နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက ချီးမြှင့်သည့် ဘွဲ့တံဆိပ်များ ချီးမြှင့်ပေးအပ်

 

နေပြည်တော်   ဇန်နဝါရီ   ၁၇


(၇၅)   နှစ်မြောက်   စိန်ရတုလွတ်လပ်ရေးနေ့ ဂုဏ်ထူးဆောင်ဘွဲ့များ ချီးမြှင့်အပ်နှင်းခြင်း အခမ်းအနားကို ဇန်နဝါရီ ၁ ရက်နှင့် ၂ ရက် တို့တွင် ကျင်းပခဲ့ပြီး နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က ဘွဲ့ခံပုဂ္ဂိုလ်များအား ဂုဏ်ထူးဆောင်ဘွဲ့များ ကို တစ်ဦးချင်းချီးမြှင့်အပ်နှင်းခဲ့သည်။

 


အဆိုပါ  ဂုဏ်ထူးဆောင်ဘွဲ့များ  အပ်နှင်း ခြင်း   အခမ်းအနားသို့   အကြောင်းအမျိုးမျိုး ကြောင့်      ကိုယ်တိုင်သော်      လည်းကောင်း၊ ကိုယ်စားသော်လည်းကောင်း   တက်ရောက် ရယူနိုင်ခဲ့ခြင်းမရှိဘဲ    အဝေးရောက်   လက်ခံ ရယူနိုင်မည့် ဘွဲ့ခံပုဂ္ဂိုလ်များအား နေပြည်တော် ကောင်စီအပါအဝင် သက်ဆိုင်ရာ တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ ဝန်ကြီးချုပ်များ၊ တိုင်းမှူးများနှင့် တာဝန်ရှိသူများက   ဂုဏ်ထူးဆောင်ဘွဲ့များ   လက်ခံ ရယူမည့်  ကာယကံရှင်မိသားစုဝင်များထံသို့  သွား ရောက် ချီးမြှင့်အပ်နှင်းပေးလျက်ရှိသည်။

 


ထိုသို့ ချီးမြှင့်အပ်နှင်းပေးလျက်ရှိရာ ယနေ့တွင်  ရန်ကုန်တိုင်းဒေသကြီး    ဝန်ကြီးချုပ်   ဦးစိုးသိန်း၊ ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ညွန့်ဝင်း ဆွေနှင့်  တာဝန်ရှိသူများသည်  အလင်္ကာကျော်စွာ ဘွဲ့ရရှိသူ အဆိုပညာရှင် ဦးသုမောင် ကိုယ်စား ဇနီး ဖြစ်သူ ဒေါ်အေးအေးမေ အား သင်္ဃန်းကျွန်းမြို့နယ်ရှိ ၎င်း၏နေအိမ်သို့   သွားရောက်၍    ဘွဲ့တံဆိပ်နှင့် ဘွဲ့လက်မှတ်ကို လက်ဝယ်အရောက် ချီးမြှင့်အပ်နှင်း သည်။

 


ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်၊ တိုင်းမှူး နှင့်   တာဝန်ရှိသူများသည်    သီရိပျံချီဘွဲ့    ရရှိသူ ငြိမ်းချမ်းရေးအကျိုးတော်ဆောင်  ဒေါက်တာတင်မိုသီ  ကိုယ်စား ၎င်း၏ ကိုယ်စားလှယ်ဖြစ်သူ ဦးကျော်စွာစိုး၊  အိုလမာ  အစ္စလမ်သာသနာ့ပညာရှင်များ   အဖွဲ့ချုပ်    ဥက္ကဋ္ဌ အလ်ဟာဂျ်မော်လာနာဟာပိဇ် မုဟမ္မဒ်ဆွာ လေဟ် (ခ)  ဦးစိုးသန်း   ကိုယ်စား    သားဖြစ်သူ ဦးစိုးလွင်ဦး၊ ကူးသန်းရောင်းဝယ်ရေးနှင့် ထောက်ပံ့ ရေးဌာနဝန်ကြီး ဦးအုန်း ကိုယ်စား ကိုယ်စားလှယ် ဖြစ်သူ  ဦးဝင်းစိုးအောင်၊ လယ်ယာစိုက်ပျိုးရေးနှင့်  သစ်တောရေးဌာန  ပြည်သူ့ရိက္ခာထောက်ပံ့ရေးနှင့်   သမဝါယမဌာနဝန်ကြီး   သခင်ကျော်ထွန်း ကိုယ်စား သားဖြစ်သူ ဦးကျော်ထွန်းဝင်း၊ ဇေယျကျော်ထင်ဘွဲ့ ရရှိသူ စစ်ရာထူးခန့်ချုပ် ဗိုလ်မှူးချုပ် စိုးမြင့် (ငြိမ်း) ကိုယ်စား သားဖြစ်သူ ဦးသန်းစိုး၊  ဝဏ္ဏကျော်ထင်ဘွဲ့ ရရှိသူ   ပညာရေးဌာန  ဒုတိယဝန်ကြီး ဦးသောင်းထွဋ် ကိုယ်စား တူမဖြစ်သူ ဒေါ်လွင်လွင်အေး၊ ပညာရေး ဌာန  ဒုတိယဝန်ကြီး  ဒေါက်တာမောင်မောင်အေး ကိုယ်စား ချွေးမဖြစ်သူ ဒေါ်အေးအေးမြတ်၊   စီမံကိန်း နှင့်  ဘဏ္ဍာရေးဌာန  ဒုတိယဝန်ကြီး  ဒေါက်တာ   မောင်ရှိန်   ကိုယ်စား   တူဖြစ်သူ   ဦးလင်းအောင်၊  သမဝါယမဝန်ကြီးဌာန   ဒုတိယဝန်ကြီး   ဦးစံတင်  ကိုယ်စား  တူမဖြစ်သူ  ဒေါ်သဇင်ရွှေ၊  ပြည်ထဲရေး ဝန်ကြီးဌာန   ရဲချုပ်   ရဲဗိုလ်ချုပ်ကြီး ထွန်းလှအောင် ကိုယ်စား မြေးဖြစ်သူ  ဆရာလေး   ဒေါ်ဓမ္မကုသလ၊  နိုင်ငံခြားရေးဝန်ကြီးဌာန သံအမတ်ကြီး ဦးသူရိန် သန့်ဇင် ကိုယ်စား တူဖြစ်သူ  ဦးဟိန်းထွဋ်နောင်၊ အလင်္ကာကျော်စွာဘွဲ့ရရှိသူ စာရေးဆရာ /ဒါရိုက်တာ   ဒုတိယ     ဗိုလ်မှူးကြီး    မောင်မောင်ဦး   (ငြိမ်း)   (တင်သန်းဦး)    ကိုယ်စား   ကိုယ်စားလှယ်ဖြစ်သူ ဦးခင်မောင်ချို   တို့ကို    ရန်ကုန်တိုင်းဒေသကြီး ကျောက်တံတားမြို့နယ်ရှိ ရန်ကုန်မြို့တော်ခန်းမ၌          ဂုဏ်ထူးဆောင်တံဆိပ်နှင့်    ဘွဲ့လက်မှတ်များကို       ချီးမြှင့်အပ်နှင်းခဲ့ကြောင်း သတင်းရရှိသည်။


သတင်းစဉ်