နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့နှင့်တွေ့ဆုံ၍ တိုင်းဒေသကြီးအတွင်း ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာကိစ္စရပ်များအား ဆွေးနွေးမှာကြား

 

မန္တလေးမြို့အတွင်း ဘတ်စ်ကားလိုင်းများ၊ မြို့ပတ်ရထားများ ပြေးဆွဲနိုင်ရေး အကောင်အထည်ဖော်ဆောင်ရွက်ရမည်

 

နေပြည်တော်  နိုဝင်ဘာ   ၃


နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည်   မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့အား ယနေ့မွန်းလွဲပိုင်းတွင် အောင်မြေသာစံမြို့နယ်ရှိ   တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး  အစည်းအဝေးခန်းမ၌ တွေ့ဆုံသည်။
 

 

တွေ့ဆုံပွဲသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်      ဗိုလ်ချုပ်ကြီး မောင်မောင်ကျော်၊     ကောင်စီတွဲဖက် အတွင်းရေးမှူး    ဒုတိယဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊        ပြည်ထောင်စုဝန်ကြီးများ ဖြစ်ကြသည့် ဦးလှမိုး၊ ဒေါက်တာညွန့်ဖေ၊ ဦးမင်းသိန်းဇံ၊ မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမောင်ကို၊ ကာကွယ်ရေး ဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများ၊ အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်ကိုကိုဦး၊ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်   ဝန်ကြီးများနှင့်    တာဝန် ရှိသူများ တက်ရောက်ကြသည်။

 


မြို့တော်သန့်ရှင်း
သာယာလှပရေး


ဦးစွာ  နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က မန္တလေးတိုင်းဒေသကြီးအတွင်း စိုက်ပျိုး ရေး၊ မွေးမြူရေးလုပ်ငန်းများ  အောင်မြင် အောင် ဆောင်ရွက်နိုင်သည့် နေရာများစွာ ရှိကြောင်း၊ မြို့တော်စည်ပင်သာယာနှင့် ဆက်စပ် မြို့နယ်များတွင် စိုက်ပျိုးမွေးမြူ ရေး အထူးပြုလုပ်ငန်းကို    သမဝါယမ နှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာနနှင့် ပူးပေါင်း၍ အဆင့်မြှင့်ထုတ်ကုန်လုပ်ငန်း အထိ ဆောင်ရွက်ရန်လိုကြောင်း၊ အလား တူ မန္တလေးမြို့အတွင်း ယာဉ်စည်းကမ်း ကောင်းမွန်စေရေး၊     မြို့တော်သန့်ရှင်း သာယာလှပရေးနှင့်  ဈေးဆိုင်ခန်းများ စနစ်တကျရှိစေရေးအတွက်လည်း စဉ်းစားဆောင်ရွက်ကြရန်လိုကြောင်း၊ မန္တလေး သည် မြို့တော်ဟောင်းဖြစ်ပြီး မြို့စတည် ချိန်၌ စနစ်တကျဆောင်ရွက်ခဲ့သည်ကို တွေ့ရှိရပြီး  ဆက်လက်ထိန်းသိမ်းသွား ရန်လိုကြောင်း၊   လူမှုစီးပွားဘဝဖွံ့ဖြိုး တိုးတက်ရေးအတွက်   တိုင်းဒေသကြီး အတွင်း ထွက်ရှိသော ကုန်ကြမ်းကို ဒေသ အလိုက် အပြန်အလှန်အထောက်အကူ ပြုကာ ထိရောက်စွာအသုံးချ၍   တန်ဖိုး မြင့်ထုတ်ကုန်များ   ထုတ်လုပ်နိုင်ရေး ဆောင်ရွက်ရန်လိုကြောင်း၊ စိုက်ပျိုးမွေးမြူ ရေးထုတ်ကုန်များ   ဆောင်ရွက်ရာတွင် mass production အဖြစ် ကျယ်ကျယ် ပြန့်ပြန့်      စဉ်းစားဆောင်ရွက်ရန်လို ကြောင်း၊ တိုင်းဒေသကြီးအတွင်း စိုက်ပျိုး မွေးမြူရေးလုပ်ငန်းများ       အောင်မြင် ဖြစ်ထွန်းရန်    ဆောင်ရွက်နိုင်မည့်အခြေ အနေများ၊ ယာဉ်စည်းကမ်း    လမ်းစည်း ကမ်း ထိန်းသိမ်းရေးနှင့်    ပတ်သက်သည့် ဆောင်ရွက်သင့်သည့်       ကိစ္စရပ်များ နှင့် မြို့သန့်ရှင်းသာယာလှပရေးအတွက် ဆောင်ရွက်သင့်သည့် အခြေအနေများ အား ပွင့်ပွင့်လင်းလင်းတင်ပြဆွေးနွေးကြ ရန်လိုကြောင်း မှာကြားသည်။

 


ယင်းနောက် တိုင်းဒေသကြီးဝန်ကြီး ချုပ်နှင့်  တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများက  တိုင်းဒေသကြီးအတွင်း စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများ ဆောင် ရွက်နေမှုအခြေအနေနှင့် မြေဩဇာများ လိုအပ်ချက်ရှိသဖြင့် လုံလောက်စွာရရှိ ရေး ကြိုးပမ်းဆောင်ရွက်လျက်ရှိမှုအခြေ အနေ၊    မြို့သန့်ရှင်းသာယာလှပရေး ဆောင်ရွက်လျက်ရှိမှုနှင့် အလှပန်းပင် များနှင့် အရိပ်ရလေကာပင်များ စိုက်ပျိုး လျက်ရှိမှုအခြေအနေ၊ ဧရာဝတီမြစ်ကမ်း သန့်ရှင်းသာယာလှပရေး   ဆောင်ရွက် လျက်ရှိမှုအခြေအနေ၊ ဘုန်းတော်ကြီး ကျောင်းများ သန့်ရှင်းသာယာမှုရှိစေရေး အတွက် မန္တလေးမြို့စည်ပင်သာယာရေး ကော်မတီမှ ဆောင်ရွက်ပေးမှုအခြေအနေ၊ မန္တလေးမြို့ပြ        တိုးချဲ့ရေးအတွက် ဆောင်ရွက်လျက်ရှိသည့်   အခြေအနေ၊ တိုင်းဒေသကြီးအတွင်း အားကစားကဏ္ဍ မြှင့်တင်ရေး ဆောင်ရွက်လျက်ရှိမှုအခြေအနေများအား ရှင်းလင်းတင်ပြကြသည်။

 


ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ    နိုင်ငံတော်ဝန်ကြီးချုပ် နှင့်အတူ အဖွဲ့ဝင်များအဖြစ်လိုက်ပါလာကြသည့် ကောင်စီအဖွဲ့ဝင် ဗိုလ်ချုပ်ကြီး မောင်မောင်ကျော်၊     ကောင်စီတွဲဖက် အတွင်းရေးမှူး   ဒုတိယဗိုလ်ချုပ်ကြီး ရဲဝင်းဦးနှင့် ပြည်ထောင်စုဝန်ကြီးများက သက်ဆိုင်ရာကဏ္ဍအလိုက်   ဖြည့်စွက် ဆွေးနွေးတင်ပြကြသည်။

 


မျိုးကောင်းမျိုးသန့်များ 
မွေးမြူရန်လို


ဆွေးနွေး      တင်ပြချက်များအပေါ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က မန္တလေးတိုင်း ဒေသကြီးအတွင်း     သဘာဝမြေဩဇာ ထုတ်လုပ်နိုင်သည့် အခြေခံကောင်းများ ရှိကြောင်း၊    မွေးမြူရေးလုပ်ငန်းများမှ ထွက်ရှိလာသည့် စွန့်ပစ်ပစ္စည်းဖြစ်သည့် ကြက်ချေး၊  နွားချေး၊  ဝက်ချေးများမှ စိုက်ပျိုးရေး       လုပ်ငန်းများအတွက် အထောက်အကူဖြစ်သည့်   သဘာဝ မြေဩဇာရရှိနိုင်သည့်အတွက် မွေးမြူရေး လုပ်ငန်းများဆောင်ရွက်ရာတွင်    စနစ် တကျမွေးမြူရန်နှင့် မျိုးကောင်းမျိုးသန့် များကို မွေးမြူရန်လိုကြောင်း၊ မိမိတို့ အနေဖြင့် နိုင်ငံအတွင်း ဓာတ်မြေဩဇာ လုံလောက်စွာရရှိရေး ဆောင်ရွက်လျက် ရှိသော်လည်း    လိုအပ်ချက်ပြည့်မီမှု မရှိသေးသဖြင့် သဘာဝမြေဩဇာများ၊ အီးအမ်ဘိုကာချီများ   အသုံးပြုနိုင်ရေး အစိုးရမှဦးဆောင်၍ ကျေးလက်ဒေသ များအထိ  တာဝန်ရှိသူများနှင့်ပူးပေါင်း ကာ   ထိရောက်စွာအသုံးပြုနိုင်ရေး ဆောင်ရွက်ကြရန်လိုကြောင်း၊  စိုက်ပျိုး မွေးမြူရေးလုပ်ငန်းများ ဆောင်ရွက်ရာ တွင်   မိရိုးဖလာမွေးမြူရေးစနစ်မှ နည်း ပညာအထောက်အကူရယူ၍   အထွက် နှုန်းများတိုးတက်အောင် ဆောင်ရွက်ကြ ရန်လိုကြောင်း၊ မန္တလေးတိုင်းဒေသကြီး အတွင်း ဝါစိုက်ပျိုးမှုများအား စနစ်တကျ ဖြင့် အထွက်နှုန်းတိုးအောင် ဆောင်ရွက် ၍ နိုင်ငံ၏ ဝါလိုအပ်ချက်ကို ဖြည့်ဆည်း ပေးရန်လိုသဖြင့် ဝါစိုက်ပျိုးမှုအား စံပြ ဖြစ်အောင် စိုက်ပျိုးကြရန်လိုကြောင်း။

 


ယာဉ်လမ်းကြောင်းများနှင့် လမ်းညွှန် အမှတ်အသားများအား စနစ်တကျရေးဆွဲ ရန်လိုသကဲ့သို့ ယာဉ်စည်းကမ်းထိန်းသိမ်း ရေးဆောင်ရွက်ရာတွင်    စည်းကမ်း ဖောက်ဖျက်သည့်သူများအား ထိရောက် စွာအရေးယူ ဆောင်ရွက်ရန်လိုကြောင်း၊ လမ်းဘေးပလက်ဖောင်းများအား စနစ် တကျတည်ဆောက်ရေး၊   ဈေးဆိုင်ခန်း များ စနစ်တကျရှိစေရေး ကြပ်မတ်ဆောင် ရွက်ကြရန်လိုကြောင်း၊ အများပြည်သူ များ သွားလာမှုအဆင်ပြေစေရေးအတွက် Public Transportation   လုပ်ငန်းများ ဆောင်ရွက်ရာတွင် မြို့ပတ်ရထားလမ်းတည်ဆောက်ရေးနှင့်     နောင်တစ်ချိန် တွင်   မြေအောက်မြို့ပတ်ရထားလမ်း တည်ဆောက်နိုင်ရေးအထိ      ကြိုတင် မျှော်တွေး   စီမံဆောင်ရွက်ထားရန်လို ကြောင်း၊  Public   Transportation လုပ်ငန်းများအား  ဆောင်ရွက်နိုင်မည် ဆိုပါက    ကိုယ်ပိုင်မော်တော်ယာဉ်နှင့် မော်တော်ဆိုင်ကယ်များ သုံးစွဲမှုလျှော့ချ နိုင်မည်ဖြစ်သဖြင့် စက်သုံးဆီသုံးစွဲမှုကို လျှော့ချနိုင်မည်ဖြစ်ကြောင်း၊ မြန်မာနိုင်ငံ တွင်   မှတ်ပုံတင်ထားသည့်  မော်တော် ယာဉ်မျိုးစုံ တစ်သန်းခန့်နှင့် မော်တော် ဆိုင်ကယ်   ခြောက်သန်းခန့်ရှိကြောင်း၊ တစ်ရက်လျှင် ကားတစ်စီး ဆီတစ်ပုလင်း၊ မော်တော်ဆိုင်ကယ်တစ်စီး    နို့ဆီဘူး တစ်ဘူးခန့်သုံးပါက   နေ့စဉ်   ဆီမည်မျှ ကုန်ကျနေမည်ကို     တွက်နိုင်ကြောင်း၊ နိုင်ငံခြားငွေကြေးများစွာအသုံးပြုနေရ သဖြင့် သွားလာပို့ဆောင်ရေးတွင် ဆီသုံးစွဲ မှုလျှော့ချရန်        ကြိုးစားရမည်ဖြစ် ကြောင်း၊ ထို့ကြောင့် မန္တလေးမြို့အတွင်း ဘတ်စ်ကားလိုင်းများ၊ မြို့ပတ်ရထားများ ပြေးဆွဲနိုင်ရေး    အကောင်အထည်ဖော် ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ Public Transportation   များအား   လျှပ်စစ် ဓာတ်အားဖြင့် အသုံးပြုဆောင်ရွက်နိုင် ရေး ရည်မှန်းချက်ထား လုပ်ဆောင်ရန်နှင့် လျှပ်စစ်ဓာတ်အားကို   အသုံးပြုခြင်းဖြင့် စက်သုံးဆီသုံးစွဲမှုကို လျှော့ချနိုင်မည်ဖြစ် ကြောင်း၊ ခရီးသွားလာမှုနှင့်   ကုန်စည် ပို့ဆောင်ရေးသည် ပြည်သူများအတွက် အဓိက လိုအပ်ချက်ဖြစ်သဖြင့် ပြည်တွင်း သယ်ယူပို့ဆောင်မှုနှင့်   ခရီးသွားလာမှု များအား    ခွင့်ပြုပေးပြီးဖြစ်ကြောင်း၊ မန္တလေးတိုင်းဒေသကြီးသည်       ခရီး သွားလာမှုနှင့်ပတ်သက်၍ အချက်အချာ ကျသည့်    နေရာဒေသတစ်ခုဖြစ်သဖြင့် ခရီးသွားလုပ်ငန်းနှင့်ပတ်သက်၍    စနစ်တကျဆောင်ရွက်ကြရန်လိုကြောင်း။

 


ဧရာဝတီမြစ်ကမ်း    ပြိုကျပျက်စီးမှု ထိန်းသိမ်းနိုင်ရေးအတွက် သစ်ပင်များ စိုက်ပျိုးရန်နှင့်          ဧရာဝတီမြစ်ကမ်း တစ်လျှောက်တွင်   ခရီးသွားများ လာ ရောက်နိုင်သည့်နေရာများ တည်ဆောက် ရန်လိုကြောင်း၊    မန္တလေးမြို့အတွက် သုံးရေဖူလုံစွာရရှိရေး မြစ်ရေတင်စီမံကိန်း များဖြင့်  ဆောင်ရွက်နိုင်ရေး  စီမံဆောင် ရွက်ရန်လိုကြောင်း၊        ရေသန့်စနစ်ကို အသုံးပြု၍         သန့်ရှင်းသည့်ရေများရရှိ အောင်  ဆောင်ရွက်ပေးရန်လိုကြောင်း၊ မြို့ကွက်သစ်များ    ဖော်ဆောင်ရာတွင် သယ်ယူပို့ဆောင်ရေးအတွက်   အဓိကထား       စဉ်းစားဆောင်ရွက်ကြရန်လိုကြောင်း။

 


စိုက်ပျိုးရေးချေးငွေများ 
မှန်ကန်စွာ သုံးရန်


စိုက်ပျိုးရေးချေးငွေနှင့်ပတ်သက်၍ တောင်သူများအနေဖြင့် စိုက်ပျိုးရေးချေး ငွေများအား မှန်ကန်စွာအသုံးချရန်နှင့် သတ်မှတ်လုပ်ငန်းခွင်တွင်သာ အသုံးပြု ရန်လိုကြောင်း၊ မန္တလေးတိုင်းဒေသကြီး အတွင်း စိုက်ပျိုးရေးထုတ်ကုန်များအား အထွက်နှုန်း တိုးအောင်ဆောင်ရွက်ခြင်း ဖြင့်    ဒေသတွင်း  ဝမ်းစာဖူလုံမှုရှိမည် ဖြစ်ကြောင်း၊ စိုက်ပျိုးရေးထုတ်ကုန်များအထွက်နှုန်းကောင်းမွန်စေရေးအတွက် တောင်သူများက       ဆောင်ရွက်ရမည် ဖြစ်သကဲ့သို့      အစိုးရအနေဖြင့်လည်း ထောက်ပံ့     ဆောင်ရွက်ပေးရမည်ဖြစ်ကြောင်း။

 


မန္တလေးမြို့တော်အတွင်း   သစ်ပင် များ စနစ်တကျစိုက်ပျိုးရန်လိုကြောင်း၊ သစ်ပင်များ စိုက်ပျိုးခြင်းဖြင့် ရာသီဥတုကို ထိန်းသိမ်းနိုင်ကြောင်း၊      အလားတူ ကျေးလက်ဒေသများတွင်လည်း ကျေးရွာ ထင်းစိုက်ခင်းများ စိုက်ပျိုးရန်လိုကြောင်း၊ မန္တလေးတိုင်းဒေသကြီး ကျေးလက်ဒေသ များတွင်     ပြည့်ဖြိုးမြဲစွမ်းအင်ဖြစ်သည့် အိမ်သုံးဆိုလာစနစ်အား    အသုံးပြုနိုင် မည်ဆိုပါက     လျှပ်စစ်လိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်မည်   ဖြစ်ကြောင်း၊ နိုင်ငံတော်အစိုးရနှင့်  တပ်မတော်အနေ ဖြင့်လည်း    နေရောင်ခြည်စွမ်းအင်သုံး ဆိုလာပြားများ ထုတ်လုပ်နိုင်ရေးအတွက် လည်း    ကြိုးပမ်းဆောင်ရွက်လျက်ရှိ ကြောင်း၊ အလားတူ မန္တလေးတိုင်းဒေသ ကြီးအတွင်း လူထုအားကစားကို   စံပြ အဖြစ် ဆောင်ရွက်ရန်လိုကြောင်း၊ မန္တလေး မြို့ရှိ    ပြည်သူများသည်  စည်းလုံးမှုရှိ ကြောင်း၊       မိမိတို့အနေဖြင့်လည်း အားကစားကွင်းများ   ပြန်လည်အဆင့် မြှင့်တင်တည်ဆောက်ရေးအတွက်  စီမံ ဆောင်ရွက်ပေးလျက်ရှိကြောင်း။

 


တိုင်းရင်းသားအားလုံး စုစည်းညီညွတ်ရန်လို


တိုင်းရင်းသားယဉ်ကျေးမှု စာပေနှင့် တိုင်းရင်းသားရေးရာ   ကိစ္စရပ်များကို အသိအမှတ်ပြု   အားပေးပါကြောင်း၊ လူမျိုးတူချင်းသာမက   တိုင်းရင်းသား အားလုံး   တစ်စိတ်တစ်ဝမ်းတည်းဖြင့် စုစည်းညီညွတ်ရန်လိုကြောင်း၊    တရား ဥပဒေစိုးမိုးရေး    ဆောင်ရွက်ရာတွင် ဆောင်ရွက်ဆဲအမှုများ   အမြန်ပြီးပြတ်အောင်ဆောင်ရွက်ရန်လိုကြောင်း၊ မိမိတို့ အစိုးရ   တာဝန်ယူသည့်ကာလအတွင်း ဆောင်ရွက်သည့်လုပ်ငန်းများကို မှတ် ကျောက်တင်နိုင်သည်အထိ လုပ်ဆောင် သွားရန်လိုကြောင်းဖြင့်           မှာကြားခဲ့ ကြောင်း သတင်းရရှိသည်။  

သတင်းစဉ်