
KNPP နှင့် PDF အကြမ်းဖက်အဖွဲ့များဖမ်းဆီးခေါ်ဆောင်သွားသည့် လွိုင်ကော်တက္ကသိုလ်မှ ဆရာ/ဆရာမများ၊
ကျောင်းသား၊ ကျောင်းသူများနှင့် မိသားစုဝင်များထဲမှ(၁၀၃) ဦး တောင်ကြီးသို့ ပြန်လည်ရောက်ရှိလာမှုအခြေအနေ၊
ရခိုင်ပြည်နယ် ပုဏ္ဏားကျွန်းဈေးတွင် အချိန်ကိုက်မီးလောင်မှုဖြစ်စဉ် ဖြစ်ပွားမှုအခြေအနေ၊ ရှမ်းပြည်နယ် (အရှေ့မြောက်ပိုင်း)၊ စစ်ကိုင်းတိုင်း၊ ကရင်ပြည်နယ်၊ ရခိုင်ပြည်နယ်တို့တွင် ထိတွေ့တိုက်ပွဲဖြစ်ပွားမှုအခြေအနေများနှင့်
NUG ၊ PDF အကြမ်းဖက်အဖွဲ့များအနေဖြင့် နိုင်ငံနေရာအနှံ့ ကောလာဟလသတင်းများထုတ်လွှင့်၍ ပြည်ဖျက်လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများနှင့်ပတ်သက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်း၏ပြောကြားချက်
ဒီနေ့မှာတော့ လွိုင်ကော်တက္ကသိုလ်က KNPP , PDF အကြမ်းဖက် သောင်းကျန်းသူအဖွဲ့က ဖမ်းဆီးခေါ်ဆောင်သွားတဲ့ ဆရာ/ဆရာမတွေ၊ ကျောင်းသား/ကျောင်းသူတွေ၊ မိသားစုတွေထဲက (၁၀၃) ဦး တောင်ကြီး ကို ပြန်ရောက်နေတာရှိပါတယ်။ မနေ့ကညမှာ PNO ပြည်သူ့စစ်အဖွဲ့ ဒေသကနေမှတစ်ဆင့် လက်ခံရရှိခဲ့ပါတယ်။ တပ်မတော်မှ တာဝန်ရှိ သူများလည်း သွားရောက်ကြိုဆိုပြီးတော့ ဒီနေ့မှာ တောင်ကြီးမြို့ကို ရောက်ရှိခဲ့ပါတယ်။ ဒီအဖွဲ့တွေဟာ စစ်ရေးနဲ့မဆိုင်တဲ့ တက္ကသိုလ်၊ ကျောင်းတွေကို တိုက်ခိုက်ပြီး ဓားစားခံအဖြစ် ဖမ်းဆီးခေါ်ဆောင် သွားတာဖြစ်ပါတယ်။ ကျွန်တာ်တို့ မြန်မာနိုင်ငံတစ်ဝန်းလုံးမှာရှိတဲ့ အဖွဲ့အစည်းအသီးသီး၊ လူပုဂ္ဂိုလ်အသီးသီးကနေမှ ကန့်ကွက်တာ၊ ရှုတ်ချတာတွေ လုပ်ခဲ့ပါတယ်။ ကန့်ကွက်၊ ရှုတ်ချတာတွေလုပ်ခဲ့တဲ့ အတွက် ပြန်လည်လွတ်မြောက်လာတာဖြစ်ပါတယ်။ ကျန်ရှိနေသေးတဲ့ အင်အား ၁၀၀ ခန့်ရှိပါသေးတယ်။ ဒီအင်အား ၁၀၀ ခန့်နဲ့ ပတ်သက်ပြီး ပြန်လည်လွတ်မြောက်နိုင်ရေး ဆက်လက်ကြိုးပမ်းဆောင်ရွက်သွား မှာဖြစ်ပါတယ်။ တိုက်ပွဲများဖြစ်ပွားနေချိန်မှာ စစ်ရေးနဲ့မဆိုင်တဲ့ ပစ်မှတ်တွေ၊ စစ်ရေးနဲ့မဆိုင်တဲ့သူတွေကို ဓားစာခံအဖြစ် ဖမ်းဆီး ခေါ်ဆောင်သွားတာတွေ၊ ပြည်သူ့အကျိုးဖျက်ဆီးနေတာတွေကို ပြည်သူ လူထုကလည်း ပြတ်ပြတ်သားသား ဆန့်ကျင်ဖို့လိုတယ်လို့ ပြောချင် ပါတယ်။
ရခိုင်ပြည်နယ်ဖြစ်စဉ်
ရခိုင်ပြည်နယ်ဘက်မှာတော့ ပုဏ္ဏားကျွန်းဈေး မီးလောင်ခဲ့တဲ့ ဖြစ်စဉ်ရှိပါတယ်။ ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီး တပ်မတော်အနေနဲ့ ရခိုင် ပြည်နယ်မှာရှိတဲ့ မြို့၊ ရွာ၊ ပြည်သူလူထု အသက်အိုးအိမ်စည်းစိမ်ကာကွယ်စောင့်ရှောက်နေတာရှိပါတယ်။ ပုဏ္ဏားကျွန်းဈေး မီးလောင် တာနဲ့ပတ်သက်ပြီး ဒီဟာသည် ကျွန်တော်တို့သံသယရှိတာသည် အချိန်ကိုက် ရှို့မီးပဲဖြစ်နိုင်ပါတယ်။ AA အနေနဲ့ ဒေသခံပြည်သူလူထုကို အသုံးချပြီး အထင်အမြင်လွဲမှားအောင် ပြုလုပ်နေတာပဲ ဖြစ်ပါတယ်။ ကျွန်တော်တို့အနေနဲ့ ပြည်သူ့အိုးအိမ်စည်းစိမ်ကို ကာကွယ် စောင့်ရှောက်နေတဲ့ တပ်မတော်နဲ့အညီ မီးရှို့စရာအကြောင်း၊ ပစ်ခတ် စရာအကြောင်း မရှိပါဘူး။ စစ်ရေးပစ်မှတ်တွေကိုပဲ ကျွန်တော်တို့ တိုက်ခိုက်နေတာဖြစ်ပါတယ်။
ရှမ်းပြည်နယ်ဖြစ်စဉ်
ရှမ်းပြည်နယ် အရှေ့မြောက်ဘက်မှာတော့ နမ့်စလပ်မှာ ထိတွေ့ တိုက်ပွဲ ဆက်လက်ဖြစ်ပွားတာရှိပါတယ်။ မုံးကျက်မှာတော့ စခန်း နေရာ နေရာရွှေ့ပြောင်းခဲ့တာရှိပါတယ်။ ဒါနဲ့ပတ်သက်ပြီးလည်း နမ့်စလပ်နဲ့ မုံးကျက်မှာ MNDAA ၊ TNLA အဖွဲ့က အကျအဆုံးများစွာ ရှိပါတယ်။ ဒါ့ကြောင့်လည်း ဒီနေ့မှာလည်း ဓာတုဗုံးတွေ သုံးနေ တယ်ဆိုတဲ့ စွပ်စွဲချက်မျိုး ထွက်ပေါ်လာတာရှိပါတယ်။ သူတို့အနေနဲ့ သူတို့အထိနာပြီဆိုရင် ဒီလိုမျိုးပြောဆိုချက်မျိုး၊ စွပ်စွဲချက်မျိုး အမြဲတမ်း ရှိနေတာပဲ ဖြစ်ပါတယ်။ လောက်ကိုင်ပတ်ဝန်းကျင်နေရာ သုံးနေရာ မှာတော့ ထိတွေ့မှုများရှိခဲ့ပါတယ်။ တာမိုးညဲဘက်မှာလည်း Drop Bomb နဲ့ချပြီးတော့ကျ တိုက်ခိုက်နေတာမျိုးရှိပါတယ်။ စစ်ကိုင်းတိုင်း ဘက်မှာတော့ ဗောဓိတစ်ထောင်ဘက်မှာ တိုက်ပွဲဖြစ်ပွားခဲ့တာရှိပါ တယ်။ ရန်သူ့ဆီက အလောင်းလက်နက်များစွာ ရရှိခဲ့ပါတယ်။ ရေဦး၊ အောင်သာယာဘက်မှာလည်း ပြည်သူ့စစ်အဖွဲ့ဝင်များနဲ့ PDF အကြမ်း ဖက်အဖွဲ့တို့ ထိတွေ့တိုက်ပွဲဖြစ်ခဲ့တာရှိပါတယ်။ အဲဒီမှာလည်း ရန်သူ အကျအဆုံးများစွာနဲ့ ဆုတ်ခွာထွက်ပြေးသွားရတာရှိပါတယ်။ ကရင် ပြည်နယ်ဘက်မှာတော့ ဒီမနက်မှ ထီးထစခန်းကို အင်အားအလုံးအရင်း သုံးပြီး KNU ၊ PDF အဖွဲ့အနေနဲ့ ဝင်ရောက်တိုက်ခိုက်ခဲ့တာရှိပါတယ်။ အကျအဆုံးများစွာနဲ့ ပြန်လည်ဆုတ်ခွာထွက်ပြေးသွားတာ ရှိပါတယ်။ လက်နက်များလည်း သိမ်းဆည်းရမိခဲ့ပါတယ်။ ရခိုင်ပြည်နယ်ဘက်မှာ ထရွှန်အိုင်စခန်းကို တိုက်ခိုက်ခဲ့တာရှိပါတယ်။ ပြန်လည်ဆုတ်ခွာသွား တာရှိပါတယ်။ ဒီနေရာမှာ NUG ၊ PDF အကြမ်းဖက်အဖွဲ့များအနေနဲ့ အချိန်ကောင်းအခါကောင်းဆိုပြီး တစ်နိုင်ငံလုံးမှာ နေရာအနှံ့အပြား လောက်နီးပါးမှာ အဖျက်လုပ်ငန်းများ၊ ကောလာဟလသတင်းများ ထုတ်လွှင့်ပြီး ဆောင်ရွက်နေတာရှိပါတယ်။ အဖျက်လုပ်ငန်းများနဲ့ ပတ်သက်ပြီး ဆောင်ရွက်နေတာရှိပါတယ်။ ကောလာဟလမျိုးစုံ ထုတ်လွှင့်နေတာရှိပါတယ်။ ဒါနဲ့ ပတ်သက်ပြီး ပြည်သူလူထုအနေနဲ့ ဒီအဖျက်သမားများရဲ့လုပ်ရပ်တိုင်း ပြည်ဖျက်မည့် မီဒီယာများနဲ့ ပတ်သက်ပြီး သတိရှိဖို့အရေးကြီးပါတယ်။ ပြီးရင် ကျွန်တော်တို့နဲ့ တရုတ်နိုင်ငံနဲ့ ပူးပေါင်းဆောင်ရွက်နေတဲ့ နယ်စပ်ဒေသတည်ငြိမ် အေးချမ်းရေး၊ နယ်စပ်ဒေသ တရားဥပဒေစိုးမိုးရေးလုပ်ငန်းတွေနဲ့ ပတ်သက်ပြီးလည်း တစ်နိုင်ငံနဲ့တစ်နိုင်ငံ အထင်အမြင်လွဲမှားစေ ရေးအတွက် ဦးတည်ပြီး တိုက်ခိုက်နေတာမျိုးတွေရှိပါတယ်။ ဒါတွေကို ကျွန်တော်တို့ ပြည်သူလူထုအားလုံးက သတိရှိကြဖို့ အရေးကြီး ကြောင်း ပြောလိုပါတယ်။
အားလုံးကို ကျေးဇူးတင်ပါတယ်။
သတင်းစဉ်