နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ပြင်ဦးလွင်မြို့  အမျိုးသားကန်တော်ကြီးဥယျာဉ်နှင့် Governor House ထိန်းသိမ်းထားရှိမှုတို့ကို လှည့်လည်ကြည့်ရှုစစ်ဆေး


 

ပြင်ဦးလွင်မြို့ကို တောင်ပေါ်အပန်းဖြေမြို့တော်၊ ချယ်ရီမြို့တော်၊ ပန်းမြို့တော်အဖြစ် ဆောင်ရွက်လျက်ရှိသည့်အတွက်   
ကန်တော်ကြီးဥယျာဉ်အတွင်း၌လည်း စနစ်တကျဖြင့် သန့်ရှင်းသာယာလှပမှုရှိအောင် ထိန်းသိမ်းဆောင်ရွက်ရမည်

 

နေပြည်တော်   ဧပြီ   ၁၈ 
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ   နိုင်ငံတော်ဝန်ကြီးချုပ်     ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည်   ကောင်စီအဖွဲ့ဝင်   ဗိုလ်ချုပ်ကြီး‌ တင်အောင်စန်း၊     ကောင်စီတွဲဖက်အတွင်းရေးမှူး  ဒုတိယဗိုလ်ချုပ်ကြီး  ရဲဝင်းဦး၊  ပြည်ထောင်စုဝန်ကြီး များဖြစ်ကြသည့်    ဦးတင်ထွဋ်ဦး၊   ဦးခင်မောင်ရီ၊ မန္တလေးတိုင်းဒေသကြီး  ဝန်ကြီးချုပ်  ဦးမောင်ကို၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ  တပ်မတော်အရာရှိကြီးများ၊  အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ကိုကိုဦးနှင့် တာဝန်ရှိသူများလိုက်ပါ၍ ယနေ့နံနက်ပိုင်းတွင်   ပြင်ဦးလွင်မြို့   အမျိုးသားကန်တော်ကြီးဥယျာဉ်နှင့်    ဘုရင်ခံအိမ်တော်  (Governor House) ထိန်းသိမ်းထားရှိမှု  အခြေအနေများကို  သွားရောက် ကြည့်ရှုစစ်ဆေးသည်။                                                      
အမျိုးသားကန်တော်ကြီးဥယျာဉ်
ဆိုင်ရာများအား ရှင်းလင်းတင်ပြ
ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့်       အဖွဲ့ဝင်များသည်  အမျိုးသားကန်တော်ကြီးဥယျာဉ်သို့ ရောက်ရှိကြရာ တာဝန်ရှိသူများက   ကြိုဆိုနှုတ်ဆက်ကြသည်။ ထို့နောက်      ဥယျာဉ်ရှင်းလင်းဆောင်ခန်းမတွင် သစ်တောဦးစီးဌာန             ညွှန်ကြားရေးမှူးချုပ် ဦးဌေးအောင်နှင့် ဆည်မြောင်းဦးစီးဌာန ညွှန်ကြား ရေးမှူး ဦးဇော်မင်းနိုင်တို့က အမျိုးသားကန်တော်ကြီး ဥယျာဉ်ဆိုင်ရာ အချက်အလက်များ၊ ဥယျာဉ်အတွင်းရှိ ရေကန်များ၌    သစ်ပင်သစ်တောများ  ပြုန်းတီးခြင်း ကြောင့်   ရေအရင်းအမြစ်များ   အားနည်းလာခြင်း၊ သဘာဝရေထွက်များမှ ရေထွက်ရှိမှု မရှိခြင်း၊ ဒေသ တွင်း အပူချိန်နှုန်းထားမြင့်မားလာခြင်း၊ ရေဝင်ပေါက် များမှ  ရေဝင်ရောက်မှု   အားနည်းခြင်းနှင့်  အခြား အကြောင်း  အမျိုးမျိုးကြောင့်   ဥယျာဉ်အတွင်းရှိ ရေကန်များတွင်   ရေခန်းခြောက်မှုများ  ကြုံတွေ့ခဲ့ရ သည့်   အခြေအနေ၊   ထိုသို့ကြုံတွေ့ခဲ့ရမှုကြောင့်  နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ၂၀၂၁ ခုနှစ်၊ စက်တင်ဘာ ၂၆ ရက်  ခရီးစဉ်လမ်းညွှန်ချက်နှင့် အညီ ကန်တော်ကြီးဥယျာဉ်အတွင်းရှိ ရေကန်များသို့ ရေဝင်ရောက်သည့် ရေဝင်ပေါက်များ၊ စိမ့်စမ်းနေရာ များ၊  မြေအောက် ရေနုတ်မြောင်းများကို   လိုက်လံ ကြည့်ရှုစစ်ဆေးပြီး   လိုအပ်သည့်  မွမ်းမံပြင်ဆင်မှုများ  ရေလမ်းကြောင်း   ထိန်းသိမ်းမှုများ   ဆောင်ရွက်ခဲ့မှု ကြောင့် ရေဝင်ပေါက်များမှ ရေများ ပြန်လည်စီးဝင် လျက်ရှိသည့်   အခြေအနေ၊    ဥယျာဉ်သန့်ရှင်း သာယာလှပရေးအတွက်  ဥယျာဉ်ဝန်ထမ်းများဖြင့် စဉ်ဆက်မပြတ်ဆောင်ရွက်လျက်ရှိသည့် အခြေအနေ များကို  ရှင်းလင်းတင်ပြကြသည်။
အဆင့်မီသည့် ဥယျာဉ်ကြီးတစ်ခုအဖြစ် ရှိနေစေရေး ရှိရင်းစွဲ နာမည်ကျော်ကြားမှုကို ဆက်လက်ထိန်းသိမ်းဆောင်ရွက်ရမည်
ရှင်းလင်းတင်ပြမှုများအပေါ်        နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ  နိုင်ငံတော် ဝန်ကြီးချုပ်က ကန်တော်ကြီးသည်  ပြင်ဦးလွင်မြို့၏  land  mark ဖြစ်ကြောင်း၊ ဥယျာဉ်ထိန်းသိမ်းခြင်းလုပ်ငန်းများကို စဉ်းစားဆောင်ရွက်စေလိုကြောင်း၊      အမျိုးသား ဥယျာဉ်ဖြစ်၍   ပန်းခြံသီးသန့်ကိုသာ   ထိန်းသိမ်း အဆင့်မြှင့်တင်ခြင်း  မဟုတ်ဘဲ ဥယျာဉ်သို့လာရောက် လည်ပတ်သူများကို     အဓိကဆွဲဆောင်ထားသည့် ရေကန်များ   သာယာလှပရန်နှင့် ရေကိုစနစ်တကျ ထိန်းသိမ်းထားရှိမှသာလျှင်  လာရောက်လည်ပတ်သူ များကို    ဆွဲဆောင်နိုင်မည်ဖြစ်ကြောင်း၊   ရေဝင် ရောက်ရန်နှင့်   ရေကို   ထိန်းသိမ်းနိုင်ရေးအတွက်  ဒေသဆိုင်ရာအုပ်ချုပ်ရေးအဖွဲ့များ၊    သက်ဆိုင်ရာ ဝန်ကြီးဌာနများနှင့်   ညှိနှိုင်းဆောင်ရွက်၍  ဝိုင်းဝန်း ဆောင်ရွက်ကြရန်လိုကြောင်း၊ ကန်တော်ကြီး ဥယျာဉ် ၏ ဧရိယာ ၄၃၆ ဧကကျော်တစ်ခုလုံးကို ထိန်းသိမ်း စောင့်ရှောက်ရန်လိုကြောင်း၊ ၂၀၁၉ ခုနှစ်မှ  ၂၀၂၀ ပြည့်နှစ်အထိ မိုးရွာသွန်းမှု အားနည်းသည်ကို တွေ့ရှိ ရပြီး ၂၀၂၁ ခုနှစ်တွင် မိုးရွာရက်များခဲ့ကြောင်း၊ ၂၀၂၂ ခုနှစ်တွင် မိုးရွာသွန်းမှု များပြားမည်ဟု ခန့်မှန်းချက် များအရ သိရှိရကြောင်း၊ ယခင်က ပြင်ဦးလွင်မြို့သည် သစ်ပင်သစ်တောများ အလွန်ပေါများပြီး ထင်းသုံးစွဲမှု များပြားခြင်း၊   မီးသွေးဖုတ်ခြင်းတို့ကြောင့်  သစ်ပင် သစ်တောများ    ပြုန်းတီးမှု   များပြားလာကြောင်း၊ ထို့ကြောင့်   ယခင်တပ်မတော်အစိုးရ လက်ထက်တွင် ပြင်ဦးလွင်ဒေသ   စိမ်းလန်းစိုပြည်ရန်    ရည်ရွယ်၍ အရိပ်ရကော်ဖီ စိုက်ဧကများစွာကို ပြင်ဦးလွင်မြို့၌ ဆောင်ရွက်ပေးခဲ့ကြောင်း၊   ကော်ဖီခြံနှင့်တွဲလျက် အရိပ်ရသစ်ပင်များဖြင့် ပြန်လည်စိမ်းလန်းစိုပြည်ရေး ရည်ရွယ်ခဲ့သော်လည်း စနစ်တကျ စိုက်ပျိုးမှုမရှိခြင်း ကြောင့် ရာနှုန်းပြည့် အောင်မြင်ခြင်း မရှိခဲ့ကြောင်း၊ စိုက်ပျိုးရေးခြံများကို အလုံပိတ်စနစ်ဖြင့် ကာရံခြင်း တို့ကြောင့် စိမ့်ရေစီးဆင်းမှုကို  အဟန့်အတားဖြစ်စေ သည့်အတွက်  ရေဝင်ရောက်မှု  နည်းပါးလာခြင်းဖြစ် ကြောင်း။
ပြင်ဦးလွင်ဒေသ         စိမ်းလန်းစိုပြည်ရေးနှင့် ကန်တော်ကြီး ဥယျာဉ်ရေဝင်ရောက်မှု၊ ရေထိန်းသိမ်း နိုင်မှုတို့ကို    ဟန်ပြအနေဖြင့်သာ  ဆောင်ရွက်ခြင်း မဖြစ်စေလိုဘဲ   စနစ်တကျဖြင့်    မှန်မှန်ကန်ကန် ဆောင်ရွက်ကြစေလိုကြောင်း၊     ပြင်ဦးလွင်မြို့ကို တောင်ပေါ်   အပန်းဖြေမြို့တော်၊    ချယ်ရီမြို့တော်၊ ပန်းမြို့တော်အဖြစ်     ဆောင်ရွက်လျက်ရှိသည့် အတွက်   ကန်တော်ကြီးဥယျာဉ်အတွင်း၌လည်း စနစ်တကျဖြင့်    သန့်ရှင်းသာယာလှပမှုရှိအောင် ထိန်းသိမ်းဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ လက်ရှိတွင် ကိုဗစ် - ၁၉ ရောဂါ ဖြစ်ပွားမှုကို အတိုင်းအတာတစ်ခု အထိ      ထိန်းချုပ်နိုင်ခဲ့ပြီး    လိုအပ်သည်များကို ဖြေလျှော့ပေးပြီးဖြစ်သည့်အတွက် ပြည်တွင်း၊ ပြည်ပ ခရီးသွားများ   လာရောက်ရာတွင်   အဆင့်မီသည့် ဥယျာဉ်ကြီးတစ်ခုအဖြစ်    ရှိနေစေရေး  ဆောင်ရွက် ထားရန်လိုကြောင်း၊ နဂိုရှိရင်းစွဲ နာမည်ကျော်ကြားမှု ကို    ဆက်လက်ထိန်းသိမ်းဆောင်ရွက်ကြရန်လို ကြောင်း၊   ဥယျာဉ်ကို   လက်ရှိတာဝန်ယူဆောင်ရွက် လျက်ရှိသည့်   ကုမ္ပဏီမှ   သန့်ရှင်းသာယာလှပရေး အပိုင်းနှင့်     ပတ်ဝန်းကျင်ထိန်းသိမ်းရေးတို့ကို ကြိုးပမ်းဆောင်ရွက်ရန်လိုပြီး  အစိုးရတာဝန်ရှိသူများ နှင့်လည်း                                
လိုအပ်သည်များ   ညှိနှိုင်းဆောင်ရွက်ကြရန် လိုအပ် မည်ဖြစ်ကြောင်း      ပြန်လည်ဆွေးနွေး       မှာကြား သည်။
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ  နိုင်ငံတော် ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် အမျိုးသားကန်တော်ကြီးဥယျာဉ်အတွင်း မော်တော် ယာဉ်များဖြင့် လှည့်လည်ကြည့်ရှုစစ်ဆေးပြီး  ရေဝေ ရေလဲဧရိယာနေရာများနှင့် ဥယျာဉ်အတွင်း ရေဝင်၊ ရေထွက်နှင့် လေဝင်၊ လေထွက်  ကောင်းမွန်စေရေး အောက်ခြေရှင်းလင်းခြင်းများနှင့် အလင်းဖွင့်ခြင်းများ လုပ်ဆောင်ပေးရန်နှင့် လိုအပ်ပါက တတ်ကျွမ်းသည့် ပညာရှင်များဖြင့်  တိုင်ပင်လုပ်ဆောင်ကြရန်လိုအပ် သည့် အခြေအနေများနှင့်  ပတ်သက်၍  တာဝန်ရှိသူ များကို  မှာကြားသည်။  ယင်းနောက်  နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် နှင့် အဖွဲ့ဝင်များသည် ကန်တော်လေး ရေထိန်းတံခါး ပြုလုပ်ဆောင်ရွက်ထားရှိသည့်  နေရာသို့ ရောက်ရှိ စစ်ဆေးကာ လိုအပ်သည်များ မှာကြားသည်။
အဆိုပါ      အမျိုးသားကန်တော်ကြီးဥယျာဉ် အတွင်းရှိ   ရေကန်များသို့  ယခင်နှစ်ပိုင်းက  ရေဝင် ရောက်မှု    နည်းပါးနေသည့်အတွက်    နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ၏ ၂၀၂၁ ခုနှစ်  စက်တင်ဘာလနှင့်   ဒီဇင်ဘာလ အတွင်း ပြင်ဦးလွင်မြို့သို့ လာရောက်သည့် ခရီးစဉ် များတွင် ကန်တော်ကြီး ရေကန်များ၏ ရေဝေရေလဲ ကောင်းမွန်စေရေးနှင့်    ရေဝင်ရောက်မှု    များပြား စေရေးအတွက်  ဥယျာဉ်အတွင်းနှင့် ရေဝေ ရေလဲ ဧရိယာအတွင်းရှိ   ညောင်နီရေထွက်   အပါအဝင် သဘာဝရေထွက်များကို         လိုက်လံကြည့်ရှု လမ်းညွှန်မှာကြားချက်အရ သက်ဆိုင်ရာဌာနများက ပြုပြင်ထိန်းသိမ်းမှုများ ဆောင်ရွက်ခဲ့ရာ  ကန်တော် ကြီးအတွင်း ရေဝင်ရောက်မှုမှာ ယခင်နှစ် စစ်ဆေးစဉ် ရေလှောင်ကန်အတွင်း ကန်ရေအနက်ပေ ၁၆ ပေသာ ရှိခဲ့ရာမှ ယခုအခါတွင် ပေ ၂၀ သို့ ရောက်ရှိလာပြီဖြစ် ကြောင်းနှင့် ဧပြီ ၁၇ ရက်နေ့ တိုင်းတာချက်များအရ ကန်အမှတ် ၁ တွင် ရေပြည့်အမှတ်  ၆  ပေရှိသည့် အနက် လက်ရှိရေအမှတ် ၆ ဒသမ ၅ ပေ၊ ကန် အမှတ် ၂ တွင် ရေပြည့်အမှတ် ၇ ပေရှိသည့် အနက် လက်ရှိရေအမှတ် ၇ ပေ၊ ကန်အမှတ် ၃ တွင် ရေပြည့် အမှတ် ၁၁ ပေ ရှိသည့် အနက် လက်ရှိရေအမှတ် ၇ ဒသမ ၄ ပေ၊ ကန်အမှတ် ၄ တွင် ရေပြည့်အမှတ် ၃၂ ပေရှိသည့်အနက်    လက်ရှိရေအမှတ် ပေ ၂၀ ရှိ ကြောင်း    သိရှိရပြီး   ရေအရင်းအမြစ်    ထိန်းသိမ်းရေး လုပ်ငန်းများကို           ဆက်လက်ဆောင်ရွက်လျက်ရှိ သည်။
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ  နိုင်ငံတော် ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် ဘုရင်ခံအိမ်တော်(Governor House) သို့ရောက်ရှိ ကြရာ တာဝန်ရှိသူများက ကြိုဆိုနှုတ်ဆက်ကြသည်။ ယင်းနောက် ဘုရင်ခံအိမ်တော်(Governor House) ပတ်ဝန်းကျင်အား လိုက်လံကြည့်ရှုစစ်ဆေးပြီး စနစ် တကျရှိရန်နှင့်  မျက်စိပသာဒဖြစ်ရန်  လိုအပ်သည့်  အခြေအနေများနှင့်ပတ်သက်၍ တာဝန်ရှိသူများကို မှာကြားခဲ့ကြောင်း သတင်းရရှိသည်။   
သတင်းစဉ်