နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ထံ မြန်မာနိုင်ငံဆိုင်ရာ ဘယ်လာရုစ်နိုင်ငံသံအမတ်ကြီး သံအမတ်ခန့်အပ်လွှာပေးအပ်

 

နေပြည်တော်    အောက်တိုဘာ    ၂၀


နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ          နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး   မင်းအောင်လှိုင် ထံ  မြန်မာနိုင်ငံဆိုင်ရာ  ဘယ်လာရုစ်နိုင်ငံ သံအမတ်ကြီးအဖြစ်   ခန့်အပ်ရန်  သဘောတူညီပြီးဖြစ်သော  သံအမတ်ကြီး H.E. Mr. Uladzimir Baravikou  သည် ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံး သံတမန်ဆောင်ဧည့်ခန်းမ၌ ၎င်း၏ သံအမတ်ခန့်အပ်လွှာကို ပေးအပ်သည်။

 


ထို့နောက် နှစ်နိုင်ငံ သံတမန်ဆက်ဆံရေးနှင့် ချစ်ကြည်ရေးခရီးစဉ်များ အပြန်အလှန် သွားရောက် ရေး ကိစ္စရပ်များ၊   ကုန်သွယ်မှုတိုးမြှင့်ဆောင်ရွက်ရေးဆိုင်ရာ  ကိစ္စရပ်များ၊ သိပ္ပံနှင့် နည်းပညာပူးပေါင်း ဆောင်ရွက်ရေးနှင့် ကာကွယ်ရေးဆိုင်ရာ ဆက်လက် ပူးပေါင်းဆောင်ရွက်ရေးကိစ္စရပ်များကို ရင်းရင်းနှီးနှီး ဆွေးနွေးခဲ့ကြသည်။

 


စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်


တွေ့ဆုံပွဲအပြီးတွင်   နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် မြန်မာနိုင်ငံ ဆိုင်ရာ   ဘယ်လာရုစ်နိုင်ငံ  သံအမတ်ကြီးတို့သည် စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကြသည်။

 


အဆိုပါ    သံအမတ်ခန့်အပ်လွှာ    ပေးအပ်ပွဲသို့ ကောင်စီတွဲဖက်အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး    ဦးဝဏ္ဏမောင်လွင်နှင့်    သံတမန်ရေးရာ ဦးစီးဌာန    ညွှန်ကြားရေးမှူးချုပ်   ဦးဝဏ္ဏဟန်တို့ တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိသည်။


သတင်းစဉ်