နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အစည်းအဝေး (၅/၂၀၂၃)သို့ တက်ရောက်အမှာစကားပြောကြား

 

နေပြည်တော်  အောက်တိုဘာ  ၂၆


နိုင်ငံတော်    စီမံအုပ်ချုပ်ရေးကောင်စီ အစည်းအဝေး (၅/၂၀၂၃)ကို  ယနေ့နံနက်ပိုင်းတွင်    နေပြည်တော်ရှိ     နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌရုံး အစည်းအဝေးခန်းမ၌ ကျင်းပ ပြုလုပ်ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ  နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်    တက်ရောက်အမှာစကား ပြောကြားသည်။


အစည်းအဝေးသို့   နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ  ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊   အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး  အောင်လင်းဒွေး၊  တွဲဖက် အတွင်းရေးမှူး  ဒုတိယဗိုလ်ချုပ်ကြီး  ရဲဝင်းဦး၊   ကောင်စီအဖွဲ့ဝင်များနှင့်      တာဝန်ရှိသူများ တက်ရောက်ကြသည်။


တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် 
(NCA) (၈)နှစ်မြောက် နှစ်ပတ်လည်နေ့အခမ်းအနားကို 
အောက်တိုဘာ ၁၅ ရက်နေ့တွင် နိုင်ငံရေးအနှစ်သာရရှိရှိ၊ 
အဓိပ္ပာယ်ပြည့်ဝခမ်းနားထည်ဝါစွာဖြင့် ကျင်းပနိုင်ခဲ့


ဦးစွာ    နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ   နိုင်ငံတော် ဝန်ကြီးချုပ်က    အမှာစကားပြောကြားရာတွင်  တစ်နိုင်ငံလုံးပစ်ခတ် တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ်   (NCA)    (၈) နှစ်မြောက် နှစ်ပတ်လည်နေ့အခမ်းအနားကို အောက်တိုဘာ ၁၅ ရက်တွင် နိုင်ငံရေး အနှစ်သာရရှိရှိ၊ အဓိပ္ပာယ်ပြည့်ဝခမ်းနားထည်ဝါစွာဖြင့်  ကျင်းပနိုင်ခဲ့ ကြောင်း၊ မိမိတို့အနေဖြင့်  တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA)ပေါ်တွင် ခိုင်ခိုင်မာမာဖြင့် ရပ်တည်ဆောင်ရွက် လျက်ရှိကြောင်း၊ ထို့ကြောင့် မိမိအနေဖြင့် NCA နှစ်ပတ်လည်မိန့်ခွန်း ပြောကြားရာတွင် နိုင်ငံတော်အတွက် အတိတ်၊ ပစ္စုပ္ပန်၊ အနာဂတ်တို့ကို သုံးသပ်၍ အဓိပ္ပာယ်ပြည့်ဝပြည့်စုံစွာ ပြောကြားခဲ့ခြင်းဖြစ်ကြောင်း။


EAO များအား  NCA စာချုပ်ချုပ်ဆိုနိုင်ရန်အတွက် ငြိမ်းချမ်းရေး ဖိတ်ခေါ်မှုကို  ၂၀၁၁ ခုနှစ်ကတည်းက စတင်ခဲ့ကြောင်း၊  စတင်ဖိတ်ခေါ်၍ ငြိမ်းချမ်းရေး ဆွေးနွေးရာတွင် ဒို့တာဝန်အရေး(၃)ပါးကိုမထိခိုက်ရန်နှင့် ဖွဲ့စည်းပုံအခြေခံဥပဒေ(၂၀၀၈ ခုနှစ်)ကို လေးစားလိုက်နာရန် ပြောကြား ခဲ့ကြောင်း၊   NCA  လက်မှတ်ရေးထိုးနိုင်ရေး   စတင်ဆွေးနွေးချိန်တွင် တိုင်းရင်းသားလက်နက်ကိုင်ခေါင်းဆောင်များအနေဖြင့် စိတ်ပါဝင်စား စွာဖြင့်  ပါဝင်ဆောင်ရွက်ခဲ့ကြောင်း၊  NCA  စာချုပ်ချုပ်ဆိုနိုင်ရန်အတွက် EAO အဖွဲ့များပါဝင်သည့်  ပထမဦးဆုံးအစည်းအဝေးကို  ကချင်ပြည်နယ် လိုင်ဇာ၌ ကျင်းပခဲ့ကြောင်း၊ ထို့နောက်  ကရင်ပြည်နယ် လော်ခီးလာ၌ ကျင်းပခဲ့ကြောင်း၊ ထိုသို့ အစည်းအဝေးများ၊   တွေ့ဆုံမှုများ  အကြိမ် များစွာပြုလုပ်ပြီးမှ   ငြိမ်းချမ်းရေးဦးဆောင်ဖော်ဆောင်သူများ၊ တပ်မတော် ကိုယ်စားလှယ်အဖွဲ့များ၊  အရပ်ဘက်ကိုယ်စားလှယ်များနှင့် တွေ့ဆုံ ညှိနှိုင်းပြီးချိန်တွင်   NCA စာချုပ်ကို  လက်မှတ်ရေးထိုးနိုင်ခဲ့ကြောင်း၊ NCA စာချုပ်သည် နိုင်ငံတော်အစိုးရ၊ လွှတ်တော်၊ တပ်မတော်၊ နိုင်ငံရေး ပါတီများ၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ၏ ခေါင်းဆောင် များကိုယ်တိုင်    ပြည်တွင်း၊  ပြည်ပ  သက်သေများရှေ့မှောက်တွင် လက်မှတ်ရေးထိုးထားပြီး    ပြည်ထောင်စုလွှတ်တော်မှအတည်ပြု၍ နိုင်ငံတော်မှအာမခံချက်ပေးထားသည့်  ခိုင်မာသော  စာချုပ်တစ်ခု ဖြစ်ကြောင်း၊ NCA ၌ နှစ်ဖက်စလုံးအတွက် လိုအပ်ချက်များရှိနေသော် လည်း  တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့်  နိုင်ငံတော်အကြား လိုလားချက်များကို  ညှိနှိုင်းဆွေးနွေးခြင်းအားဖြင့် ဆောင်ရွက်ကြမည်ဟု ကောင်းမွန်သည့်စိတ်ဖြင့်   ဆောင်ရွက်ခဲ့ကြခြင်းဖြစ်ကြောင်း၊   NCA သဘောတူစာချုပ်သည် တိုင်းရင်းသားများလိုလားချက်များကို အခြေခံ ပြီး   ရေးဆွဲခဲ့သည့်  စာချုပ်၊  သဘောတူညီခဲ့သည့်  စာချုပ်ဖြစ်ကြောင်း၊  တိုင်းရင်းသားများ၏    လိုလားချက်များအပေါ်    နိုင်ငံတော်က ကတိကဝတ်အနေဖြင့် ပေးထားသည့် စာချုပ်တစ်ခုပင်ဖြစ်ကြောင်း။


အမျိုးသားရေးထက်အရေးကြီးသည်မှာ ဘာမျှမရှိဆိုသည့်အတိုင်း 
နိုင်ငံကိုတာဝန်ယူဆောင်ရွက်ချိန်တွင် ဒို့တာဝန်အရေးသုံးပါးကို 
မထိခိုက်ရန်နှင့်  ဖွဲ့စည်းပုံအခြေခံဥပဒေ(၂၀၀၈ ခုနှစ်)ကို 
အခြေခံ၍ ဆောင်ရွက်နေ


နိုင်ငံတစ်နိုင်ငံတွင် အခြေခံဥပဒေသည်   နိုင်ငံတော်၏ အမြင့်ဆုံး ဥပဒေဖြစ်ပြီး နိုင်ငံတော်တည်ဆောက်ရေးအတွက်  အာမခံချက်တစ်ခု ဖြစ်ကြောင်း၊   ဖွဲ့စည်းပုံအခြေခံဥပဒေကို   ကျော်လွန်ဆောင်ရွက်၍ မရကြောင်း၊  ပါတီစုံဒီမိုကရေစီ  အထွေထွေရွေးကောက်ပွဲများသည် ဖွဲ့စည်းပုံအခြေခံဥပဒေ(၂၀၀၈ ခုနှစ်)ကို အခြေခံပြီး  ဆောင်ရွက်ခြင်းဖြစ် သဖြင့်  ဖွဲ့စည်းပုံအခြေခံဥပဒေကို   လေးစားလိုက်နာသည့်နိုင်ငံရေး ပါတီများသာ ရွေးကောက်ပွဲတွင် ပါဝင်ဆောင်ရွက်ရခြင်းဖြစ်ကြောင်း၊ မိမိတို့နိုင်ငံတွင် ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်) ကို  အခြေခံ၍ ကျင်းပပြုလုပ်ခဲ့သည့်  ၂၀၁၀ ပြည့်နှစ်  ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲနှင့်   ၂၀၁၅  ခုနှစ်     ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲရလဒ်များကို နိုင်ငံတကာအနေဖြင့်  အသိအမှတ်ပြုခဲ့ ကြောင်း၊ ထိုသို့ အသိအမှတ်ပြုခြင်းသည် ဖွဲ့စည်းပုံအခြေခံဥပဒေ(၂၀၀၈ ခုနှစ်)အရ  တက်လာသည့် အစိုးရကိုအသိအမှတ်ပြုခြင်း၊ တစ်နည်းအား ဖြင့် ဖွဲ့စည်းပုံအခြေခံဥပဒေ(၂၀၀၈ ခုနှစ်) ကို  အသိအမှတ်ပြုခြင်းပင် ဖြစ်ကြောင်း။
၂၀၂၀ ပြည့်နှစ်  ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် မဲစာရင်းမှားယွင်းမှုများ  ဖြစ်ပေါ်ခဲ့ကြောင်း၊ ရွေးကောက်ပွဲမကျင်းပမီ နိုင်ငံရေးပါတီများအနေဖြင့် မိမိထံ လာရောက်တွေ့ဆုံ၍  မဲဆွယ်စည်းရုံး မှုများနှင့်ပတ်သက်ပြီး ညီမျှမှုမရှိသည်ကို အသိပေးပြောကြားခဲ့ကြောင်း၊ မိမိအနေဖြင့်    ရွေးကောက်ပွဲကို    လွတ်လပ်ပြီး   တရားမျှတသည့် ရွေးကောက်ပွဲဖြစ်စေရေး အကြိမ်ကြိမ်ပြောကြားခဲ့ကြောင်း၊ တပ်မတော် အနေဖြင့် ရွေးကောက်ပွဲ၌ စည်းမျဉ်းစည်းကမ်းများနှင့်အညီ ဆန္ဒမဲပေး နိုင်ရေး    ကြိုတင်ပြင်ဆင်ဆောင်ရွက်ခဲ့ပြီး    ဆန္ဒမဲပေးမှုများကို အလေးထားဆောင်ရွက်ခဲ့ကြောင်း။


ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲသည် တိုင်းပြည်အတွက် နိုင်ငံရေးအဆုံးအဖြတ်ပေးသည့်   ကိစ္စရပ်ဖြစ်သဖြင့်   အလေးထား ဆောင်ရွက်ရန်လိုကြောင်း၊  ၂၀၂၀ ပြည့်နှစ်  ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲ၏ မဲစာရင်းမှားယွင်းမှုများနှင့်ပတ်သက်၍   တွေ့ရှိချက် များကို သက်ဆိုင်ရာကော်မရှင်ရုံး၊ အစိုးရအဖွဲ့၊ လွှတ်တော်၊ တရားရုံးချုပ် တာဝန်ရှိသူများထံသို့ ဖြေရှင်းပေးရန်အတွက် ပြောကြားခဲ့သော်လည်း ဖြေရှင်းဆောင်ရွက်ပေးခဲ့မှုမရှိသည့်အပြင်  မဲမသမာမှုများဖြင့် အနိုင်ရရှိ လာသည့်  အရွေးချယ်ခံကိုယ်စားလှယ်များနှင့်  လွှတ်တော်ခေါ်ယူရေး ကြိုးပမ်းဆောင်ရွက်လာခဲ့ကြောင်း၊ ထို့ကြောင့် မိမိတို့အနေဖြင့် ဖွဲ့စည်းပုံ အခြေခံဥပဒေ (၂၀၀၈ ခုနှစ်) နှင့်အညီ   နိုင်ငံတော်အား အရေးပေါ် အခြေအနေကြေညာ၍ နိုင်ငံတော်တာဝန်များကို  ထမ်းဆောင်ခဲ့ခြင်း ဖြစ်ကြောင်း၊  အချို့ပြည်ပနိုင်ငံများအနေဖြင့်  ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်)  ကို   အခြေခံ၍  ကျင်းပသည့်   ရွေးကောက်ပွဲများကို အသိအမှတ်ပြုခဲ့သော်လည်း မိမိတို့အနေဖြင့် ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမို ကရေစီအထွေထွေရွေးကောက်ပွဲတွင် မဲမသမာမှုဖြစ်ပေါ်ခဲ့ခြင်းကြောင့် ဖွဲ့စည်းပုံအခြေခံဥပဒေ(၂၀၀၈ ခုနှစ်) နှင့်အညီ နိုင်ငံတော်ကိုအရေးပေါ် အခြေအနေကြေညာ၍ တာဝန်ယူခဲ့ခြင်းအပေါ်  အသိအမှတ်ပြုမှုမရှိခဲ့ သည်မှာ     ရှေ့နောက်မညီသည့်ပြောဆိုမှုနှင့်  စံနှစ်မျိုးကျင့်သုံးခြင်း(Double Standard) များပင်ဖြစ်ကြောင်း။


နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီနှင့်  အစိုးရအဖွဲ့ကို ဖွဲ့စည်းချိန် တွင်လည်း  တပ်မတော်မှ အတွေ့အကြုံရှိပြီးဖြစ်သည့် အရာရှိကြီးများနှင့် အရပ်ဘက်မှ  သက်ဆိုင်ရာလုပ်ငန်းနယ်ပယ်များအလိုက် ကျွမ်းကျင် မှုရှိပြီး အတွေ့အကြုံရှိသူများကို  မျှတစွာဖြင့်  ထည့်သွင်းဖွဲ့စည်းခဲ့ခြင်း ဖြစ်ကြောင်း၊ မိမိတို့အနေဖြင့် ပြည်သူများ၏ဆန္ဒဖြစ်သည့်  ပါတီစုံဒီမို ကရေစီလမ်းကြောင်းပေါ်တွင်   ခိုင်ခိုင်မာမာဖြင့်  လျှောက်လှမ်းလျက် ရှိပြီး တိုင်းပြည်ကောင်းအောင်အတွက် ကြိုးပမ်းဆောင်ရွက်နေခြင်းဖြစ် ကြောင်း၊ အချို့ ပြည်ပနိုင်ငံများအနေဖြင့် မိမိတို့နိုင်ငံအပေါ်တွင် ပိတ်ဆို့ အရေးယူမှုများပြုလုပ်ခြင်းနှင့်  ဝင်ရောက်စွက်ဖက်မှုများကို  ယခင်က လည်း ပြုလုပ်ခဲ့သကဲ့သို့ ယခုအချိန်အထိလည်း ပြုလုပ်လျက်ရှိသည်ကို တွေ့ရှိရကြောင်း။
မြန်မာ့နိုင်ငံရေးဖြစ်စဉ်သမိုင်းသည်  “ ကြက်ဥအရောင် တိမ်တောင် သဖွယ်၊ မင်းရေးကျယ် ” ဆိုသကဲ့သို့ ရှုပ်ထွေးမှုများရှိကြောင်း၊ လွတ်လပ် ရေးမရမီကတည်းက ရှုပ်ထွေးအောင် ကြိုတင်ဆောင်ရွက်မှုများလည်း ရှိနိုင်ကြောင်း၊ နိုင်ငံ့လွတ်လပ်ရေးကို ဦးစားပေးစဉ်းစားရချိန်နှင့် အချိန် ကန့်သတ်ချက်များကြောင့် အနာဂတ်ပြည်ထောင်စု နိုင်ငံတော်အရေးနှင့် နိုင်ငံရေးလမ်းစဉ်များကို   ထိုအချိန်က  အမျိုးသားရေးနှင့်  နိုင်ငံရေး ဦးဆောင်နေသည့် ခေါင်းဆောင်များ၏ စိတ်ကြိုက်ချမှတ်နိုင်ခြင်းမရှိခဲ့ကြောင်း၊ လွတ်လပ်ရေးရပြီးချိန်တွင်လည်း ၎င်းအတိုင်းပင်ဖြစ်ကြောင်း၊ မြန်မာနိုင်ငံအရေးနှင့်ပတ်သက်၍     ဝင်ရောက်စွက်ဖက်မှုများကို အမေရိကန်ဦးဆောင်သည့်  အနောက်အုပ်စုမှ စဉ်ဆက်မပြတ်ပြုလုပ် ခဲ့မှုများရှိကြောင်း၊  မြန်မာနှင့်အမေရိကန်သည်  ရန်ဘက်နိုင်ငံများ မဟုတ်ကြောင်း၊  စစ်ဖြစ်ပွားဖူးခြင်းလည်း မရှိကြောင်း၊ ယုတ်ဆွအဆုံး အရှေ့တောင် အာရှတွင် အမေရိကန်ကျူးကျော်မှုကြောင့် ဖြစ်ပွားခဲ့သော ဗီယက်နမ်စစ်ပွဲ၌ပင် မြန်မာတို့ပါဝင်ပတ်သက်မှုမရှိခဲ့ကြောင်း၊ သို့သော် ယနေ့ကာလအထိ   အမေရိကန်နိုင်ငံအနေဖြင့် မြန်မာနိုင်ငံအား ရန်သူ သဖွယ်     သဘောထားခြင်းမှာ      ကြီးမားသောနောက်ခံအကြောင်း ရှိကြောင်း၊   အရှေ့တောင်အာရှဒေသတွင်  အမေရိကန်ဦးဆောင်သော SEATO အဖွဲ့ကို ၁၉၅၄ ခုနှစ်တွင်ဖွဲ့စည်းခဲ့ကြောင်း၊ ၎င်းအဖွဲ့၏ အဓိက ရည်ရွယ်ချက်မှာ   အရှေ့တောင်အာရှဒေသအတွင်း   ကွန်မြူနစ်စနစ် မပြန့်ပွားရေးပင်ဖြစ်ကြောင်း၊   ၁၉၇၇ ခုနှစ်၊  ဇွန်လမှ  ၎င်းအဖွဲ့ကို ဖျက်သိမ်းခဲ့ကြောင်း၊  ၁၉၄၇ ခုနှစ် ဖွဲ့စည်းအုပ်ချုပ်ပုံဥပဒေပါ  ပြည်နယ် များခွဲထွက်ခွင့်၊ ၎င်းအပေါ်မူတည်၍ ၁၉၆၁ -၁၉၆၂  ခုနှစ်တွင် ဖြစ်လာ သည့် ပြည်နယ်များ၏ တောင်းဆိုမှုများကို SEATO ဖြစ်စဉ်နှင့် ဆက်စပ် ကြည့်ပါက မြန်မာ့နိုင်ငံရေး၏ ရှုပ်ထွေးမှုကို  သဘောပေါက်နိုင်မည် ဖြစ်ကြောင်း၊  မြန်မာနိုင်ငံအရေးနှင့်ပတ်သက်၍   ၎င်းတို့ဖြစ်စေချင် သည့်အတိုင်း  မဖြစ်သည့်အခါ  ယင်းကဲ့သို့မဖြစ်အောင်  ကာကွယ်နိုင်သည့်  အင်အားစုများကို  ရန်ပြု ခြင်းမှာ မြင်သာသည့် အကြောင်းအရာပင်ဖြစ်ကြောင်း။ 


ယခုလက်ရှိအခြေအနေတွင်လည်း  အမေရိကန်ဦးဆောင်သော အုပ်စု၏ ရည်မှန်းချက်မှာ   မြန်မာနိုင်ငံ၏   အိမ်နီးချင်းနိုင်ငံဖြစ်သော တရုတ်နိုင်ငံကို   ထိန်းချုပ်နိုင်ရေး   (China Containment Policy) ပင်ဖြစ်ကြောင်း၊  ထို့ကြောင့် မြန်မာနိုင်ငံ၌ ၎င်းတို့လိုလားသော အစိုးရ/အုပ်စု  အာဏာရရှိရေးကို  တစိုက်မတ်မတ် ဆောင်ရွက်ခြင်းဖြစ်ကြောင်း၊ မရရှိခဲ့ပါက   မြန်မာနိုင်ငံ၌  ကဏ္ဍပေါင်းစုံ  မငြိမ်မသက်ဖြစ်အောင် ဆောင်ရွက်နေခြင်းဖြစ်ကြောင်း၊    အမေရိကန်နိုင်ငံကိုယ်တိုင်က အကြမ်းဖက်အဖွဲ့များကို  ခေါင်းစဉ်အမျိုးမျိုး၊  အကြောင်းအမျိုးမျိုးဖြင့် ကူညီနေကြောင်း၊ အိန္ဒိယ၊ ထိုင်း၊ စင်ကာပူ၊ မလေးရှား၊ အင်ဒိုနီးရှား စသောနိုင်ငံများသည်  သမိုင်းအစဉ်အလာအရ ရင်းနှီးသောမိတ်ဆွေ နိုင်ငံများဖြစ်ကြောင်း၊    သို့သော်   အမေရိကန်၏ဩဇာလွှမ်းမိုးမှုကို မလွန်ဆန်နိုင်သော   နိုင်ငံများက   မိမိတို့နိုင်ငံအပေါ်    ကုန်သွယ်မှု၊ ဘဏ္ဍာရေး၊  နိုင်ငံခြားရေးပိတ်ဆို့မှုများ  ပြုလုပ်ခဲ့ကြကြောင်း၊ မိမိတို့ သည်   ဘဏ်စနစ်တစ်ခုဖြင့်သာ    ရှင်သန်ရပ်တည်ကုန်သွယ်နေသည့် နိုင်ငံမဟုတ်ကြောင်း၊ မိမိတို့အနေဖြင့် မိတ်ဆွေနိုင်ငံများ၊ အိမ်နီးချင်း မိတ်ဆွေနိုင်ငံများနှင့်     လက်တွဲဆောင်ရွက်ခဲ့ရကြောင်း၊   ထို့ကြောင့် ဘဏ္ဍာရေးနှင့် ကုန်သွယ်မှုကိစ္စများ၌   ငွေကြေးစနစ်တစ်ခုတည်းအပေါ် တွင်သာ မှီခိုအားထားမှုမပြုဘဲ  ငွေကြေးစနစ်အမျိုးမျိုးဖြင့် အသုံးပြုနိုင် မှုအပေါ်    နိုင်ငံတကာက  အလေးထားလာသကဲ့သို့    မိမိတို့လည်း ဆောင်ရွက်နေကြောင်း၊ နယ်စပ်ကုန်သွယ်ရေးနှင့် အိမ်နီးချင်းမိတ်ဆွေ နိုင်ငံများနှင့် ပိုမိုချစ်ကြည်ရင်းနှီးရေးကို ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ကောင်စီဝင်များအနေဖြင့်   နိုင်ငံရေးလုပ်ငန်းများ  ဆောင်ရွက်ရာတွင် ၎င်းကိစ္စများကိုသိရှိထားပြီး  အရှည်မျှော်တွေး၍  ချင့်ချိန်ဆောင်ရွက် သွားရန်လိုကြောင်း။
မိမိတို့နိုင်ငံသည် နိုင်ငံရေးကိစ္စရပ်များ ဆောင်ရွက်ရာ၌ သတိထား ဆောင်ရွက်ရသည့်  နိုင်ငံတစ်ခုဖြစ်သည်ကို  သမိုင်းတွင် တွေ့မြင်နိုင်မည် ဖြစ်ကြောင်း၊ မိမိတို့အနေဖြင့် အမျိုးသားရေးထက် အရေးကြီးသည်မှာ ဘာမျှမရှိဆိုသည့်အတိုင်း     နိုင်ငံကိုတာဝန်ယူဆောင်ရွက်ချိန်တွင် ဒို့တာဝန်အရေးသုံးပါးကို  မထိခိုက်ရန်နှင့်  ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်)ကိုအခြေခံ၍ ဆောင်ရွက်နေခြင်းပင်ဖြစ်ကြောင်း၊ ကောင်စီ ဝင်များ အနေဖြင့် သက်ဆိုင်ရာဒေသအလိုက် အတွေ့အကြုံရှိပြီးသူများ ဖြစ်သဖြင့်  နိုင်ငံရေးအခြေအနေအရပ်ရပ်ကို သုံးသပ်ဆောင်ရွက်သွားရန်လိုကြောင်း။


ချမှတ်ထားသည့် ရည်မှန်းချက်များနှင့် ဦးတည်ချက်များ
အောင်မြင်အောင် အကောင်အထည်ဖော်ဆောင်ရွက်


မိမိတို့အစိုးရအနေဖြင့်  တိုင်းပြည် သာယာဝပြောရေးနှင့် စား၊ ရေ၊ ရိက္ခာဖူလုံရေးကို  အမျိုးသားရေး ရည်မှန်းချက် ၂ ရပ်အဖြစ် ချမှတ် ဆောင်ရွက်လျက်ရှိသကဲ့သို့ စစ်မှန်စည်းကမ်းပြည့်ဝသည့်  ပါတီစုံဒီမိုကရေစီစနစ်ခိုင်မာစေရေးနှင့် ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံ သည့် ပြည်ထောင်စုတည်ဆောက်ရေးကို နိုင်ငံရေးရည်မှန်းချက် ၂ ရပ် အဖြစ်  ချမှတ်အကောင်အထည်ဖော်  ဆောင်ရွက်လျက်ရှိပါကြောင်း၊ ၎င်းရည်မှန်းချက်များကို အကောင်အထည်ဖော်ရန် ရှေ့လုပ်ငန်းစဉ်(၅)ရပ်၊ ဦးတည်ချက် (၉)ရပ်ကို ချမှတ်ထားကြောင်း၊ NCA နှင့်ပတ်သက်၍ ပိုမိုခိုင်မာအောင် ရှေ့လုပ်ငန်းစဉ် (၅)ရပ်ထဲတွင် ထည့်သွင်းထားကြောင်း၊ ရွေးကောက်ပွဲနှင့် ပတ်သက်၍လည်း   အရေးပေါ်ကာလဆိုင်ရာ ပြဋ္ဌာန်း ချက်များနှင့်အညီ   ဆောင်ရွက်ပြီးစီးပါက   လွတ်လပ်ပြီး  တရားမျှတ သော ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကျင်းပ၍ ထွက်ပေါ် လာသည့်အစိုးရအား     နိုင်ငံတော်တာဝန်လွှဲအပ်နိုင်ရေး  ဆက်လက် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ထည့်သွင်းထားပြီး ပါတီစုံဒီမိုကရေစီ စနစ်အတွက် တိုင်းသိပြည်သိ အာမခံထားပါကြောင်း။


နိုင်ငံတကာအနေဖြင့်    မြန်မာနိုင်ငံ၏အခြေအနေကို   ယခုထက် ပိုမိုကောင်းမွန်စေလိုလျှင်      ပိုမိုပူးပေါင်းဆောင်ရွက်သင့်ကြောင်း၊ အကြမ်းဖက်အဖွဲ့အစည်းများကို   တိုက်ရိုက် (သို့မဟုတ်) သွယ်ဝိုက် အားပေးနေခြင်းသည် ပြည်သူတို့၏ဆန္ဒဖြစ်သော ပါတီစုံဒီမိုကရေစီစနစ် ခိုင်မာရေးနှင့်  နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ အကောင်အထည် ဖော်ရာတွင် နှောင့်နှေးသွားနိုင်ကြောင်း။


မျိုးချစ်စိတ်ဓာတ်များ ရှင်သန်ထက်မြက်ရန်၊ 
တိုင်းပြည်ကိုချစ်သည့် စိတ်များရှိရန်လို


မကြာမီအချိန်က (၂၄) ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲဖွင့်ပွဲအခမ်းအနားကို   မိမိအနေဖြင့် တက်ရောက်အားပေးခဲ့ကြောင်း၊   မျိုးချစ်စိတ်ဓာတ်များ   ရှင်သန် ထက်မြက်ရန်၊  တိုင်းပြည်ကိုချစ်သည့်စိတ်များ   ရှိရန်လိုပါကြောင်း၊ ယဉ်ကျေးမှုရှိမှသာ တိုင်းပြည်ချစ်စိတ်များ နိုးကြားလာမည်ဖြစ်ကြောင်း၊ အလားတူ မြန်မာမှုယဉ်ကျေးမှုများကိုသာမက တိုင်းရင်းသားယဉ်ကျေးမှု အက၊  အဆို၊   အတီးများကိုလည်း   အားပေးဆောင်ရွက်သွားရန်နှင့် ဖြည့်ဆည်းဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊      တိုင်းရင်းသား ရေးရာဝန်ကြီးဌာနသည်   တိုင်းရင်းသားများ၏ စာပေယဉ်ကျေးမှုများ  မပျောက်မပျက်အောင် ထိန်းသိမ်းဆောင်ရွက်နိုင်ရန်အတွက် ဖွဲ့စည်း ထားခြင်းဖြစ်ကြောင်း၊   သက်ဆိုင်ရာဝန်ကြီးဌာနများနှင့်   ပေါင်းစပ် ဆောင်ရွက်မှုများရှိသကဲ့သို့       ကိုယ်တိုင်ဆောင်ရွက်ရမှုများလည်း   ရှိကြောင်း၊ ထို့ကြောင့် ဝိုင်းဝန်းဆောင်ရွက်ပေးရန်ဖြစ်ကြောင်း။


အင်းလေးဖောင်တော်ဦးဘုရားပွဲသည် တစ်နိုင်ငံလုံးက စိတ်ပါ ဝင်စားသည့် ပွဲတစ်ပွဲဖြစ်ကြောင်း၊   မိမိအနေဖြင့်လည်း တက်ရောက်ခဲ့ ကြောင်း၊    ကောင်စီဝင်များအနေဖြင့်လည်း   မိမိတို့ဒေသအလိုက် ထင်ရှားသည့်အခမ်းအနားများနှင့်    ပြည်သူအများနှင့်   သက်ဆိုင် သည့်ပွဲများကိုလည်း တက်ရောက်အားပေးကြစေလိုကြောင်း၊ ပွင့်လင်း ရာသီသို့     ရောက်ရှိလာပြီဖြစ်သဖြင့်    ဒေသဖွံ့ဖြိုးတိုးတက်ရေးကို ဆောင်ရွက်ပေးနိုင်ရန်အတွက် ဒေသအလိုက် သွားရောက်ဆောင်ရွက် ပေးကြစေလိုကြောင်း။


စီးပွားရေးတိုးတက်မှု၌    လိုအပ်ချက်ရှိနေခြင်းနှင့်ပတ်သက်၍ ကုန်ထုတ်လုပ်မှုများ  အားနည်းခြင်းကြောင့်ဖြစ်သည်ကို တွေ့ရကြောင်း၊ မိမိတို့အနေဖြင့် ကုန်ထုတ်လုပ်မှုလုပ်ငန်းများ  တိုးတက်စေရေး အားပေး ဆောင်ရွက်လျက်ရှိကြောင်း၊  ကုန်ထုတ်လုပ်မှုလုပ်ငန်းများ ဆောင်ရွက် ပြီး ရောင်းချရာတွင် ကုန်ထုတ်လုပ်မှုစရိတ်နှင့်  ရောင်းချသည့် ကုန်ဈေးနှုန်း များ များစွာကွာခြားမှုမရှိရန်လိုကြောင်း၊   ထို့ကြောင့်   ကောင်စီဝင် များအနေဖြင့်  သက်ဆိုင်ရာဒေသအလိုက်  ကွင်းဆင်းဆောင်ရွက်ပါက ဒေသအလိုက်   ကုန်ထုတ်လုပ်မှုလုပ်ငန်းများကို   အားပေးဆောင်ရွက် သွားရန်လိုကြောင်း ပြောကြားသည်။
ထို့နောက်  ကောင်စီဝင်များက တိုင်းဒေသကြီးနှင့် ပြည်နယ်အလိုက် နယ်မြေဖွံ့ဖြိုးတိုးတက်ရေးကိစ္စရပ်များ   ကွင်းဆင်းဆောင်ရွက်ခဲ့မှုနှင့် ဆက်လက်ဆောင်ရွက်သွားမည့်  အခြေအနေများကို  ရှင်းလင်းတင်ပြ ကြသည်။
ယင်းနောက်   ကောင်စီတွဲဖက်အတွင်းရေးမှူးက  ၂၀၂၃   ခုနှစ် အောက်တိုဘာလအတွင်း      နိုင်ငံတော်၏တည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေးကိစ္စရပ်များကို ရှင်းလင်းတင်ပြသည်။


ရှင်းလင်းတင်ပြမှုများနှင့်စပ်လျဉ်း၍   နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက စားသုံးဆီ၊ စက်သုံးဆီများနှင့်ပတ်သက်၍ ရည်ညွှန်းဈေး မှန်ကန်ရေးနှင့်  ဈေးကွက်အတွင်း ဖြစ်သင့်သည့် ဈေးနှုန်းထက် ပိုမို၍ ရောင်းချမှုမရှိစေရေး စစ်ဆေးကြပ်မတ်ဆောင်ရွက်လျက်ရှိကြောင်း၊ ကောင်စီဝင်များအနေဖြင့်   နိုင်ငံ့အကျိုး၊    ပြည်သူတို့၏အကျိုးကိုသာ ကြည့်၍   ဆောင်ရွက်သွားရန်လိုကြောင်း၊  ကုန်ဈေးနှုန်းကြီးကြပ်ရေး ကော်မတီအနေဖြင့်လည်း စနစ်တကျ စိစစ်ကြီးကြပ်ကိုင်တွယ်သွားရန် မှာကြားပြီးဖြစ်ကြောင်းနှင့်   အခြားလိုအပ်သည်များကို    ဖြည့်စွက် ပြောကြားသည်။


ထို့နောက်  နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက နိဂုံးချုပ် အမှာစကားပြောကြားရာတွင် နိုင်ငံရေးပါတီများဖွဲ့စည်းမှုနှင့် ပတ်သက် ၍  စနစ်တကျမှန်မှန်ကန်ကန်ဖြစ်ရန်လိုကြောင်း၊   သတ်မှတ်ထားသည့် စည်းမျဉ်းစည်းကမ်းသတ်မှတ်ချက်နှင့် ကိုက်ညီရန်လိုကြောင်း၊ နိုင်ငံရေး ပါတီခေါင်းဆောင်များ၊ အဖွဲ့ဝင်များ၊ အလုပ်အမှုဆောင်များ ရွေးချယ်ရာ တွင်လည်း ပါတီတွင်းဒီမိုကရေစီစနစ်ဖြင့် အများဆန္ဒနှင့်အညီ ရွေးချယ် တင်မြှောက်ပါက   ပိုမိုသင့်တော်ကြောင်း၊  နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့်   ရွေးကောက်ပွဲမပြုလုပ်မီ   နိုင်ငံရေးပါတီများနှင့် တွေ့ဆုံဆွေးနွေးသွားရန်ရှိပါကြောင်း၊  ထိုသို့တွေ့ဆုံရာတွင် နိုင်ငံရေး ပါတီများမှ   ခေါင်းဆောင်များ၊   ကိုယ်စားလှယ်များသည်   ပါတီတွင်း ဒီမိုကရေစီစနစ်ဖြင့်  ပါတီကိုကိုယ်စားပြုသူများဖြစ်လျှင်  အဓိပ္ပာယ် ပြည့်ဝမည်ဖြစ်ကြောင်း၊ သို့မှသာ မိမိတို့နိုင်ငံ၏ အရေးကြီးလိုအပ်ချက်ဖြစ် သော လုပ်ငန်းစဉ်များကို ဖော်ဆောင်ရာ၌ ခိုင်မာသော ကိုယ်စားပြုမှုနှင့် ရေရှည်အာမခံချက်များ  ရှိလာမည်ဖြစ်ကြောင်း၊   မိမိတို့အစိုးရအနေ ဖြင့်  ချမှတ်ထားသော   အမျိုးသားရေးရည်မှန်းချက်များနှင့်   နိုင်ငံရေး ရည်မှန်းချက်များအတိုင်း ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက် သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့ကြောင်း သတင်းရရှိသည်။


သတင်းစဉ်