နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ပြောကြားသည့် မြန်မာနှစ်သစ်ကူးနှုတ်ခွန်းဆက် မင်္ဂလာစကား

(မြန်မာသက္ကရာဇ် ၁၃၈၄ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၂ ရက်၊ မြန်မာနှစ်ဆန်း ၁ ရက်နေ့) 
(၂၀၂၂ ခုနှစ်၊ ဧပြီလ ၁၇ ရက်)

 

နှစ်ဟောင်းကနေ   နှစ်သစ်ကို ကူးတဲ့ ဒီလိုအချိန်ခါမှာ  ပြည်ထောင်စု အတွင်းမှာရှိတဲ့  တိုင်းရင်းသားပြည်သူ ညီအစ်ကိုမောင်နှမများအားလုံး ကိုယ် စိတ်နှစ်ဖြာ  ကျန်းမာချမ်းသာကြပါစေ၊ ကောင်းကျိုးလိုအင်ဆန္ဒများပြည့်ဝကြပါစေလို့ ဆုမွန်ကောင်းတောင်းအပ် ပါတယ်ခင်ဗျား။


ဖြတ်သန်းခဲ့တဲ့ တစ်နှစ်တာကာလ အတွင်း ပြန်ကြည့်မယ်ဆိုရင် ကိုဗစ်-၁၉ ကပ်ရောဂါဖြစ်ပွားလာခဲ့တဲ့ စိန်ခေါ်မှု အခက်အခဲတွေ၊    ပါတီစုံဒီမိုကရေစီ လျှောက်လှမ်းမှုမှာ ရိုးသားတဲ့ ဒီမိုကရေစီ အစား ရည်ရွယ်ချက်ရှိရှိ ဖောက်ဖျက် ကျူးလွန်မှုတွေကြောင့် ဖြစ်ပေါ်လာတဲ့ နိုင်ငံရေး     အကျပ်အတည်းများကို ကျော်ဖြတ်ခဲ့ရပါတယ်။


ကိုဗစ်-၁၉ ကပ်ရောဂါကို  မိဘ ပြည်သူတွေနဲ့ ပူးပေါင်းပြီး ကျွန်တော်တို့ ကျော်လွှားနိုင်လိမ့်မယ်လို့  ကျွန်တော် ယုံကြည်ကြောင်း မနှစ်က နှစ်သစ်ကူး ဆုတောင်းစကားမှာ  ထည့်ပြောခဲ့ပါ တယ်။ ၂၀၂၁ ခုနှစ်ဟာ  ကျွန်တော်တို့ နိုင်ငံအတွက်  ကိုဗစ်-၁၉ ကပ်ရောဂါ 

P ရှေ့ဖုံးမှ
ဖြစ်ပွားမှု အဆိုးရွားဆုံးဖြစ်ပွားခဲ့ရပြီး  အခက်အခဲ ပေါင်းများစွာ အတွင်းကနေ  ကျော်လွှားနိုင်ခဲ့ပါပြီ။ သို့သော်လည်း  အိမ်နီးချင်းနိုင်ငံများ  အပါအဝင် ကမ္ဘာ့နိုင်ငံအသီးသီးမှာ ဖြစ်ပွားမှုနှုန်းမြင့်မားနေဆဲ ဖြစ်ပြီး ကမ္ဘာမှာ လုံးဝကင်းစင်ပြီလို့ မပြောနိုင်သေး တဲ့အတွက်   ကျွန်တော်တို့တစ်တွေ    ကိုဗစ်-၁၉ ကပ်ရောဂါ ကာကွယ်ရေးအတွက်  လိုက်နာရမယ့် စည်းမျဉ်းစည်းကမ်းများ  အပြည့်အဝလိုက်နာမှု လိုအပ်ပါကြောင်း ပြောလိုပါတယ်။
ဒီနှစ်ဟာ စိန်ရတုလွတ်လပ်ရေးနေ့ရဲ့ အကြိုနှစ် ဖြစ်ပါတယ်။  ဒါကြောင့်  လွတ်လပ်ရေးရဲ့  အသီး အပွင့်များ၊ ဒီမိုကရေစီအုပ်ချုပ်ရေးရဲ့ အနှစ်သာရ များ အပြည့်အဝခံစားရစေဖို့ ကျွန်တော်တို့အားလုံး အစွမ်းကုန်ကြိုးစားကြရပါဦးမယ်။ ဒါကြောင့် ဒီနှစ် ကို ငြိမ်းချမ်းရေးနှစ်လို့သတ်မှတ်ပြီး တစ်နိုင်ငံလုံး ငြိမ်းချမ်းသာယာမှုရှိစေရေး အစွမ်းကုန်ကြိုးစား နေပါတယ်။
ကျွန်တော့်ရဲ့ အမျိုးသားရေး ရည်မှန်းချက် ၂ ခု ရှိပါတယ်။ 
၁။    နိုင်ငံတော်ကြီး သာယာဝပြောရေး
၂။    တိုင်းပြည်   စားရေရိက္ခာ   ပေါများရေးတို့ ဖြစ်ပါတယ်။
ပြည်ထောင်စုကြီးတစ်ခုလုံး အေးချမ်းသာယာ စွာနဲ့  လူတိုင်း  လူတိုင်း  ကိုယ်စိတ်ချမ်းသာစွာနဲ့ လုပ်ကိုင်စားသောက်နိုင်ပြီး      နိုင်ငံတကာနဲ့ ရင်ပေါင်တန်းနိုင်ရပါမယ်။
မြေပေါ်မြေအောက် သဘာဝအရင်းအမြစ်များ အသုံးချပြီး တိုင်းသူ  ပြည်သားအားလုံးအတွက် စားရေရိက္ခာ မပူမပင် မကြောင့်မကြ ပြည့်စုံနေအောင် ဆောင်ရွက်ရေးပဲ ဖြစ်ပါတယ်။
တိုင်းပြည်ရဲ့အားဟာ ပြည်တွင်းမှာပဲ ရှိပါတယ်။ ပြည်သူလူထုရဲ့ စွမ်းအားနဲ့ အကောင်းဆုံးဖြစ်အောင် ကျွန်တော် ကြိုးစားသွားပါမယ်။ အောင်မြင်မယ် လို့လည်း အပြည့်အဝ ယုံကြည်ပါတယ်။
ယခုလို ၁၃၈၄ ခုနှစ် ကျက်သရေမင်္ဂလာရှိတဲ့ နှစ်သစ်ဦးအချိန်ကာလသမယမှာ  ကျွန်တော်တို့ ဖြတ်သန်းလာခဲ့ရတဲ့ နှစ်ဟောင်းတွေက အားနည်း ချက်တွေကို ပြုပြင်၊ အားသာချက်တွေကို ဆင်ခြင် သုံးသပ်မြှင့်တင်ပြီး  နိုင်ငံတော်နဲ့  နိုင်ငံသားတို့ အတွက် ပေးဆပ်သယ်ပိုး ဆောင်ရွက်သွားမှာ ဖြစ်ပါ တယ်။
ပြည်ထောင်စုဖွားတိုင်းရင်းသား   ညီအစ်ကို မောင်နှမများအားလုံး  ကျန်းမာရွှင်လန်းစွာဖြင့် ဒီနှစ်သစ်မှာ  ကျွန်တော်တို့နဲ့အတူ  ပြည်ထောင်စု အကျိုးကို လက်တွဲ ဆောင်ရွက်နိုင်ကြပါစေလို့ ဆုတောင်းလိုက်ရပါတယ်။
အားလုံး ကျန်းမာရွှင်လန်းကြပါစေခင်ဗျာ။