကောင်စီဥက္ကဋ္ဌ ဦးတင်ဦး က ပြောကြားသည်။
မြန်မာနိုင်ငံစာရင်းကောင်စီ က ကြီးမှူးကျင်းပသည့် ဒီပလိုမာ စာရင်းကိုင် (Diploma In Accountancy - DA) (ပထမပိုင်း) သင်တန်းအမှတ်စဉ် - ၄၂ ဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက် ၉ နာရီခွဲတွင် နေပြည်တော်ရှိ ပြည်ထောင်စု စာရင်စစ်ချုပ်ရုံးစုပေါင်းခန်းမ၌ ကျင်းပရာ ပြည်ထောင်စု စာရင်းစစ်ချုပ်က ယင်းသို့ ပြောကြားခြင်းဖြစ် သည်။
ဆက်လက်၍ ပြည်ထောင်စု စာရင်းစစ်ချုပ်က စာရင်းပညာရှင် များသည် နိုင်ငံတော်စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုတွင် အရေးပါ သည့် အခန်းကဏ္ဍမှ ပါဝင် ပါကြောင်း၊ ပြည်ထောင်စုစာရင်း စစ်ချုပ်ရုံး သင်တန်းကျောင်း အနေဖြင့် စာရင်းပညာရပ်ဆိုင်ရာ သင်တန်းများကို စဉ်ဆက်မပြတ် ဖွင့်လှစ်ပြီး အရေအတွက်သာမက အရည်အချင်းပြည့်ဝသည့် စာရင်း ပညာရှင်များကို မွေးထုတ်ပေး လျက်ရှိပါကြောင်း၊ ဒီပလိုမာ စာရင်းကိုင်သင်တန်း ပြီးမြောက် အောင်မြင်ပါက စာရင်းပညာ ကျွမ်းကျင်သူများ ဖြစ်စေမည် ဖြစ်ပြီး စာရင်းပညာရှင်ဖြစ်စေရန် အတွက် ပထမခြေလှမ်းဖြစ်သည့် အခြေခံသင်တန်းတစ်ခု ဖြစ်ပါ ကြောင်း။
နေပြည်တော် သင်တန်း ကျောင်းတွင် ၂၀၀၉ - ၂၀၁၀ ဘဏ္ဍာရေးနှစ်မှ စတင်ဖွင့်လှစ်၍ ယခုသင်တန်းသည် (၁၃) ကြိမ် မြောက် သင်တန်းဖြစ်ပြီး ရန်ကုန် သင်တန်းကျောင်းနှင့် တစ်ပြိုင် တည်း ဖွင့်လှစ်သွားမည်ဖြစ်ပါ ကြောင်း၊ နိုင်ငံတကာစာရင်း ပညာရှင်များနှင့် ရင်ပေါင်တန်း ဆောင်ရွက်နိုင်ရန်အတွက် ခေတ် နှင့်အညီ ပြောင်းလဲတိုးတက် နေသည့် ကုန်သွယ်မှုစနစ်များ၊ စာရင်းပညာရပ်များနှင့် စီးပွားရေး ဆိုင်ရာဥပဒေများကို သိရှိ နားလည်ပြီး ကျွမ်းကျင်တတ် မြောက်အောင် ဆောင်ရွက်ရမည် ဖြစ်ပါကြောင်း၊ သို့ပါ၍ သင်တန်း ၏ရည်ရွယ်ချက်နှင့် သင်တန်းမှ သင်ကြားပို့ချမည့် ဘာသာရပ် များ၏တန်ဖိုးကို သိရှိနားလည်ပြီး အလေးအနက်ထား လေ့လာ ဆည်းပူးလျက် နိုင်ငံတော်၏ လိုအပ်ချက်များကို ဖြည့်ဆည်း ပေးနိုင်သည့် အရည်အချင်း ပြည့်ဝသော စာရင်းပညာရှင်များ ဖြစ်စေရန် ကြိုးစားကြစေလိုပါ ကြောင်း မှာကြားသည်။
ထို့နောက် ပြည်ထောင်စု စာရင်းစစ်ချုပ်ရုံး (နေပြည်တော်) သင်တန်းကျောင်း ကျောင်းအုပ်က သင်တန်းဆိုင်ရာ အချက်အလက် များကို ရှင်းလင်းပြောကြားသည်။
အဆိုပါသင်တန်းကို နေပြည် တော် သင်တန်းကျောင်းတွင် သင်တန်းသား ၂၀၀၊ မြန်မာနိုင်ငံ စာရင်းကောင်စီ၊ ရန်ကုန်သင်တန်း ကျောင်းတွင် သင်တန်းသား ၁၁၈ ဦး စုစုပေါင်း သင်တန်းသား ၃၁၈ ဦး တက်ရောက်ကြမည်ဖြစ်ပြီး ဘောဂဗေဒ၊ စီးပွားရေးသင်္ချာ နှင့် စာရင်းအင်းပညာ၊ ကူးသန်း ရောင်းဝယ်ရေး အထွေထွေ ဗဟုသုတ၊ စာရင်းရေးစာရင်း ကိုင်ပညာနှင့် စီးပွားရေးဥပဒေ ဘာသာရပ်များဖြင့် ၁၀ လကြာ ဖွင့်လှစ် သင်ကြားသွားမည် ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်