နိုင်ငံ‌တော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အာဆီယံအလှည့်ကျဥက္ကဋ္ဌ၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် ကမ္ဘောဒီးယားနိုင်ငံ ဒုတိယဝန်ကြီးချုပ် H.E. Mr. Prak Sokhonn နှင့် အာဆီယံအတွင်းရေးမှူးချုပ်တ

နေပြည်တော်   မတ်   ၂၁


နိုင်ငံတော်    စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ      နိုင်ငံတော် ဝန်ကြီးချုပ်     ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည်     အာဆီယံ အလှည့်ကျဥက္ကဋ္ဌ၏  မြန်မာနိုင်ငံ ဆိုင်ရာ     အထူးကိုယ်စားလှယ် ကမ္ဘောဒီးယားနိုင်ငံ       ဒုတိယ ဝန်ကြီးချုပ်     နိုင်ငံခြားရေးနှင့် အပြည်ပြည်ဆိုင်ရာ    ပူးပေါင်း ဆောင်ရွက်ရေးဝန်ကြီး H.E. Mr. Prak Sokhonn နှင့်   အာဆီယံ အတွင်းရေးမှူးချုပ် H.E. Dato Lim Jock Hoi  တို့အား ယနေ့ နံနက် ၁၀ နာရီခွဲတွင် နေပြည်တော် ရှိ    နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌရုံး     သံတမန် ဆောင်ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံ သည်။


အမြင်ချင်းဖလှယ်ဆွေးနွေး


ထိုသို့တွေ့ဆုံရာတွင်  မြန်မာ နိုင်ငံအနေဖြင့် ၂၀၁၀ ပြည့်နှစ်မှ စ၍ ပါတီစုံဒီမိုကရေစီလမ်းကြောင်း ပေါ်တွင်    လျှောက်လှမ်းခဲ့မှုနှင့် ၂၀၂၀   ပြည့်နှစ်   ပါတီစုံဒီမိုကရေစီ အထွေထွေ   ရွေးကောက်ပွဲတွင် မဲမသမာမှုများ ဖြစ်ပေါ်ခဲ့မှုကြောင့် နိုင်ငံတော်      စီမံအုပ်ချုပ်ရေး ကောင်စီအနေဖြင့် လူထုဆန္ဒခံယူ ၍ အတည်ပြုထားသည့်  ဖွဲ့စည်းပုံ အခြေခံဥပဒေ(၂၀၀၈ ခုနှစ်)နှင့် အညီ   နိုင်ငံတော်၏တာဝန်ကို ထမ်းဆောင်ခဲ့ရမှု အခြေအနေများ၊ နိုင်ငံရေးသဘောထား မတိုက်ဆိုင် မှုကြောင့်     ဖြစ်ပေါ်လာသည့် ဆန္ဒပြမှုများမှတစ်ဆင့်   ဆူပူ အကြမ်းဖက်မှုများ၊ အကြောင်းမဲ့ သတ်ဖြတ်မှုများ၊ နိုင်ငံပိုင်အဆောက်အအုံ များ၊ စာသင်ကျောင်းများကို ဖျက်ဆီးမှု များနှင့်    မိုင်းထောင်ဖောက်ခွဲမှုများ ဖြစ်ပေါ်ခဲ့မှုနှင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် ပြည်သူများ၏ အသက် အိုးအိမ်စည်းစိမ်    လုံခြုံရေးအတွက် ဆောင်ရွက်လျက်ရှိမှု   အခြေအနေများ၊ အာဆီယံ ဘုံသဘောတူညီချက် (၅)ရပ် အပေါ် အကောင်အထည်ဖော်ဆောင်ရွက် နေမှု   အခြေအနေများ၊  မြန်မာနိုင်ငံရှိ ပြည်သူများအတွက်   လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာ အကူအညီများရရှိ စေရေး ဆောင်ရွက်လျက်ရှိမှု အခြေအနေ များ၊ အာဆီယံတွင် ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရေးဆိုင်ရာ  ကိစ္စရပ်များ၊  ယခု ခရီးစဉ်သည်    ပထမဆုံးခြေလှမ်းဖြစ်၍ တွေ့ဆုံဆွေးနွေးမှုများမှတစ်ဆင့် တိုးတက် မှုများရရှိစေရေးတို့နှင့်စပ်လျဉ်း၍ ရင်းနှီး ပွင့်လင်းစွာ  အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့ကြသည်။


တက်ရောက်


အဆိုပါတွေ့ဆုံပွဲသို့   နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ  နိုင်ငံတော် ဝန်ကြီးချုပ်နှင့်အတူ   ကောင်စီတွဲဖက် အတွင်းရေးမှူး    ဒုတိယဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ပြည်ထောင်စုဝန်ကြီးများဖြစ်ကြ သည့်  ဦးဝဏ္ဏမောင်လွင်၊ ဦးကိုကိုလှိုင်၊ ဒုတိယဝန်ကြီးများနှင့်  တာဝန်ရှိသူများ တက်ရောက်ကြပြီး အာဆီယံအလှည့်ကျ ဥက္ကဋ္ဌ၏   မြန်မာနိုင်ငံဆိုင်ရာ  အထူး ကိုယ်စားလှယ်၊   ကမ္ဘောဒီးယားနိုင်ငံ ဒုတိယဝန်ကြီးချုပ်နှင့်အတူ စက်မှု၊ သိပ္ပံ၊ နည်းပညာနှင့် တီထွင်ဆန်းသစ်မှုဝန်ကြီး H.E. Kitti Setta Pandita Cham Prasidh၊ အာဆီယံအတွင်းရေးမှူးချုပ် H.E. Dato Lim Jock Hoi ၊ ဒုတိယဝန်ကြီး များ၊ မြန်မာနိုင်ငံဆိုင်ရာ ကမ္ဘောဒီးယား နိုင်ငံ သံအမတ်ကြီး H.E. Mr. Chhouk Bunna နှင့် တာဝန်ရှိသူများတက်ရောက် ခဲ့ကြကြောင်းသိရသည်။  

 

   သတင်းစဉ်