နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ရန်ကုန်အနောက်ပိုင်း နည်းပညာတက္ကသိုလ်နှင့် ရန်ကုန်အနောက်ပိုင်းတက္ကသိုလ်တို့သို့ သွားရောက်ကြည့်ရှုစစ်ဆေး

 

နေပြည်တော်  ဇန်နဝါရီ    ၁၃


နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ  နိုင်ငံတော်ဝန်ကြီးချုပ်   ဗိုလ်ချုပ်မှူးကြီး   မင်းအောင်လှိုင် သည် ခရီးစဉ်တွင် လိုက်ပါလာသည့်အဖွဲ့ဝင်များလိုက်ပါ၍ ယနေ့  နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး လှိုင်သာယာမြို့နယ်ရှိ ရန်ကုန်အနောက်ပိုင်း နည်းပညာတက္ကသိုလ်နှင့် ထန်းတပင်မြို့နယ်ရှိ ရန်ကုန်အနောက် ပိုင်း တက္ကသိုလ်တို့သို့ သွားရောက်ကြည့်ရှုစစ်ဆေးသည်။


ရန်ကုန်အနောက်ပိုင်း နည်းပညာတက္ကသိုလ်


ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ   နိုင်ငံတော် ဝန်ကြီးချုပ်နှင့်  အဖွဲ့ဝင်များသည် ရန်ကုန်အနောက်ပိုင်း နည်းပညာ တက္ကသိုလ်သို့    ရောက်ရှိကြရာ သိပ္ပံနှင့်   နည်းပညာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး   ဒေါက်တာ မျိုးသိန်းကျော်၊ ရန်ကုန်အနောက် ပိုင်း     နည်းပညာတက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာကြည်စိုး နှင့် ဆရာ  ဆရာမများက  ကြိုဆို နှုတ်ဆက်ကြသည်။


ထို့နောက်    တက္ကသိုလ်ရှိ COMMUNITY  CENTRE   ခန်းမ ဆောင်၌  သိပ္ပံနှင့်   နည်းပညာ ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး က ဝန်ကြီးဌာန၏ မျှော်မှန်းချက် နှင့် ရည်မှန်းချက်များ၊ ဦးစီးဌာန များ ဖွဲ့စည်းထားရှိမှု၊   အဆင့်မြင့် သိပ္ပံနှင့်      နည်းပညာဦးစီးဌာန ရှိ      နည်းပညာတက္ကသိုလ်နှင့် ကွန်ပျူတာတက္ကသိုလ်များ ဖွင့်လှစ် ထားရှိမှု၊   လက်ရှိ    နည်းပညာ တက္ကသိုလ်များနှင့်   ကွန်ပျူတာ တက္ကသိုလ်များ၏  အခြေအနေ၊ ဖြစ်ပေါ်လာမည့်    အခြေအနေ ဆန်းစစ်ချက်များနှင့် ပိုမိုကျယ်ပြန့် သည့် သင်ကြားသင်ယူမှုနယ်ပယ် များ   ထည့်သွင်းဆောင်ရွက်နိုင် သော Polytechnic   University များ တည်ထောင်နိုင်ရေး ဆောင် ရွက်လျက်ရှိမှု အခြေအနေများကို လည်းကောင်း၊   ပါမောက္ခချုပ် ဒေါက်တာကြည်စိုးက တက္ကသိုလ် ၏ တည်နေရာနှင့် သမိုင်းအကျဉ်း၊ ဘာသာရပ်အလိုက်  ကျောင်းသား ကျောင်းသူများ တက်ရောက်ပညာ သင်ကြားလျက်ရှိမှု၊  ဘာသာရပ် အလိုက်   သင်ကြားရေးဝန်ထမ်း များနှင့် စီမံဝန်ထမ်းများခန့်အပ်ထားရှိမှု၊     စာသင်ဆောင်များ၊ အလုပ်ရုံများနှင့်   စာသင်ခန်းများ တည်ဆောက်ထားရှိမှုနှင့်   ထပ်မံ တည်ဆောက်လျက်ရှိမှု၊ စာကြည့် တိုက်၊ အားကစားရုံနှင့်အားကစားကွင်းများ၊ ကျောင်းသား ကျောင်းသူ များ၏  အိပ်ဆောင်များ    တည် ဆောက်ထားရှိမှု၊     နယ်ဝေးမှ ကျောင်းသား ကျောင်းသူများအား အိပ်ဆောင်များ၌  နေရာချထား ပေးမှုများကို     လည်းကောင်း၊ တာဝန်ရှိသူတစ်ဦးက တက္ကသိုလ် အတွင်း အဆောက်အဦများ ထပ်မံ တည်ဆောက်လျက်ရှိသည့်အခြေ အနေများကို     လည်းကောင်း ရှင်းလင်းတင်ပြကြသည်။


ရှင်းလင်းတင်ပြမှုများ အပေါ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ     နိုင်ငံတော်ဝန်ကြီးချုပ် က ကျောင်းအဆောက်အဦများ တည်ဆောက်ရာတွင် လိုအပ်သည့် အဆောက်အဦကို တက္ကသိုလ်အင်္ဂါ ရပ်နှင့်ကိုက်ညီစွာ တည်ဆောက် နိုင်ရေး ကြိုတင် Plan  ရေးဆွဲ ဆောင်ရွက်ရန်    လိုကြောင်း၊ အဆောက်အဦများ   တည်ဆောက် ရာတွင်   သတ်မှတ်ထားသည့် ဘဏ္ဍာရေးနှစ်အတွင်း  ပြီးစီးနိုင် ရေး    ဆောင်ရွက်ရန်လိုကြောင်း   ဖြည့်စွက်မှာကြားသည်။


နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ   နိုင်ငံတော်ဝန်ကြီး ချုပ်က    ပညာရေးကဏ္ဍဖွံ့ဖြိုး တိုးတက်ရေးအတွက်  လိုအပ် သည်များ   ဆက်လက်ဆွေးနွေး ပြောကြားရာတွင် တက္ကသိုလ်များ၊ ကောလိပ်များသည်   အင်္ဂါရပ်နှင့် ကိုက်ညီရမည်ဖြစ်ပြီး အဆင့်မီရန် လိုကြောင်း၊ ယခင်က  အဆင့်မြင့် ပညာရပ်များကို ရန်ကုန်မြို့၌သာ လာရောက်သင်ယူခဲ့ရပြီး အဆင့် မြင့်ပညာသင်   တက္ကသိုလ်များ နိုင်ငံအဝန်း၌ အရေအတွက်နည်းပါး ခဲ့ကြောင်း၊ ထို့ကြောင့် မိမိတို့နိုင်ငံ နှင့် ကိုက်ညီသည့်ပညာရပ်များကို သင်ကြားပေးနိုင်သည့်တက္ကသိုလ် များဖြစ်ပေါ်လာရေး     စဉ်းစား ဆောင်ရွက်ခဲ့ကြပြီး    တက္ကသိုလ် ပညာရပ်များကို မိမိတို့ဒေသများ ၌ သင်ကြားနိုင်ရန်အတွက်  အထူး ဒေသဇုန် ၁၄ ခု၌ တက္ကသိုလ်များ ဖွင့်လှစ်ပေးခဲ့ကြောင်း၊    သို့သော် အချို့တက္ကသိုလ်များ၌    ပညာ သင်ကြားမှုများ နည်းပါးသည်ကို တွေ့ရသဖြင့် မိမိတို့နိုင်ငံအတွက် အဓိကလိုအပ်သည့် ဘာသာရပ် များနှင့် မဖြစ်မနေသင်ကြားရမည့် သာသာရပ်များကို     ဦးစားပေး သင်ကြားပေးနိုင်ရေး   ဆောင်ရွက် ပေးခဲ့ကြောင်း၊     မိမိအနေဖြင့် ကွန်ပျူတာတက္ကသိုလ်နှင့် နည်း ပညာတက္ကသိုလ်များကို     ပိုမို ကျယ်ပြန့်သည့် သင်ကြားသင်ယူမှု နယ်ပယ်များ  ထည့်သွင်းဆောင် ရွက်နိုင်သော Polytechnic Un-iversity များအဖြစ် ဆောင်ရွက်နိုင် ရေး ဆွေးနွေးဆောင်ရွက်ခဲ့ကြောင်း၊ နိုင်ငံတော်၏  ပညာရေးလိုအပ် ချက်ကို   ဖြည့်ဆည်းပေးနိုင်ရန် အတွက် ပညာရှင်များနှင့်ဆွေးနွေး ဆောင်ရွက်သွားရမည်      ဖြစ် ကြောင်း။


မိမိတို့နိုင်ငံသည် စိုက်ပျိုးရေး နှင့်မွေးမြူရေးကို အဓိကဆောင် ရွက်သည့်   နိုင်ငံဖြစ်သော်လည်း စိုက်ပျိုးမွေးမြူရေးပညာရှင်များ မွေးထုတ်ပေးနိုင်သည့် တက္ကသိုလ် နည်းပါးကြောင်း၊    ထို့ကြောင့် စိုက်ပျိုးမွေးမြူရေး  ကျောင်းများ ဖွင့်လှစ်နိုင်ရေး တာဝန်ရှိသူများနှင့် ဆွေးနွေးဆောင်ရွက်ခဲ့ကြောင်း၊ အလားတူ  စက်မှုနည်းပညာများ ဖွံ့ဖြိုးရေးအတွက်လည်း    နည်း ပညာကျောင်းများကို     ဖွင့်လှစ် ဆောင်ရွက်ခဲ့ကြောင်း၊   စိုက်ပျိုး ရေးမှထွက်ရှိသည့် ထွက်ကုန်များ ကိုအခြေခံ၍ စက်မှုပိုင်းဆိုင်ရာ များအသုံးပြုပြီး ကုန်ထုတ်လုပ်မှု များကို    ဆောင်ရွက်ရမည်ဖြစ် ကြောင်း။ 


ပညာရှင်များ မွေးထုတ်ပေး


သက်ဆိုင်ရာ  ပညာရပ်များ အလိုက် လုပ်ငန်းခွင်ဝင်ရောက်နိုင် သည့် Polytechnic နည်းပညာ များကို  သင်ကြားနိုင်ရေး   ပညာ ရေး   အနာဂတ်ရည်မှန်းချက်ဖြင့် ဆောင်ရွက်လျက်ရှိကြောင်း၊ ထိုသို့ ဆောင်ရွက်ခြင်းဖြင့် နိုင်ငံတော် အတွက် လိုအပ်သည့်လူသားအရင်း အမြစ်များ  ရရှိမည်ဖြစ်ကြောင်း၊ တက္ကသိုလ်၊     ကောလိပ်များမှ သင်ကြား   အောင်မြင်ပြီးသူများ အနေဖြင့် လုပ်ငန်းခွင်ကျွမ်းကျင်မှု များရှိရမည်ဖြစ်ကြောင်း၊ ထို့ကြောင့် လိုအပ်သည့် သင်ထောက်ကူပစ္စည်း များနှင့်  အဆောက်အဦများကို ဖြည့်ဆည်း   ဆောင်ရွက်ပေးနေ ခြင်းဖြစ်ကြောင်း၊   တက္ကသိုလ် ကောလိပ်များကို  အဆင့်မြှင့်တင် ပေးခြင်းသည် အနာဂတ်အတွက် သက်ဆိုင်ရာဘာသာရပ်အလိုက် ကျွမ်းကျင်သည့်     ပညာရှင်များ မွေးထုတ်ပေးခြင်းပင်ဖြစ်ကြောင်း၊ ဆရာ  ဆရာမများ    အနေဖြင့် ကျောင်းသား   ကျောင်းသူများ အမှန်တကယ် ပညာတတ်မြောက် မှုရှိစေရေး   သင်ကြားပေးရန်လို ပြီး  အမှန်တကယ်ထူးချွန်သူများ ကိုသာ တစ်ဆင့်မြင့်ပညာရပ်များ    ဆက်လက်သင်ယူနိုင်ရေး     စိစစ် ဆောင်ရွက်သွားရန်  လိုကြောင်း၊ တက္ကသိုလ်ပညာရပ်သည် တွေးခေါ် လေ့လာသင်ကြားခြင်း (Study-ing) ဖြစ်သဖြင့်  အမှန်တကယ် တွေးခေါ်    မြော်မြင်တတ်သည့် ကျောင်းသား    ကျောင်းသူများ ဖြစ်စေရေး  လေ့ကျင့်သင်ကြားပေး သွားရန်လိုကြောင်း၊ နိုင်ငံတော် အတွက်     လိုအပ်သည့်လူသား အရင်းအမြစ်ကောင်းများကို မွေး ထုတ်ပေးနိုင်ရေး သင်ကြားရေးနှင့် ပတ်သက်သည့် တာဝန်ရှိသူများ အားလုံးက    ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်ပေးကြရန်လိုပြီး နိုင်ငံ တော်မှလိုအပ်သည်များကို ဖြည့် ဆည်းဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း ပြောကြားသည်။ 


ယင်းနောက်  နိုင်ငံတော်စီမံ အုပ်ချုပ်ရေး     ကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင် များသည်   တက္ကသိုလ်အတွင်း  သုံးထပ်စာသင်ဆောင်သစ် တည် ဆောက်နေမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး   တာဝန်ရှိသူ များ၏   တင်ပြချက်များအပေါ် လိုအပ်သည်များ လမ်းညွှန်မှာကြား သည်။


ရန်ကုန်အနောက်ပိုင်း
တက္ကသိုလ်


ဆက်လက်ပြီး     နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ    ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင် များသည်   ရန်ကုန်အနောက်ပိုင်း တက္ကသိုလ်သို့    ရောက်ရှိကြရာ ပညာရေးဝန်ကြီးဌာန    ဒုတိယ ဝန်ကြီး ဒေါက်တာမိုးဇော်ထွန်း၊ တက္ကသိုလ်ပါမောက္ခချုပ် ဒေါက်တာ ခင်သီတာနှင့် ဒုတိယပါမောက္ခချုပ် များ၊ ဆရာ ဆရာမများက နွေးထွေး စွာ  ကြိုဆိုနှုတ်ဆက်ကြသည်။ ထို့နောက် တက္ကသိုလ်ပင်မဆောင် ခန်းမ၌   ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးက       ရန်ကုန် အနောက်ပိုင်းတက္ကသိုလ်၏ သမိုင်း အကျဉ်း၊ ဝန်ထမ်းများ   ဖွဲ့စည်း ထားရှိမှု၊   ဘာသာရပ်အလိုက် ဆရာ ဆရာမများ သင်ကြားပေး လျက်ရှိမှု၊ ဆရာ  ဆရာမများ၏ ပညာအရည်အချင်းများ၊ အထူးပြု ဘာသာရပ်များလိုက် ကျောင်း သား   ကျောင်းသူများ    ပညာ သင်ကြားလျက်ရှိမှု၊   သုတေသန လုပ်ငန်းများ ဆောင်ရွက်လျက်ရှိ မှု၊ အဆောက်အဦများ ဆောက် လုပ်လျက်ရှိမှု၊ IT center rooms တည်ဆောက်ထားမှု အခြေအနေ များကို ရှင်းလင်းတင်ပြသည်။


ရှင်းလင်းတင်ပြမှုများ အပေါ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ     နိုင်ငံတော်ဝန်ကြီးချုပ် က   မိမိတို့အနေဖြင့်    ပညာရေး ကို အားပေးဆောင်ရွက်လျက်ရှိပြီး တစ်နိုင်ငံလုံးရှိ ကျောင်းနေအရွယ် ကလေးငယ်များအားလုံး   ပညာ သင်ကြားနိုင်ရေး      ဆောင်ရွက် ရမည်ဖြစ်ကြောင်း၊   ပညာသည် လူတစ်ဦးချင်းစီ၏ ဘဝတိုးတက် ရေးကို   ဆောင်ရွက်ပေးနိုင်မည် ဖြစ်ပြီး အသိပညာ၊ အတတ်ပညာ များရှိမှသာလျှင် လုပ်ငန်းနယ်ပယ် မျိုးစုံ၌ ပိုမိုတိုးတက်ဖွံ့ဖြိုးနိုင်မည် ဖြစ်ကြောင်း၊ ထို့ကြောင့်  ပညာ တတ် လူသားအရင်းအမြစ်ကောင်း များ မွေးထုတ်ပေးနိုင်ရေးအတွက် မိမိတို့အနေဖြင့် ဆောင်ရွက်ပေး ရမည်ဖြစ်ပြီး နိုင်ငံ၏အနာဂတ်ကို ပညာရေးဖြင့် ကောင်းမွန်စွာပုံဖော် ပေးနိုင်ရမည်ဖြစ်ကြောင်း၊ မိမိတို့ နိုင်ငံ၌  ပညာရေးနှင့်ပတ်သက်၍ အားနည်းချက်များ များစွာရှိသည် ကို   စစ်တမ်းများအရ   တွေ့ရှိရ ကြောင်း၊ ထို့ပြင် မိမိတို့ နိုင်ငံလူဦး ရေ၏   ၈၅     ရာခိုင်နှုန်းခန့်သည် သာမန်လုပ်ငန်းများကို ဆောင်ရွက် ကြသူများဖြစ်သည်ကို    တွေ့ရှိရ ကြောင်း။


ထို့ကြောင့်    မိမိတို့နိုင်ငံ၏ ပညာရေးကို မဖြစ်မနေမြှင့်တင် ဆောင်ရွက်ရမည်ဖြစ်သဖြင့် မိမိ တို့တာဝန်ယူချိန်တွင်  ပညာရည် မြှင့်တင်ရေးအဖြစ် KG + 9 အဆင့် အထိ   မဖြစ်မနေ    သင်ကြားရန် မူဝါဒချမှတ်ဆောင်ရွက်ခဲ့ကြောင်း၊ KG + 9 တက်ရောက်အောင်မြင် သူများအနေဖြင့် စိုက်ပျိုးမွေးမြူ ရေးနှင့်  စက်မှုအခြေခံသင်တန်း ကျောင်းများ     တက်ရောက်ပြီး သက်ဆိုင်ရာပညာရပ်များအလိုက် ဆက်လက်သင်ကြားနိုင်မည်ဖြစ်ကြောင်း၊  အခြေခံပညာ   တတ် မြောက်အောင်မြင်ပြီးသူများ အနေ ဖြင့်လည်း သက်ဆိုင်ရာဘာသာရပ်  များအလိုက် အဆင့်မြင့်တက္ကသိုလ် နှင့် ကောလိပ်များကို ဆက်လက် တက်ရောက်နိုင်မည်ဖြစ်ကြောင်း။


တိုးချဲ့ဖွင့်လှစ်ပေး


နိုင်ငံတွင်   အဆင့်မြင့်ပညာ တတ်မြောက်သူများ  ပေါကြွယ်ဝ စေရေးအတွက်    တက္ကသိုလ်၊ ကောလိပ်များကို    တိုးချဲ့ဖွင့်လှစ် ပေးလျက်ရှိပြီး   အားပေးဆောင် ရွက်လျက်ရှိကြောင်း၊ တက္ကသိုလ် များတွင်   တာဝန်ထမ်းဆောင် လျက်ရှိသည့် ဆရာ   ဆရာမများ အနေဖြင့် မိမိတို့ တာဝန်ယူထား သည့် သက်ဆိုင်ရာဘာသာရပ်များ အလိုက် ကျွမ်းကျင်မှုများရှိနေရန် လိုကြောင်း၊ ကျောင်းသား ကျောင်း သူများ အမှန်တကယ်ပညာတတ် မြောက်နိုင်ရန်အတွက် ထိရောက် သည့် သင်ကြားမှုများဖြစ်ရန်လိုပြီး ဘွဲ့ရရှိပြီးချိန်တွင်   သက်ဆိုင်ရာ ဘာသာရပ်အလိုက် အမှန်တကယ် တွေးခေါ်မြော်မြင်   ဆောင်ရွက် တတ်သူများဖြစ်ရန်  လိုကြောင်း၊ နိုင်ငံတော်အနေဖြင့်   ပညာရေး ဝန်ထမ်းများအတွက် သက်ဆိုင်ရာ အဆင့်အလိုက်   ထိုက်သင့်သည့် ချီးမြှင့်မှုများနှင့် ထောက်ပံ့မှုများ ကို ဆောင်ရွက်ပေးလျက်ရှိကြောင်း။


လေ့လာမှုများဆောင်ရွက်


အရည်အချင်း    ပြည့်မီသည့် လူသားအရင်းအမြစ်ကောင်းများ ပေါ်ထွက်လာမှသာလျှင်    နိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေးနှင့်    တည် ဆောက်ရေးကို ကောင်းမွန်သည့် အထောက်အပံ့များ ဖြစ်စေနိုင်မည် ဖြစ်သဖြင့်  အရည်အချင်းရှိသည့် လူသားအရင်းအမြစ်ကောင်းများ မွေးထုတ်ပေးနိုင်ရမည်    ဖြစ် ကြောင်း၊     နိုင်ငံတော်အတွက် အကောင်းဆုံးဖြစ်အောင်  ဆောင် ရွက်ပေးလိုသည့်စိတ်ဖြင့် တာဝန် ထမ်းဆောင်ကြရန်လိုပြီး နည်းပြ များအနေဖြင့်    အရည်အချင်း  ပြည့်ဝသူများဖြစ်စေရေး လေ့လာ မှုများကို စဉ်ဆက်မပြတ် ဆောင် ရွက်နေရန်လိုကြောင်း၊   တစ်ဦး ချင်းစွမ်းရည်များ တိုးတက်လာပါ က မိမိဘဝတိုးတက်ရေးအတွက် ထိုက်သင့်သည့်အကျိုးကို ခံစား ခွင့်ရမည်ဖြစ်ကြောင်း၊    ဆရာ ကောင်းမှ    မွေးထုတ်ပေးသည့် တပည့်ကောင်းများ   ဖြစ်အောင် ဆောင်ရွက်ပေးကြစေလိုပြီး အရည် အသွေးမြင့်သည့်      ပညာရေး ကွင်းဆက်ဖြစ်အောင် စဉ်ဆက် မပြတ်   ပုံဖော်ဆောင်ရွက်ကြရန် လိုကြောင်း။


မိမိတို့နိုင်ငံသည်   ဒီမိုကရေစီ လမ်းကြောင်းကို လျှောက်လှမ်းနေ ခြင်းဖြစ်သော်လည်း  ဒီမိုကရေစီ၏ အခြေခံဖြစ်သည့်    ဥပဒေအား လေးစားလိုက်နာခြင်းနှင့်  စီးပွား ရေး   ဖွံ့ဖြိုးတိုးတက်မှုအတွက် စီးပွားရေးအသိအမြင်ရှိခြင်းတို့၌ အားနည်းချက်များ    ရှိကြောင်း၊ ကျောင်းသား    ကျောင်းသူများ အနေဖြင့်  ဥပဒေဆိုင်ရာများနှင့် စီးပွားရေးဆိုင်ရာများကို သိရှိရန် မဖြစ်မနေလိုအပ်သည်ဟု တွေ့ရှိရ သဖြင့် ဥပဒေပညာရပ်ကို နားလည် သိရှိစေရေး တက္ကသိုလ်အားလုံး တွင် ဥပဒေပညာရပ်ကို သင်ကြား ပေးလျက်ရှိကြောင်း၊  အလားတူ စီးပွားရေးနှင့်ပတ်သက်သည့်  အသိ အမြင်များရှိစေရေးအတွက်လည်း စီးပွားရေးအခြေခံဘာသာရပ်များ ကို သင်ကြားပေးလျက်ရှိကြောင်း၊ မိမိတို့၏      မျှော်မှန်းချက်မှာ တက္ကသိုလ်ပညာ   သင်ကြားပြီး ဘွဲ့ရရှိပြီးသူများအနေဖြင့် ၎င်းတို့ ၏ လူမှုစီးပွားဘဝနှင့်ပတ်ဝန်းကျင် ကို ကောင်းမွန်အောင်ဆောင်ရွက် နိုင်သူများ      ဖြစ်စေရေးအတွက် မျှော်မှန်းဆောင်ရွက်နေခြင်းဖြစ်ကြောင်း၊ ထို့ကြောင့် ဆရာ ဆရာမ များအနေဖြင့်လည်း ကျောင်းသား ကျောင်းသူများ ပညာတတ်မြောက် စေရေးနှင့်    ၎င်းတို့၏    ဘဝ တစ်လျှောက် ကောင်းမွန်မှန်ကန် စွာလျှောက်လှမ်းနိုင်ရေး ကြိုးပမ်း ဆောင်ရွက်ပေးကြရန် တိုက်တွန်း ပြောကြားလိုကြောင်း  ပြောကြား သည်။


လှည့်လည်ကြည့်ရှုစစ်ဆေး


ထို့နောက်     နိုင်ငံတော်စီမံ အုပ်ချုပ်ရေး     ကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်သည် တက် ရောက်လာကြသူများအား ရင်းရင်း နှီးနှီး  နှုတ်ဆက်ခဲ့ပြီး  တက္ကသိုလ် အတွင်း     လှည့်လည်ကြည့်ရှု စစ်ဆေးကာ  တက္ကသိုလ်ပရိဝုဏ် အတွင်း  ကံ့ကော်၊  စိန်ပန်း၊  ခရေ စသည့်   အရိပ်ရအပင်ကြီးများ စိုက်ပျိုးရေး၊ သန့်ရှင်းသာယာလှပ ရေးနှင့် ဥပဓိရုပ်ကောင်းမွန်စေရေး အတွက် လိုအပ်သည်များ လမ်းညွှန် မှာကြားခဲ့ကြောင်း သတင်းရရှိ သည်။


သတင်းစဉ်