နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့ Republic of the Tatarstan ရှိ PJSC “Tatneft” ကုမ္ပဏီအမှုဆောင်အရာရှိချုပ်နှင့် တွေ့ဆုံဆွေးနွေး

 

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ  နိုင်ငံတော်ဝန်ကြီးချုပ်   ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် 
ဦးဆောင်သည့်  ကိုယ်စားလှယ်အဖွဲ့  Republic of the Tatarstan ရှိ PJSC “Tatneft” 
ကုမ္ပဏီအမှုဆောင်အရာရှိချုပ်နှင့် တွေ့ဆုံဆွေးနွေး၊ Kazan Hi-Technology Park သို့ သွားရောက်လေ့လာ
 

 

နေပြည်တော်   ဇူလိုင်   ၁၃


ရုရှားဖက်ဒရေးရှင်းနိုင်ငံ၌          ရောက်ရှိနေသည့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ်    ဗိုလ်ချုပ်မှူးကြီး   မင်းအောင်လှိုင် ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့သည် စစ်သံမှူး ဗိုလ်မှူးချုပ် မိုးကျော်နှင့် တာဝန်ရှိသူများ လိုက်ပါ၍ ယနေ့ဒေသစံတော်ချိန် နံနက်ပိုင်းတွင် Republic of the Tatarstan၊ ကာဇန်မြို့ရှိ PJSC “Tatneft” ကုမ္ပဏီမှ တာဝန်ရှိသူများနှင့် တွေ့ဆုံဆွေးနွေးပြီး Kazan Hi-Technology Park သို့ သွားရောက်လေ့လာ ကြည့်ရှုသည်။

 


လာရောက်ရှင်းလင်းတင်ပြ


ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် ကိုယ်စားလှယ်အဖွဲ့ဝင် များအား PJSC “Tatneft”ကုမ္ပဏီမှ အမှုဆောင် အရာရှိချုပ်  Mr.  Nail Ultatovich MAGANOV (နာအီးလ် အူဖာသောဗစ်ချ် မာဂါနော့ဗ်)နှင့် တာဝန် ရှိသူတို့က      ကုမ္ပဏီ၏   သမိုင်းအကျဉ်းနှင့် ခေတ်အဆက်ဆက် လုပ်ငန်းဖွံ့ဖြိုးတိုးတက်အောင် လုပ်ဆောင်ခဲ့မှု၊   စက်ရုံနှင့်  လုပ်ငန်းခွဲစက်ရုံများ ထုတ်လုပ်ဆောင်ရွက်နေမှု အခြေအနေ၊ လောင်စာဆီ အပြင်   ရေနံမှထုတ်လုပ်သည့်   အခြားလူသုံးကုန် ပစ္စည်းများ  ထုတ်လုပ်ဆောင်ရွက်နေသည့်  အခြေ အနေ၊   နိုင်ငံအဝန်းသို့   လောင်စာဆီများ  တင်ပို့ ဆောင်ရွက်လျက်ရှိသည့်  အခြေအနေ၊  ကုမ္ပဏီ၏ လုပ်ငန်းလည်ပတ်နေမှု လုပ်ငန်းစဉ်များအား ခေတ္တ တည်းခိုနေထိုင်လျက်ရှိသည့်   Republic  of  the Tatarstan သမ္မတ အထူးဧည့်ဂေဟာ ဧည့်ခန်းမ ဆောင်၌ powerpoint presentation များနှင့်တကွ လာရောက်ရှင်းလင်းတင်ပြသည်။

 


ရှင်းလင်းတင်ပြမှုများနှင့်ပတ်သက်၍ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် နှင့်  ကိုယ်စားလှယ်အဖွဲ့ဝင်များက  မြန်မာနိုင်ငံ၏ လောင်စာဆီလိုအပ်ချက်နှင့် ဖြည့်ဆည်းဆောင်ရွက် နိုင်ရေး စီမံဆောင်ရွက်လျက်ရှိသည့် အခြေအနေ၊ “Tatneft” ကုမ္ပဏီနှင့်  ပူးပေါင်းဆောင်ရွက်မှုများ လုပ်ဆောင်နိုင်မည့်အခြေအနေ၊  ရေနံနှင့်  သဘာဝ ဓာတ်ငွေ့ကို အခြေခံသည့် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ လုပ်ငန်းများကို ရေရှည်ပူးပေါင်းဆောင်ရွက်နိုင်မည့် အခြေအနေများနှင့်ပတ်သက်၍ ပြန်လည်ဆွေးနွေး ပြောကြားသည်။

 


တွေ့ဆုံပွဲအပြီးတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် “Tatneft” ကုမ္ပဏီမှ အမှုဆောင်အရာရှိချုပ်တို့သည် အမှတ်တရ လက်ဆောင်ပစ္စည်းများ     အပြန်အလှန်ပေးအပ် ကြသည်။ 

 


လှည့်လည်ကြည့်ရှု


ဆက်လက်ပြီး      နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များ သည် Kazan Hi-Technology Park(IT Park) သို့ ရောက်ရှိကြရာ     Republic   of   the  Tatarstan ဒစ်ဂျစ်တယ်နည်းပညာဖွံ့ဖြိုးတိုးတက်ရေးနှင့်    လူမှု ရေးရာစီမံခန့်ခွဲမှု ဒုတိယဝန်ကြီး Mr. Khidiyatallin lldar   Rustamovich   နှင့်  တာဝန်ရှိသူများက ကြိုဆိုနှုတ်ဆက်ကြပြီး Kazan Hi-Technology Park(IT Park) အတွင်း နည်းပညာရပ်ပိုင်းဆိုင်ရာများဖြင့် program များရေးဆွဲ၍ လုပ်ငန်းဆောင်ရွက် လျက်ရှိမှု  အခြေအနေများကို  လှည့်လည်ကြည့်ရှု လေ့လာကြသည်။

 


ပြန်လည်မေးမြန်း


ယင်းနောက် IT Park မှ ဌာနအလိုက် တာဝန်ရှိသူ များက Kazan Hi-Technology Park(IT Park)၏ လုပ်ငန်းဆောင်ရွက်နေမှုအခြေအနေ၊   ဘာသာရပ် ဆိုင်ရာ သင်ကြားလေ့ကျင့်ပေးနေမှုနှင့် အလုပ်အကိုင် အခွင့်အလမ်းများ ဖော်ဆောင်ပေးနိုင်မှု အခြေအနေ၊ လိုအပ်သည့် နည်းပညာရပ်ပိုင်းဆိုင်ရာ ဝန်ဆောင်မှု ပေးနိုင်သည့် အခြေအနေ၊ ဆောက်လုပ်ရေးလုပ်ငန်း များတွင်  Smart    House   နည်းပညာအပါအဝင် လုံခြုံရေး၊  ထိန်းချုပ်ရေးတို့နှင့်  အခြားနည်းပညာ ရပ်ပိုင်းဆိုင်ရာ   တပ်ဆင်မှုများကို  ကုမ္ပဏီများနှင့် ချိတ်ဆက်ဆောင်ရွက်ပေးလျက်ရှိသည့် အခြေအနေ များကို  Powerpoint   Presentation  များဖြင့် ရှင်းလင်းတင်ပြရာ      ရှင်းလင်းတင်ပြမှုများအပေါ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ်က သိရှိလိုသည်များ ပြန်လည်မေးမြန်းဆွေးနွေးပြောကြားသည်။  

 


အဆိုပါ Kazan Hi-Technology Park(IT Park) သည် သတင်းအချက်အလက် နည်းပညာနယ်ပယ်ရှိ ကုမ္ပဏီများ၏    ဖွံ့ဖြိုးတိုးတက်ရေးတွင်   ပါဝင် ဆောင်ရွက်နေသည့်  ရုရှားနိုင်ငံ၏ ပထမဆုံးသော နည်းပညာဆိုင်ရာ အဖွဲ့အစည်းတစ်ခုဖြစ်ပြီး ၂၀၀၉ ခုနှစ်တွင် စတင်တည်ထောင်ခဲ့ကြောင်း၊ ၂၀၁၂ ခုနှစ် တွင် Naberezhnye Chelny မြို့၌ ဒုတိယဌာနချုပ်ကို ထပ်မံတိုးချဲ့ဖွင့်လှစ်နိုင်ခဲ့ပြီး IT Park နှင့် လက်တွဲ လုပ်ကိုင်နေသည့်   နိုင်ငံပေါင်း   ၁၆  နိုင်ငံရှိကာ နည်းပညာကုမ္ပဏီပေါင်း ၁၃၀ ခုရှိကြောင်း၊ IT Park သည်   ရုရှားနိုင်ငံ၏   နည်းပညာဆိုင်ရာ  အဆင့် သတ်မှတ်ချက်တွင် နံပါတ် ၁‌ နေရာကို ရရှိထားပြီး ယနေ့အချိန်အထိ   ပညာရပ်ဆိုင်ရာ  သင်ရိုးပေါင်း ၁၀၀ နှင့်အတူ နည်းပညာဆိုင်ရာ ပညာသင်တန်းသား ၈၂၇ ဦး မွေးထုတ်ပေးနိုင်ခဲ့ကြောင်း၊ ဒုတိယဌာနချုပ် တွင်   အသက်  ၁၁  နှစ်မှ ၁၇ နှစ်ကြား ကလေးငယ် စုစုပေါင်း  ၄၂၀   ကို    Hardware  Technology သင်ကြားပို့ချပေးလျက်ရှိကြောင်း        သတင်းရရှိ သည်။


သတင်းစဉ်