
နေပြည်တော် ဖေဖော်ဝါရီ ၁၅
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် အဖွဲ့ဝင်များသည် သီလဓမ္မကုန်းသာတောရ ကျောင်းတိုက် ဦးစီးပဓာနနာယက (ဝစီပိတ်) ဆရာ တော် ဘဒ္ဒန္တကောဝိဒ အမှူးပြု၍ ယနေ့မွန်းလွဲပိုင်းတွင် ကျိုင်းတုံမြို့ အရှေ့တောင်ဘက် ၁၅ မိုင်ခန့်အကွာ ပန်ကွဲကျေးရွာအနီးရှိ ဗုဒ္ဓဥယျာဉ်ပရိဝုဏ်တော် အတွင်း သတ္တသတ္တာဟ မဟာဗောဓိစေတီတော် မြတ်ကြီး တည်ဆောက်နေမှုအခြေအနေများအား သွားရောက်ကြည့်ရှုသည်။
လှည့်လည်ကြည်ညို
ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် ပရိဝုဏ် တော်အတွင်းသို့ ရောက်ရှိကြပြီး အဘယရာဇမုနိ ရုပ်ပွားတော်မြတ်ကြီးအား ဖူးမြော်ကြည်ညို၍ ပန်း၊ ရေချမ်းကပ်လှူပူဇော်၍ လက်ယာရစ်လှည့်လည် ပူဇော်ကြကာ ငြိမ်းချမ်းသာယာ ဖွံ့ဖြိုးရေး ခေါင်းလောင်းတော်အား ထိုးခတ်ပူဇော်သည်။ ထို့နောက် ရုပ်ပွားတော်မြတ်ကြီးအတွင်း ဗုဒ္ဓဝင် ဖြစ်တော်စဉ်များကို စကျင်ကျောက်တော်များဖြင့် ထွင်းထုပူဇော်ထားမှုအား လှည့်လည်ကြည်ညိုကြ သည်။
ညှိနှိုင်းဖြည့်ဆည်းဆောင်ရွက်
ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်သည် ဗုဒ္ဓ ဥယျာဉ်တော်နှင့် လွိုင်မွေတောင်အပန်းဖြေစခန်းမြို့သို့ ဆက်သွယ်ဖောက်လုပ်မည့် Sky Train စီမံကိန်း မြေနေရာအား သွားရောက်ကြည့်ရှုပြီး တာဝန်ရှိ သူများ၏ တင်ပြချက်များအပေါ် လိုအပ်သည်များ ညှိနှိုင်းဖြည့်ဆည်းဆောင်ရွက်ပေးသည်။
သွားရောက်ကြည့်ရှု
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် ဗုဒ္ဓဥယျာဉ်တော်အတွင်း ရှုခင်းသာနေရာ၊ ဗုဒ္ဓ ဥယျာဉ်တော်နှင့် သောက်သုံးရေ လိုအပ်လျက် ရှိသည့် ပတ်ဝန်းကျင်ကျေးရွာများအတွက် ရေလှောင် တမံ တည်ဆောက်နေမှုကို သွားရောက်ကြည့်ရှုရာ တာဝန်ရှိသူများက ရေလှောင်တမံ ဆောင်ရွက်နေမှု အခြေအနေနှင့် ကျိုင်းတုံမြို့နယ် ရေကြီးရေလျှံမှု ကာကွယ်ရေး ဘဏ္ဍာနှစ်အလိုက် ချောင်းများမှ သဲနုန်းတူးဖော်ခြင်းနှင့် ချောင်းချဲ့ထွင်ခြင်းလုပ်ငန်း များ ဆောင်ရွက်နေမှုအခြေအနေများကို ရှင်းလင်း တင်ပြကြသည်။
ရှင်းလင်းတင်ပြမှုများအပေါ် နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က မြေအောက်ရေသုံးစွဲမှုကို တတ်နိုင်သမျှ လျှော့ချ ၍ သဘာဝမှ သိုလှောင်ရရှိနိုင်သည့် ရေကို ဆည်တည်ဆောက်၍ ထိန်းသိမ်းသုံးစွဲရန်လိုကြောင်း၊ ထိုသို့သုံးစွဲရာတွင်လည်း ရေသုံးစွဲမှုကို စနစ်တကျ သုံးစွဲရန်လိုကြောင်း၊ မြစ်ချောင်းများအတွင်း မိုးရာသီ ၌ ရေဝင်ရောက်မှု ပိုမိုများပြားစေရေး သဲနုန်းများကို ယခုပွင့်လင်းကာလများတွင် စနစ်တကျ ဖယ်ရှား ရှင်းလင်းထားရန်လိုကြောင်း၊ အဆိုပါ မြစ်၊ ချောင်း များအတွင်းရှိ ရေများကို စိုက်ပျိုးရေးတောင်သူ များ ရာသီမရွေး သီးနှံများ စိုက်ပျိုးနိုင်ရေးအတွက် နေရောင်ခြည်စွမ်းအင်သုံး အသေးစားရေတင် စိုက်ပျိုးခြင်းများကို ကျိုင်းတုံဒေသတွင် ကနဦး စမ်းသပ်ဆောင်ရွက်နိုင်ရေး တာဝန်ရှိသူများမှ အလေးထား ဆောင်ရွက်ရန်လိုကြောင်း၊ ထိုသို့ အသေးစား ရေတင်စိုက်ပျိုးခြင်းဖြင့် အောင်မြင်မှုများ ရရှိပါက နိုင်ငံတစ်ဝန်းတွင်လည်း အဆိုပါစနစ် ဖြင့် စိုက်ပျိုးနိုင်ရေး ဆောင်ရွက်ကြရန်လိုကြောင်း၊ စိုက်ပျိုးရေး ဖြစ်ထွန်းအောင်မြင်မှသာ စိုက်ပျိုးရေး တောင်သူများ၏ လူမှုစီးပွားဘဝ ဖြစ်ထွန်းတိုးတက် လာမည်ဖြစ်သဖြင့် အောင်မြင်အောင် တာဝန်ရှိ သူများက ဝိုင်းဝန်းကြိုးပမ်းဖော်ဆောင်ပေးကြရန် လိုကြောင်းဖြင့် ဆွေးနွေးမှာကြားပြီး လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးသည်။
ယင်းနောက် ဝစီပိတ်ဆရာတော်ကြီး ကိုယ်တိုင် ဦးဆောင် ကမကထပြု၍ တည်ဆောက်ပူဇော်လျက် ရှိသည့် သတ္တသတ္တာဟ မဟာဗောဓိစေတီတော် မြတ်ကြီး တည်ဆောက်ပူဇော်ပြီးစီးမှုအခြေအနေ၊ ကမ္မဝိသုဒ္ဓိခဏ္ဍသိမ်တော် တည်ဆောက်ပြီးစီးမှုအခြေ အနေများကို လိုက်လံကြည့်ရှုပြီး လိုအပ်သည်များ မှာကြားသည်။
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် ဗုဒ္ဓဥယျာဉ်တော်အတွင်း လှည့်လည်ကြည့်ရှုလေ့လာခဲ့ကြကြောင်း သတင်းရရှိသည်။ သတင်းစဉ်