နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်၏ ငြိမ်းချမ်းရေးဖိတ်ခေါ်ကမ်းလှမ်းမှုအရ ငြိမ်းချမ်းရေးနှင့် စည်းလုံးရေးကော်မတီ (မိုင်းလား)အဖွဲ့မှ ဒုတိယဥက္ကဋ္ဌ ဦးစန်ပေ့ ဦးဆောင်သော ငြိမ်းချမ်းရေးကိုယ်စားလှယ်အဖွဲ့ နေပြည်တော်သို့ရောက်ရှိ

 

နေပြည်တော်    ဇွန်   ၃


တစ်နိုင်ငံလုံး ထာဝရငြိမ်းချမ်းရေးရရှိရန်နှင့် လက်နက်ကိုင်ပဋိပက္ခ           ချုပ်ငြိမ်းရေးတို့ကို ရည်ရွယ်၍ ဧပြီ ၂၂ ရက်တွင်  နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ         နိုင်ငံတော် ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများ နှင့် တွေ့ဆုံဆွေးနွေးရန် ဖိတ်ခေါ်ခဲ့ရာ ငြိမ်းချမ်း ရေးနှင့်   စည်းလုံးရေးကော်မတီ (မိုင်းလား)အဖွဲ့မှ ဒုတိယဥက္ကဋ္ဌ ဦးစန်ပေ့ ဦးဆောင်သည့်  ငြိမ်းချမ်းရေးကိုယ်စားလှယ်အဖွဲ့သည်  ယနေ့ တွင်  နေပြည်တော်သို့ ရောက်ရှိကြသည်။

 

ငြိမ်းချမ်းရေးနှင့် စည်းလုံးရေးကော်မတီ (မိုင်းလား)အဖွဲ့မှ  ဒုတိယဥက္ကဋ္ဌ   ဦးစန်ပေ့ ဦးဆောင်သော ငြိမ်းချမ်းရေးကိုယ်စားလှယ် အဖွဲ့သည် မွန်းလွဲပိုင်းတွင်   လေကြောင်းခရီး စဉ်ဖြင့် နေပြည်တော် တပ်မတော်လေဆိပ်သို့ ရောက်ရှိကြရာ အမျိုးသားစည်းလုံးညီညွတ် ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေး ကော်မတီအဖွဲ့ဝင်နှင့်             တာဝန်ရှိသူများ၊ သာသနာရေးနှင့်      ယဉ်ကျေးမှုဝန်ကြီးဌာန အနုပညာဦးစီးဌာနမှ တိုင်းရင်းသား၊ တိုင်းရင်း သူများ၊ ငြိမ်းချမ်းရေးကို လိုလားသည့် ဒေသခံ ပြည်သူများက ထာဝရငြိမ်းချမ်းရေးကိုရရှိရေး သည် ပြည်သူတစ်ရပ်လုံး၏ ဆန္ဒအစစ်အမှန် ဖြစ်သည်၊ ငြိမ်းချမ်းရေးရရှိရေးသည် နိုင်ငံသား အားလုံး၏ ဆန္ဒအမှန်ဖြစ်သည်၊ ပြည်ထောင်စု ကြီးငြိမ်းချမ်းဖို့      တွေ့ဆုံဆွေးနွေးကြပါစို့၊ တိုင်းရင်းသားတွေစည်းလုံးမှ          ငြိမ်းချမ်း တည်ငြိမ်အေးချမ်းရ        စသည့်စာသားပါ ဆိုင်းဘုတ်များနှင့် နိုင်ငံတော်အလံငယ်များကို ကိုင်ဆောင်၍ ကြိုဆိုကြသည်။ 

 


အဆိုပါ ငြိမ်းချမ်းရေးကိုယ်စားလှယ်အဖွဲ့ သည် ယနေ့   နံနက်ပိုင်းတွင်   ရှမ်းပြည်နယ် (အရှေ့ပိုင်း)  ကျိုင်းတုံမြို့သို့     ရောက်ရှိရာ တြိဂံဒေသတိုင်းစစ်ဌာနချုပ်မှ         တိုင်းမှူး ဗိုလ်ချုပ် မျိုးမင်းထွန်းနှင့် တာဝန်ရှိသူများ၊ ပြည်နယ်/ခရိုင်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူ များ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ ပါတီနိုင်ငံရေးအဖွဲ့အစည်းများနှင့် ငြိမ်းချမ်းရေးကို လိုလား သည့် ဒေသခံပြည်သူများက လှိုက်လှိုက်လှဲလှဲ ဂုဏ်ပြုကြိုဆိုကြပြီးထိုမှတစ်ဆင့် လေကြောင်း ခရီးဖြင့် နေပြည်တော်သို့ ရောက်ရှိခဲ့ခြင်းဖြစ် ကြောင်း သတင်းရရှိသည်။


သတင်းစဉ်