နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အား ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ ဒုတိယရေတပ်ဦးစီးချုပ် ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့များက ရုရှားစစ်ရေယာဉ်Gremyashiyပေါ်၌ ဂုဏ်ပြုကြိုဆို၊တွေ့ဆုံဆွေးနွေး

 

 

နေပြည်တော်  အောက်တိုဘာ  ၂၉


နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်  ဗိုလ်ချုပ်မှူးကြီး  မင်းအောင်လှိုင်သည် ယနေ့နံနက်ပိုင်းတွင် ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ ဒုတိယရေတပ်ဦးစီးချုပ်  Vice  Admiral Vladimir Lvovich kasatonov ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့များ အား  ရုရှားစစ်ရေယာဉ်  Gremyashiy ပေါ်၌ လက်ခံတွေ့ဆုံသည်။

 


ဦးစွာ   နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊  တပ်မတော် ကာကွယ်ရေးဦးစီးချုပ်သည်   ကာကွယ်ရေးဦးစီးချုပ် (ရေ) ဗိုလ်ချုပ်ကြီး မိုးအောင်၊ ကာကွယ်ရေးဦးစီးချုပ်(လေ)  ဗိုလ်ချုပ်ကြီး မောင်မောင်ကျော်၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများ၊ ရန်ကုန်တိုင်း စစ်ဌာနချုပ် တိုင်းမှူးနှင့် တာဝန်ရှိသူများ လိုက်ပါ၍ ရန်ကုန်မြို့ သီလဝါ ဆိပ်ကမ်း MITT တံတားသို့ရောက်ရှိကြရာ ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ ဒုတိယရေတပ်ဦးစီးချုပ်  Vice  Admiral Vladimir Lvovich kasatonovနှင့် စစ်ရေ ယာဉ်မှူး Captain Andrey KUZNETSOV တို့က ကြိုဆိုနှုတ်ဆက်ကြသည်။ ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်သည် ရုရှားစစ်ရေယာဉ်  Gremyashiy  ပေါ်၌ ရုရှားစစ်ရေယာဉ်       ဂုဏ်ပြုတပ်ဖွဲ့က နှစ်နိုင်ငံ        နိုင်ငံတော်တေးသီချင်းဖြင့် ဂုဏ်ပြုကြိုဆို  အလေးပြုခြင်းကို   ခံယူသည်။

 


ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ် ရေးဦးစီးချုပ်သည်   ရုရှားစစ်ရေယာဉ်  ပေါ်တွင်    လိုက်ပါလာသည့်  အရာရှိ၊ စစ်သည်များအတွက် မြန်မာ့တပ်မတော် စက်ရုံထုတ် စားသောက်ကုန်ပစ္စည်းများ နှင့် စားသောက်ဖွယ်ရာများကို ပေးအပ်ရာ ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊    ဒုတိယရေ တပ်ဦးစီးချုပ်နှင့် စစ်ရေယာဉ်မှူးတို့က လက်ခံရယူသည်။

 


လက်ခံတွေ့ဆုံ


ဆက်လက်ပြီး နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ် ရေးဦးစီးချုပ်သည်  ရုရှားဖက်ဒရေးရှင်း နိုင်ငံ၊ ဒုတိယရေတပ်ဦးစီးချုပ် ဦးဆောင် သည့် အဖွဲ့ဝင်များအား ရုရှားစစ်ရေယာဉ် Gremyashiy ပေါ်ရှိ အစည်းအဝေးခန်းမ တွင် လက်ခံတွေ့ဆုံသည်။

 


အမြင်ချင်းဖလှယ် ဆွေးနွေး


ထိုသို့   တွေ့ဆုံရာတွင်   နှစ်နိုင်ငံ တပ်မတော်နှစ်ရပ်အကြား ကဏ္ဍပေါင်းစုံ တွင်   ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ ကိစ္စရပ်များ၊ ချစ်ကြည်ရေးခရီးစဉ်များ အပြန်အလှန်     သွားရောက်ခြင်းဖြင့် နှစ်နိုင်ငံနှင့် တပ်မတော်နှစ်ရပ်အကြား ချစ်ကြည်ရင်းနှီးမှုနှင့် ယုံကြည်မှုများကို ပိုမိုခိုင်မြဲစေနိုင်သည့်အတွက် ချစ်ကြည် ရေးခရီးစဉ်များ အပြန်အလှန် စေလွှတ် ပေးနိုင်မည့် အခြေအနေများ၊ နှစ်နိုင်ငံ တပ်မတော်(ရေ)      နှစ်ရပ်အကြား ရေကြောင်းလုံခြုံမှုဆိုင်ရာ နည်းပညာနှင့် သတင်းအချက်အလက်များ ဖလှယ်ရေး ဆိုင်ရာ ကိစ္စရပ်များအား ခင်မင်ရင်းနှီးစွာ အမြင်ချင်းဖလှယ် ဆွေးနွေးကြသည်။

 


ရှင်းလင်းပြသ


ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်နှင့်   အဖွဲ့ဝင်များသည်  ရုရှား စစ်ရေယာဉ်    Gremyashiy  အား လှည့်လည်ကြည့်ရှုကြရာ ရုရှားဖက်ဒရေး ရှင်းနိုင်ငံ၊    ဒုတိယရေတပ်ဦးစီးချုပ်နှင့် စစ်ရေယာဉ်မှူးတို့က   စစ်ရေယာဉ်၏ စက်ပိုင်းဆိုင်ရာနှင့် တပ်ဆင်ထားသည့် ကာကွယ်ရေးဆိုင်ရာ   လက်နက်များ၏ စွမ်းရည်များ၊ ရာသီဥတုဆိုးရွားမှုဒဏ်ခံနိုင်ရေးအတွက်       ခေတ်မီစနစ်များ တပ်ဆင်ထားရှိသည့်  အခြေအနေများ၊ အရေးပေါ်အခြေအနေတွင် ကယ်ဆယ် ရေးလုပ်ငန်းများ    လုပ်ဆောင်နိုင်ရေး အတွက်   ကြိုတင်ပြင်ဆင်ထားရှိသည့် အခြေအနေများနှင့် ပတ်သက်၍ လိုက်လံ ရှင်းလင်းပြသကြသည်။ ရှင်းလင်းပြသမှု များအပေါ်  နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊   တပ်မတော်ကာကွယ် ရေးဦးစီးချုပ်က      သိရှိလိုသည်များ ပြန်လည်မေးမြန်းဆွေးနွေးခဲ့ပြီး  စစ်ရေ ယာဉ် တည်ဆောက်ရေး နည်းပညာပိုင်း တွင် ပူးပေါင်းဆောင်ရွက်နိုင်မည့် အခြေ အနေများကို ဆွေးနွေးပြောကြားသည်။
ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ် ရေးဦးစီးချုပ်သည်   ရုရှားစစ်ရေယာဉ် Gremyashiy ဧည့်သည်တော်မှတ်တမ်း စာအုပ်တွင် လက်မှတ်ရေးထိုးပြီး  ရုရှား ဖက်ဒရေးရှင်းနိုင်ငံ၊   ဒုတိယရေတပ်ဦးစီး ချုပ်မှ  တည်ခင်းဧည့်ခံသည့်   ဂုဏ်ပြု နေ့လယ်စာကို   အတူတကွ   သုံးဆောင် ကြသည်။

 


 အမှတ်တရ
လက်ဆောင်ပစ္စည်း ပေးအပ်


ဂုဏ်ပြုနေ့လယ်စာ သုံးဆောင်အပြီး တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၊ ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ ဒုတိယရေတပ် ဦးစီးချုပ်နှင့်    စစ်ရေယာဉ်မှူးတို့သည် အထိမ်းအမှတ်တံဆိပ်နှင့်  အမှတ်တရ လက်ဆောင်ပစ္စည်းများ   အပြန်အလှန် ပေးအပ်ခဲ့ကြသည်။ ယင်းနောက် နိုင်ငံ တော် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ ဒုတိယရေတပ် ဦးစီးချုပ်အား ရုရှားနိုင်ငံတွင် စစ်ရေယာဉ် တည်ဆောက်ရေးနှင့်    ပတ်သက်သည့် ပညာတော်သင်    သွားရောက်ခဲ့သည့် မြန်မာ့တပ်မတော်(ရေ)မှ အရာရှိများနှင့် မိတ်ဆက်ပေးသည်။

 


သုံးရက်ကြာ နေထိုင်သွားမည်


အဆိုပါ ရုရှားတပ်မတော်မှ စစ်ရေ ယာဉ် Gremyashiy သည် အောက်တိုဘာ ၂၈ ရက် ညပိုင်းတွင်  ရန်ကုန်မြို့ သီလဝါ ဆိပ်ကမ်း MITT တံတားသို့ရောက်ရှိခဲ့ခြင်း ဖြစ်ပြီး        ချစ်ကြည်ရေးခရီးစဉ်အဖြစ် သုံးရက်ကြာ နေထိုင်သွားမည်ဖြစ်ကြောင်း နှင့် အထင်ကရနေရာများသို့ သွားရောက် လေ့လာခြင်း၊ ချစ်ကြည်ရေးအားကစားပွဲများကျင်းပခြင်းနှင့်   တွေ့ဆုံဆွေးနွေး ခြင်းများကို   ဆောင်ရွက်သွားမည်ဖြစ် ကြောင်း သတင်းရရှိသည်။


သတင်းစဉ်