
နေပြည်တော် ဇန်နဝါရီ ၁၃
(၇၅) နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ ဂုဏ်ထူးဆောင်ဘွဲ့များ ချီးမြှင့်အပ်နှင်း ခြင်းအခမ်းအနားကို ဇန်နဝါရီ ၁ ရက်နှင့် ၂ ရက်တို့တွင်ကျင်းပခဲ့ပြီး နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ်က ဘွဲ့ခံပုဂ္ဂိုလ်များအား ဂုဏ်ထူးဆောင်ဘွဲ့များကို တစ်ဦးချင်း ချီးမြှင့်အပ်နှင်းခဲ့သည်။
အဆိုပါ ဂုဏ်ထူးဆောင်ဘွဲ့များ အပ်နှင်းခြင်းအခမ်းအနားသို့ အကြောင်း အမျိုးမျိုးကြောင့် ကိုယ်တိုင်သော်လည်း ကောင်း၊ ကိုယ်စားသော်လည်းကောင်း တက်ရောက်ရယူနိုင်ခဲ့ခြင်းမရှိဘဲ အဝေး ရောက်လက်ခံရယူမည့် ဘွဲ့ခံပုဂ္ဂိုလ်များ အား နေပြည်တော်ကောင်စီအပါအဝင် သက်ဆိုင်ရာ တိုင်းဒေသကြီးနှင့် ပြည်နယ် များမှ တာဝန်ရှိသူများက ဂုဏ်ထူးဆောင် ဘွဲ့များ လက်ခံရယူမည့် ကာယကံရှင်နှင့် မိသားစုဝင်များထံသို့ လက်ရောက်ချီးမြှင့် အပ်နှင်းပေးလျက်ရှိသည်။
ထိုသို့ ချီးမြှင့်ပေးအပ်လျက်ရှိရာ ယနေ့တွင် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးတင်ဦးလွင်နှင့် တာဝန်ရှိသူများက ဝဏ္ဏကျော်ထင်ဘွဲ့ရရှိသူ အမှတ် (၁)စက်မှုဝန်ကြီး ဌာန ဒုတိယဝန်ကြီး (ငြိမ်း) ဦးသိန်း အောင် (ကိုယ်စား) ဇနီး ဒေါ်စန်းစန်းလွင်ထံသို့ သွားရောက်ချီးမြှင့်အပ်နှင်းခဲ့သည်။
ရန်ကုန်တိုင်းဒေသကြီး ဂုဏ်ထူးဆောင်ဘွဲ့ချီးမြှင့်
အလားတူ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်း၊ ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ညွန့်ဝင်းဆွေနှင့် တာဝန်ရှိသူများက အလင်္ကာကျော်စွာ ဘွဲ့ရရှိသူ ဂီတပညာရှင် စန္ဒရား ချစ်ဆွေ (ကွယ်လွန်)ကိုယ်စား ဇနီးဖြစ်သူ ဒေါ်သန်း သန်း၊ စာရေးဆရာ မောင်မောင်လတ်(နောင်)၊ စည်သူ ဘွဲ့ရရှိသူ နိုင်ငံတော်ကောင်စီဝင် ဦးဇော်ဝင်း (ကွယ်လွန်)ကိုယ်စား ဇနီးဖြစ်သူ ဒေါ်ခင်နွဲ့ဝင်း၊ ဝဏ္ဏကျော်ထင်ဘွဲ့ရရှိသူ စွမ်းအင်ဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဦးမြင့်ဇော်(ငြိမ်း)၊ သီရိပျံချီဘွဲ့ရရှိသူ တရား ရေးရာဌာနဝန်ကြီး ဦးခင်မောင်လတ်(ငြိမ်း) ကိုယ်စား သားဖြစ်သူ ဦးခင်မောင်လေး၊ ဝဏ္ဏကျော်ထင်ဘွဲ့ရရှိ သူ လယ်ယာနှင့်သစ်တောဌာန ဒုတိယဝန်ကြီး ဦးကျော်ထိန် (ငြိမ်း)ကိုယ်စား ဇနီးဖြစ်သူ ဒေါ်ရီရီဝင်း၊ သီရိပျံချီဘွဲ့ရရှိသူ ဒုတိယဝန်ကြီးချုပ်ရုံး ဝန်ကြီး ဗိုလ်မှူးချုပ် မောင်မောင်(ငြိမ်း)ကိုယ်စား ဇနီးဖြစ်သူ ဒေါ်ခင်သန်းနွဲ့၊ ဝဏ္ဏကျော်ထင်ဘွဲ့ရရှိသူ ပြည်ထဲရေး ဝန်ကြီးဌာန ရဲချုပ် ဦးသိန်းအောင်(ငြိမ်း) ကိုယ်စား ဇနီးဖြစ်သူ ဒေါ်တင်တင်မြင့်၊ သီရိပျံချီဘွဲ့ရရှိသူ သမ္မတရုံး ဝန်ကြီးဌာန (၃) ပြည်ထောင်စုဝန်ကြီး ဦးကျော်စွာခိုင် (ငြိမ်း) ကိုယ်စား ဇနီးဖြစ်သူ ဒေါ်ခင်ဖြူမာ၊ ဝဏ္ဏကျော်ထင်ဘွဲ့ရရှိသူ ပို့ဆောင်ရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးစန်းဝေ (ငြိမ်း)၊ ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးတိုက်စိုး (ငြိမ်း)၊ သမဝါယမဌာန ဒုတိယဝန်ကြီး ဦးကျော်သန်း (ငြိမ်း)၊ ကျန်းမာရေးဌာန ဒုတိယဝန်ကြီး ဗိုလ်မှူးကြီး ထွန်းလှဖြူ(ငြိမ်း) ကိုယ်စား ဇနီးဖြစ်သူ ဒေါ်သန်းသန်း မေ၊ သီရိပျံချီဘွဲ့ရရှိသူ ဆောက်လုပ်ရေးဝန်ကြီးဌာန ဝန်ကြီး ဦးဟန်ဇော်(ငြိမ်း)၊ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့် (ငြိမ်း)ကိုယ်စား ဇနီးဖြစ်သူ ဒေါ်ခိုင်နွယ်ဦး၊ ဝဏ္ဏကျော်ထင် ဘွဲ့ရရှိသူ ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး ဒုတိယ စာရင်းစစ်ချုပ် ဒေါ်သင်းသင်း၊ အလင်္ကာကျော်စွာ ဘွဲ့ရရှိသူ စာရေးဆရာ ဦးတင်ခ၊ စာရေးဆရာ ဒေါက်တာသော်ကောင်း၊ အနုပညာရှင် ဦးညွန့်ဝင်း (ကွယ်လွန်) ကိုယ်စား ဇနီးဖြစ်သူ ဒေါ်ခင်မကြီး၊ စည်သူဘွဲ့ရရှိသူ နိုင်ငံတော်ကောင်စီဝင် ဗိုလ်မှူးချုပ် စန်းကြည်(ငြိမ်း)ကိုယ်စား သမီးဖြစ်သူ ဒေါ်တင်တင် ကြည်၊ အလင်္ကာကျော်စွာဘွဲ့ရရှိသူ စာရေးဆရာ ဦးကျောက်ဆောက်သာနိုး (မောင်သာနိုး) ကိုယ်စား ဇနီးဖြစ်သူ ဒေါ်ခင်လေးနွယ်၊ စာရေးဆရာ ဦးမြင့် ကြည် (တက္ကသိုလ်မြတ်စိုး)၊ ဝဏ္ဏကျော်ထင်ဘွဲ့ရရှိသူ စီမံကိန်းနှင့် ဘဏ္ဍာရေးဌာန ဒုတိယဝန်ကြီး ဦးညွန့် မောင် (ငြိမ်း)ကိုယ်စား သမီးဖြစ်သူ ဒေါ်ကြူကြူမောင်၊ အမှတ်(၂)စက်မှုဌာန ဒုတိယဝန်ကြီး ဦးဦးစောလှ (ငြိမ်း)ကိုယ်စား ဇနီးဖြစ်သူ ဒေါ်ခင်အေးရွှေ၊ ဇေယျ ကျော်ထင်ဘွဲ့ရရှိသူ ကာကွယ်ရေးဝန်ကြီးဌာနမှ ဗိုလ်ချုပ် မောင်မြင့်(ငြိမ်း)တို့ကို ဂုဏ်ထူးဆောင်ဘွဲ့ များအား ၎င်းတို့၏ နေအိမ်များသို့ သွားရောက်၍ လက်ဝယ်အရောက် ချီးမြှင့်အပ်နှင်းကြသည်။
ရှမ်းပြည်နယ် ဂုဏ်ထူးဆောင်ဘွဲ့အပ်နှင်း
ထို့အတူ ရှမ်းပြည်နယ်(တောင်ပိုင်း) တောင်ကြီး မြို့ မြို့တော်ခန်းမ၌ ဂုဏ်ထူးဆောင်ဘွဲ့အပ်နှင်းခြင်း အခမ်းအနားကို ကျင်းပပြုလုပ်ရာ ပြည်နယ်ဝန်ကြီး ချုပ် ဒေါက်တာကျော်ထွန်း၊ အရှေ့ပိုင်းတိုင်းစစ်ဌာန ချုပ် တိုင်းမှူး ဗိုလ်ချုပ် လှမိုးနှင့် တာဝန်ရှိသူများ၊ ဂုဏ်ထူးဆောင်ဘွဲ့ရရှိသူများ၊ မိသားစုဝင်များ၊ ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။
ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်က ဂုဏ်ပြုအမှာ စကားပြောကြားပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့် တိုင်းမှူးတို့က သီရိပျံချီ ဂုဏ်ထူးဆောင်ဘွဲ့ရရှိသူ ဦးထွန်းမြင့်ကိုယ်စား မြေးဖြစ်သူ ဦးတင်မြင့်လှိုင်၊ “ဝ” အမျိုးသားပါတီဥက္ကဋ္ဌ ဦးခွန်ထွန်းလူ(ခ)ဦးဒီကီ ကိုယ်စား သားဖြစ်သူ ဦးခွန်စောမင်းခေါင်၊ ဝဏ္ဏ ကျော်ထင် ဂုဏ်ထူးဆောင်ဘွဲ့ရရှိသူ ရှမ်းပြည်နယ် ပြန်လည်ဖွံ့ဖြိုးတိုးတက်ရေးပါတီ(RCSS/SSA) ဥက္ကဋ္ဌ ဦးယွက်စစ် ကိုယ်စား ဦးစိုင်းရှောင်းဟန်၊ ဦးကေဗရပျံ ကိုယ်စား ဇနီးဖြစ်သူ ဒေါ်အယ်နီ၊ အလင်္ကာကျော်စွာ ဂုဏ်ထူးဆောင်ဘွဲ့ရရှိသူ စာရေးဆရာ ဦးသန်းထွန်း တို့ကို ဆုများပေးအပ်ချီးမြှင့်ကြပြီး စုပေါင်းမှတ်တမ်း တင် ဓာတ်ပုံရိုက်ခဲ့ကြကြောင်း သတင်းရရှိသည်။
သတင်းစဉ်