နိုင်ငံ‌တော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်  အမေရိကန်နိုင်ငံ နယူးမက္ကဆီကိုပြည်နယ်အုပ်ချုပ်ရေးမှူးဟောင်းအား လက်ခံတွေ့ဆုံ

မြန်မာနိုင်ငံအတွက် အမေရိကန်နိုင်ငံမှ ကိုဗစ်- ၁၉ ရောဂါ  ကာကွယ်ဆေးများ   
ကူညီဆောင်ရွက်ပေးမည့်အခြေအနေများအား ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ်ဆွေးနွေး

 

နေပြည်တော်  နိုဝင်ဘာ   ၂
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်  ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် အမေရိကန်နိုင်ငံ  နယူးမက္ကဆီကိုပြည်နယ်အုပ်ချုပ်ရေးမှူးဟောင်း  မစ္စတာဘီလ်ရစ်ချတ်ဆန်အား ယနေ့ နံနက်ပိုင်းတွင် နေပြည်တော်ရှိ   နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီရုံး၊  သံတမန်ဆောင်ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။                                                                                    
ထိုသို့တွေ့ဆုံရာတွင် မြန်မာနိုင်ငံအတွင်း ကိုဗစ်- ၁၉   ရောဂါ   ကာကွယ်   ထိန်းချုပ် ကုသရေးလုပ်ငန်းများ        ဆောင်ရွက်နေမှု အခြေအနေ၊ ကိုဗစ် - ၁၉ ရောဂါ ကာကွယ်ဆေး များ    ထိုးနှံပေးနေမှုအခြေအနေ၊ ယခုအခါ   ရောဂါကူးစက်မှုနှုန်း     ကျဆင်းလာပြီဖြစ် သဖြင့် ကျောင်းများ ပြန်လည်ဖွင့်လှစ်လျက်ရှိမှု အခြေအနေ၊ မြန်မာနိုင်ငံအတွက် အမေရိကန် နိုင်ငံမှ ကိုဗစ် -၁၉ ရောဂါ  ကာကွယ်ဆေးများ    ကူညီဆောင်ရွက်ပေးမည့်အခြေအနေများအား ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ် ဆွေးနွေး ခဲ့ကြသည်။
အဆိုပါ   တွေ့ဆုံပွဲသို့      နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ        နိုင်ငံတော် ဝန်ကြီးချုပ်နှင့်အတူ  ပြည်ထောင်စုဝန်ကြီး များဖြစ်ကြသည့် ဦးဝဏ္ဏမောင်လွင်၊    ဦးကိုကို လှိုင်၊   ဒေါက်တာသက်ခိုင်ဝင်းတို့ တက်ရောက် ကြပြီး    အမေရိကန်နိုင်ငံ   နယူးမက္ကဆီကို  ပြည်နယ်အုပ်ချုပ်ရေးမှူးဟောင်းနှင့်     အဖွဲ့ဝင်  များ  တက်ရောက်ခဲ့ကြကြောင်း  သတင်းရရှိ သည်။ 
သတင်းစဉ်