
လက်ဖက်နှင့်ကော်ဖီများကို ပိုမိုတိုးချဲ့စိုက်ပျိုးပြီး စနစ်တကျဆောင်ရွက်မည်ဆိုပါက ပြည်ပနိုင်ငံများသို့ တင်ပို့ရောင်းချနိုင်
နေပြည်တော် မတ် ၇
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ယနေ့မွန်းလွဲပိုင်းတွင် ရှမ်းပြည်နယ်အတွင်းရှိ အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေး (MSME) လုပ်ငန်းရှင်များအား တောင်ကြီးမြို့ မြို့တော်ခန်းမ၌ တွေ့ဆုံ၍ ဒေသဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာများနှင့် စီးပွားရေးလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာများကို ဆွေးနွေးပြောကြားသည်။
အဆိုပါ တွေ့ဆုံပွဲသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ်နှင့်အတူ ကောင်စီတွဲဖက် အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ကောင်စီဝင်များဖြစ်ကြသည့် ဗိုလ်ချုပ်ကြီး တင်အောင်စန်း၊ ဒေါက်တာ ကျော်ထွန်း၊ ပြည်ထောင်စုဝန်ကြီးများ၊ ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင် ဇော်အေး၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများ၊ အရှေ့ပိုင်း တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် လှမိုး၊ ဒုတိယဝန်ကြီးများ၊ ပြည်နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ မြို့မိ မြို့ဖ များ၊ ရှမ်းပြည်နယ်အတွင်းရှိ အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေး (MSME) လုပ်ငန်းရှင်များနှင့် တာဝန်ရှိသူ များ တက်ရောက်ကြသည်။
MSME လုပ်ငန်းများ ဆောင်ရွက်လျက်ရှိမှုနှင့် လိုအပ်ချက်များအား တစ်ဦးချင်း တင်ပြဆွေးနွေး
ဦးစွာ ရှမ်းပြည်နယ် ဝန်ကြီးချုပ် ဦးအောင်ဇော်အေးက ရှမ်းပြည်နယ် အတွင်း အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်း(MSME)များ ဖွံ့ဖြိုးတိုးတက်ရေးဆောင်ရွက်လျက် ရှိမှု၊ ပြည်တွင်း၊ ပြည်ပမှ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ ဆောင်ရွက်လျက်ရှိမှု၊ အကြီးစား၊ အလတ်စားနှင့် အငယ်စား စက်မှုလုပ်ငန်းများ ဆောင်ရွက်လျက်ရှိမှု၊ သီးနှံများ ထုတ်လုပ်လျက်ရှိမှု၊ စက်မှုဇုန် များအလိုက် လုပ်ငန်းများ အကောင် အထည်ဖော် ဆောင်ရွက်လျက်ရှိမှု၊ ကုန်ထုတ်လုပ်မှုသင်တန်းများ ဖွင့်လှစ် ဆောင်ရွက်ပေးလျက်ရှိမှု၊ တန်ဖိုးမြှင့် စီးပွားရေးထုတ်ကုန်များ ထုတ်လုပ်လျက် ရှိမှု၊ ဒေသတစ်ခု ထုတ်ကုန်တစ်ခု (One Village One Product) များဆောင်ရွက် လျက်ရှိမှု၊ ထုတ်ကုန်ပြပွဲများကျင်းပပေးနိုင်မှု၊ စိုက်ပျိုး၊ မွေးမြူရေးလုပ်ငန်းများနှင့် ကုန်ထုတ်လုပ်မှု လုပ်ငန်းများအတွက် ရင်းနှီးမတည်ငွေများ ထုတ်ချေးပေးထား မှု၊ MSME လုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆက်လက်ဆောင်ရွက်သွား မည့် အခြေအနေများနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြသည်။
ယင်းနောက် တက်ရောက်လာကြ သည့် MSME လုပ်ငန်းရှင်များက ဆွေးနွေး တင်ပြကြရာ “လွယ်မွေ” ကုမ္ပဏီလီမိ တက်မှ ဦးအောင်ဝင်း၊ “မိုးကောင်းကင်” ကယားဝက်အူချောင်း လုပ်ငန်းမှ ဒေါ်ခိုင်စိုးသူ၊ ရှမ်းပြည်နယ်(တောင်ပိုင်း) မြန်မာနိုင်ငံ သစ်သီးဝလံပန်းမန် စိုက်ပျိုးထုတ်လုပ်တင်ပို့ရောင်းချသူများအသင်း ဥက္ကဋ္ဌ ဦးခင်အောင်၊ မွေးမြူရေးလုပ်ငန်း လုပ်ကိုင်သူ ဒေါက်တာ စိုင်းလုံ၊ “SHAN Orchard” ထောပတ်ဆီ ထုတ်လုပ်မှု လုပ်ငန်းမှ ဦးမျိုးသက်လွင်နှင့် တက်ရောက်လာကြသူများက ဒေသ ထွက် မိရိုးဖလာစားသောက်ကုန်များကို တန်ဖိုးမြှင့်ထုတ်ကုန်အဖြစ် ထုတ်လုပ် ရောင်းချလျက်ရှိမှုနှင့် ပြည်ပဈေးကွက် ဖြန့်ချိရေးနှင့် ကုန်ထုတ်လုပ်မှုများ ပိုမို တိုးတက်အောင် ထုတ်လုပ်နိုင်ရန်အတွက် ဖြေရှင်းရမည့်ကိစ္စရပ်များ၊ ရှမ်းပြည်နယ်မှ ထွက်ရှိသည့် သစ်သီးဝလံနှင့် ပန်းမန်များ ကို ပြည်ပနိုင်ငံများသို့ ထုပ်ပိုးတင်ပို့ ရောင်းချလျက်ရှိမှု၊ အဓိကထွက်ကုန်ဖြစ် သည့် ထောပတ်စိုက်ပျိုးမှုများကို တိုးချဲ့ စိုက်ပျိုးလျက်ရှိမှု၊ စိုက်ပျိုးရေးလုပ်ငန်း များကို ယခုထက် ပိုမိုတိုးချဲ့ထုတ်လုပ်နိုင် ရန်အတွက် ရင်းနှီးမြှုပ်နှံမှု ချေးငွေများ လိုအပ်လျက်ရှိမှု၊ ထောပတ်သီးများကို ပြည်ပနိုင်ငံများသို့ တင်ပို့နိုင်ရန်အတွက် နိုင်ငံတော်မှ G to G စနစ်ဖြင့် ဆောင်ရွက် ပေးစေလိုမှု၊ သစ်သီးများကို တန်ဖိုးမြှင့် ထုတ်ကုန်များ ထုတ်လုပ်နိုင်ရန်အတွက် ရင်းနှီးမြှုပ်နှံမှုများ ဆောင်ရွက်ရန်လိုအပ် မှု၊ မွေးမြူရေးလုပ်ငန်းများအတွက် သုတေသနပြုဓာတ်ခွဲခန်းများ အဆင့် မြှင့်တင်ရာတွင် နိုင်ငံတော်မှ ကူညီပံ့ပိုး ပေးစေလိုမှုနှင့် လုပ်ငန်းတိုးချဲ့ရေးအတွက် မြေနေရာရရှိနိုင်ရေး၊ ကုန်ထုတ်လုပ်မှု လုပ်ငန်းများ ဆောင်ရွက်ရာတွင် ကုန်ထုတ်လုပ်မှုလမ်းများနှင့် လျှပ်စစ်မီး လိုအပ်ချက်ရှိမှု၊ နောင်တရားဒေသတွင်း စိုက်ပျိုးဖြစ်ထွန်းသည့် အာလူးစိုက်ပျိုးရေး ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကူညီ ဆောင်ရွက်ပေးစေလိုမှု၊ ပုဂ္ဂလိကဆေးရုံ များ၏ ဝန်ဆောင်မှုလုပ်ငန်းများ ပိုမို ဆောင်ရွက်ပေးနိုင်ရေးအတွက် ဆောင် ရွက်ပေးစေလိုမှု၊ ရှမ်းပြည်နယ် (တောင်ပိုင်း) ဆန်စက်လုပ်ငန်း ဖွံ့ဖြိုး တိုးတက်ရေး၊ ဆန်စပါးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး လိုအပ်သည့် နည်းပညာ များနှင့် အရင်းအနှီးများ ကူညီပေးစေလိုမှု၊ အင်းလေးဒေသရှိ ဇီဝမြေဩဇာ ထုတ်လုပ် မှုလုပ်ငန်း အောင်မြင်မှုရှိစေရေးအတွက်
ဆောင်ရွက်ပေးစေလိုမှုတို့ကို အသီးသီး တင်ပြဆွေးနွေးကြရာ နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ်က လိုအပ်သည်များ ပြန်လည် မေးမြန်းဆွေးနွေးပြောကြားသည်။
ပြည်ထောင်စုဝန်ကြီးများက သက်ဆိုင်ရာကဏ္ဍအလိုက် ပြန်လည်ရှင်းလင်းဆွေးနွေး
ဆက်လက်ပြီး လုပ်ငန်းရှင်များ၏ တစ်ဦးချင်း ရှင်းလင်းတင်ပြမှုများနှင့် ပတ်သက်၍ ပြည်ထောင်စုဝန်ကြီးများ၊ ဒုတိယဝန်ကြီးများက ဝန်ကြီးဌာန အလိုက် လုပ်ငန်းအကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိမှု၊ အာလူးစိုက် တောင်သူများအတွက် ဒေသနှင့် ကိုက်ညီသည့် အာလူးမျိုးများရရှိရေး၊ စပါးစိုက် တောင်သူများအတွက် မျိုးကောင်း မျိုးသန့်များ ရရှိရေး သက်ဆိုင်ရာဝန်ကြီးဌာနမှ ဆောင်ရွက် ပေးသွားမည်ဖြစ်သဖြင့် ဆက်သွယ် ဆောင်ရွက်နိုင်မှု၊ စိုက်ပျိုးမြေများ ရရှိလိုမှု၊ လုပ်ငန်းအတွက်ချေးငွေများ ရရှိလိုမှု တို့နှင့် ပတ်သက်၍ လုပ်ငန်းရှင်များ အနေဖြင့် ဥပဒေလုပ်ထုံးလုပ်နည်းများနှင့် အညီ တင်ပြလျှောက်ထားနိုင်ပြီး မှန်မှန် ကန်ကန်ဆောင်ရွက်ရန် လိုအပ်မှု၊ လုပ်ငန်း တိုးချဲ့ဆောင်ရွက်နိုင်ရေးတို့ အတွက် လုပ်ငန်းအလိုက် အတိုးနှုန်း သက်သာသည့် ချေးငွေများ ရရှိနိုင်ရေး ဆောင်ရွက်ပေးလျက်ရှိမှု၊ ကျေးလက် ဒေသဖွံ့ဖြိုးရေးနှင့် ကျေးလက်နေ ပြည်သူ များ၏ လူမှုစီးပွားဘဝ မြင့်မားစေရေး၊ ဝင်ငွေတိုးပွား စေရေးတို့အတွက် သမဝါယမ အသင်းအဖွဲ့များစုဖွဲ့၍ လိုအပ် သည့် စက်ကိရိယာများ၊ အရင်းအနှီးများ မတည်ဆောင်ရွက် ပေးလျက်ရှိမှု၊ မျိုးကောင်းမျိုးသန့်များ ရရှိရေး၊ သွင်းအား စုများ ရရှိရေးအတွက်လည်း ဆောင်ရွက် ပေးလျက်ရှိသဖြင့် သက်ဆိုင်ရာဝန်ကြီး ဌာနများ လက်အောက်ရှိ နယ်မြေခံ ဦးစီးဌာနများမှတစ်ဆင့် ဆက်သွယ် ဆောင်ရွက်နိုင်မှု၊ MSME လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဝန်ကြီးဌာန အလိုက်၊ တိုင်းဒေသကြီးနှင့် ပြည်နယ် အလိုက် အားပေးဆောင်ရွက်လျက်ရှိမှု၊ စက်မှုလုပ်ငန်းများအတွက် လိုအပ်သည့် စက်မှုမှတ်ပုံတင်ခြင်းများကို သတ်မှတ် ချက်များနှင့်အညီ ဆောင်ရွက်ပေးလျက် ရှိမှု၊ တရားမဝင်ကုန်စည်စီးဆင်းမှုများ သည် ပြည်တွင်းစီးပွားရေးလုပ်ငန်းများကို များစွာထိခိုက်စေနိုင်သောကြောင့် တာဝန်ရှိသူများက ကြပ်မတ်စစ်ဆေး လျက်ရှိသကဲ့သို့ အားလုံးဝိုင်းဝန်း တိုက်ဖျက်ကြရန် လိုအပ်မှု၊ စပါးခွံ လောင်စာသုံး လျှပ်စစ်ဓာတ်အားပေး စက်ရုံများ တည်ဆောက်နိုင်ရေး လိုအပ် သည့် နည်းပညာနှင့် စက်ကိရိယာများ ကူညီဆောင်ရွက်ပေးသွားမည် ဖြစ်သဖြင့် ဆက်သွယ်ဆောင်ရွက်နိုင်မှု၊ စားသောက် ကုန်များ၏ အရည်အသွေးစစ်ဆေး၍ FDA လက်မှတ်များ ထုတ်ပေးလျက်ရှိမှုနှင့် သင်တန်းများ ပို့ချဆောင်ရွက်ပေးလျက် ရှိမှု စသည်ဖြင့် သက်ဆိုင်ရာကဏ္ဍများ အလိုက် အသီးသီး ပြန်လည်ဆွေးနွေး ပြောကြားကြသည်။ ထို့နောက် ပြည်နယ် ဝန်ကြီးချုပ်က တင်ပြချက်များအပေါ် ပြည်နယ် အစိုးရအဖွဲ့အနေဖြင့် အလေးထားမှတ်သား၍ သက်ဆိုင်ရာ ဝန်ကြီးဌာနများနှင့် အမြန်ဆုံးဆက်သွယ် ဆောင်ရွက်ပေးသွားမည်ဖြစ်သည့် အခြေ အနေများနှင့် ပတ်သက်၍ ဆွေးနွေး ပြောကြားသည်။
အစားအသောက်လုံခြုံရေးနှင့်
ပတ်သက်၍ ဖြည့်စွက်မှာကြား
ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီး ချုပ်က ဆွေးနွေးပြောကြားရာတွင် လုပ်ငန်းရှင်များအသီးသီး၏ တင်ပြချက် များအပေါ် တာဝန်ရှိသူများက အသီးသီး ပြန်လည်ဆွေးနွေးပြီး ဖြစ်ကြောင်း၊ စားသောက်ကုန်နှင့် ပတ်သက်၍ ပြည်ပမှ ဝင်ရောက်လာသည့် တရားဝင် စားသောက်ကုန်များ၊ ပြည်တွင်းမှ ထုတ်လုပ်သည့် စားသောက်ကုန်များ အမျိုးမျိုးရှိကြပြီး အစားအသောက် လုံခြုံရေး (Food Security) ကို အလေး ထားကြရမည်ဖြစ်ကြောင်း၊ ထို့ကြောင့် အစားအသောက် ထုတ်ကုန်များနှင့် ပတ်သက်၍ FDA စည်းကမ်း၊ ခွင့်ပြုချက် များရရှိရန် သတ်မှတ်အရည်အသွေးများ ပြည့်မီရန်လိုကြောင်း၊ မိမိထုတ်လုပ်သည့် စားသောက်ကုန်များ၏ အရည်အသွေး မပြည့်မီမှုများကြောင့် စားသုံးသူများ ဘေးအန္တရာယ်ဖြစ်ပွားမှု မရှိစေရေး လိုအပ်သည့် စစ်ဆေးမှုများကို စနစ်တကျ ဖြင့် ခံယူပြီးမှသာ ဈေးကွက်အတွင်းသို့ ဖြန့်ဖြူးကြရမည်ဖြစ်ကြောင်း၊ ကုန်ပစ္စည်း ထုတ်လုပ်သည့်ရက်၊ ကုန်ဆုံးရက်များကို လည်း စနစ်တကျ ရိုက်နှိပ်ပေးထားရန် လိုကြောင်းကို ဖြည့်စွက်ပြောကြားလို ကြောင်း။
ဒေသထုတ်ကုန်များကို အခြေခံသည့် ပြည်တွင်းကုန်ထုတ်လုပ်မှု
လုပ်ငန်းများကို အားပေးဆောင်ရွက်
ရှမ်းပြည်နယ်အတွင်းရှိ အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေး (MSME) လုပ်ငန်းရှင်များကို တွေ့ဆုံ၍ မိမိတို့နိုင်ငံ၏ စီးပွားရေးလုပ်ငန်းများကို မြှင့်တင်နိုင်ရန်အတွက် လိုအပ်သည်များ ကို ဆွေးနွေးပြောကြားနိုင်ရန်၊ စီးပွားရေး လုပ်ငန်းရှင်များ၏ လိုအပ်ချက်များကို ဖြည့်ဆည်း ဆောင်ရွက်ပေးနိုင်ရန် ယခု ကဲ့သို့ လာရောက်ခဲ့ခြင်းဖြစ်ကြောင်း၊ ယခင်အစိုးရလက်ထက်များတွင် နိုင်ငံခြား ကုန်သွယ်မှုလိုငွေများ ဖြစ်ပေါ်ခဲ့ကြောင်း၊ ထို့ကြောင့် မိမိတို့တာဝန်ယူဆောင်ရွက်ချိန်တွင် ပြန်လည်စိစစ်ဆောင်ရွက်ခဲ့ရာ ပြည်တွင်းထုတ်ကုန်များ အားပေးမှု မရှိခြင်းနှင့် ပြည်ပသွင်းကုန်များကို ပိုမို ဆောင်ရွက်ခဲ့ခြင်းကြောင့် ဖြစ်သည်ကို တွေ့ရှိရကြောင်း၊ နိုင်ငံခြားချေးငွေများကို အဆက်မပြတ်ရယူခဲ့ပြီး ယခုအချိန်တွင် နိုင်ငံခြားချေးငွေများ ပြန်လည်ပေးဆပ် ရန် ကျန်ရှိနေသေးကြောင်း၊ မိမိတို့ တာဝန်ယူချိန်တွင် တတ်နိုင်သမျှ ပြန်လည်ပေးဆပ်နေရကြောင်း။
နိုင်ငံခြားငွေ ရရှိရန်အတွက် ပြည်တွင်းထုတ်ကုန်များ ထုတ်လုပ်နိုင်ရန် လိုကြောင်း၊ ကုန်ပစ္စည်းများထုတ်လုပ်ရာ တွင် မြေပေါ်မြေအောက်သယံဇာတ ပစ္စည်းများနှင့် စိုက်ပျိုးမွေးမြူရေး ထုတ်ကုန်ပစ္စည်းများ ရှိကြောင်း၊ သစ်တောကဲ့သို့သော မြေပေါ်သယံဇာတ ပစ္စည်းများကို ထုတ်ယူသုံးစွဲပြီး ပြန်လည် ဖြည့်တင်းစိုက်ပျိုးခြင်း မရှိခြင်းကြောင့် သစ်တောများ ပြုန်းတီးလာမှုများရှိ ကြောင်း၊ မြေအောက်သယံဇာတများ ထုတ်ယူသုံးစွဲခြင်းကိုလည်း ကုန်ကြမ်း အဖြစ် ထုတ်လုပ်ခြင်းမဟုတ်ဘဲ ကုန်ချော အဖြစ်ထုတ်လုပ်ခြင်းများကိုသာ ခွင့်ပြု ပေးလျက်ရှိကြောင်း၊ မြေပေါ်မြေအောက် သယံဇာတများကို ထုတ်ယူသုံးစွဲခြင်း ထက် စိုက်ပျိုးမွေးမြူရေးကုန်ထုတ်လုပ်မှု လုပ်ငန်းများကို အားပေးဆောင်ရွက် လျက်ရှိကြောင်း၊ နိုင်ငံ့လူဦးရေ၏ ၇၀ ရာခိုင်နှုန်းသည် ကျေးလက်နေသူများ ဖြစ်ပြီး စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများကိုသာ အဓိကထား လုပ်ကိုင်ကြကြောင်း၊ ထို့ကြောင့် စိုက်ပျိုးမွေးမြူရေးကို အခြေခံ သည့် ကုန်ထုတ်လုပ်မှု လုပ်ငန်းများကို ဆောင်ရွက်ကြရန် အားပေးခဲ့ခြင်းဖြစ် ကြောင်း၊ စိုက်ပျိုးရေးနှင့် မွေးမြူရေး လုပ်ငန်းကိုအခြေခံသည့် ကုန်ထုတ်လုပ်မှု လုပ်ငန်းသည် ခိုင်မာပြီး သေချာမှုရှိသည့် လုပ်ငန်းတစ်ခုပင်ဖြစ်ကြောင်း၊ ဒေသ တွင်းမှ ထွက်ရှိသည့် စိုက်ပျိုးမွေးမြူရေး လုပ်ငန်းများမှ ကုန်ကြမ်းပစ္စည်းများကို အခြေခံသည့် စက်မှုလုပ်ငန်းများကို ဆောင်ရွက်မည်ဆိုပါက ပိုမိုအကျိုးဖြစ်ထွန်းစေမည်ဖြစ်ကြောင်း။
မိမိတို့ဒေသမှမဟုတ်ဘဲ အခြားဒေသ များမှထွက်ရှိသည့် ကုန်ကြမ်းပစ္စည်းများ၊ ပြည်ပမှ ဝယ်ယူရသည့် ကုန်ကြမ်းပစ္စည်း များကို အသုံးပြု၍ ကုန်ထုတ်လုပ်မှု လုပ်ငန်းများကို ဆောင်ရွက်ခြင်းသည် ကုန်ထုတ်လုပ်မှုတွင် အကန့်အသတ်ရှိပြီး အခက်အခဲများ ဖြစ်ပေါ်နိုင်ကြောင်း၊ ထို့ကြောင့် ဒေသမှ ထွက်ရှိသည့် ကုန်ကြမ်းများကို အခြေခံသည့် စက်မှု လုပ်ငန်းများကို ဆောင်ရွက်ရန်လို ကြောင်း။
မွေးမြူရေး
မိမိတို့နိုင်ငံတွင် နို့နှင့် နို့ထွက်ပစ္စည်း များကို ပြည်ပမှ နှစ်စဉ်တင်သွင်းနေရပြီး နို့စားနွား မွေးမြူရေးလုပ်ငန်းများကို ပြည်တွင်း၌ စနစ်တကျဖြင့် အောင်မြင် အောင် ဆောင်ရွက်နိုင်မည်ဆိုပါက ပြည်ပမှ တင်သွင်းနေရမှုများ များစွာ လျော့ကျသွားမည်ဖြစ်ပြီး နိုင်ငံခြား ငွေသုံးစွဲနေရမှုများကိုလည်း လျှော့ချနိုင် မည်ဖြစ်ကြောင်း၊ ရှမ်းပြည်နယ်သည် နွားမွေးမြူရေး၊ ဝက်နှင့် ကြက်မွေးမြူရေး လုပ်ငန်းများကို အောင်မြင်အောင် ဆောင်ရွက်နိုင်သည့် အခြေခံကောင်းများ ရှိသည့် ဒေသဖြစ်ကြောင်း၊ နို့စားနွား မွေးမြူရေးလုပ်ငန်းများကို ရှမ်းပြည်နယ် အတွင်း အောင်မြင်အောင်ကြိုးပမ်း ဆောင်ရွက်နိုင်မည်ဆိုပါက နို့ထွက်ပစ္စည်း အများဆုံးထုတ်လုပ်နိုင်သည့် ပြည်နယ် တစ်ခု ဖြစ်လာမည်ဖြစ်ပြီး နိုင်ငံအတွက် များစွာ အထောက်အကူပြုစေမည်ဖြစ် ကြောင်း။
ကြက်မွေးမြူရေးနှင့် ပတ်သက်၍ ဥစားကြက်များ ပေါများစွာမွေးမြူလျက်ရှိ သည်ကိုတွေ့ရှိရပြီး အောင်မြင်ဖြစ်ထွန်း လျက်ရှိသည်ကိုလည်း တွေ့ရှိရကြောင်း၊ မိမိတို့နိုင်ငံ၌ ၂၀၂၁-၂၀၂၂ ခုနှစ်အတွင်း ကိုဗစ်-၁၉ ရောဂါ ဖြစ်ပေါ်မှုကြောင့် စားရေး အခက်အခဲများ ဖြစ်ပေါ်ခဲ့ချိန်တွင် ရှမ်းပြည်နယ်(တောင်ပိုင်း) အေးသာယာ မွေးမြူရေးဇုန်မှ တစ်နိုင်ငံလုံးသို့ ကြက်ဥ များ ဖြန့်ဖြူးပေးခဲ့သည့်အတွက် ပြည်သူ လူထု၏ စားရေးတွင် တစ်ဖက်တစ်လမ်းမှ အထောက်အကူ ဖြစ်ပေါ်စေခဲ့သည့် အတွက်လည်း ကျေးဇူးတင်ရှိကြောင်းကို ပြောကြားလိုကြောင်း၊ မိမိတို့နိုင်ငံနှင့် နိုင်ငံတကာတွင် အသားလိုအပ်ချက် များစွာရှိကြောင်း၊ ဒေသတွင်းမှ ထွက်ရှိ သည့် တိရစ္ဆာန်အစာများကို အသုံးပြု၍ ပြည်တွင်း အသားထုတ်လုပ်မှုများကို တိုးတက်အောင်ဆောင်ရွက်နိုင်မည်ဆိုပါ က ပြည်တွင်းစားသုံးမှုကို ဖူလုံစေရုံသာမက ပြည်ပသို့လည်း တင်ပို့နိုင်မည်ဖြစ် ကြောင်း၊ အသားထုတ်လုပ်မှုများမှ တစ်ဆင့် စက်မှုထုတ်ကုန်များကို ထုတ်လုပ်နိုင်မည်ဖြစ်ပြီး မွေးမြူရေးကို စနစ်တကျ ဆောင်ရွက်နိုင်မည်ဆိုပါက ဒေသအတွက် များစွာအကျိုးဖြစ်ထွန်း စေမည်ဖြစ်ကြောင်း။
အလားတူ ဝက်မွေးမြူရေးလုပ်ငန်းများကိုလည်း စနစ်တကျဆောင်ရွက်၍ အသားထုတ်လုပ်မှုများကို တိုးတက်အောင် ဆောင်ရွက်နိုင်ကြောင်း၊ ရှမ်းပြည်နယ် (တောင်ပိုင်း)မှ ထွက်ရှိသည့် သစ်သီးဝလံ များနှင့် အသားများကို ကျယ်ကျယ် ပြန့်ပြန့် တင်ပို့ရောင်းချနိုင်ရန်အတွက် ဟဲဟိုးလေယာဉ်ကွင်းကို တိုးချဲ့ ဆောင်ရွက်လျက်ရှိကြောင်း၊ စိုက်ပျိုး မွေးမြူရေးလုပ်ငန်းများကို အခြေခံသည့် ကုန်ထုတ်လုပ်မှုများကို အောင်မြင်စွာဆောင်ရွက်နိုင်မည်ဆိုပါက များစွာအကျိုး ဖြစ်ထွန်းစေမည်ဖြစ်ကြောင်း၊ မိမိတို့ တာဝန်ယူဆောင်ရွက်ချိန်တွင် ပြည်တွင်း ကုန်ထုတ်လုပ်မှုများကို တိုးတက်အောင် အားပေးဆောင်ရွက်ခဲ့ခြင်းကြောင့် ယခု အခါတွင် ကုန်သွယ်မှုလိုငွေများ ထိုက်သင့် သလောက် တိုးတက်လာပြီ ဖြစ်ကြောင်း၊ ကုန်ထုတ်လုပ်မှုလုပ်ငန်းများမှ နိုင်ငံခြား ငွေများရရှိအောင် ဆောင်ရွက်ရမည်ဖြစ် ကြောင်း။
စိုက်ပျိုးရေး
စပါး စိုက်ပျိုးမှုများ ဆောင်ရွက်ရာ တွင် ပန်းတိုင်ရည်မှန်းချက်များ ပြည့်မီ အောင် စိုက်ပျိုးရန်လိုကြောင်း၊ တစ်ဧက ချင်းအထွက်နှုန်းများ တိုးတက်အောင် ဆောင်ရွက်ပြီး စီးပွားရေးမြှင့်တင်မှုများ ဆောင်ရွက်နိုင်ရန်အတွက် ရှမ်းပြည်နယ်
အနေဖြင့် ကြိုးပမ်းဆောင်ရွက်ကြစေလို ကြောင်း၊ စိုက်ပျိုးရေးလုပ်ငန်းများအတွက် လိုအပ်သည့် မြေဩဇာများရရှိရေး အတွက်လည်း ဒေသတွင်း မွေးမြူရေး လုပ်ငန်းများမှ ထွက်ရှိထားသည့် ဇီဝ မြေဩဇာများကို အကျိုးရှိရှိအသုံးချမည် ဆိုပါက တစ်ဖက်တစ်လမ်းမှ အထောက် အကူပြုနိုင်မည်ဖြစ်ကြောင်း၊ ထို့ကြောင့် ကျွဲနှင့်နွားများကို စနစ်တကျလှောင်မွေး ခြင်းဖြင့် အသားထုတ်လုပ်မှုနှင့် စိုက်ပျိုး ရေးလုပ်ငန်းများကို အထောက်အကူပြုနိုင် မည်ဖြစ်ကြောင်း၊ စိုက်ပျိုးရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် မျိုး၊ မြေ၊ ရေ၊ နည်း များ ကောင်းမွန်ရန် လိုအပ်ကြောင်း၊ စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်းများ အောင်မြင်အောင် ဆောင်ရွက်ခြင်းဖြင့် စက်မှုကုန်ထုတ်လုပ်ငန်းများကို များစွာ အထောက်အကူပြုစေမည်ဖြစ်ကြောင်း။
ဒေသတွင်းမှ ထွက်ရှိသည့် စိုက်ပျိုး မွေးမြူရေးလုပ်ငန်းများ၊ မြေပေါ် မြေအောက် သယံဇာတပစ္စည်းများကို အခြေခံသည့် ထွက်ကုန်ပစ္စည်းများဖြင့် ကုန်ထုတ်လုပ်မှုလုပ်ငန်းများကို ဆောင် ရွက်နိုင်ကြောင်း၊ ရှမ်းပြည်နယ်အတွင်းမှ ထွက်ရှိသည့် လက်ဖက်၊ ကော်ဖီများသည် နိုင်ငံတကာဈေးကွက်ဝင် ပစ္စည်းများ ဖြစ်သည်ကို တွေ့ရှိရကြောင်း၊ ထို့ကြောင့် အဆိုပါ လက်ဖက်နှင့် ကော်ဖီများကို ပိုမို တိုးချဲ့စိုက်ပျိုးပြီး ကုန်ထုတ်လုပ်မှုများကို စနစ်တကျ ဆောင်ရွက်မည်ဆိုပါက ပြည်ပနိုင်ငံများသို့ တင်ပို့ရောင်းချနိုင် သဖြင့် ဒေသအတွက်သာမက နိုင်ငံတော် အတွက်ပါ များစွာအကျိုးဖြစ်ထွန်းစေမည် ဖြစ်ကြောင်း၊ စပါးစိုက်ပျိုးရေးနှင့် ပတ်သက်၍ Eating quality ကောင်းမွန် သည့် စပါးမျိုးများ စိုက်ပျိုးရန်လိုကြောင်း၊ ဒေသမှထွက်ရှိသည့် စားသောက်ကုန် များကိုလည်း အရည်အသွေးကောင်းမွန် စွာ ထုတ်လုပ်နိုင်မည်ဆိုပါက ဈေးကွက် ရရှိမည်ဖြစ်ကြောင်း၊ စားသောက်ကုန် ပစ္စည်းများနှင့် လူသုံးကုန်ပစ္စည်းများကို ပြည်တွင်း၌ အရည်အသွေးကောင်းမွန်စွာ ဖြင့် လုံလောက်စွာ ထုတ်လုပ်နိုင်မည် ဆိုပါက နိုင်ငံခြားငွေ သုံးစွဲမှုများကို လျှော့ချနိုင်မည်ဖြစ်ကြောင်း၊ ထို့ကြောင့် မိမိတို့ အနေဖြင့် MSME လုပ်ငန်းများကို အားပေးဆောင်ရွက်နေခြင်း ဖြစ်ကြောင်း။
လျှပ်စစ်ဓာတ်အား လိုအပ်ချက်အား တစ်ဖက်တစ်လမ်းမှ အထောက်အကူရရှိရေး
ရှမ်းပြည်နယ်အတွင်း စပါးကြိတ်ခွဲမှု များမှ စပါးခွံများ များစွာထွက်ရှိလျက်ရှိ ကြောင်း၊ ထွက်ရှိလာသည့် စပါးခွံများကို အသုံးပြု၍ စပါးခွံလောင်စာသုံးလျှပ်စစ် ဓာတ်အားထုတ်လုပ်မှုများကို ဆောင်ရွက် နိုင်ကြောင်း၊ အလားတူ နေရောင်ခြည် စွမ်းအင်သုံး လျှပ်စစ်ဓာတ်အားထုတ်လုပ် မှုများကိုလည်း ဆောင်ရွက်နိုင်ကြောင်း၊ လျှပ်စစ်ဓာတ်အား ထုတ်လုပ်ခြင်းကို မိမိတို့ဒေသအလိုက် တတ်နိုင်သမျှ ကြိုးပမ်းဆောင်ရွက်မည် ဆိုပါက ကုန်ထုတ်လုပ်မှု လုပ်ငန်းများအတွက် လိုအပ်သည့် လျှပ်စစ်ဓာတ်အား လိုအပ်ချက်ကို တစ်ဖက်တစ်လမ်းမှ အထောက်အကူပြုနိုင်မည်ဖြစ်ကြောင်း။
MSME လုပ်ငန်းများကို အားပေး ဆောင်ရွက်နေရခြင်းမှာ တိုင်းပြည်၏ စီးပွားရေးမြှင့်တင်ရန်၊ ပြည်ပသွင်းကုန် များ အစားထိုးနိုင်ရန်နှင့် ပြည်ပသို့ ပြည်တွင်း ထုတ်ကုန်များ တင်ပို့နိုင်ရန် စသည့် ရည်ရွယ်ချက်များဖြင့် ဆောင်ရွက်နေခြင်းဖြစ်ကြောင်း၊ စိုက်ပျိုး မွေးမြူရေးလုပ်ငန်းများ၊ ကုန်ထုတ်လုပ်မှု လုပ်ငန်းများအတွက် သွင်းအားစုများ လိုအပ်ကြောင်း၊ သွင်းအားစုများရရှိရေး အတွက်လည်း ကြိုးပမ်းအားထုတ်ကြရန် လိုကြောင်း။
စုပေါင်းသမဝါယမစနစ်
ကုန်ထုတ်လုပ်မှုနှင့် ပတ်သက်၍ သမဝါယမစနစ်ဖြင့် သွားသည့် ကုန်ထုတ်လုပ်မှုကို သွားနိုင်ရန်လို ကြောင်း၊ မိမိတို့နိုင်ငံတွင် ယခင်က သမဝါယမစနစ်ကို ကျင့်သုံးခဲ့ပြီး အချို့ ဖွံ့ဖြိုးပြီး နိုင်ငံများတွင်လည်း သမဝါယမ စနစ်ကို ကျင့်သုံးလျက်ရှိကြောင်း၊ သမဝါယမစနစ်ကို ကျင့်သုံးခြင်းဖြင့် လုပ်ငန်းများ ဆောင်ရွက်မှုကို ပိုမို တိုးတက်စေမည်ဖြစ်ပြီး စုပေါင်း သမဝါယမစနစ်ကို ကျင့်သုံး၍ ဆောင်ရွက် ကြရန်လိုကြောင်း၊ အရင်းအနှီးနှင့် ပတ်သက်၍ နိုင်ငံတော်မှ လိုအပ်သည့် ရင်းနှီးမတည်ငွေများကို ထုတ်ချေးပေး လျက်ရှိပြီး ချေးငွေတွင် Developing ချေးငွေနှင့် Commercial ချေးငွေဟူ၍ ရှိကြောင်းနှင့် ချေးငွေအမျိုးအစားအလိုက် အတိုးနှုန်းများ ကွာခြားသွားမည်ဖြစ် ကြောင်း၊ အရင်းအနှီးမတည်ငွေများနှင့်ပတ်သက်၍ နိုင်ငံ့စီးပွားဖွံ့ဖြိုးတိုးတက် ရေးရန်ပုံငွေမှ ထုတ်ချေးပေးလျက်ရှိပြီး ချေးငွေများ ရယူရာတွင်လည်း မိမိတို့ တတ်နိုင်သလောက်သာ ချေးယူရန်နှင့် သတ်မှတ်စည်းကမ်းများနှင့် ကိုက်ညီရန် လိုကြောင်း။
လူသားအရင်းအမြစ်
ကောင်းများရရှိရေး ပညာရေး
အားပေးဆောင်ရွက်
နိုင်ငံ့စီးပွားမြှင့်တင်ရေးနှင့် ကုန်ထုတ် လုပ်မှုလုပ်ငန်းများ အဆင့်မီစွာ ဆောင်ရွက်နိုင်ရန် လူသားအရင်းအမြစ်များလိုအပ်ကြောင်း၊ နိုင်ငံတော်အတွက် လိုအပ်သည့် လူသားအရင်းအမြစ်များ ပေါကြွယ်ဝစေရေး ပညာရည်မြှင့်တင်ရေးလုပ်ငန်းများကို အားပေးဆောင်ရွက်လျက် ရှိကြောင်း၊ အတန်းပညာများရှိမှသာ မိမိတို့ဘဝရပ်တည်ရေးကို အထောက် အကူပြုနိုင်မည်ဖြစ်ကြောင်း၊ မိမိတို့ နိုင်ငံ၏ ပညာရေးသည် နိမ့်ကျလျက်ရှိနေ သေးသည်ကို တွေ့ရှိရပြီး ရှမ်းပြည်နယ် အတွင်း၌လည်း ပညာရေးတန်းစဉ် ကူးပြောင်းမှုနှုန်း နည်းပါးနေသေးသည့် အတွက် ပညာရည်မြင့်မားရေးကို ဝိုင်းဝန်း အားပေးဆောင်ရွက်ကြစေလိုကြောင်း၊ ဒေသတစ်ခု ဖွံ့ဖြိုးတိုးတက်ရေးအတွက် လိုအပ်သည်များ ဆောင်ရွက်ပေးရန်မှာ အစိုးရ၏ တာဝန်ဖြစ်ပြီး လူတစ်ဦး ချင်းစီ၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက် ရေးအတွက်သည် တစ်ဦးချင်း၏ ကြိုးစား အားထုတ်မှုဖြင့်သာ သက်ဆိုင်သည်ဖြစ် သဖြင့် အခြေခံလိုအပ်ချက်ဖြစ်သည့် ပညာရေးကို အားပေးဆောင်ရွက်ကြ စေလိုကြောင်း၊ ပညာရေးကို အားပေးမှ သာလျှင် ဒေသနှင့်နိုင်ငံ၏ လူသားအရင်း အမြစ်များသည်လည်း ပေါကြွယ်ဝလာ မည်ဖြစ်ကြောင်း၊ ထို့ကြောင့် တစ်ဦး တစ်ယောက်ချင်းမှစ၍ ပညာရေးကို အလေးထားအားပေးဆောင်ရွက်ကြစေ လိုကြောင်း၊ သင်ကြားတတ်မြောက်ထား သည့် ပညာရပ်များအလိုက် လူမှန်နေရာ မှန်ဖြင့် ဆောင်ရွက်ရန်လိုကြောင်း၊ ရှမ်းပြည်နယ်အတွင်း လူသားအရင်း အမြစ် ဖွံ့ဖြိုးတိုးတက်စေရေး ကြိုးပမ်းဆောင်ရွက်ကြရန်လိုကြောင်း၊ ပုဂ္ဂလိက ပညာသင်ကြားရေးတွင်လည်း ပညာ သင်ကြားမှုများ နစ်နာမှုမရှိစေရေး စနစ်တကျဆောင်ရွက်ရန် လိုကြောင်း၊ အချို့သော ကိုယ်ပိုင်ကျောင်းများ အနေဖြင့် ငွေကြေးကောက်ခံမှုများ များပြားလျက်ရှိသည်ကို စိစစ်တွေ့ရှိရပြီး ပညာရည်သင်ကြားရေးအတွက် မှန်မှန် ကန်ကန် ဖြစ်စေလိုကြောင်း။
ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေး
ရှမ်းပြည်နယ်သည် ခရီးသွားလုပ်ငန်း နှင့် ဝန်ဆောင်မှုလုပ်ငန်းများ ဆောင်ရွက် ရန်အတွက် အခြေခံကောင်းများကို ပိုင်ဆိုင်ထားပြီးဖြစ်ကြောင်း၊ ခရီးသွား လုပ်ငန်းနှင့် ပတ်သက်၍ တောင်ကြီးမြို့ တွင် မီးပုံးပျံပွဲကို အစဉ်အလာဖြင့် နှစ်စဉ် ကျင်းပလျက်ရှိပြီး ပြည်တွင်းပြည်ပမှ စိတ်ဝင်စားသည့် ပွဲတော်တစ်ခုဖြစ် ကြောင်း၊ အလားတူ အင်းလေးဒေသ သည်လည်း ပြည်တွင်းပြည်ပခရီးသွား များကို ဆွဲဆောင်နိုင်သည့် နေရာဒေသ တစ်ခုဖြစ်ကြောင်း၊ ထို့ကြောင့် ခရီးသွား များကို ပိုမိုဆွဲဆောင်နိုင်ရန်အတွက် ဒေသထွက် အစားအစာများကို ပိုမို ကောင်းမွန်အောင်ဆောင်ရွက်ရန်လိုအပ် သကဲ့သို့ ပတ်ဝန်းကျင် သန့်ရှင်းသာယာ လှပရေးကိုလည်း ဝိုင်းဝန်းဆောင်ရွက်ကြ ရန်လိုကြောင်း၊ ကျန်းမာရေးစောင့်ရှောက် မှုနှင့်ပတ်သက်၍ ကလော၊ အောင်ပန်း ဒေသကို ကျန်းမာရေးစောင့်ရှောက်မှု ဒေသအဖြစ် ဆောင်ရွက်ရန် ရည်မှန်းထား ကြောင်း၊ ရှမ်းပြည်နယ်(တောင်ပိုင်း)အတွက် ကျန်းမာရေးစောင့်ရှောက်မှုနှင့်ပတ်သက်၍ ဆောင်ရွက်နိုင်ပြီး မိမိတို့ အနေဖြင့် လိုအပ်သည်များ ကူညီဆောင် ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ ဒေသ ထုတ်ကုန်ပစ္စည်းများ ထုပ်ပိုးမှုစနစ် ကောင်းမွန်မှသာ ဝယ်ယူသူကို ပိုမို ဆွဲဆောင်မှု ရှိနိုင်မည်ဖြစ်ကြောင်း၊ Quality ကောင်းအောင်ဆောင်ရွက်ရာတွင် အမြင်၊ အနံ့နှင့် ထုပ်ပိုးမှုများကောင်းမွန်အောင် ဆောင်ရွက်ရန် အကြံပြုလိုကြောင်း၊ သို့မှသာ ထုတ်ကုန်ပစ္စည်းများကို ပိုမို ရောင်းချနိုင်မည်ဖြစ်ကြောင်း ဆွေးနွေး တိုက်တွန်းပြောကြားသည်။
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် သည် တက်ရောက်လာကြသည့် အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေး (MSME) လုပ်ငန်းရှင်များအား ရင်းရင်းနှီးနှီး နှုတ်ဆက်သည်။
ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် သည် ခင်းကျင်းပြသထားသည့် ဒေသ ထွက်ကုန်ပစ္စည်းများ၊ စားသောက်ကုန်၊ လူသုံးကုန်၊ စက်မှုလက်မှုထုတ်ကုန်၊ ရိုးရာ လက်မှု ထုတ်ကုန်များ၊ အဝတ်အထည်များ စသည့် ထုတ်ကုန်ပစ္စည်းများ ခင်းကျင်း ပြသထားရှိမှုများကို ပြကွက်တစ်ခုချင်းစီ အလိုက် စိတ်ဝင်တစား လေ့လာခဲ့ပြီး ဈေးကွက်ရရှိမှု အခြေအနေများကို မေးမြန်းဆွေးနွေးရာ လုပ်ငန်းအလိုက် စီးပွားရေးလုပ်ငန်းရှင်များက လိုက်လံ ရှင်းလင်းတင်ပြခဲ့ကြောင်း သတင်းရရှိ သည်။
သတင်းစဉ်