နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ညောင်နှစ်ပင်စိုက်ပျိုးမွေးမြူရေးဇုန်အတွင်း စိုက်ပျိုးမွေးမြူရေး ဆောင်ရွက်ထားရှိမှုအခြေအနေများ သွားရောက်ကြည့်ရှုစစ်ဆေး

 

နေပြည်တော်    မေ   ၂၀


နိုင်ငံတော်            စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ           နိုင်ငံတော် ဝန်ကြီးချုပ်       ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည်     ယနေ့ မွန်းလွဲပိုင်းတွင် ခရီးစဉ်တွင် လိုက်ပါ လာသည့်    အဖွဲ့ဝင်များ၊  ရန်ကုန် တိုင်းဒေသကြီး      ဝန်ကြီးချုပ်၊ ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူး နှင့်  တာဝန်ရှိသူများ လိုက်ပါ၍ ညောင်နှစ်ပင် စိုက်ပျိုးမွေးမြူရေး အထူးဇုန်အတွင်း စိုက်ပျိုးမွေးမြူ ရေး   ဆောင်ရွက်ထားရှိမှုကို သွားရောက်ကြည့်ရှု  စစ်ဆေး သည်။

 


ရှင်းလင်းတင်ပြ


ဦးစွာ    နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီဥက္ကဋ္ဌ   နိုင်ငံတော် ဝန်ကြီးချုပ်အား     ညောင်နှစ်ပင် စိုက်ပျိုးမွေးမြူရေး    အထူးဇုန် အစည်းအဝေးခန်းမတွင်  ရန်ကုန် တိုင်းဒေသကြီး        ဝန်ကြီးချုပ် ဦးစိုးသိန်းနှင့်  တာဝန်ရှိသူများက ညောင်နှစ်ပင်  စိုက်ပျိုးမွေးမြူရေး အထူးဇုန်   သမိုင်းအကျဉ်း၊   ဇုန် အတွင်း စိုက်ပျိုးရေးနှင့် မွေးမြူရေး လုပ်ငန်းများကို အပိုင်းလိုက်ခွဲခြား ဆောင်ရွက်ထားရှိမှု၊   ဇုန်အလိုက် စိုက်ပျိုးရေးနှင့်         မွေးမြူရေး လုပ်ငန်းများ   ဆောင်ရွက်လျက် ရှိမှုနှင့်    အသီးအနှံများ၊   အသား၊ နွားနို့နှင့် ဥများ ထုတ်လုပ်ရောင်းချ ပေးနိုင်မှု၊ ၂၀၂၂ ခုနှစ် ဇွန်လတွင် လာရောက်ခဲ့သည့်    နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ       ဥက္ကဋ္ဌ နိုင်ငံတော်             ဝန်ကြီးချုပ်၏ လမ်းညွှန်မှာကြားချက်များအပေါ် အကောင်အထည်ဖော်ဆောင်ရွက် လျက်ရှိမှု၊  ရန်ကုန်တိုင်းဒေသကြီး အတွင်း တစ်လအတွင်းနှင့် တစ်နှစ် အတွင်း အသား၊ ငါး ထုတ်လုပ်နိုင် မှုနှင့် စားသုံးနိုင်မှု ပျမ်းမျှစစ်တမ်း အရ တွက်ချက်ထားရှိမှု၊  စိုက်ပျိုး မွေးမြူရေးအထူးဇုန်အတွင်း လမ်း များ  စနစ်တကျရှိစေရေး  ပြုပြင် ဆောင်ရွက်ပြီးစီးမှု       အခြေအနေ များနှင့် စိုက်ပျိုးမွေးမြူရေးဇုန်ကို ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်သွားမည့်  အခြေအနေ များ၊ တိုက်ကြီးမြို့နယ်နှင့် တွံတေး မြို့နယ်တို့၌        မွေးမြူရေးဇုန် များ ဖော်ထုတ်နိုင်ရေး      လျာထား ဆောင်ရွက်လျက်ရှိမှု          တို့ကို ရှင်းလင်းတင်ပြသည်။

 


 စိုက်ပျိုးရေးမြေများ   အကျိုးရှိရှိ   အသုံးချ


ရှင်းလင်းတင်ပြမှုများအပေါ်  နိုင်ငံတော်          စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီး ချုပ်က ဇုန်အတွင်း စိုက်ပျိုးမွေးမြူ ရေး         ဆောင်ရွက်ရန်အတွက် ခွင့်ပြုပေးထားသည့်   မြေများကို ပြည့်ဝစွာ     စိုက်ပျိုးမွေးမြူရန်နှင့် စိုက်ပျိုးမွေးမြူရေးနှင့် မသက်ဆိုင် သည့် မြေအသုံးချမှုများမရှိစေရေး တာဝန်ရှိသူများက   စနစ်တကျ ကြပ်မတ်ဆောင်ရွက်ရန်     လို ကြောင်း၊ ပုဂ္ဂလိက စီးပွားရေးလုပ် ကိုင်သူများအနေဖြင့် နိုင်ငံတော်မှ ခွင့်ပြုပေးထားသည့်       စိုက်ပျိုး မွေးမြူရေးမြေနေရာများပေါ်တွင် အမှန်တကယ်   စိုက်ပျိုးမွေးမြူမှု များ ဆောင်ရွက်စေရေး စည်းကမ်း  နှင့်အညီ      ကြပ်မတ်ဆောင်ရွက် ရန်လိုကြောင်း၊   စိုက်ပျိုးရေးမြေ များကို   အကျိုးရှိရှိ   အသုံးချစေရ မည်ဖြစ်ကြောင်း၊        စိုက်ပျိုးရေး လုပ်ငန်းများကို      ဆောင်ရွက်ရာ တွင် မိရိုးဖလာစိုက်ပျိုးခြင်းထက် ခေတ်မီစိုက်ပျိုးရေး    စနစ်များကို အသုံးချ၍   ကျစ်ကျစ်လျစ်လျစ်ဖြင့် ပြည့်ဝစွာ  စိုက်ပျိုးထုတ်လုပ်နိုင်ရန် လိုကြောင်း၊ ထိုသို့ ဆောင်ရွက်ရာ တွင်လည်း       နိုင်ငံတကာ    စံချိန်  စံညွှန်းများနှင့်အညီ စိုက်ပျိုးနိုင်မှ သာ           ရန်ကုန်တိုင်းဒေသကြီး အတွက် ဖူလုံနိုင်မည်ဖြစ်ကြောင်း၊ စိုက်ပျိုးထုတ်လုပ်မှုများ   များပြား မှသာ   ဒေသအတွက်   ဝင်ငွေများ ပိုမိုရရှိနိုင်မည်ဖြစ်သဖြင့် တာဝန်ရှိ သူများအနေဖြင့်        စိုက်ပျိုး တောင်သူများကို    အသိပညာပေး ဆောင်ရွက်နေရန်   လိုကြောင်း၊ ဇုန်အတွင်းရှိ   ကုန်ထုတ်လမ်းများ ကိုလည်း    စနစ်တကျရှိစေရေး ဆောင်ရွက်သွားရန်    လိုကြောင်း နှင့်      အခြားလိုအပ်သည်များကို လမ်းညွှန်မှာကြားသည်။

 


ယင်းနောက်  နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ      ဥက္ကဋ္ဌ နိုင်ငံတော်        ဝန်ကြီးချုပ်သည် တက်ရောက်     လာကြသူများ၏ ဆွေးနွေး            တင်ပြမှုများအပေါ် တစ်နိုင်ငံလုံး    အတိုင်းအတာဖြင့် စိုက်ပျိုးမွေးမြူရေးကဏ္ဍ    ဖွံ့ဖြိုး တိုးတက်ရေးအတွက် ဆက်လက် ဆောင်ရွက်နိုင်မည့်     အခြေအနေ များနှင့် ပတ်သက်၍ အပြန်အလှန် ဆွေးနွေး ပြောကြားသည်။
ထို့နောက်      နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ         ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင် များသည် Green Light စိုက်ပျိုး မွေးမြူရေးခြံသို့       ရောက်ရှိကြရာ တာဝန်ရှိသူတစ်ဦးက    စိုက်ပျိုး မွေးမြူရေးခြံအတွင်း   ဥစားကြက် များ၊    ငါးများနှင့်    နှစ်ရှည်သီး နှံပင်များ စိုက်ပျိုးထားရှိမှု၊ ငါးသား ပေါက်များ          မွေးမြူခြင်းနှင့် ပျိုးပင်များ          စိုက်ပျိုးနေမှုကို ရှင်းလင်းတင်ပြသည်။

 


ရှင်းလင်းတင်ပြမှုများအပေါ် နိုင်ငံတော်            စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီး ချုပ်က      ရန်ကုန်တိုင်းဒေသကြီး အတွင်း မွေးမြူရေးတိရစ္ဆာန်အစာ များကို ဒေသတွင်းမှ ထွက်ရှိသည့် စိုက်ပျိုးရေး       ထွက်ကုန်များဖြင့် လုံလောက်စွာ ထုတ်လုပ်နိုင်ရန်လို  ကြောင်း၊ အလားတူ   ကြက်သား ပေါက်များကိုလည်း    ဒေသတွင်း လုံလောက်စွာ   ထုတ်လုပ်နိုင်ရန် လိုကြောင်း၊     စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများကို     ဆောင်ရွက်ရာ တွင် နိုင်ငံတကာ သတ်မှတ်စံချိန် စံညွှန်းများနှင့်အညီ  ဆောင်ရွက် ရန်လိုကြောင်း ပြောကြားသည်။

 


ယင်းနောက်  နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ    ဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ်နှင့် အဖွဲ့ ဝင်များသည်  စိုက်ပျိုးမွေးမြူရေး ခြံအတွင်း  ဥစားကြက်များမွေးမြူ ထားရှိမှု၊    ငါးမွေးမြူထားရှိမှုနှင့် ဒူးရင်းပင်အပါအဝင် နှစ်ရှည်သီးနှံ ပင်များ  စိုက်ပျိုးထားရှိမှု   အခြေ အနေများကို  လှည့်လည်ကြည့်ရှု ပြီး တာဝန်ရှိသူများ၏ တင်ပြချက် များအပေါ်          သိရှိလိုသည်များ မေးမြန်းပြီး လိုအပ်သည်များကို အကြံပြု           ဆွေးနွေးပြောကြား သည်။

 


 ကြည့်ရှုအားပေး


ထို့နောက်         နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ          ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင် များသည်   ညောင်နှစ်ပင်စိုက်ပျိုးမွေးမြူရေး         အထူးဇုန်အတွင်း ခေတ်မီမွေးမြူရေး     စနစ်ဖြင့် မွေးမြူထားရှိသည့်     ပုဂ္ဂလိက ဥစားကြက်     မွေးမြူရေးခြံနှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့    အစီ အစဉ်ဖြင့်       မွေးမြူထားရှိသည့် ဆိတ်မွေးမြူရေးခြံနှင့် စိုက်ပျိုးခြံ များကို သွားရောက်ကြည့်ရှု စစ်ဆေးပြီး      တာဝန်ရှိသူများ၏ တင်ပြချက်များအပေါ်     လိုအပ် သည်များ   လမ်းညွှန်မှာကြားပြီး ဟင်းသီးဟင်းရွက် လက်ကားဈေး၊ ဈေးရုံအမှတ်(၂)၌ ဒေသခံပြည်သူ များ     ဟင်းသီးဟင်းရွက်ရောင်းချ နေမှုများကို     ကြည့်ရှုအားပေးခဲ့ ကြောင်း သတင်းရရှိသည်။


သတင်းစဉ်