နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနမှ သံအမတ်ကြီး H. E. Mr. Deng Xijun အား လက်ခံတွေ့ဆုံ

 

မြန်မာနိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေးအတွက် တရုတ်နိုင်ငံမှ  
ရင်းနှီးမြှုပ်နှံမှုများဆောင်ရွက်လျက်ရှိမှုနှင့် နှစ်နိုင်ငံ 
ချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်မှုများ 
ပိုမိုတိုးမြှင့်ဆောင်ရွက်ရေးဆိုင်ရာ ကိစ္စရပ်များ ဆွေးနွေး

 

နေပြည်တော်   ဒီဇင်ဘာ  ၂၉


နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ     နိုင်ငံတော်ဝန်ကြီးချုပ်    ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် သည်   တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနမှ သံအမတ်ကြီး H.E. Mr. Deng Xijun အား ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ   နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ     ဥက္ကဋ္ဌရုံး ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။

 


ရင်းရင်းနှီးနှီး ဆွေးနွေး


ထိုသို့  တွေ့ဆုံရာတွင် မြန်မာနိုင်ငံ၏ နိုင်ငံရေးဖြစ်ပေါ် တိုးတက်ပြောင်းလဲမှု၊        နိုင်ငံ တည်ငြိမ်အေးချမ်းရေးအတွက် နိုင်ငံတော်မှ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့် ငြိမ်းချမ်းရေးတွေ့ဆုံဆွေးနွေးမှုများ  ဆောင်ရွက်လျက်ရှိသကဲ့သို့  ငြိမ်းချမ်းရေးလုပ်ငန်းစဉ် များတွင် တရုတ်နိုင်ငံအနေဖြင့် ကူညီဆောင်ရွက်ပေးလျက်ရှိမှု၊  နိုင်ငံတကာ မျက်နှာစာ တွင်  တရုတ်နိုင်ငံအနေဖြင့်   မြန်မာနိုင်ငံဘက်မှ   ရပ်တည်ဆောင်ရွက်ပေးလျက်ရှိမှု၊ တရုတ်နိုင်ငံအနေဖြင့်    လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ    ကိစ္စရပ်များတွင် ဆက်လက်ကူညီဆောင်ရွက်ပေးလျက်ရှိမှု၊     မြန်မာနိုင်ငံ    ဖွံ့ဖြိုးတိုးတက်ရေးအတွက် တရုတ်နိုင်ငံမှ   ရင်းနှီးမြှုပ်နှံမှုများ ဆောင်ရွက်လျက်ရှိမှုနှင့်   နှစ်နိုင်ငံ ချစ်ကြည်ရင်းနှီးမှုနှင့်     ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုတိုးမြှင့်ဆောင်ရွက်ရေးဆိုင်ရာ ကိစ္စရပ်များကို   ရင်းရင်းနှီးနှီး   ဆွေးနွေးခဲ့ကြသည်။

 

 အပြန်အလှန်ပေးအပ်


တွေ့ဆုံပွဲအပြီးတွင် နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ        ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် တရုတ် နိုင်ငံခြားရေး      ဝန်ကြီးဌာနမှ    သံအမတ်ကြီးတို့သည်    အမှတ်တရ လက်ဆောင်ပစ္စည်းများ   အပြန် အလှန် ပေးအပ်ခဲ့ကြသည်။

 


တက်ရောက်


အဆိုပါတွေ့ဆုံပွဲသို့ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ    ဥက္ကဋ္ဌ နိုင်ငံတော်        ဝန်ကြီးချုပ်နှင့်အတူ ကောင်စီ    တွဲဖက်အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး          ရဲဝင်းဦး၊ နိုင်ငံခြားရေး           ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး     ဦးဝဏ္ဏ မောင်လွင်နှင့်         တာဝန်ရှိသူများ တက်ရောက်ကြပြီး              တရုတ် နိုင်ငံခြားရေး     ဝန်ကြီးဌာနမှ    သံအမတ်ကြီးနှင့်အတူ မြန်မာနိုင်ငံ ဆိုင်ရာ          တရုတ်နိုင်ငံသံရုံးမှ တာဝန်ရှိသူများ     တက်ရောက် ခဲ့ကြကြောင်း သတင်းရရှိသည်။

 


သတင်းစဉ်