
အပေါ်ယံပျက်စီးယိုယွင်းမှုများကို ပြုပြင်မွမ်းမံခြင်းမဟုတ်ဘဲ ရှေးမူလက်ရာများကို မပျက်စီးအောင် ထိန်းသိမ်း၍
ခေတ်နှင့်လျော်ညီသည့် စနစ်များနှင့် ရေရှည်တည်တံ့ကောင်းမွန်စေနိုင်မည့် စနစ်များကို ထည့်သွင်းတွက်ချက်ပြုပြင်ဆောင်ရွက်
နေပြည်တော် အောက်တိုဘာ ၃၁
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် သည် ကောင်စီအဖွဲ့ဝင်များ၊ ကောင်စီတွဲဖက်အတွင်းရေးမှူး၊ ပြည်ထောင်စုဝန်ကြီးများ၊ တိုင်းဒေသကြီး ဝန်ကြီးချုပ်၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများ၊ ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူး၊ မြို့တော်ဝန်နှင့် တာဝန်ရှိသူများ လိုက်ပါ၍ ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး သီရိမင်္ဂလာ ကမ္ဘာအေးကုန်းမြေရှိ ဆဋ္ဌသင်္ဂါယနာတင် မဟာပါသာဏ လိုဏ်ဂူသိမ်တော်ကြီး ပြုပြင်မွမ်းမံခြင်း လုပ်ငန်း များ ဆောင်ရွက်နေမှု အခြေအနေများအား သွားရောက်ကြည့်ရှုစစ်ဆေးသည်။
ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီ ဥက္ကဋ္ဌ၊ နိုင်ငံတော် ဝန်ကြီးချုပ်အား သာသနာရေး နှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကို၊ သာသနာရေးဦးစီးဌာန ညွှန်ကြား ရေးမှူးချုပ် ဦးမျိုးညွန့်အောင်နှင့် ဆောက်လုပ်ရေး ဝန်ကြီးဌာန၊ အဆောက်အဦဦးစီးဌာန၊ ရန်ကုန် တိုင်းဒေသကြီးတာဝန်ခံ ညွှန်ကြား ရေးမှူး ဦးကိုကိုအေး တို့က လိုဏ်ဂူတော်ကြီး၏ သမိုင်း အကျဉ်း၊ နှစ်ကာလကြာမြင့် လာပြီဖြစ်သဖြင့် ပျက်စီးယိုယွင်း လာသည့် အခြေအနေများနှင့် ပြုပြင်မွမ်းမံခြင်း လုပ်ငန်းများ ဆောင်ရွက်နိုင်မည့် အခြေအနေ များနှင့်ပတ်သက်၍ ရှင်းလင်း တင်ပြကြသည်။
အသေးစိတ်စဉ်းစား
ရှင်းလင်းတင်ပြမှုများအပေါ် နိုင်ငံတော် စီမံအုပ်ချုပ်ရေး ကောင်စီ ဥက္ကဋ္ဌ၊ နိုင်ငံတော် ဝန်ကြီးချုပ်က လိုဏ်ဂူတော်ကြီး သည် ဘာသာရေးအရ အထွတ် အမြတ်ထားသည့် နေရာတစ်ခု ဖြစ်သကဲ့သို့ သမိုင်းဝင် အဆောက် အဦ တစ်ခုဖြစ်သဖြင့် ပြုပြင်မွမ်းမံ ထိန်းသိမ်းခြင်း လုပ်ငန်းများကို စနစ်တကျသုတေသန ပြုလုပ် ဆောင်ရွက်ကြရန် လိုကြောင်း၊ အပေါ်ယံ ပျက်စီးယိုယွင်းမှုများကို ပြုပြင်မွမ်းမံခြင်း မဟုတ်ဘဲ ရှေးမူလက်ရာများကို မပျက်စီး အောင် ထိန်းသိမ်း၍ ခေတ်နှင့် လျော်ညီသည့် စနစ်များနှင့် ရေရှည်တည်တံ့ ကောင်းမွန်စေ နိုင်မည့် စနစ်များကို ထည့်သွင်း တွက်ချက် ပြုပြင်ဆောင်ရွက်ရန် လိုပြီး ပြုပြင်မွမ်းမံမည့် ဒီဇိုင်းများ နှင့် အသုံးပြုမည့် ပစ္စည်းများကို အသေးစိတ်စဉ်းစား တွက်ချက် ဆောင်ရွက်ကြရန် လိုကြောင်း၊ ပြုပြင်မှုများကိုလည်း မှတ်တမ်း များ စနစ်တကျထားရှိရန်လို ကြောင်း၊ ရေစိမ့်ဝင်ခြင်းသည် အဆောက်အဦများကို အဓိက ပျက်စီးစေနိုင်သောကြောင့် ရေယို စိမ့်မှုများ မဖြစ်ပေါ်စေရေးနှင့် မလိုအပ်သည့် အပင်များရှင်းလင်း ရေးအတွက်လည်း ဆောင်ရွက်ရန် လိုကြောင်း၊ နှစ်ပေါင်းများစွာ တည်တံ့စေနိုင်သည့် အဆောက် အဦဖြစ်စေရေး စနစ်တကျ ထိန်းသိမ်း ပြုပြင်ကြရန်လို ကြောင်း၊ ပြုပြင်မှုများဆောင်ရွက် ရာတွင် ငွေကြေးနှင့် အချိန်ထက် ရေရှည်တည်တံ့စေရေး အပိုင်း လိုက်ခွဲ၍ စနစ်တကျဖြင့် Fully Renovation ဆောင်ရွက်ရန်လို ကြောင်း၊ အလားတူ အခြား ဘာသာဝင်များ၏ အထင်ကရ သမိုင်းဝင် အဆောက်အဦများကို လည်း ပြုပြင်ဆောင်ရွက်ပေး သွားရမည်ဖြစ်ကြောင်း မှာကြား သည်။
ဖူးမြော်ကြည်ညို
ယင်းနောက် နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၊ နိုင်ငံတော် ဝန်ကြီးချုပ်သည် လိုဏ်ဂူတော်ကြီးရှိ ပျက်စီး ယိုယွင်းနေမှု အခြေအနေများအား လှည့်လည်ကြည့်ရှု စစ်ဆေးပြီး တာဝန်ရှိသူများ၏ တင်ပြချက်များ အပေါ်လိုအပ်သည်များ လမ်းညွှန် မှာကြား၍ လိုဏ်ဂူတော်ကြီး၏ အပေါ်ဆုံးထပ်ရှိ ဗုဒ္ဓရုပ်ပွားတော် မြတ်အား ဖူးမြော်ကြည်ညိုသည်။
စနစ်တကျပြုပြင်မွမ်းမံ
ထို့နောက် နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၊ နိုင်ငံတော် ဝန်ကြီးချုပ်သည် ဟံသာသီရိကုန်းတော်ရှိ နိုင်ငံ တော် ဩဝါဒါစရိယဆရာတော် ကြီးများနှင့် နိုင်ငံတော် ဗဟို သံဃာ့ဝန်ဆောင် ဆရာတော်ကြီး များ လာရောက်စဉ် ခေတ္တသီတင်း သုံးသည့် အဆောင်များအတွင်း လှည့်လည်ကြည့်ရှု စစ်ဆေး၍ စနစ်တကျ ပြုပြင်မွမ်းမံထိန်းသိမ်း ခြင်း များဆောင်ရွက်ရန်အတွက် လမ်းညွှန်မှာကြားသည်။
၆၇ နှစ် ရှိပြီဖြစ်
အဆိုပါ ဆဋ္ဌသင်္ဂါယနာတင် မဟာပါသာဏ လိုဏ်ဂူသိမ်တော် ကြီးသည် ရန်ကုန်မြို့ မရမ်းကုန်း မြို့နယ် သီရိမင်္ဂလာ ကမ္ဘာအေး ကုန်းမြေပေါ်တွင် တည်ရှိပြီး ၁၉၅၃ ခုနှစ်တွင် ပန္နက်တော်တင် အုတ်မြစ်တော် စီခဲ့ကြောင်း၊ ဆောက်လုပ်ရေး အရာရှိနှင့် လုပ်သားပေါင်း ၁၄၈၆ ဦးနှင့် လုပ်အားပေး ကုသိုလ်ရှင်ပေါင်း ၃၃ သိန်းကျော်တို့ဖြင့် ဆောက် လုပ်ခဲ့ရာ ရက်ပေါင်း ၃၉၆ ရက် ကြာမြင့်ခဲ့ပြီး ၁၉၅၄ ခုနှစ် မေ ၁၀ ရက်တွင် တည်ဆောက်ပြီးစီးခဲ့ ကြောင်း၊ လိုဏ်ဂူတော်ကြီးတွင် အကျယ် ၁၂ ပေရှိ ဝင်ပေါက် ခြောက်ခု၊ အတွင်းခန်းမကြီးသည် အလျားပေ ၂၂၀ ၊ အနံပေ ၁၄၀ အကျယ်ရှိပြီး ဆဋ္ဌသင်္ဂါယနာတင် ကို ရည်ညွှန်းသည့် အမြင့် ၅၅ ပေရှိ တိုင်ကြီး ခြောက်တိုင်ဖြင့် လိုဏ်ဂူတော်ကြီး၏ အမိုးကို ထောက်မထားကြောင်း၊ လိုဏ်ဂူ တော်ကြီးအတွင်း သမိုင်းဝင် ဆဋ္ဌ သင်္ဂါယနာတင်ခြင်းကို ထေရဝါဒ ဗုဒ္ဓဘာသာ ငါးနိုင်ငံမှ သံဃာတော် အပါး ၂၅၀၀ ဖြင့် ၁၉၅၄ ခုနှစ် မေလ ၁၇ ရက်မှ ၁၉၅၆ ခုနှစ် မေလ ၂၂ ရက်အထိ ၂ နှစ်နှင့် ၅ ရက်တိုင်တိုင် ကျင်းပပြုလုပ်ခဲ့ ကြောင်း၊ အခြားသော ဗုဒ္ဓဘာသာ နှင့် သက်ဆိုင်သည့် အခမ်းအနား ကြီးများကိုလည်း ကျင်းပပြုလုပ်ခဲ့ ကြောင်း၊ ယခုအခါ လိုဏ်ဂူတော် ကြီး၏ သက်တမ်းမှာ ၆၇ နှစ် ရှိပြီဖြစ်ပြီး ယိုယွင်းပျက်စီးမှုများ ဖြစ်ပေါ်လာသဖြင့် အကြီးစား ပြုပြင်မွမ်းမံခြင်းများ ဆောင်ရွက် လျက်ရှိရာ ၅၅ ရာခိုင်နှုန်းခန့် ဆောင်ရွက်ပြီးစီးပြီ ဖြစ်ကြောင်း သတင်းရရှိသည်။
သတင်းစဉ်