နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ကမ္ဘောဒီးယားဝန်ကြီးချုပ် Samdech Akka Moha Sena Padei Techo HUN SEN တို့ Video Conferencing ဖြင့် တွေ့ဆုံဆွေးနွေး

 

နေပြည်တော်   ဇန်နဝါရီ   ၂၆

 


နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ  နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည်   ကမ္ဘောဒီးယားနိုင်ငံဝန်ကြီးချုပ် Samdech Akka  Moha  Sena Padei Techo HUN SEN နှင့် ယနေ့ မွန်းလွဲပိုင်းတွင်   Video Conferencing ဖြင့်  တွေ့ဆုံဆွေးနွေးသည်။                                           

 


ထိုသို့ တွေ့ဆုံဆွေးနွေးရာတွင် အာဆီယံအဖွဲ့တွင်    မြန်မာနိုင်ငံ ၏       ပါဝင်ဆောင်ရွက်နေမှုနှင့် အာဆီယံဘုံ  သဘောတူညီချက် ၅ ရပ်အား  အကောင်အထည်ဖော် ဆောင်ရွက်နေမှု       အခြေအနေ၊ အာဆီယံနိုင်ငံများအတွင်း  အပြု သဘောဆောင်သည့်     ပူးပေါင်း ဆောင်ရွက်မှုများဖြင့်   ဆောင်ရွက် ရန်လိုအပ်သည့်    အခြေအနေနှင့် မြန်မာနိုင်ငံအနေဖြင့် အကောင်းဆုံး ဖြစ်အောင်         ပူးပေါင်းပါဝင် ဆောင်ရွက်သွားမည့်   အခြေအနေ၊အာဆီယံဥက္ကဋ္ဌ၏   အထူးကိုယ်စား လှယ်အား               မြန်မာနိုင်ငံသို့ စေလွှတ်သွားမည့်      အခြေအနေ၊ မြန်မာနိုင်ငံတွင်          ပြည်တွင်း ငြိမ်းချမ်းရေး             ရရှိရန်အတွက် ကြိုးပမ်းဆောင်ရွက်နေမှု     အခြေ အနေ၊    ပြည်တွင်းအကြမ်းဖက်မှု ပပျောက်ရေးအတွက် ဆောင်ရွက် နေမှုအခြေအနေ၊      လူသားချင်း စာနာထောက်ထားမှု    အကူအညီ ပေးရေးအခြေအနေနှင့်      ကုလ သမဂ္ဂ   အထွေထွေအတွင်းရေးမှူး ချုပ်၏   အထူးကိုယ်စားလှယ် လာရောက်ရေးဆိုင်ရာ         ကိစ္စရပ် များကို   ရင်းရင်းနှီးနှီးဆွေးနွေးခဲ့ ကြသည်။

 


အဆိုပါ    တွေ့ဆုံပွဲသို့   နိုင်ငံ တော်စီမံအုပ်ချုပ်ရေး       ကောင်စီ ဥက္ကဋ္ဌ      နိုင်ငံတော်ဝန်ကြီးချုပ် နှင့်အတူ  ကောင်စီတွဲဖက်အတွင်း ရေးမှူး       ဒုတိယဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊     နိုင်ငံခြားရေးဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး ဦးဝဏ္ဏ မောင်လွင်နှင့်     တာဝန်ရှိသူ များ      တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိသည်။    


သတင်းစဉ်