နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့ Republic of the Tatarstan၊ Kazan မြို့တော်ရှိ PJSC “Kazan Helicopters”ထုတ်လုပ်ရေးအလုပ်ရုံသို့ သွားရောက်ကြည့်ရှုလေ့လာ

နေပြည်တော်  ဇွန်  ၂၆


နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ တပ်မတော်    ကာကွယ်ရေးဦးစီးချုပ်            ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ဦးဆောင် သည့် ကိုယ်စားလှယ်အဖွဲ့သည် စစ်သံမှူး ဗိုလ်မှူးချုပ်ကျော်စိုးမိုးနှင့် တာဝန်ရှိသူ များ လိုက်ပါ၍ ဇွန် ၂၅ ရက် ညနေပိုင်းတွင် Republic  of  the  Tatarstan ၊ Kazan မြို့တော်ရှိ PJSC “Kazan Helicopters” ထုတ်လုပ်ရေးအလုပ်ရုံသို့   သွားရောက် ကြည့်ရှုလေ့လာသည်။ 


လိုက်လံရှင်းလင်းပြသ


ဦးစွာ  နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်နှင့်   အဖွဲ့ဝင်များသည်  PJSC “Kazan  Helicopters”   ထုတ်လုပ်ရေး အလုပ်ရုံသို့ ရောက်ရှိကြရာ  လက်ထောက် အလုပ်အမှုဆောင်ဒါရိုက်တာ     Mr. Kiyamov Marat Rinatovich နှင့် တာဝန် ရှိသူများက    ကြိုဆိုနှုတ်ဆက်ကြပြီး ရဟတ်ယာဉ် ထုတ်လုပ်မှုအဆင့်ဆင့်အား လိုက်လံရှင်းလင်းပြသရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်က   သိရှိလိုသည် များကို    ပြန်လည်မေးမြန်းဆွေးနွေးခဲ့ သည်။ ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ် ရေးဦးစီးချုပ်သည် Simulator ဖြင့် ရဟတ် ယာဉ်စမ်းသပ်မောင်းနှင်ခန်းသို့ ရောက်ရှိ လေ့လာပြီး ကိုယ်တိုင်စမ်းသပ်မောင်းနှင် ခဲ့သည်။


ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်နှင့်       လက်ထောက်အလုပ် အမှုဆောင်ဒါရိုက်တာတို့သည် အမှတ်တရ လက်ဆောင်ပစ္စည်းများ  အပြန်အလှန် လဲလှယ်ခဲ့ကြသည်။


တင်ပို့ရောင်းချနိုင်ခဲ့


အဆိုပါ PJSC “Kazan Helicopters”ထုတ်လုပ်ရေးအလုပ်ရုံသည် ၁၉၄၀ ပြည့် နှစ်တွင် စတင်တည်ထောင်ခဲ့ခြင်းဖြစ်ပြီး Rostec Cooperation မှ  ပိုင်ဆိုင်သည့် Russian   Helicopters   ကုမ္ပဏီ၏ အစိတ်အပိုင်းတစ်ခုဖြစ်ကြောင်း၊ ယနေ့ အချိန်ကာလအထိ Mi-4၊ Mi-8၊ Mi-14၊ Mi-17 နှင့် Ansat အမျိုးအစား  ရဟတ် ယာဉ်ပေါင်း ၁၂၀၀၀ ကျော် ထုတ်လုပ်ခဲ့ပြီး နိုင်ငံပေါင်း ၁၀၀ သို့  တင်ပို့ရောင်းချနိုင်ခဲ့ ကြောင်း၊ Kazan ရဟတ်ယာဉ်ထုတ်လုပ် ရေးအလုပ်ရုံသည်    ၂၀၀၇  ခုနှစ်တွင် အဓိကရှယ်ယာရှင်ဖြစ်လာမည့် Russian Helicopters ဖက်စပ်ကုမ္ပဏီသို့ ဝင်ရောက် ခဲ့ပြီး Mi-38 အလတ်စား ဘက်စုံသုံးရဟတ် ယာဉ်အတွက် ရှေ့ပြေးတည်ဆောက်ခြင်း နှင့် အများအပြားထုတ်လုပ်ခြင်းများကို လည်း  ဆောင်ရွက်လျက်ရှိကြောင်းနှင့် ၁၉၄၅ ခုနှစ်မှ စတင်ကာ  ၂၀၂၀ ပြည့်နှစ် အထိ ဂုဏ်ပြုမှတ်တမ်းလွှာနှင့် ဆုတံဆိပ် ပေါင်း ၂၇ ခုကျော် ရရှိထားပြီးဖြစ်ကြောင်း သတင်းရရှိသည်။  


သတင်းစဉ်