
နေပြည်တော် ဇန်နဝါရီ ၂၆
၂၀၂၃-၂၀၂၄ ခုနှစ် ပြည်နယ်နှင့် တိုင်းဒေသကြီး ဘတ်စကက်ဘောပြိုင်ပွဲ ဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ ဝဏ္ဏသိဒ္ဓိအားကစားရုံ(C)၌ ကျင်းပရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင်များ တက်ရောက်ကြည့်ရှုအားပေး ကြသည်။
တက်ရောက်
အခမ်းအနားသို့ နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီအဖွဲ့ဝင် ဒေါ်ဒွဲဘူနှင့် ဦးရွှေ ကြိမ်း၊ ပြည်ထောင်စုဝန်ကြီးများ၊ ဒုတိယ ဝန်ကြီးများ၊ ဌာနဆိုင်ရာအကြီးအကဲများ နှင့် တာဝန်ရှိသူများ၊ မြန်မာနိုင်ငံ ဘတ်စကက်ဘောအဖွဲ့ချုပ်မှ တာဝန်ရှိသူ များ၊ ပြိုင်ပွဲဝင်အသင်းများမှ အုပ်ချုပ်သူ နည်းပြများနှင့် အားကစားသမားများ တက်ရောက်ကြသည်။
ချစ်ကြည်ရင်းနှီးမှုခိုင်မာလာစေရေး
ရှေးဦးစွာ မြန်မာနိုင်ငံ အိုလံပစ် ကော်မတီဥက္ကဋ္ဌ အားကစားနှင့် လူငယ် ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံက ပြည်နယ်နှင့် တိုင်းဒေသ ကြီး ဘတ်စကက်ဘောပြိုင်ပွဲကို ကျင်းပ ပြုလုပ်ပေးရခြင်း၏ ရည်ရွယ်ချက်မှာ ပြည်နယ်နှင့် တိုင်းဒေသကြီးများမှ လာရောက်ယှဉ်ပြိုင်ကြသည့် ဘတ်စကက် ဘော အားကစားသမားအချင်းချင်း ချစ်ကြည်ရင်းနှီးမှု ခိုင်မာလာစေရေး၊ ဘတ်စကက်ဘော မျိုးဆက်သစ် အားကစားသမားများ ပေါ်ထွက်လာစေ ရေးနှင့် ဘတ်စကက်ဘော အားကစားနည်း ကို နိုင်ငံအနှံ့ကျယ်ကျယ်ပြန့်ပြန့် လှုပ်ရှား ကစားကြစေခြင်းဖြင့် ဘတ်စကက်ဘော အားကစားအဆင့်အတန်း တိုးတက်မြင့်မား လာစေရေးတို့အတွက် ဖြစ်ပါကြောင်း။
တိကျစွာဆုံးဖြတ်ဆောင်ရွက်
ယနေ့ပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင် ကြမည့် ပြိုင်ပွဲဝင်အားကစားသမားများ သည် အရပ်အမောင်းနှင့် ခွန်အား၊ သက်လုံဖွံ့ဖြိုးမှု အကောင်းဆုံးအရွယ်ဖြစ် သည့်အတွက် ထူးချွန်သည့် အားကစား သမားများဖြစ်လာအောင် မိမိတို့၏ ကျွမ်းကျင်မှု အရည်အသွေးများနှင့် ပေါင်းစပ်၍ ကြိုးပမ်းယှဉ်ပြိုင်သွားကြစေလိုကြောင်း၊ ပြိုင်ပွဲတွင် အနိုင်မခံ၊ အရှုံး မပေးဘဲ အားကစားစိတ်ဓာတ်အပြည့် အဝဖြင့် အသန့်ရှင်းဆုံး ပါဝင်ယှဉ်ပြိုင်ပြီး ပြိုင်ပွဲ စည်းမျဉ်း၊ စည်းကမ်းများကိုလည်း လေးစား လိုက်နာကြစေလိုကြောင်း၊ ထို့ပြင် ပြိုင်ပွဲကို ကြီးကြပ်ကြမည့် ဒိုင်လူကြီးများကလည်း ပြိင်ပွဲစည်းမျဉ်း၊ စည်းကမ်းများနှင့်အညီ တရားမျှတစွာနှင့် တိကျစွာ ဆုံးဖြတ်ဆောင်ရွက်ပေးကြစေလိုကြောင်း၊ ယခုပြိုင်ပွဲမှတစ်ဆင့် နိုင်ငံတော်က အားထားရမည့် နိုင်ငံ့ဂုဏ် ဆောင် အားကစားသမားကောင်းများ ဖြစ်လာအောင် ကြိုးစားသွားကြရန် ပြောကြားပြီး “၂၀၂၃-၂၀၂၄ ခုနှစ် ပြည်နယ် နှင့် တိုင်းဒေသကြီး ဘတ်စကက်ဘော ပြိုင်ပွဲ” ကို ဖွင့်လှစ်ပေးသည်။
ထို့နောက် ၂၀၂၃-၂၀၂၄ ခုနှစ် ပြည်နယ် နှင့် တိုင်းဒေသကြီး ဘတ်စကက်ဘော ပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ကြမည့် ပြိုင်ပွဲဝင်အသင်းများမှ အားကစားသမား များက အားကစားသစ္စာအဓိဋ္ဌာန်ကို ရွတ်ဆိုကြသည်။
ရင်းရင်းနှီးနှီးနှုတ်ဆက်
ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီဝင်များ၊ ပြည်ထောင်စု ဝန်ကြီး ဦးမင်းသိန်းဇံနှင့် တာဝန်ရှိသူ များက ၂၀၂၃-၂၀၂၄ ခုနှစ် ပြည်နယ်နှင့် တိုင်းဒေသကြီး ဘတ်စကက်ဘောပြိုင်ပွဲ တွင် ဝင်ရောက်ယှဉ်ပြိုင်ကြမည့် ပြိုင်ပွဲ ဝင်အသင်းများမှ အသင်းအုပ်ချုပ်သူ/ နည်းပြများနှင့် အားကစားသမားများကို ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်ကြသည်။
ကြည့်ရှုအားပေး
ဆက်လက်၍ နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီဝင်များသည် အခမ်းအနား သို့ တက်ရောက်လာကြသူများနှင့်အတူ ၂၀၂၃-၂၀၂၄ ခုနှစ် ပြည်နယ်နှင့် တိုင်းဒေသကြီး ဘတ်စကက်ဘောပြိုင်ပွဲ တွင် ဖွင့်ပွဲ ပွဲစဉ်အဖြစ် ဘတ်စကက်ဘော (အမျိုးသား)ပြိုင်ပွဲ ရှမ်းပြည်နယ်အသင်း နှင့် ကချင်ပြည်နယ်အသင်းတို့၏ ယှဉ်ပြိုင် မှုကို ကြည့်ရှုအားပေးကြသည်။
၂၀၂၃-၂၀၂၄ ခုနှစ် ပြည်နယ်နှင့် တိုင်းဒေသကြီး ဘတ်စကက်ဘောပြိုင်ပွဲ ကို ဇန်နဝါရီ ၂၆ ရက်မှ ဖေဖော်ဝါရီ ၁ ရက် အထိ နေပြည်တော်ရှိ ဝဏ္ဏသိဒ္ဓိအားကစားရုံ (C)၌ ကျင်းပသွားမည်ဖြစ်ပြီး ပြိုင်ပွဲဝင် အမျိုးသား ၁၂ သင်းနှင့် အမျိုးသမီး ၁၁ သင်းတို့မှ အားကစားသမား စုစုပေါင်း ၃၆၉ ဦး ပါဝင်ယှဉ်ပြိုင်သွားကြမည် ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်