
နေပြည်တော် ဇန်နဝါရီ ၁၉
နိုင်ငံတော် စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူး ကြီး မင်းအောင်လှိုင်နှင့် ဇနီး ဒေါ်ကြူကြူလှ တို့သည် မြန်မာ နိုင်ငံ၌ အိမ်ရှင်အဖြစ် လက်ခံ ကျင်းပပြုလုပ်သည့် မြန်မာ-ထိုင်း တပ်မတော်နှစ်ရပ်အကြား အဆင့် မြင့် အရာရှိကြီးများ ကော်မတီ အစည်းအဝေး 8th High Level Committee Meeting သို့ တက်ရောက်ရန် ရောက်ရှိနေသည့် ထိုင်းဘုရင့်တပ်မတော်ကာကွယ် ရေးဦးစီးချုပ် General Chalerm-phon Srisawasdi နှင့် ဇနီး ဦးဆောင်သည့် ကိုယ်စားလှယ် အဖွဲ့ဝင်များအား ယနေ့ညပိုင်း တွင် ရခိုင်ပြည်နယ် သံတွဲမြို့ ငပလီကမ်းခြေ Pristine Mermaid Resort ၌ ညစာစားပွဲဖြင့် ကြိုဆို ဧည့်ခံသည်။
အဆိုပါ ညစာစားပွဲအခမ်း အနားသို့ နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီဥက္ကဋ္ဌ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်နှင့် ဇနီး၊ ထိုင်းဘုရင့်တပ်မတော် ကာကွယ် ရေးဦးစီးချုပ်နှင့် ဇနီးတို့နှင့်အတူ ညှိနှိုင်းကွပ်ကဲရေးမှူး(ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီး မောင်မောင်အေး နှင့် ဇနီး၊ ကာကွယ်ရေးဦးစီးချုပ် (ရေ) ဗိုလ်ချုပ်ကြီး မိုးအောင်နှင့် ဇနီး၊ ကာကွယ်ရေးဦးစီးချုပ်(လေ) ဗိုလ်ချုပ်ကြီး ထွန်းအောင်နှင့် ဇနီး၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော် အရာရှိကြီးများနှင့် ဇနီးများ၊ ထိုင်းဘုရင့်တပ်မတော်မှ အရာရှိကြီးများနှင့် ဇနီးများ၊ နှစ်နိုင်ငံ စစ်သံမှူးများနှင့် ဇနီး များ၊ တာဝန်ရှိသူများ တက်ရောက် ကြသည်။
ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီဥက္ကဋ္ဌ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်နှင့် ဇနီးတို့ က ထိုင်းဘုရင့်တပ်မတော် ကာကွယ်ရေးဦးစီးချုပ်နှင့် ဇနီး နှင့် အဖွဲ့ဝင်များကို ရင်းနှီးနွေးထွေး စွာ ကြိုဆိုနှုတ်ဆက်သည်။ ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီဥက္ကဋ္ဌ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်နှင့် ထိုင်း ဘုရင့်တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်တို့သည် နှုတ်ခွန်းဆက် စကားများ အပြန်အလှန်ပြောကြား ကြပြီး တက်ရောက်လာကြသူများ နှင့်အတူ ညစာကို အတူတကွ သုံးဆောင်ကြသည်။
ညစာ မသုံးဆောင်မီနှင့် သုံးဆောင်နေစဉ်အတွင်း ပြည်သူ့ ဆက်ဆံရေးနှင့် စိတ်ဓာတ်စစ်ဆင် ရေးညွှန်ကြားရေးမှူးရုံး ကွပ်ကဲမှု အောက် မြဝတီတေးဂီတအဖွဲ့မှ တေးသံရှင်များ၊ မြန်မာ့အသံနှင့် ရုပ်မြင်သံကြားမှ အနုပညာရှင်များက တေးသံသာများဖြင့် သီဆို တီးမှုတ်ကပြဖျော်ဖြေကြသည်။
ဂုဏ်ပြုချီးမြှင့်ငွေပေးအပ်
ညစာစားပွဲအပြီးတွင် ထိုင်း ဘုရင့်တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်နှင့် ဇနီးတို့သည် သီဆို ကပြဖျော်ဖြေခဲ့ကြသည့် အနုပညာ ရှင်များအား ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်ခဲ့ပြီး ရင်းရင်းနှီးနှီး နှုတ်ဆက်ခဲ့ကြောင်း သတင်းရရှိ သည်။
သတင်းစဉ်