နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် လုံခြုံရေး၊ တည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေးကော်မတီ အစည်းအဝေးအမှတ်စဉ်(၁/၂၀၂၄)သို့ တက်ရောက်အမှာစကားပြောကြား

 

နေပြည်တော် ဇန်နဝါရီ  ၂၆


ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် လုံခြုံရေး၊ တည်ငြိမ်အေးချမ်း ရေးနှင့်   တရားဥပဒေစိုးမိုးရေးကော်မတီ  အစည်းအဝေးအမှတ်စဉ် (၁/၂၀၂၄)ကို ယနေ့ မွန်းလွဲပိုင်းတွင်  နေပြည်တော်ရှိ   နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံး အစည်းအဝေးခန်းမ၌ ကျင်းပရာ လုံခြုံ ရေး၊ တည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေး ကော်မတီဥက္ကဋ္ဌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ    နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်အမှာစကား ပြောကြားသည်။


အစည်းအဝေးသို့   နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ  တွဲဖက် အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ကောင်စီဝင်များဖြစ်ကြ သည့်    ဗိုလ်ချုပ်ကြီး   တင်အောင်စန်း၊   ဒုတိယဗိုလ်ချုပ်ကြီး   ရာပြည့်၊ ဦးဝဏ္ဏမောင်လွင်၊ ဒေါ်ဒွဲဘူနှင့် မန်းငြိမ်းမောင်၊  ပြည်ထောင်စုဝန်ကြီး များ၊       ပြည်ထောင်စုရာထူးဝန်အဖွဲ့ဥက္ကဋ္ဌနှင့်      တာဝန်ရှိသူများ တက်ရောက်ကြသည်။    

 

ဦးစွာ လုံခြုံရေး၊ တည်ငြိမ်အေးချမ်းရေးနှင့်  တရားဥပဒေစိုးမိုးရေး ကော်မတီဥက္ကဋ္ဌ  နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ  နိုင်ငံတော် ဝန်ကြီးချုပ်က  အမှာစကားပြောကြားရာတွင်  လုံခြုံရေးနှင့်သက်ဆိုင် သည့်ကိစ္စရပ်များအားလုံးကို  ပွင့်ပွင့်လင်းလင်း  တင်ပြဆွေးနွေးကြရန် လိုပြီး နိုင်ငံ့အကျိုး၊ ပြည်သူ့အကျိုးကိုကြည့်၍   လုံခြုံရေးအရ ထိခိုက်စေ နိုင်မည့် ကိစ္စရပ်များကို ကြိုတင်ဆွေးနွေးကာကွယ်ခြင်းဖြင့် ဖြေရှင်းနိုင်ရ မည်ဖြစ်ကြောင်း၊ ဥပမာအားဖြင့် Non-CDM ဝန်ထမ်းများကို ခြိမ်းခြောက် အကျပ်ကိုင်ခြင်းများ၊  တရားမဝင်ကုန်စည်စီးဆင်းမှုများ၊  သတင်းအတု၊ သတင်းမှားများဖြန့်ဝေ၍  ပြည်သူလူထုကြောက်ရွံ့အောင် ဆောင်ရွက် ခြင်းများအပြင်    အခြားသောနည်းလမ်းမျိုးစုံဖြင့်    အစိုးရ၏အုပ်ချုပ်မှု ယန္တရားပျက်ယွင်းအောင် လုပ်ဆောင်မှုများသည် လုံခြုံရေးအရ သတိပြု ရမည့်ကိစ္စရပ်များပင်ဖြစ်ကြောင်း၊ ထို့ကြောင့် မိမိတို့အနေဖြင့် နိုင်ငံတော် လုံခြုံရေး၊  တည်ငြိမ်အေးချမ်းရေးနှင့်  တရားဥပဒေစိုးမိုးရေးလုပ်ငန်းရပ် များကို      စုပေါင်းလုပ်ဆောင်မှုများဖြင့်     ဆောင်ရွက်သွားကြရမည် ဖြစ်ကြောင်း။


အကြမ်းဖက်တိုက်ခိုက်မှုဖြစ်စဉ်များ ပေါ်ပေါက်လာခဲ့


 မိမိတို့နိုင်ငံတွင် ၂၀၂၁ ခုနှစ်တွင်  ဖြစ်ပေါ်ခဲ့သည် နိုင်ငံရေးအပြောင်း အလဲများမှတစ်ဆင့်   ပဋိပက္ခများဖြစ်ပေါ်ခဲ့ပြီး   ပဋိပက္ခများ၏ အခြေခံ ဖြစ်သည့်   ဆူပူဆန္ဒပြမှုအဆင့်မှ  အကြမ်းဖက်မှုအဆင့်အထိ   ဖြစ်ပေါ်ခဲ့ ကြောင်း၊ ထိုမှတစ်ဆင့်  တိုင်းပြည်တည်ငြိမ်အေးချမ်းမှုကို ပြိုကွဲစေလို သည့်၊  နိုင်ငံရေးအမြတ်ထုတ်လိုသည့်  တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ အချို့က ဆူပူအကြမ်းဖက်သည့်  လူငယ်၊ လူရွယ်များအား အကြမ်းဖက် သင်တန်းများ ဖွင့်လှစ်သင်ကြားပေးခြင်း၊ လက်နက်၊ ခဲယမ်းများ ထောက်ပံ့ ပေးအပ်ခြင်းတို့ကို လုပ်ဆောင်ခဲ့ပြီး ၂၀၂၃ ခုနှစ်တွင် နိုင်ငံတွင်းရှိ အချို့ မြို့နယ်များ၌      လက်နက်ကိုင်အကြမ်းဖက်တိုက်ခိုက်မှုဖြစ်စဉ်များ ပေါ်ပေါက်လာခဲ့သည်ကို တွေ့ရှိရမည်ဖြစ်ကြောင်း။


ထို့ကြောင့်    တပ်မတော်အနေဖြင့်   မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ ပြည်သူများနှင့်    အတူတကွပူးပေါင်း၍   လက်နက်ကိုင်အကြမ်းဖက်မှု များပပျောက်စေရေးနှင့် တည်ငြိမ်အေးချမ်းရေးတို့အတွက်  ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း၊ တပ်မတော်သည် အဓိကအားဖြင့် ပြည်ပ ရန်ကို ကာကွယ်ရန် အဓိကတာဝန်ရှိသည်ဖြစ်သော်လည်း  နိုင်ငံတော်၏ သမိုင်းကြောင်းနောက်ခံအခြေအနေများအရ  မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင် များနှင့်အတူ ပြည်တွင်းလုံခြုံရေးနှင့်   တရားဥပဒေစိုးမိုးရေး လုပ်ငန်းရပ် များတွင် ပါဝင်ဆောင်ရွက်နေရခြင်းဖြစ်ကြောင်း၊  မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင် များအနေဖြင့်  ပြည်သူလူထုနှင့် ထိတွေ့မှုအများဆုံးဖြစ်ပြီး  သက်ဆိုင်ရာ ဒေသအလိုက်  အထွေထွေအုပ်ချုပ်ရေးမှ  အဓိကတာဝန်ရှိသည့် အုပ်ချုပ် ရေးမှူးများ၊  တာဝန်ရှိသူများနှင့် အတူတကွပူးပေါင်း၍ ပြည်သူလူထု၏ လုံခြုံရေး၊  တရားဥပဒေစိုးမိုးရေးတာဝန်များကို  ထမ်းဆောင်ရမည်ဖြစ် ကြောင်း၊ မိမိအနေဖြင့်  မှတ်ပုံတင်ခွင့်ပြုပြီးဖြစ်သည့် နိုင်ငံရေးပါတီများမှ ဥက္ကဋ္ဌများ၊ ဒုတိယဥက္ကဋ္ဌများ၊ တာဝန်ရှိသူများနှင့်  တွေ့ဆုံဆွေးနွေးရာတွင် ပြည်သူ့လုံခြုံရေးစနစ်နှင့်ပတ်သက်၍  ဆွေးနွေးပြောကြားခဲ့ပြီး  ပြည်သူ အားလုံးပါဝင်သည့် ပြည်သူ့လုံခြုံရေးစနစ်ကို   ဖော်ဆောင်ရန်   ဆွေးနွေး ခဲ့ကြောင်း၊  ပြည်သူ့လုံခြုံရေးစနစ်သည်  အရေးကြီးပြီး ပြည်သူလူထု၊ အုပ်ချုပ်ရေးအဖွဲ့အစည်းများနှင့်     လုံခြုံရေးတာဝန်ရှိသူများအားလုံး ညီညီညွတ်ညွတ်ဖြင့် စည်းလုံးမှုရှိပါက လုံခြုံရေး၊ တည်ငြိမ်အေးချမ်းရေး နှင့် တရားဥပဒေစိုးမိုးရေးလုပ်ငန်းရပ်များသည်လည်း  အောင်မြင်နိုင်မည် ဖြစ်ကြောင်း၊ အဓိကမှာ အကြမ်းဖက်သူများ၏ သတင်းပေးပို့ရန်ဖြစ်ပြီး သတင်းပေးပို့သူကိုလည်း   လျှို့ဝှက်ပေးရမည်ဖြစ်ကြောင်း၊  ထို့ကြောင့် ပြည်သူ့လုံခြုံရေးစနစ်ကို     စနစ်တကျဖြင့်    အကောင်အထည်ဖော် ဆောင်ရွက်ရန်လိုပြီး ပြည်သူ့လုံခြုံရေးစနစ်မှတစ်ဆင့် ပြည်သူ့ကာကွယ် ရေးစနစ်သို့ ဖော်ဆောင်သွားရမည်ဖြစ်ကြောင်း။


ယုံကြည်မှုဖြင့်တည်ဆောက်မှ ပြည်သူလူထုကပူးပေါင်းပါဝင်မည်


တရားဥပဒေစိုးမိုးမှုရှိစေရေးအတွက်  သက်ဆိုင်ရာတာဝန်ရှိသူများ က ထိထိရောက်ရောက်နှင့် ကြပ်မတ်ဆောင်ရွက်ရန်လိုကြောင်း၊ ဌာန ဆိုင်ရာဝန်ထမ်းများ၊ လုံခြုံရေးဆိုင်ရာ တာဝန်ရှိသူများအနေဖြင့် မိမိတို့၏ လုပ်ငန်းရပ်များကို  ကျေပွန်ရန်နှင့် မှန်မှန်ကန်ကန် လုပ်ဆောင်ရန်လိုပြီး ပြည်သူလူထုက အားကိုးယုံကြည်ရသည့် နိုင်ငံ့ဝန်ထမ်းများဖြစ်စေရေး စည်းကမ်းပိုင်းအရ ကြပ်မတ်ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ယုံကြည် မှုဖြင့် တည်ဆောက်မှသာလျှင် ပြည်သူလူထုက ပူးပေါင်းပါဝင်မည်ဖြစ် သည့်အတွက် စည်းကမ်းကောင်းသည့်  နိုင်ငံ့ဝန်ထမ်းများ၊  လုံခြုံရေး အဖွဲ့ဝင်များဖြစ်စေရေး  ကြပ်မတ်ဆောင်ရွက်သွားကြရန်လိုကြောင်း၊  နိုင်ငံ့ဝန်ထမ်းများအနေဖြင့်     ဝန်ထမ်းသက်တမ်းကာလတစ်လျှောက် မိမိတို့၏တာဝန်များကို    ကျေပွန်စွာထမ်းဆောင်ခြင်းဖြင့်    နိုင်ငံကို ကောင်းအောင်     ဆောင်ရွက်ရခြင်းဖြစ်ကြောင်း၊   အစိုးရတစ်ရပ်သည် ၎င်းတို့၏ မူဝါဒများ၊ ဦးတည်ချက်များကို အောင်မြင်အောင်  အကောင် အထည်ဖော်ခြင်းဖြင့်     နိုင်ငံ့ကောင်းရာ၊     ကောင်းကျိုးကို   သတ်မှတ် သက်တမ်းကာလတစ်ခုအတွင်း ဖော်ဆောင်ရခြင်းဖြစ်ကြောင်း၊ ထို့ကြောင့် နိုင်ငံ့ဝန်ထမ်းများအနေဖြင့် အစိုးရအတွက်မဟုတ်ဘဲ နိုင်ငံ့အရေးကိုသာ ကြည့်၍ တာဝန်ထမ်းဆောင်ကြရန်လိုကြောင်း။


တရားမဝင်ကုန်သွယ်မှုများ ထိထိရောက်ရောက်အရေးယူ


တရားမဝင်ကုန်သွယ်မှုများနှင့်    ပတ်သက်၍လည်း    မိမိတို့နိုင်ငံ၌ ဥပဒေကို ကျော်လွန်၍  ဆောင်ရွက်နေခြင်းများရှိပြီး စီးပွားရေးသမားများ အနေဖြင့်  ဝိသမလောဘများဖြင့်    ၎င်းတို့၏ကိုယ်ကျိုးစီးပွားအတွက် လုပ်ဆောင်နေကြခြင်းဖြစ်ကြောင်း၊   ကုန်သွယ်ရေး၊   စီးပွားရေးအပြင် လုံခြုံရေးအတွက်လည်း    ထည့်သွင်းစဉ်းစားရမည်ဖြစ်ပြီး  တရားမဝင် ကုန်သွယ်မှုများမှတစ်ဆင့်   လက်နက်ကိုင်အကြမ်းဖက်သမားများထံသို့ ငွေကြေးများစီးဆင်းမှုများဖြစ်ပေါ်စေပြီး ၎င်းမှတစ်ဆင့် လုံခြုံရေးအရ ထိခိုက်မှုများကို ဖြစ်ပေါ်လာစေမည်ဖြစ်ကြောင်း၊ ထို့ကြောင့် တရားမဝင် ကုန်သွယ်မှုများအား       ထိထိရောက်ရောက်    ဖော်ထုတ်အရေးယူ ဆောင်ရွက်သွားရန်လိုကြောင်း၊ မူးယစ်ဆေးဝါးနှင့်  ပတ်သက်၍လည်း ဘိန်းစိုက်ပျိုးမှုများ၊ မူးယစ်ဆေးဝါးထုတ်လုပ်ရောင်းဝယ်မှုများကို ယခုထက် ပိုမို၍ ဖော်ထုတ်ဆောင်ရွက်သွားရမည်ဖြစ်ပြီး လက်နက်ကိုင်အကြမ်း ဖက်သမားများအနေဖြင့် မူးယစ်ဆေးဝါးကို ၎င်းတို့အကျိုးအမြတ်အတွက် လုပ်ဆောင်နေကြခြင်းဖြစ်သဖြင့်  တရုတ်၊  ထိုင်း  စသည့်  အိမ်နီးချင်း နိုင်ငံများ၊    ကုလသမဂ္ဂကဲ့သို့သော   မူးယစ်ဆေးဝါးတိုက်ဖျက်ရေးနှင့် သက်ဆိုင်သည့်  အဖွဲ့အစည်းများနှင့် ပူးပေါင်း၍ တိုက်ဖျက်ဆောင်ရွက် ကြရမည်ဖြစ်ကြောင်း၊  ထို့ပြင် အွန်လိုင်းလောင်းကစားမှုများ၊ ငွေကြေး လိမ်လည်မှုများနှင့်  ပတ်သက်၍လည်း  ထိထိရောက်ရောက် ဖော်ထုတ် အရေးယူဆောင်ရွက်သွားရမည်ဖြစ်ကြောင်း။
နိုင်ငံတော်၏ လုံခြုံရေး၊ တည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေ စိုးမိုးရေးလုပ်ငန်းများဆောင်ရွက်ရာတွင်  အစိုးရအဖွဲ့မှ တာဝန်ရှိသူများ အားလုံး  အတူတကွ  ဆွေးနွေးကြပ်မတ်ဆောင်ရွက်ရမည်ဖြစ်သဖြင့် တက်ရောက်လာကြသည့်  ကောင်စီအဖွဲ့ဝင်များ၊ ပြည်ထောင်စုဝန်ကြီး များ၊  တာဝန်ရှိသူများအနေဖြင့်  နိုင်ငံတော်အတွက်  အပြုသဘောဖြင့် ဆွေးနွေးကြရန်လိုကြောင်း ပြောကြားသည်။


ထို့နောက်  အစည်းအဝေးတက်ရောက်လာကြသည့် နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီတွဲဖက်အတွင်းရေးမှူး၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင်များ၊ ပြည်ထောင်စုဝန်ကြီးများက သက်ဆိုင်ရာကဏ္ဍရပ် များနှင့်  လုံခြုံရေး၊   တည်ငြိမ်အေးချမ်းရေးနှင့်  တရားဥပဒေစိုးမိုးရေးဆိုင်ရာကိစ္စရပ်များကို ရှင်းလင်းတင်ပြကြသည်။


နိုင်ငံ့အားများကောင်းမွန်စေရေး ဝိုင်းဝန်းကြိုးပမ်း


ရှင်းလင်းတင်ပြမှုများအပေါ်  နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က လိုအပ်သည်များ ဖြည့်စွက်မှာကြားပြီး နိဂုံးချုပ်အမှာစကားပြောကြားရာတွင်    မိမိတို့အနေဖြင့်     လုံခြုံရေး၊ တည်ငြိမ်အေးချမ်းရေးနှင့်   တရားဥပဒေစိုးမိုးရေးအတွက်  ဆောင်ရွက် လျက်ရှိကြောင်း၊ နိုင်ငံတစ်ခုအနေဖြင့် စစ်ရေးအား၊ စီးပွားရေးအားနှင့် နိုင်ငံရေးအားများ  ကောင်းမွန်နေရန်လိုကြောင်း၊ အဓိကမှာ စီးပွားရေး အား ကောင်းမွန်ရန်  အထူးအလေးထား  ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ စိုက်ပျိုးရေးလုပ်ငန်းများကို ပြည့်ဝအောင်မြင်စွာ စိုက်ပျိုးနိုင်မှုမရှိခြင်း နှင့် စက်ရုံ၊  အလုပ်ရုံများမှ  ကုန်ထုတ်လုပ်မှုများ  အပြည့်အဝထုတ်လုပ် နိုင်ခြင်းမရှိမှုတို့ကြောင့်  စီးပွားရေးအရ  အားနည်းချက်များရှိကြောင်း၊ ကမ္ဘာပေါ်ရှိ စစ်အင်အားကြီးသည့်နိုင်ငံများ၊ စီးပွားရေးအင်အား ကောင်းမွန် သည့် နိုင်ငံများကို  အခြားနိုင်ငံများမှ  ဝင်ရောက်မစွက်ဖက်ရဲသည်ကို တွေ့ရှိနိုင်ကြောင်း၊ မိမိတို့အနေဖြင့် နိုင်ငံ့အားများ  ကောင်းမွန်စေရေး အားလုံးက ဝိုင်းဝန်းပူးပေါင်းကြိုးပမ်းဆောင်ရွက်ပေးကြရန်လိုကြောင်း။


ဥပဒေပြင်ပမှ တောင်းဆိုလာ


နိုင်ငံရေးအရ     ကြည့်မည်ဆိုပါကလည်း     မိမိတို့နိုင်ငံအနေဖြင့် ဒီမိုကရေစီလမ်းကြောင်းပေါ်၌   လျှောက်လှမ်းနေချိန်ဖြစ်သော်လည်း စည်းလုံးညီညွတ်မှုအားနည်းနေသေးသည်ကို တွေ့ရကြောင်း၊ လွတ်လပ် ရေးရရှိသည်မှာ   ၇၅  နှစ်  ကျော်လွန်လာပြီဖြစ်သော်လည်း  နိုင်ငံရေး ခိုင်မာအောင်  တည်ဆောက်နိုင်ခြင်းမရှိသေးကြောင်း၊   မိမိတို့အနေဖြင့် စစ်မှန်စည်းကမ်းပြည့်ဝသည့်  ဒီမိုကရေစီစနစ်ခိုင်မာရေး၊  ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကိုအခြေခံသည့်   ပြည်ထောင်စုကို  တည်ဆောက်ရေး ဆိုသည့် နိုင်ငံရေးမျှော်မှန်းချက် ၂ ရပ်ကိုချမှတ်ထားကြောင်း၊ ဒီမိုကရေစီ စိတ်ဓာတ်၊  တိုင်းပြည်ကောင်းအောင်  ဆောင်ရွက်လိုသည့်  စိတ်ဓာတ် ရှိမည်ဆိုပါက  အဆိုပါမျှော်မှန်းချက်များအတိုင်း   ဆောင်ရွက်ရမည်ဖြစ် ကြောင်း၊    ယခုဖြစ်ပွားနေသည့်ပြဿနာမှာ    ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်နှင့် ကိုယ်ပိုင်ပြည်နယ်၊ ဒေသများရရှိအောင်  ဥပဒေ ပြင်ပမှ     တောင်းဆိုလာခြင်းဖြစ်ကြောင်း၊   ထို့ကြောင့်   နိုင်ငံရေးနှင့် ပတ်သက်၍ ဥပဒေ၊ စည်းကမ်းများနှင့်အညီ ဆောင်ရွက်တတ်ရန် လိုအပ် ချက်များစွာရှိနေသေးကြောင်း။


 တိုင်းဒေသကြီးနှင့်ပြည်နယ်များအလိုက် လုပ်ပိုင်ခွင့်ခွဲဝေပေးထား


ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်)  သည်  မဲပေးခွင့်ရှိသူများ၏ ၉၂ ဒသမ ၄၈  ရာခိုင်နှုန်းက  ထောက်ခံထားသည့် ဥပဒေဖြစ်ကြောင်း၊ အဆိုပါအခြေခံဥပဒေသည် ပြည်သူအများစု၏ ဆန္ဒမဲများဖြင့် အတည်ပြု ပြဋ္ဌာန်းထားခြင်းဖြစ်သဖြင့်   ကျော်လွန်ဆောင်ရွက်၍    မရကြောင်း၊ မိမိတို့အနေဖြင့်  တိုင်းပြည်ကို ဖွဲ့စည်းပုံအခြေခံဥပဒေ(၂၀၀၈ ခုနှစ်)နှင့်အညီသာ    ထိန်းသိမ်းဆောင်ရွက်နေခြင်းဖြစ်ကြောင်း၊     ကိုယ်ပိုင် အုပ်ချုပ်ခွင့်၊ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်များနှင့်ပတ်သက်၍ ဆောင်ရွက်ရာတွင် လည်း နိုင်ငံရေးအရ ဆွေးနွေးဆောင်ရွက်ပြီး  လွှတ်တော်တွင်အတည်ပြု ရန်လိုကြောင်း၊  လက်နက်ကိုင်လမ်းစဉ်ဖြင့် တောင်းဆို၍ မရနိုင်ကြောင်း၊  မိမိတို့နိုင်ငံတွင်   တိုင်းရင်းသားလူမျိုးပေါင်း  ၁၃၅  မျိုးရှိပြီး  လူများစုရှိ သည့်  တိုင်းရင်းသားများရှိသကဲ့သို့  လူနည်းစုတိုင်းရင်းသားများလည်း ရှိကြောင်း၊  ထို့ကြောင့် တိုင်းရင်းသားများအားလုံး တန်းတူအခွင့်အရေး ရရှိရေးအတွက်  ရွေးကောက်ပွဲကို PR  စနစ်ဖြင့်ပြုလုပ်နိုင်ရန်  ဆွေးနွေး ဆောင်ရွက်နေကြောင်း၊     တိုင်းဒေသကြီးနှင့်  ပြည်နယ်များအလိုက် လုပ်ပိုင်ခွင့်အာဏာခွဲဝေပေးထားကြောင်း၊  မိမိတို့အနေဖြင့်  နိုင်ငံရေး အရ  တည်ငြိမ်မှုရှိစေရေး နိုင်ငံရေးပါတီများ၊  တိုင်းရင်းသားလက်နက် ကိုင်အဖွဲ့များနှင့် တွေ့ဆုံဆွေးနွေးမှုများ ဆောင်ရွက်လျက်ရှိကြောင်း။


နိုင်ငံအတွင်း လုံခြုံရေး၊ တည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုး ရေးအတွက် ဆောင်ရွက်ရာတွင် ပြည်သူများအားလုံး အခြေအနေမှန်များ သိရှိနိုင်အောင်  ဆောင်ရွက်ရန်လိုကြောင်း၊ တိုင်းဒေသကြီးနှင့် ပြည်နယ် များ၊   ခရိုင်၊   မြို့နယ်အဆင့်ဆင့်မှ    တာဝန်ရှိသူများအားလုံးအနေဖြင့် လည်း လုပ်ငန်းများဆောင်ရွက်ရာတွင်  မှန်မှန်ကန်ကန် ဆောင်ရွက်ကြ စေရေး  တာဝန်ရှိသူများအဆင့်ဆင့်က ကြပ်မတ်ဆောင်ရွက်ကြစေလို ကြောင်း မှာကြားခဲ့ကြောင်း သတင်းရရှိသည်။            
   

သတင်းစဉ်