
နေပြည်တော် ဇန်နဝါရီ ၁၉
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် သည် ဇနီး ဒေါ်ကြူကြူလှ၊ ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီး မောင်မောင်အေးနှင့် ဇနီး၊ ကာကွယ်ရေးဦးစီးချုပ် (ရေ) ဗိုလ်ချုပ်ကြီး မိုးအောင်နှင့် ဇနီး၊ ကာကွယ်ရေးဦးစီးချုပ်(လေ) ဗိုလ်ချုပ်ကြီး ထွန်းအောင်နှင့် ဇနီး၊ ကာကွယ်ရေး ဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများနှင့် ဇနီး များ၊ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ် ထင်လတ်ဦးနှင့် တာဝန်ရှိသူများလိုက်ပါ၍ ယနေ့ နံနက်ပိုင်းတွင် ရခိုင်ပြည်နယ် သံတွဲမြို့အနီးရှိ နယ်မြေခံပင်မရေငုပ်နှင့် ဆယ်ယူရေးတပ်၏ လေ့ကျင့် ရေးဆောင်ရွက်နေမှုများနှင့် တပ်တည်ဆောက် ရေးလုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက် နေမှုများကို သွားရောက်ကြည့်ရှုစစ်ဆေးသည်။
ကြိုဆိုနှုတ်ဆက်
ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် အဖွဲ့ဝင်များ သည် ရေတပ်လေ့ကျင့်ခန်းသရုပ်ပြသမှုနှင့် သရုပ်ပြ လေ့ကျင့်နေမှုများဆောင်ရွက်မည့် နယ်မြေခံရေတပ် ပင်မရေငုပ်နှင့် ဆယ်ယူရေးတပ် Floating Jetty သို့ ရောက်ရှိရာ တပ်မှူးနှင့် တာဝန်ရှိသူများက ကြိုဆို နှုတ်ဆက်ကြသည်။
လိုအပ်သည်များမှာကြား
ထို့နောက် ရေတပ်ပင်မရေငုပ်နှင့် ဆယ်ယူရေး တပ် လေ့ကျင့်ရေးကမ်းခြေတွင် ရေတပ်အထူး စစ်ဆင်ရေးတပ်ဖွဲ့ဝင် ရှစ်ဦးက ရန်သူ့ရေယာဉ်အား တိတ်တဆိတ်ဝင်ရောက်ဖောက်ခွဲ၍ ပြန်လည် ထွက်ခွာခြင်း (Cast & Recovery) လေ့ကျင့်ခန်းသရုပ် ပြသခြင်းနှင့် သရုပ်ပြလေ့ကျင့်နေမှုကို ကြည့်ရှုသည်။ လေ့ကျင့်မှုအပြီးတွင် လေ့ကျင့်ခန်းတွင် ပါဝင်ခဲ့သည့် ရေတပ်အထူးစစ်ဆင်ရေးတပ်ဖွဲ့ဝင်များ၏ အလေးပြု ခြင်းကိုခံယူကာ ယခုထက် စွမ်းရည်ပိုမိုမြင့်မားစေရေး အတွက် လေ့ကျင့်မှုများကို ပိုမိုအားထည့်လုပ်ဆောင် သွားရန် လိုအပ်သည်များကို မှာကြားသည်။
ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် အဖွဲ့ဝင် များအား နယ်မြေခံတပ်မှူးက တပ်သမိုင်းအကျဉ်းနှင့် တပ်တည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက်နေမှု၊ ရည်မှန်းချက်တာဝန်များအပေါ် အကောင်အထည် ဖော်ဆောင်ရွက်နေမှု၊ လေ့ကျင့်ရေးဆိုင်ရာ ဆောင်ရွက် နေမှု၊ ပြည်ပနိုင်ငံများသို့ သင်တန်းသားများစေလွှတ်မှု၊ သွားရောက်လေ့လာမှုနှင့် ပြည်ပနိုင်ငံများမှ လာရောက်လေ့လာမှု၊ ပြည်သူလူထုအကျိုးပြု လုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်နေမှုနှင့် သဘာဝ ဘေးအန္တရာယ် တားဆီးကာကွယ်ရေးလုပ်ငန်းများ တွင် ပါဝင်ကူညီဆောင်ရွက်ပေးလျက်ရှိမှု၊ တပ်တွင်း စည်းလုံးညီညွတ်ရေးနှင့် မိသားစုများ၏ သက်သာ ချောင်ချိရေး ဆောင်ရွက်ပေးနိုင်မှုနှင့် တပ်ပိုင် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများ ဆောင်ရွက်နေမှု တို့ကို ရှင်းလင်းတင်ပြသည်။
ရှင်းလင်းတင်ပြမှုများအပေါ် နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီး ချုပ်က လိုအပ်သည်များလမ်းညွှန်မှာကြား၍ တပ်၏ လိုအပ်ချက်များကို ဖြည့်ဆည်းဆောင်ရွက်ပေးသည်။
ဆက်လက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် အဖွဲ့ဝင်များသည် ရေတပ်ပင်မရေငုပ်နှင့် ဆယ်ယူရေး တပ်ရှိ Training Pool အတွင်းသို့ ရောက်ရှိကြပြီး တပ်မတော်(ရေ) မှ တပ်ဖွဲ့ဝင်များ၏ ၁၀ မီတာ Tower Jump လေ့ကျင့်မှု၊ ၅ မီတာအမြင့်မှ ခုန်ချ၍ မီတာ ၅၀ ခြေတုပ်၊ လက်တုပ် ကူးခတ်လေ့ကျင့်နေမှု၊ မီတာ ၅၀ အလွတ်ရေအောက်မှ ကူးခတ်လေ့ကျင့် နေမှု၊ လေဘူးဖြုတ်၊ တပ်ခြင်း လေ့ကျင့်နေမှုတို့ကို ကြည့်ရှုစစ်ဆေးပြီး တပ်မတော်(ရေ)၏ လေ့ကျင့်ရေး၊ ဆယ်ယူရေးနှင့် လုံခြုံရေးတာဝန်များ၊ ရေပြင် သက်စောင့်လုပ်ငန်းတာဝန်များ၊ မိုင်းရှင်းလင်းရေးနှင့် ရေပြင်ကယ်ဆယ်ရေးလုပ်ငန်းများတွင် အသုံးပြု လျက်ရှိသည့် အသုံးအဆောင်ပစ္စည်းများနှင့် လက်နက်များကိုကြည့်ရှု၍ လေ့ကျင့်ရေးလုပ်ငန်း များနှင့် တာဝန်ထမ်းဆောင်ရွက်ခဲ့မှု မှတ်တမ်း ဓာတ်ပုံများကို ကြည့်ရှုကြသည်။
ကြည့်ရှုစစ်ဆေး
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် အဖွဲ့ဝင် များသည် ရေအောက်အနှောင့်အယှက် လေ့ကျင့်ခန်း လေ့ကျင့်နေမှု၊ နှစ်ယောက်တွဲ လေဝေရှူခြင်း လေ့ကျင့် နေမှု၊ Closed Circuit အသုံးပြု၍ Underwater Compass ဖြင့် ရေအောက်ကူးခတ်ခြင်း လေ့ကျင့်နေမှု တို့ကို ကြည့်ရှုစစ်ဆေးပြီး 10 Men Hyperbaric Medical Treatment Chamber နှင့် Diving Tower တို့ကို လှည့်လည်ကြည့်ရှုကြပြီး တပ်မတော်(ရေ)မှ တပ်ဖွဲ့ဝင်များ၏ Escape Training သရုပ်ပြသ လေ့ကျင့်နေမှုအား ကြည့်ရှုသည်။
လိုအပ်သည်များမှာကြား
ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် အဖွဲ့ဝင် များသည် တပ်မတော်(ရေ) မှ ရေတပ်အထူးစစ်ဆင် ရေးတပ်ဖွဲ့ဝင် နည်းပြရှစ်ဦး၏ လေ့ကျင့်ရေးစင်မြင့် (Training Tower) တွင် Climbing Wall၊ Fast Rope နှင့် Rappelling Rope ဖြင့် ဆင်းသက်ခြင်း၊ အခက်အခဲအတားအဆီး ယုံကြည်မှုကွင်းဖြတ်ကျော် ခြင်းတို့အား သရုပ်ပြသလေ့ကျင့်နေမှုများကို ကြည့်ရှု ပြီး ချီးမြှင့်ငွေများပေးအပ်ကာ လေ့ကျင့်ရေးဆိုင်ရာ များကို ကောင်းမွန်စွာ သင်ကြားပြသနိုင်ရေးနှင့် ပတ်သက်၍ လိုအပ်သည်များ မှာကြားခဲ့ကြောင်း သတင်းရရှိသည်။
သတင်းစဉ်