
အနောက်နိုင်ငံများနှင့် အနောက်နိုင်ငံအားကိုးမီဒီယာများအနေဖြင့် ညနေတိုင်းထုတ်လွှင့်နေကျပုံသေနည်း သတင်းတစ်ပုဒ်ထပ်တိုးထုတ်လွှင့်မှု အခြေအနေများ
၁၄-၁၂-၂၀၂၃ ရက်နေ့ ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကယားပြည်နယ်၊ စစ်ကိုင်းတိုင်းဒေသကြီး ထီးချိုင့်နှင့် ခမ်းပတ်တို့တွင် ထိတွေ့တိုက်ပွဲဖြစ်ပွားမှု
အခြေအနေများနှင့်ပတ်သက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ် ဇော်မင်းထွန်း၏ ပြောကြားချက်
ဒီနေ့မှာတော့ အနောက်နိုင်ငံများနဲ့ အနောက်နိုင်ငံအားကိုး မီဒီယာများအနေနဲ့ ညနေတိုင်းနဲ့ ညပိုင်းတိုင်းမှာ ထုတ်လွှင့်နေကျ ပုံသေနည်း သတင်းတစ်ပုဒ်ထပ်တိုးလာတယ်ဆိုတာ တွေ့ရတယ်။ ဒီထုတ်လွှင့်နေကျ ပုံသေနည်း သတင်းတစ်ပုဒ်ဆိုတာကတော့ ရှမ်းပြည်နယ် (မြောက်ပိုင်း) မှာဖြစ်နေတဲ့ ကိစ္စတွေနဲ့ပတ်သက်ပြီး တော့ ကျွန်တော်တို့ ဆွေးနွေးခဲ့တာတွေရှိတယ်ဆိုတာ ထုတ်လွှင့် ပြီးဖြစ်တယ်။ အဲဒီဆွေးနွေးချက်တွေ၊ ဆွေးနွေးမှုတွေ အပေါ်မှာ မူတည်ပြီး မစိုးရိမ်ကြဖို့နဲ့ မြန်မာပြည်သူလူထုတစ်ရပ်လုံးအနေနဲ့ စိုးရိမ်စရာ မရှိတဲ့အကြောင်း၊ မြန်မာပြည်သူလူထုတစ်ရပ်လုံးနဲ့ အတူ လက်တွဲတိုက်ပွဲဝင်သွားမယ်လို့ MNDAA ၊ TNLA ၊ AA အဖွဲ့က ပြောတဲ့အကြောင်းဆိုတာကို အမြဲတမ်း ထုတ်လွှင့်နေတဲ့ပုံစံမျိုးလေး တွေ တွေ့ရပါတယ်။ အဲဒီတော့ ကျွန်တော်တို့နိုင်ငံသူ၊ နိုင်ငံသားများ၊ ပြည်သူလူထုအနေနဲ့ ဘယ်သူမှငြိမ်းချမ်းရေးကို မလိုလားတဲ့သူ မရှိဘူး။ ပဋိပက္ခတွေ မဖြစ်ပွားစေချင်ဘူး။ ကိုယ့်ရဲ့လူမှုစီးပွားဘဝ တည်ငြိမ်ရေး၊ စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေး၊ လူမှုဘဝပြည့်စုံ တည်ငြိမ်ရေးကိုပဲ သူတို့အားပေးကြတာ ဖြစ်ပါတယ်။ အဲဒီတော့ ကျွန်တော်တို့ မေးခွန်းထုတ်စရာရှိတာက သူတို့ပြောသလို မြန်မာ ပြည်သူလူထုကို မစိုးရိမ်ပါနဲ့ဆိုတော့ မြန်မာပြည်သူလူထုက စိုးရိမ်နေ တာလား၊ သူတို့ကစိုးရိမ်နေတာလားဆိုတာပဲ မေးခွန်းထုတ်စရာ ဖြစ်ပါတယ်။ အဖြေကတော့ ရှင်းရှင်းလေးပါပဲ၊ မြန်မာနိုင်ငံထဲမှာ ပဋိပက္ခတွေလျော့ပါးသွားမှာ၊ မြန်မာနိုင်ငံလေး ငြိမ်းချမ်းရေး ရရှိမှာ၊ ပြည်သူလူထုလိုလားတဲ့ ပါတီစုံဒီမိုကရေစီစနစ်ခိုင်မြဲပြီး ငြိမ်းချမ်းသွားမှာကို သူတို့ပဲမလိုလားနေတာဖြစ်ပါတယ်။ ဒါကြောင့် သူတို့အနေနဲ့ မြန်မာနိုင်ငံထဲမှာ အပစ်အခတ်ရပ်စဲမယ့်ကိစ္စတွေ၊ ပဋိပက္ခလျော့နည်းမယ့်ကိစ္စတွေ၊ လူမှုစီးပွားဘဝတည်ငြိမ်စေမယ့် ကိစ္စတွေကို မျိုးစုံသွေးထိုး လှုံ့ဆော်ပြီး ဆောင်ရွက်နေကြခြင်းဖြစ် တယ်ဆိုတာကို အားလုံးက သတိပြုရမှာဖြစ်ပါတယ်။ ဝိုင်းဝန်း ဆန့်ကျင်ရမှာ ဖြစ်ပါတယ်။
ဒီနေ့ထိတွေ့မှုများအနေနဲ့ ရှမ်းပြည်နယ်(အရှေ့မြောက်) ဘက်မှာ နမ့်ခမ်းနဲ့ (၁၀၅) မိုင်ကြားမှာ TNLA အဖွဲ့နဲ့ ထိတွေ့မှုရှိပါတယ်။ ပြီးရင် ကယားပြည်နယ်ဘက်မှာဆိုရင် ပြည်နယ် ရဲရုံးဘက်မှာ ထိတွေ့ တိုက်ပွဲဖြစ်ပွားခဲ့မှု ရှိပါတယ်။ ထီးချိုင့်နဲ့ခမ်းပတ်ဘက်မှာ ထိတွေ့ တိုက်ပွဲဖြစ်ပွားခဲ့မှု ရှိပါတယ်။ ခမ်းပတ်မှာဆိုရင် သူတို့အနေနဲ့ အရင်ကထုတ်ခဲ့ဖူးပါတယ်။ ခမ်းပတ်မြို့ကို ထိန်းချုပ်ထားနိုင်ပြီ ဆိုတာမျိုး ဆောင်ရွက်နေတာရှိပါတယ်။ ကျွန်တော်တို့အနေနဲ့ ဒီနေရာမှာ ပြန်လည်လုံခြုံမှု၊ တည်ငြိမ်မှုရှိစေရေး ဆောင်ရွက်လျက် ရှိပါတယ်။ ကျွန်တော်တို့ အစိုးရနဲ့ တပ်မတော်အနေနဲ့ ကျွန်တော်တို့ မြန်မာနိုင်ငံရဲ့ အမျိုးသားအကျိုး စီးပွားဖြစ်တဲ့ ဒို့တာဝန်အရေး (၃) ပါး ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံးညီညွတ်မှု မပြိုကွဲရေး၊ အချုပ်အခြာအာဏာတည်တံ့ခိုင်မြဲရေး ဒါတွေကို အစဉ် တစိုက်ရပ်တည်၊ ဆောက်တည်သွားမှာဖြစ်ကြောင်း ပြောကြားလို ပါတယ်။
အားလုံးကို ကျေးဇူးတင်ပါတယ်။