နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် မန္တလေးမြို့ရှိ လေ့ကျင့်ရေး အလယ်တန်းကျောင်း၊ အားကစားကွင်းများနှင့် မန္တလေးတက္ကသိုလ်တို့သို့ သွားရောက်ကြည့်ရှုစစ်ဆေး

 

အတန်းပညာမှ အသိပညာ ၎င်းမှတစ်ဆင့် အတတ်ပညာများရှိမှသာ ကျောင်းသား ကျောင်းသူများ၏   
ဘဝတိုးတက်ရေးအတွက်  ဆောင်ရွက်နိုင်ကြမည်ဖြစ်သည့်အတွက် ဒေသနှင့်  
နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် အခြေခံပညာကျောင်းများသည် အခြေခံအုတ်မြစ်ပင်ဖြစ်

 

နေပြည်တော်   နိုဝင်ဘာ   ၃


နိုင်ငံတော်        စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ၊       နိုင်ငံတော် ဝန်ကြီးချုပ်       ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ကောင်စီဝင်  ဗိုလ်ချုပ်ကြီး မောင်မောင်ကျော်၊  ကောင်စီတွဲဖက် အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး    ရဲဝင်းဦး၊ ပြည်ထောင်စုဝန်ကြီးများ ဖြစ်ကြ သည့် ဦးလှမိုး၊ ဒေါက်တာညွန့်ဖေ၊ ဦးမင်းသိန်းဇံ၊ မန္တလေးတိုင်းဒေသ ကြီး   ဝန်ကြီးချုပ်    ဦးမောင်ကို၊ ကာကွယ်ရေး      ဦးစီးချုပ်ရုံးမှ တပ်မတော်      အရာရှိကြီးများ၊ အလယ်ပိုင်းတိုင်း     စစ်ဌာနချုပ် တိုင်းမှူး   ဗိုလ်ချုပ် ကိုကိုဦးနှင့် တာဝန်ရှိသူများလိုက်ပါ၍ ယနေ့  နံနက်ပိုင်းတွင် မန္တလေးတိုင်းဒေသ ကြီး    ချမ်းအေးသာစံမြို့နယ်ရှိ လေ့ကျင့်ရေး       အလယ်တန်း  ကျောင်း၊ အားကစားကွင်းများနှင့် မန္တလေးတက္ကသိုလ်တို့သို့    သွား ရောက် ကြည့်ရှုစစ်ဆေးသည်။

 


ဖြည့်ဆည်းဆောင်ရွက်


ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီဥက္ကဋ္ဌ၊    နိုင်ငံတော် ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည်  လေ့ကျင့်ရေးအလယ်တန်းကျောင်း သို့    ရောက်ရှိကြပြီး   ကျောင်းအုပ်      ဆရာမကြီးနှင့်       ကျောင်းသား ကျောင်းသူများအား ရင်းရင်းနှီးနှီး    နှုတ်ဆက်သည်။          ထို့နောက် ကျောင်းရန်ပုံငွေနှင့်  ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးပစ္စည်းများကို ပေးအပ်ကာ    ကျောင်းအတွင်း လှည့်လည်ကြည့်ရှု၍     ကျောင်း ပြန်လည်      ပြုပြင်မွမ်းမံနိုင်ရေး အတွက် လိုအပ်သည်များ ဖြည့် ဆည်း ဆောင်ရွက်ပေးသည်။

 


အားလုံးဝိုင်းဝန်းကြိုးပမ်း


ယင်းနောက် နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ     ဥက္ကဋ္ဌ၊ နိုင်ငံတော်    ဝန်ကြီးချုပ်သည် ကျောင်းခန်းမဆောင်၌ ချမ်းအေး သာစံမြို့နယ်ရှိ အခြေခံမူလတန်း၊ အလယ်တန်းနှင့်   အထက်တန်း ကျောင်းအုပ်များအား   တွေ့ဆုံ၍ ကလေးငယ်များ ပညာသင်ကြား သည့်အရွယ်တွင် အတန်းပညာ များ သင်ကြားရေးဆောင်ရွက်ကြ ရန်လိုကြောင်း၊ အခြေခံပညာသည်  အရေးကြီးသဖြင့် ကျောင်းသား ကျောင်းသူများ အခြေခံစာပေများ အား    တတ်ကျွမ်းသည်အထိ အားလုံးဝိုင်းဝန်းကြိုးပမ်း ဆောင် ရွက်ကြရန်လိုကြောင်း၊ ကျောင်း သား   ကျောင်းသူများ၏   အသိ အမြင်များကို    ပြုပြင်ပေးနိုင်ရေး အတွက်   ကျောင်းပတ်ဝန်းကျင် သန့်ရှင်းသာယာလှပရေး၊ စာသင် ခန်းများ   သပ်ရပ်သန့်ရှင်းမှုရှိစေ ရေးနှင့်   စာသင်ခုံများ   စနစ်တကျ ရှိစေရေး၊  အမှိုက်များအား စနစ် တကျစွန့်ပစ်သည့်  ကောင်းမွန် သည့်   အလေ့အကျင့်ရှိစေရေး သင်ကြားကြပ်မတ် ဆောင်ရွက် ကြရန်လိုကြောင်း၊ အတန်းပညာမှ အသိပညာ၎င်းမှတစ်ဆင့် အတတ် ပညာများရှိမှသာ ကျောင်းသား ကျောင်းသူများ၏   ဘဝတိုးတက် ရေးအတွက်    ဆောင်ရွက်နိုင်ကြ  မည်ဖြစ်သည့်အတွက် ဒေသနှင့်  နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက်  အခြေခံပညာ ကျောင်းများသည်  အခြေခံအုတ်မြစ်ပင်ဖြစ်ကြောင်း၊  တစ်ဖက်မှလည်း       ကိုဗစ်-၁၉ စည်းမျဉ်းစည်းကမ်းများကို တိကျ စွာ လိုက်နာဆောင်ရွက်သွားရန် လိုအပ်မည်     ဖြစ်ကြောင်းဖြင့် မှာကြားသည်။

 


ယင်းနောက်   နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ    ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင် များသည် အောင်မြေသာစံမြို့နယ် ရှိ   အောင်မြေမန္တလာ   ဘောလုံး ကွင်းနှင့် ချမ်းအေးသာစံမြို့နယ်ရှိ  ဗထူးအားကစားကွင်း       တို့သို့ သွားရောက်၍ အားကစားကွင်း များ  အဆင့်မြှင့်တင်ဆောင်ရွက် နေမှု အခြေအနေများအား ကြည့်ရှု ရာ အားကစားနှင့် လူငယ်ရေးရာ ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး  ဦးမင်းသိန်းဇံနှင့်      တာဝန်ရှိသူ များက ရှင်းလင်းတင်ပြကြသည်။ 

 


ထပ်မံတိုးချဲ့ဆောက်လုပ်


ရှင်းလင်းတင်ပြမှုများအပေါ် နိုင်ငံတော်          စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီး ချုပ်က   အားကစားကဏ္ဍအဆင့် မြှင့်တင်နိုင်ရေးအတွက် အားကစား ကွင်းများ    ကောင်းမွန်ရမည်ဖြစ် ကြောင်း၊ အဆင့်မြှင့်တင်ရာတွင် အားကစားသမားများအတွက် အနားယူရန်    နေရာများ၊   ကွင်း အတွင်းသို့     ဝင်ရောက်နိုင်မည့် လမ်းကြောင်းများကို တွက်ချက် ထည့်သွင်းရန်လိုကြောင်း၊ ပွဲကြည့် စင်များကိုလည်း      ကြည့်ရှုသူ ပရိသတ်       အရေအတွက်နှင့် ကိုက်ညီစွာ  ထပ်မံတိုးချဲ့ဆောက် လုပ်နိုင်မည့် ပုံစံများဖြင့် ဆောင် ရွက်သွားရန်     လိုကြောင်းနှင့် အခြား         လိုအပ်သည်များကို မှာကြားပြီး       လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးသည်။

 


 ကြိုဆိုနှုတ်ဆက်


ဆက်လက်ပြီး ညနေပိုင်းတွင်  နိုင်ငံတော်      စီမံအုပ်ချုပ်ရေး ကောင်စီ     ဥက္ကဋ္ဌ၊     နိုင်ငံတော် ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် မဟာအောင်မြေ   မြို့နယ်ရှိ မန္တလေးတက္ကသိုလ် ပင်မစာကြည့် တိုက်ကြီးသို့ရောက်ရှိရာ ပါမောက္ခ ချုပ်    ဒေါက်တာ  တင်ထွန်းနှင့် ဒုတိယ         ပါမောက္ခချုပ်များ၊ စာကြည့်တိုက်မှူး ဒေါ်အေးအေးစိုး နှင့်    အဖွဲ့ဝင်များက      ကြိုဆို နှုတ်ဆက်ကြသည်။  ထို့နောက် စာကြည့်တိုက်အတွင်း ဘာသာရပ် ဆိုင်ရာ၊   ပညာရပ်ဆိုင်ရာ   စာအုပ် စာပေများ ခင်းကျင်းထားရှိမှု၊ ပေ၊  ပုရပိုက်စာများ ထိန်းသိမ်းထားရှိမှု၊  နိုင်ငံတကာနှင့်     ပူးပေါင်းချိတ် ဆက်    ဆောင်ရွက်လျက်ရှိသည့် Human    Rights      Resource Centre၊ E-Library    နှင့်     CMU Corner      ဆောင်ရွက်ထားရှိမှု အခြေအနေများကို    လှည့်လည် ကြည့်ရှုရာ      ပါမောက္ခချုပ်နှင့် စာကြည့်တိုက်မှူးတို့က လိုက်လံ ရှင်းလင်းပြသကြသည်။

 


လေ့ကျင့်ပေးသွားရန်လို


ရှင်းလင်း     ပြသမှုများအပေါ် နိုင်ငံတော်    စီမံအုပ်ချုပ်ရေး ကောင်စီ ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီး ချုပ်က  စာကြည့်တိုက်မှတစ်ဆင့် သမိုင်းဆိုင်ရာများ၊    ဘာသာရပ် ပိုင်းဆိုင်ရာများ၊     လူမှုအသိုင်း အဝိုင်းဆိုင်ရာ ဗဟုသုတများကို ပေးစွမ်းနိုင်သည်          ဖြစ်သဖြင့် စာကောင်းပေမွန်များကို ထားရှိ ရန်လိုအပ်ကြောင်း၊    စည်းကမ်း စနစ်တကျဖြင့်    စာပေဖတ်ရှု လေ့လာခြင်း၊    ပတ်ဝန်းကျင်ကို ထိခိုက်မှုမရှိစေဘဲ       တိတ်ဆိတ် ငြိမ်သက်စွာ  လေ့လာဖတ်ရှုခြင်း များအပြင် library system များ၊ စည်းကမ်းများကို      တိကျစွာ လိုက်နာစေခြင်း         မှတစ်ဆင့် ကျောင်းသား   ကျောင်းသူများ အနေဖြင့် ဘဝတစ်လျှောက်လုံးကို systematically ကျစွာလုပ်ဆောင် တတ်သည့် အလေ့အကျင့်ကောင်း များကို   လေ့ကျင့်ပေးသွားရန်လို ကြောင်း၊      စာကြည့်တိုက်ရှိ အဖိုးတန် စာကောင်းပေမွန်များ၊ ကျမ်းစာ၊         ပုရပိုက်စာများကို ရေရှည်      ထိန်းသိမ်းနိုင်ရေးနှင့် လွယ်ကူစွာ ဖတ်ရှုလေ့လာနိုင်ရေး နည်းပညာအကူအညီဖြင့် ဆောင် ရွက်သွားရန်        လိုကြောင်း၊    စာကြည့်တိုက်နှင့်          စာအုပ် စာစောင်များကို ရေရှည်တည်တံ့ မှုရှိစေရေး ထိန်းသိမ်းမှု ပုံစံစနစ် ကျနရန်လိုကြောင်း၊      ဥစ္စာမှာ ကုန်ဆုံး     သွားနိုင်သော်လည်း ပညာဟူသည် တစ်သက်စားမကုန် သည့်     ပဒေသာပင်ဖြစ်သည့် အတွက်    လူငယ်များ       ပညာ တတ်မြောက်ရေး     မြေတောင် မြှောက်ပေးရန်     လိုကြောင်းဖြင့် မှာကြားသည်။ 

 


လှည့်လည်ကြည့်ရှု


ထို့နောက်    နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ    ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်နှင့်  အဖွဲ့ ဝင်များသည် တက္ကသိုလ်အတွင်း လှည့်လည်ကြည့်ရှု  စစ်ဆေးပြီး တာဝန်ရှိသူများ၏ တင်ပြချက်များ  အပေါ်လိုအပ်သည်များ    ညှိနှိုင်း ဖြည့်ဆည်း    ဆောင်ရွက်ပေးခဲ့ ကြောင်း သတင်းရရှိသည်။ 

သတင်းစဉ်