
နေပြည်တော် မေ ၂၀
အားကောင်းသော ဆိုင်ကလုန်းမုန်တိုင်း (Severe Cyclonic Storm) “မိုခါ” (MOCHA) ဝင်ရောက်မှုကြောင့် သဘာဝ ဘေးဒဏ်သင့်ခဲ့ရသည့် ဒေသများ၌ ကူညီ ကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင် ရေးလုပ်ငန်းများ ပိုမိုထိရောက်မြန်ဆန်စွာ ဆောင်ရွက်နိုင်ရေး ညှိနှိုင်းအစည်းအဝေး ကို ယနေ့နံနက်ပိုင်းတွင် နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်၍ ကာကွယ်ရေး ဦးစီးချုပ်ရုံး စုဝေးခန်းမ၌ ကျင်းပသည်။
အစည်းအဝေးသို့ ကောင်စီတွဲဖက် အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ပြည်ထောင်စုဝန်ကြီးများဖြစ် ကြသည့် ဦးဝင်းရှိန်၊ ဦးခင်မောင်ရီ၊ ဦးမင်းနောင်နှင့် ဦးမျိုးသန့်၊ ရန်ကုန်တိုင်း ဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်း၊ ညှိနှိုင်း ကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီး မောင်မောင်အေး၊ ကာကွယ် ရေးဦးစီးချုပ်(ရေ)ဗိုလ်ချုပ်ကြီး မိုးအောင်၊ ကာကွယ်ရေးဦးစီးချုပ်(လေ) ဗိုလ်ချုပ် ကြီး ထွန်းအောင်၊ ကာကွယ်ရေးဦးစီး ချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
ကူညီကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်နေမှု အခြေအနေများကို ကဏ္ဍအလိုက် ရှင်းလင်းတင်ပြ
ဦးစွာ ညှိနှိုင်းကွပ်ကဲရေးမှူး(ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီး မောင်မောင်အေး က သဘာဝဘေးအန္တရာယ် ကျရောက်ခဲ့ရ သည့် ဒေသများတွင် လိုအပ်သည့် ကူညီ ကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေး လုပ်ငန်းများ ကူညီဆောင်ရွက်ပေးနိုင်ရေး အတွက် တပ်မတော်မှ ကြိုတင်စုဖွဲ့ စေလွှတ်ထားသည့် ကူညီကယ်ဆယ်ရေး ယာဉ်တန်းအဖွဲ့များက နယ်မြေခံလုံခြုံရေး တပ်ဖွဲ့ဝင်များ၊ လူမှုကယ်ဆယ်ရေးအဖွဲ့ များနှင့်ပူးပေါင်း၍ အင်တိုက် အားတိုက် ကူညီဆောင်ရွက်ပေးလျက်ရှိမှု၊ သွားလာ ရန်ခက်ခဲသည့် ဒေသများသို့ ကုန်းလမ်း၊ ရေလမ်းတို့ဖြင့် ခက်ခက်ခဲခဲ ချီတက်ခဲ့ရမှု အခြေအနေများကို ရှင်းလင်းတင်ပြ သည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးများ၊ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော် အရာရှိကြီးများ၊ ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူးတို့က ဘင်္ဂလားပင်လယ်အော် အတွင်း၌ ဖြစ်ပေါ်လျက်ရှိသည့် မုတ်သုံ (Monsoon) သည် မေလအတွင်း ရန်ကုန် တိုင်းဒေသကြီးနှင့် မြန်မာနိုင်ငံအလယ် ပိုင်းတို့သို့ ဆက်လက်ဝင်ရောက်လာနိုင် မည့်အခြေအနေများ၊ တပ်မတော်(ကြည်း၊ ရေ၊လေ) မိသားစုများ၊ စေတနာရှင် အလှူ ရှင်များက လှူဒါန်းသည့် စားသောက် ဖွယ်ရာများ၊ ကူညီထောက်ပံ့ရေးပစ္စည်း များ၊ အမျိုးသားသဘာဝဘေးအန္တရာယ် ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီက ထောက်ပံ့ ပေးအပ်သည့် ပစ္စည်းများ၊ ကူညီ ကယ်ဆယ်ရေးအဖွဲ့များနှင့် ကူညီ ကယ်ဆယ်ရေးပစ္စည်းများကို တပ်မတော် လေယာဉ်၊ ရဟတ်ယာဉ်များ၊ ရေယာဉ် များဖြင့် ပို့ဆောင်ပေးလျက်ရှိသည့် အခြေ အနေများနှင့် ဆက်လက်ပို့ဆောင်သွား မည့် အခြေအနေများ၊ သဘာဝဘေးဒဏ် သင့်ဒေသများ၌ တပ်မတော်ဆေးတပ်ဖွဲ့ ဝင်များဖြင့် ဖွဲ့စည်းထားသည့် အထူးဆေး ကုသရေးအဖွဲ့များက နယ်မြေခံကျန်းမာရေး ဝန်ထမ်းများနှင့် ပူးပေါင်း၍ နေ့စဉ် ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများ ကို ဆောင်ရွက်ပေးလျက်ရှိမှု၊ ပြည်တွင်း၊ ပြည်ပမှ လှူဒါန်းရရှိသည့် အဝတ်အထည် များ၊ ဆောက်လုပ်ရေးသုံးပစ္စည်းများနှင့် စားသောက်ဖွယ်ရာပစ္စည်းများကို ရခိုင် ပြည်နယ်၊ ချင်းပြည်နယ်နှင့် အခြား သဘာဝဘေးဒဏ်သင့်ခဲ့ရသည့် ဒေသများ သို့ ဖြန့်ဝေပေးနိုင်ရေး ဆောင်ရွက်လျက် ရှိမှု၊ ရခိုင်ပြည်နယ်အတွင်း စိုက်ပျိုးရေး လုပ်ငန်းများ ပြန်လည်ဆောင်ရွက်နိုင်ရေး လိုအပ်သည်များကို ကြိုတင်ပြင်ဆင် ဆောင်ရွက်ပေးလျက်ရှိမှု၊ စက်မှု လယ်ယာအဖွဲ့များ၊ တိရစ္ဆာန်ဆေးကုအဖွဲ့ များကိုလည်း စေလွှတ်ပေးလျက်ရှိမှု၊ သဘာဝဘေးဒဏ်သင့် ဒေသများတွင် ပြန်လည်ထူထောင်ရေး လုပ်ငန်းများ ဆောင်ရွက်ရာ၌ လိုအပ်လျက်ရှိသည့် သစ်ခွဲသားများကို စစ်တွေမြို့သို့ ဦးစွာ ပို့ဆောင်ပေးလျက်ရှိမှု၊ စာသင်ကျောင်း၊ ဆေးရုံများ၊ တက္ကသိုလ်တို့၌ ပျက်စီး ဆုံးရှုံးမှုများကို အမြန်ဆုံး ပြန်လည်ပြုပြင် တည်ဆောက်နိုင်ရေးအတွက် စီစဉ် ဆောင်ရွက်ပေးလျက်ရှိမှုနှင့် ဆောက်လုပ် ရေးသုံးပစ္စည်းများလိုအပ်မှု၊ တည် ဆောက်ရေးပစ္စည်းများ မရောက်ရှိမီ ကြိုတင်ဆောင်ရွက်နိုင်သည့် လုပ်ငန်း များကို ဆောင်ရွက်လျက်ရှိမှုတို့နှင့် ပတ်သက်၍ တင်ပြကြသည်။
ကူညီကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ စနစ်တကျ ဆောင်ရွက်ရမည်
တင်ပြမှုများအပေါ် နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ်က သဘာဝဘေးဒဏ်သင့်ခဲ့ရ သည့် ဒေသများအနက် ရခိုင်ပြည်နယ် စစ်တွေမြို့နှင့် ရသေ့တောင်မြို့တို့သည် ပျက်စီးမှုအများဆုံးဖြစ်သည်ကို တွေ့ရှိရ ကြောင်း၊ လူထိခိုက်မှုများလည်းရှိ ကြောင်း၊ ကူညီကယ်ဆယ်ရေးလုပ်ငန်းနှင့် ပြန်လည်ထူထောင်ရေး လုပ်ငန်းများ ဆောင်ရွက်ရာတွင် အဖွဲ့လိုက်ပြန့်ကျဲ နေခြင်းမျိုး မဖြစ်စေရန်နှင့် အမှန်တကယ် လိုအပ်သည့်နေရာများ မကျန်ရှိစေရန် နေ့စဉ် ဆွေးနွေးပွဲပြုလုပ်၍ ဆောင်ရွက် ကြရမည်ဖြစ်ကြောင်း၊ ထောက်ပံ့ရေး ပစ္စည်းများ ပေးအပ်မှုများကိုလည်း စနစ်တကျဖြင့် မှတ်ပုံတင်ကာဆောင် ရွက်ရန်လိုကြောင်း၊ အဓိကလိုအပ်သည် မှာ သဘာဝဘေးဒဏ်ခံခဲ့ရသည့် ဒေသ များ၌ စားရေရိက္ခာများ ပြတ်လပ်မှု မရှိစေ ရေးနှင့် ဆက်သွယ်မှုပြတ်တောက်မှု မရှိ အောင် ကနဦး ဦးစားပေးဆောင်ရွက်ပေးရန်လိုကြောင်း၊ လမ်းပန်းဆက်သွယ်ရေး ယခင်အတိုင်း ဖြစ်စေရေးအတွက်လည်း လမ်းကြောင်းများ၌ ပိတ်ဆို့လျက်ရှိသည့် သစ်ပင်၊ သစ်ကိုင်းများကို စနစ်တကျ ဖယ်ရှားရှင်းလင်းရန်နှင့် ရှင်းလင်းရာမှရရှိ လာသည့် သစ်ပင်ကြီးများကို ပြန်လည် ထူထောင်ရေးလုပ်ငန်းများ၌ အသုံးပြုနိုင် ရေး စီမံဆောင်ရွက်သွားရန်လိုကြောင်း။
အရိပ်ရလေကာပင်များသည် မိမိတို့ ၏ ပတ်ဝန်းကျင်နှင့် လိုအပ်သည်ဖြစ်သော် လည်း လူနေအိမ်များအနီးနှင့် ဓာတ်တိုင်၊ ဓာတ်ကြိုးများနှင့် လွတ်ကင်းမှုမရှိသည့် သက်တမ်းရင့် သစ်ပင်ကြီးများကိုမူ ဘေးအန္တရာယ်မရှိစေရေး ကြိုတင် ရှင်းလင်းထားရန် လိုအပ်မည်ဖြစ်ကြောင်း၊ အုန်းပင်များနှင့် လမုပင်များသည် သဘာဝဘေးအန္တရာယ်မှ ကာကွယ်ပေး နိုင်သည့်အတွက် ကမ်းစပ်တစ်လျှောက် နှင့် ကမ်းရိုးတန်းဒေသများအတွင်း ဖြစ်နိုင်သမျှ အရေအတွက်များများ စိုက်ပျိုးထားရှိရန် ယခင်ကတည်းက တိုက်တွန်း မှာကြားခဲ့ပြီးဖြစ်ပြီး ယခု လည်း ထပ်မံမှာကြားလိုကြောင်း၊ သဘာဝဘေးဒဏ်သင့်ခဲ့ရသည့် ဒေသများ ၌ သစ်ပင်ကြီးမျိုးများ ပြန်လည်စိုက်ပျိုးနိုင် ရေး နှစ်နှစ်နှင့်အထက်၊ နှစ်ပေအထက် အပင်များကို အရေအတွက်အများအပြား ပို့ဆောင်ပေးရန်လိုကြောင်း၊ အုန်းပင်နှင့် လမုပင်များကိုလည်း မြို့ပတ်လည်နှင့် လေကြောင်းသင့်သည် နေရာများတွင် အဓိကထား စိုက်ပျိုးသွားရန်လိုကြောင်း။
သဘာဝဘေးဒဏ်သင့်ဒေသများသို့ ကူညီကယ်ဆယ်ရေး ပစ္စည်းများနှင့် ပြန်လည်ထူထောင်ရေး ပစ္စည်းများကို ပြည်တွင်း၊ ပြည်ပမှ ထောက်ပံ့ပေးအပ် လျက်ရှိပြီး မကြာမီတွင် ထပ်မံရောက်ရှိ လာမည်ဖြစ်ကြောင်း၊ ထို့ကြောင့် သယ်ယူ ပို့ဆောင်ရေးလုပ်ငန်းများ ဆောင်ရွက်ရာ တွင် ပိုမိုလျင်မြန်စွာ ဆောင်ရွက်နိုင်ရေး အတွက် လေဆိပ်များတွင် Conveyor များ ထားရှိဆောင်ရွက်သွားရန်လို ကြောင်း၊ ကျန်းမာရေးစောင့်ရှောက်မှု များ ဆောင်ရွက်ပေးလျက်ရှိသည့် နယ်လှည့် ဆေးကုသရေးအဖွဲ့များနှင့် အထူးဆေးကုသရေးအဖွဲ့များအနေဖြင့် လည်း ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းကို အပြည့်အဝ ဆောင်ရွက် ပေးသွားရန်လိုကြောင်း၊ လိုအပ်သည့် ဆေးဝါးပစ္စည်းများကိုလည်း ဖြည့်တင်း ဆောင်ရွက်ပေးသွားရန်လိုကြောင်း။
ကူညီကယ်ဆယ်ရေးနှင့် ပြန်လည်တည်ဆောက်ရေးလုပ်ငန်းများကို မိုး မကျမီအတွင်း လူအင်အား၊ စက်ယန္တရား အင်အားသုံး၍ လုပ်ငန်းတွင်ကျယ်မှုရှိ အောင် ဆောင်ရွက်သွားရန်လိုကြောင်း၊ ဆောက်လုပ်ရေးသုံး သစ်ခွဲသားများကို ပို့ဆောင်ပေးလျက်ရှိသကဲ့သို့ ဒေသတွင်း ၌ လိုအပ်သည့် သစ်ခွဲသားများထုတ်လုပ် နိုင်ရန်လည်းလိုကြောင်း၊ သဘာဝဘေး အန္တရာယ်ခိုလှုံရာ Shelter များကိုလည်း ထပ်မံ ဆောက်လုပ်ပေးရန်လိုကြောင်း၊ သဘာဝဘေးအန္တရာယ် မကျရောက်မီ Shelter များ ဆောက်လုပ်ပြီး ရွှေ့ပြောင်း ပေးခဲ့ခြင်းကြောင့်လည်း ယခုကဲ့သို့ သေဆုံးမှုရာခိုင်နှုန်း နည်းပါးခဲ့ရခြင်းဖြစ် ကြောင်း၊ ထပ်မံဆောက်လုပ်ရာတွင် ခိုလှုံ ရေး၊ ပညာသင်ကြားရေးစသော Multi-purpose အသုံးပြုနိုင်သည့် Shelter များ အထိ ရေရှည်စဉ်းစားဆောင်ရွက်သွား ရန်လိုကြောင်း၊ တပ်မတော်အင်ဂျင်နီယာတပ်ဖွဲ့ဝင်များကလည်း လိုအပ်သည်များ ကို ကူညီဆောင်ရွက်ပေးသွားရန်လို ကြောင်း၊ သဘာဝဘေးဒဏ်သင့်ဒေသများ ၌ ကုန်ဈေးနှုန်းကြီးမြင့်မှုများ မဖြစ်ပေါ် စေရေးအတွက်လည်း အသားဘူး၊ ငါးဘူး များကို ပို့ဆောင်ပေးခြင်းနှင့် အသား၊ ငါး များ ဈေးနှုန်းသက်သာစွာ ဝယ်ယူစားသုံး နိုင်အောင် စီမံဆောင်ရွက်ပေးသွားရန်လို ကြောင်း၊ ဘုန်းတော်ကြီးကျောင်းများ၊ သာသနာ့နွယ်ဝင် သီလရှင်ကျောင်းများ၊ ဘာသာရေးကျောင်းများ၏ စားရေး သောက်ရေး အဆင်ပြေစေရေးအတွက် လည်း တာဝန်ရှိသူများက ကြည့်ရှုဆောင် ရွက်ပေးသွားရန်လိုကြောင်းဖြင့် မှာကြား ပြီး လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိ သည်။
သတင်းစဉ်