နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ထံ မြန်မာနိုင်ငံဆိုင်ရာ ထိုင်းနိုင်ငံသံအမတ်ကြီး သံအမတ်ခန့်အပ်လွှာပေးအပ်

 

နှစ်နိုင်ငံ သံတမန်ဆက်ဆံရေး၊ ချစ်ကြည်ရင်းနှီးမှုနှင့်    ပူးပေါင်းဆောင်ရွက်ရေး တိုးမြှင့်ဆောင်ရွက်သွားမည့်ကိစ္စရပ်များ ဆွေးနွေး

 

နေပြည်တော်      ဒီဇင်ဘာ    ၇


နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံ တော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ထံ မြန်မာနိုင်ငံဆိုင်ရာ ထိုင်းနိုင်ငံသံအမတ်ကြီးအဖြစ် ခန့်အပ်ရန် သဘောတူညီပြီးဖြစ်သော သံအမတ်ကြီး H.E. Mr. Mongkol Visitstump  သည် ယနေ့ နံနက် ၁၀ နာရီတွင်  နေပြည်တော်ရှိ  နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီဥက္ကဋ္ဌရုံး သံတမန်ဆောင်ဧည့်ခန်းမ၌ ၎င်း၏သံအမတ်ခန့်အပ်လွှာကို ပေးအပ်သည်။

 


ထို့နောက်     နှစ်နိုင်ငံ     သံတမန်ဆက်ဆံရေး၊ ချစ်ကြည်ရင်းနှီးမှုနှင့်        ပူးပေါင်းဆောင်ရွက်ရေး တိုးမြှင့်ဆောင်ရွက်သွားမည့်ကိစ္စရပ်များ၊   နယ်စပ် ကုန်သွယ်မှု၊ စီးပွားရေးရင်းနှီးမြှုပ်နှံမှုနှင့် ခရီးသွား လုပ်ငန်းများ ပိုမိုဖွံ့ဖြိုးတိုးတက်ရေးအတွက် ပူးပေါင်း ဆောင်ရွက်သွားမည့်ကိစ္စရပ်များ၊   မြန်မာ-ထိုင်း အဆင့်မြင့်အရာရှိကြီးများ   အစည်းအဝေး  ကျင်းပ နိုင်ရေးကိစ္စရပ်များကို   ရင်းရင်းနှီးနှီး    ဆွေးနွေး ကြသည်။

 


မှတ်တမ်းတင်ဓာတ်ပုံရိုက်


တွေ့ဆုံပွဲအပြီးတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် မြန်မာနိုင်ငံ ဆိုင်ရာ ထိုင်းနိုင်ငံသံအမတ်ကြီးတို့သည် မှတ်တမ်း တင် ဓာတ်ပုံရိုက်ကြသည်။

 


တက်ရောက်


အဆိုပါ     သံအမတ်ခန့်အပ်လွှာပေးအပ်ပွဲသို့ ကောင်စီတွဲဖက်အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး   ဦးဝဏ္ဏမောင်လွင်၊   သံတမန်ရေးရာဦးစီး ဌာန ညွှန်ကြားရေးမှူးချုပ် ဦးဝဏ္ဏဟန်နှင့် မြန်မာ နိုင်ငံဆိုင်ရာ     ထိုင်းနိုင်ငံသံရုံးနှင့်   စစ်သံရုံးတို့မှ တာဝန်ရှိသူများ တက်ရောက်ကြကြောင်း သတင်းရရှိ သည်။ 

သတင်းစဉ်