နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်၏ဇနီး ဒေါ်ကြူကြူလှ ရုပ်စုံသဘင်အဖွဲ့လိုက်ပြိုင်ပွဲသို့ တက်ရောက်ကြည့်ရှုအားပေး

 

နေပြည်တော် အောက်တိုဘာ ၂၇


နိုင်ငံတော်စီမံအုပ်ချုပ်ရေး   ကောင်စီ ဥက္ကဋ္ဌ  နိုင်ငံတော်ဝန်ကြီးချုပ်၏   ဇနီး   ဒေါ်ကြူကြူလှသည်      ယနေ့ညနေပိုင်း တွင်  သာသနာရေး နှင့်   ယဉ်ကျေးမှုဝန်ကြီး ဌာနရှိ ယဉ်ကျေးမှုရတနာခန်းမ၌ ကျင်းပ သည့်    ရုပ်စုံသဘင်အဖွဲ့လိုက်       ပြိုင်ပွဲသို့ တက်ရောက် ကြည့်ရှုအားပေးသည်။


နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်၏ဇနီးသည် ကောင်စီအတွင်းရေးမှူး၏ဇနီး၊  ကောင်စီ တွဲဖက်အတွင်းရေးမှူး၏ဇနီး၊       ကောင်စီ အဖွဲ့ဝင်များ၏   ဇနီးများ၊     တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော် အရာရှိကြီးများ၏ဇနီးများ၊   ပြည်ထောင်စု အဆင့်ပုဂ္ဂိုလ်များ၊      ဒုတိယဝန်ကြီးများ၊ အကဲဖြတ်ဒိုင်များနှင့်အတူ ရုပ်စုံသဘင် ဖွဲ့လိုက်   ဝါသနာရှင်အဆင့် (ပထမတန်း)   ပြိုင်ပွဲတွင် “ပညာရွှေအိုး” ဇာတ်တော်ကြီး ဖြင့် ရန်ကုန်တိုင်းဒေသကြီး ကိုယ်စားပြု တော်ဝင်ရုပ်စုံအမြင့်သဘင်အဖွဲ့က မြန်မာ့ ရိုးရာယဉ်ကျေးမှု    အမွေအနှစ်များကို ဖော်ကျူးသည့်  အကအလှများ၊   စကား ပြောများဖြင့် သရုပ်ဖော်ယှဉ်ပြိုင်နေမှုများ ကို ကြည့်ရှုအားပေးကြသည်။



ယှဉ်ပြိုင်မှုအပြီးတွင်   နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ  နိုင်ငံတော် ဝန်ကြီးချုပ်၏ ဇနီးနှင့်အဖွဲ့သည်   ရုပ်စုံ သဘင်အဖွဲ့လိုက်       ပြိုင်ပွဲဝင်များကို ရင်းရင်းနှီးနှီး       လိုက်လံနှုတ်ဆက် ကြသည်။


ပြန်လည်ဆန်းသစ်လာ


မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး  ပြိုင်ပွဲကို ၁၉၉၃ ခုနှစ်မှ စတင်ကျင်းပခဲ့ပြီး ၁၉၉၈ ခုနှစ်ပြိုင်ပွဲတွင် ရုပ်စုံသဘင်ပြိုင်ပွဲအဖြစ် “ဝိဓူရ” ဇာတ် တော်ကြီးဖြင့် စတင်ယှဉ်ပြိုင်ခဲ့ကြောင်း၊ အချိန်ကာလ အတိုင်းအတာတစ်ခုအထိ တိမ်မြုပ်ပျောက်ကွယ်နေခဲ့သည့် ရုပ်သေး ပညာပြန်လည်ပြီး တစ်ခေတ်ဆန်းသစ် လာခဲ့ကြောင်း၊ အကြောင်းကြောင်းကြောင့် ကျင်းပခြင်းမပြုနိုင်ခဲ့သည့်  အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲကြီးနှင့်အတူ ရုပ်သေး အနုပညာရပ်သည် တိမ်မြုပ်ပျောက်ကွယ် သကဲ့သို့ ဖြစ်နေခဲ့ရပြီး ယခုကျင်းပသည့် (၂၄) ကြိမ် မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊  အတီးပြိုင်ပွဲတွင် မြန်မာ့ရိုးရာ    ယဉ်ကျေးမှုအမွေအနှစ် များ   ထိန်းသိမ်းနိုင်ရန်နှင့် မြန်မာ့ရုပ်သေး ပညာရပ်၊     မြန်မာ့ရုပ်စုံပညာရပ်များ    ပြန်လည်ဖော်ထုတ်နိုင်ရန်    ထည့်သွင်း ကျင်းပခဲ့ခြင်းဖြစ်ကြောင်း           သိရ သည်။ 


သတင်းစဉ်