
သတင်းအဖွဲ့
(ယမန်နေ့မှအဆက်)
Myanmar Hard Talk မှ သတင်း ထောက် ဦးဥက္ကာက NUG ၊ CRPH တို့ကို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီမှ အကြမ်းဖက်အဖွဲ့အစည်းအဖြစ် ကြေညာ ခဲ့ခြင်းရှိကြောင်း၊ ယနေ့အချိန်ထိ ၎င်းတို့၏လုပ်ရပ်များက တကယ့်အကြမ်း ဖက်လုပ်ရပ်ဖြစ်နေခြင်းကို ထင်ထင် ရှားရှား တွေ့မြင်နေရပြီဖြစ်ကြောင်း၊ အကြမ်းဖက်အဖွဲ့အစည်းများကို အရေး ယူရန်အတွက် အပြည်ပြည်ဆိုင်ရာ ရဲတပ်ဖွဲ့ Interpol အပါအဝင် ဒေသ အတွင်း နိုင်ငံများက အစိုးရများနှင့် ပူးပေါင်းပြီး ဆောင်ရွက်မှုရှိ/ မရှိ သိလိုပါ ကြောင်း မေးမြန်းသည်။
ဗိုလ်ချုပ်ဇော်မင်းထွန်းက ပူးပေါင်းဆောင်ရွက်မှုများရှိပါကြောင်း၊ ပြီးခဲ့သည့် သုံးရက်၊ လေးရက်လောက်က သတင်း ထုတ်ပြန်ထားကြောင်း၊ ကိုဗစ်- ၁၉ ရောဂါနှင့် ပတ်သက်ပြီး အကြမ်းဖက်မှု များလုပ်နေသည့် NUG ၊ CRPH တို့၏ လုပ်ရပ်ကို အပြည်ပြည်ဆိုင်ရာ အဖွဲ့ အစည်းများထံ အကြောင်းကြားထား ကြောင်း၊ ရပ်ကွက်များအတွင်း၌ လှည့်လည်သတိပေးလျက်ရှိကြောင်း၊ ပြည်ထဲရေးဝန်ကြီးဌာန အနေဖြင့် မည်သည့်နေရာများကို မည်ကဲ့သို့ ဆောင်ရွက်ထားသည်ကို သတင်းထုတ် ပြန်ထားကြောင်း၊ အဆိုပါကိစ္စနှင့် ပတ်သက်ပြီး အသေးစိတ်ကို ပြည်ထဲရေး ဝန်ကြီးဌာနက ဆက်လက်ဖြေကြား သွားမည်ဖြစ်ကြောင်း ပြန်လည်ဖြေကြား သည်။
အပြည်ပြည်ဆိုင်ရာ ရဲအဖွဲ့
ပြည်ထဲရေးဝန်ကြီးဌာနမှ ရဲမှူးကြီး ကျော်လင်းက NUG ၊ CRPH တို့ဖွဲ့စည်း ထားသည့် လက်အောက်ခံအဖွဲ့အစည်း အားလုံးကို အကြမ်းဖက်အုပ်စုအဖြစ် ကြေညာထားပြီးဖြစ်ကြောင်း၊ ထိုကဲ့သို့ ကြေညာသကဲ့သို့ NUG ၊ CRPH၊ PDF တို့ အမည်ခံအဖွဲ့အစည်းများကို အကြမ်းဖက် တိုက်ဖျက်ရေးဥပဒေနှင့်လည်း အရေးယူ နေခြင်းများ ရှိကြောင်း၊ ထိုသို့အရေးယူ သကဲ့သို့ ဥပဒေနှင့်အညီ ၎င်းတို့ကို သက်ဆိုင်ရာ တရားရုံးများတွင် တရား စွဲဆိုပြီးနောက် တရားရုံးမှထုတ်ပြန်သည့် ဖမ်းဝရမ်းများကို နိုတြီပြုလုပ်ပြီး အပြည် ပြည်ဆိုင်ရာ ရဲအဖွဲ့ကိုလည်း ပေးပို့ခြင်း များရှိကြောင်း၊ အပြည်ပြည်ဆိုင်ရာ ရဲအဖွဲ့တွင် အဖွဲ့ဝင်နိုင်ငံစုစုပေါင်း ၁၉၄ နိုင်ငံကိုလည်း ဆက်လက်ပေးပို့လျက် ရှိကြောင်း၊ လက်ရှိဆောင်ရွက်နေသည် များမှာ အဆိုပါအကြမ်းဖက်အဖွဲ့အစည်း များကို နောက်ကွယ်မှ ငွေကြေးများ၊ ပစ္စည်းများ ထောက်ပံ့နေသည့်ကိစ္စများ ကို သေချာစနစ်တကျစိစစ်ဖော်ထုတ်ပြီး အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေဖြင့် အရေးယူ ဆောင်ရွက်လျက်ရှိကြောင်း၊ ထိုအကြမ်းဖက်မှုများနှင့် ပတ်သက်၍ အများပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိအောင် သတင်းထုတ်ပြန်ရန်အတွက် စီစဉ်ဆောင်ရွက်နေကြောင်း ဖြည့်စွက် ဖြေကြားသည်။
97 Media မှ သတင်းထောက်ချုပ် နန္ဒလင်း (ထားဝယ်)က ကိုဗစ်- ၁၉ ရောဂါကုသရေးအတွက် နေပြည်တော် နှင့် တိုင်းဒေသကြီး/ ပြည်နယ်အသီးသီး၌ အောက်ဆီဂျင်စက်ရုံများကို တည် ဆောက်ခဲ့ကြောင်း၊ ထိုသို့တည်ဆောက်ခဲ့ ရာတွင် တစ်နိုင်ငံလုံး အတိုင်းအတာအနေ ဖြင့် အောက်ဆီဂျင်စက်ရုံ မည်မျှ တည်ဆောက်ထားကြောင်း၊ လက်ရှိ အောက်ဆီဂျင်ပမာဏမည်မျှကို ဖြန့်ဝေ ပေးလျက်ရှိသည်ကို သိလိုကြောင်း မေးမြန်းသည်။
အောက်ဆီဂျင်စက်ရုံများ
ဗိုလ်ချုပ်ဇော်မင်းထွန်းက အောက်ဆီ ဂျင်စက်ရုံနှင့် ပတ်သက်၍ တိုင်းဒေသကြီး စာရင်းများကို ပြောရမည်ဆိုလျှင် နည်းနည်းများကြောင်း၊ ဆိုလိုသည်မှာ တည်ဆောက်ဆဲ စက်ရုံများရှိကြောင်း၊ တည်ဆောက်ပြီးလုပ်ငန်းများ ရှိကြောင်း၊ အားလုံးခြုံငုံမိအောင် ဖြေပေးမည် ဖြစ်ကြောင်း၊ အောက်ဆီဂျင်နှင့် ပတ်သက်၍ လိုအပ်ချက်များရှိခဲ့ကြောင်း၊ ထို့ကြောင့် ယခုအချိန်တွင် ပြည့်မီအောင် ဆောင်ရွက်လျက်ရှိကြောင်း၊ မြို့တိုင်း နီးပါး၌လည်း တည်ဆောက်နေမှုများ ရှိကြောင်း၊ အောက်ဆီဂျင်လိုအပ်ချက် သည် တစ်နိုင်ငံလုံး၌ အမြင့်ဆုံးဖြစ်သည့် အချိန်ကိုသာတိုင်းကြောင်း၊ ထိုသို့တိုင်း သည့်အခါ တစ်နိုင်ငံလုံး အောက်ဆီဂျင် အမြင့်ဆုံး လိုအပ်ချက်ဖြစ်သည့် ကိုဗစ်-၁၉ ရောဂါတတိယလှိုင်းကာလ ၂၀၂၁ ခုနှစ် ဇူလိုင် ၁၈ ရက်တွင် အောက်ဆီဂျင် လီတာ ၄၀ ဝင်အိုး ၃၁၂၉၇ အိုး လို ကြောင်း၊ မြန်မာနိုင်ငံ၌ ၎င်းပမာဏကို အကုန်လုံး စွမ်းအားပြည့်ထုတ်လျှင်ပင် မထုတ်နိုင်သဖြင့် အောက်ဆီဂျင်ပြည့်မီ စွာ ထုတ်လုပ်နိုင်ရန် ကြိုးစားသည့်အခါ တစ်နိုင်ငံလုံး အောက်ဆီဂျင်စက်ရုံ (ပုဂ္ဂလိကပိုင်စက်ရုံ၊ အစိုးရပိုင်စက်ရုံနှင့် တပ်မတော်ပိုင်စက်ရုံ) ရှိကြောင်း၊ ထိုစက်ရုံများနှင့် မလောက်သည့်အပြင် ပြည်ပမှ liquid oxygen များသွင်းပြီး ဆောင်ရွက်ခဲ့ရကြောင်း၊ ယခုအချိန်တွင် ထုတ်နိုင်သည့်အိုးပေါင်း ၂၆၈၇၂ လုံး ထုတ်နိုင်မည်ဖြစ်ကြောင်း၊ အများဆုံး လိုအပ်ချက်ကိုပြောလျှင် ၃၁၂၉၇ လုံး၊ ယခုလက်ရှိ ထုတ်နိုင်သည့် ၂၆၈၇၂ လုံး သည် တစ်ပြည်လုံးအတွက် မလောက် သေးဘူးဟုထင်ရကြောင်း၊ သို့သော် ယခု အခါ ထိုအရေအတွက်သည် တစ်ပြည်လုံး အတွက် လုံလောက်ကြောင်း။
ယခုလိုအပ်ချက်မှာ ရောဂါဖြစ်နှုန်း ကျသွားသည့်အတွက် တစ်ရက်လိုအပ် ချက်မှာ ၁၈၆၇၇ လုံး လိုအပ်ကြောင်း၊ ထို့ကြောင့် ဂရုတစိုက် ဆောင်ရွက်နေ ခြင်းဖြစ်ကြောင်း၊ သို့သော် ယခုထုတ် နေသည့် ၂၆၈၇၂ လုံးသည် liquid oxygen ပါကြောင်း၊ liquid oxygen သည် ပြည်ပက သွင်းခြင်းကြောင့် ရေရှည်အားကိုး၍ မရကြောင်း၊ ရေရှည် အားကိုး၍မရဆိုသည်မှာ သူများနိုင်ငံက မသွင်းပေးဟုပြောခြင်း မဟုတ်ကြောင်း၊ သွင်းလျှင် ငွေပေးရမည်ဖြစ်ကြောင်း၊ တိုင်းနှင့်ခရိုင်များ၊ မြို့နယ်များမှာ လိုအပ် သည့်နေရာများ၌ လိုအပ်သလိုလုပ်နေ ကြောင်း၊ နိုင်ငံတော်ဝန်ကြီးချုပ် ပြော ကြားသွားသည့်အတိုင်း တချို့မြို့နယ် များမှာ လူဦးရေနည်းခြင်းကြောင့် မလို အပ်ဘူးဟု ထင်ရကြောင်း၊ သို့သော် အဆိုပါဒေသများတွင် လုပ်ပေးရမည် ဖြစ်ကြောင်း၊ ဥပမာအနေဖြင့် စစ်ကိုင်း တိုင်းဒေသကြီး မြောက်ပိုင်းရှိ နန်းယွန်း ဒေသကဲ့သို့နေရာမျိုးကို အောက်ဆီဂျင် အိုးကိုပို့ရန် နှစ်ရက်၊ သုံးရက်ခန့် ကြာ ကြောင်း၊ ထိုဒေသ၌ အောက်ဆီဂျင် စက်ရုံကို တည်ဆောက်ပေးရမည်ဖြစ် ကြောင်း၊ လူဦးရေနှင့် မကြည့်ဘဲ လိုအပ်ချက်ကို ကြည့်ခြင်းဖြစ်ကြောင်း၊ တစ်နိုင်ငံလုံး တည်ဆောက်ရန်အတွက် ဆောင်ရွက်လျက်ရှိကြောင်း၊ ထိုအောက် ဆီဂျင်စက်ရုံတည်ဆောက်ပြီးပြီဆိုလျှင် အောက်ဆီဂျင် အမြင့်ဆုံး လိုအပ်ချက်ကို ယခုနှစ်မကုန်ခင် အားလုံးပြည့်နိုင်မည် ဖြစ်ကြောင်း၊ ယခင်တုန်းက ဖြစ်နေသည့် အခြေအနေမျိုးထိ အမြင့်ဆုံးဖြစ်နေလျှင် ယခုအချိန်တွင် ဖြည့်ဆည်းပေးနိုင်ခြင်း ရှိကြောင်း ပြန်လည်ဖြေကြားသည်။
Eleven သတင်းဌာနမှ ဒုတိယ သတင်းထောက်ချုပ် ဦးမျိုးနိုင်စိုးက ဖမ်းဆီးထိန်းသိမ်း ခံထားရသည့် ဒေါက်တာဇော်မြင့်မောင်၊ ဩစတြေးလျ နိုင်ငံသားရှောင်တာနယ်၊ ယခင်အစိုးရ တာဝန်ရှိသူများထဲမှ အသက်အရွယ် အကြီးဆုံးဖြစ်သည့် အသက် ၈၃ နှစ် အရွယ်ခန့်ရှိ စီမံ/ ဘဏ္ဍာဝန်ကြီးဟောင်း ဦးစိုးဝင်းတို့၏ ကျန်းမာရေးအခြေအနေ နှင့် ပတ်သက်ပြီး မည်ကဲ့သို့ စီစဉ် ဆောင် ရွက်ထားသည်ကို သိလိုကြောင်း မေးမြန်းသည်။
ဗိုလ်ချုပ်ဇော်မင်းထွန်းက ဒေါက်တာ ဇော်မြင့်မောင်အနေဖြင့် ယခင်ကတည်း က ရောဂါအခံရှိကြောင်း၊ သက်ဆိုင်ရာ အကျဉ်းထောင်ဆေးရုံတွင် ရှိကြောင်း၊ ပါရဂူများနှင့် တွေ့ဆုံခွင့်၊ ဆရာဝန်များ နှင့်တွေ့ဆုံခွင့်၊ ကုသခွင့်ပြုထားပြီးဖြစ် ကြောင်း၊ ရောဂါအခြေအနေကသိပ်ပြီး အကောင်းကြီးတော့ မဟုတ်ကြောင်း၊ ဩစတြေးလျနိုင်ငံသားမှာ ကျန်းမာရေး ကောင်းမွန်ကြောင်း၊ စီမံ/ဘဏ္ဍာဝန်ကြီး ဦးစိုးဝင်း၏ ကျန်းမာရေးအခြေအနေ ကို မိမိမသိသေးကြောင်း၊ ပြန်မေးပြီး ပြန်လည်ဖြေကြားပေးမည်ဖြစ်ကြောင်း ပြန်လည် ဖြေကြားသည်။
Eleven သတင်းဌာနမှ ဒုတိယ သတင်းထောက်ချုပ် ဦးမျိုးနိုင်စိုးက စီမံ/ဘဏ္ဍာဝန်ကြီးအနေဖြင့် တာဝန်ထမ်း ဆောင်ခဲ့သည့် ဦးစိုးဝင်းကို အဂတိတိုက် ဖျက်ရေးဥပဒေနှင့် စစ်ဆေးမှုများ ဆောင်ရွက်နေသည့် သတင်းများ ကြားသိရကြောင်း၊ ထိုအခြေအနေနှင့် ပတ်သက်ပြီး သိလိုကြောင်း မေးမြန်း သည်။
ဗိုလ်ချုပ်ဇော်မင်းထွန်းက အဂတိ တိုက်ဖျက်ရေးဥပဒေနှင့် စစ်ဆေးဆောင် ရွက်ခြင်းကို ကြိုတင်ပြီး မပြောနိုင် ကြောင်း၊ အဂတိလိုက်စားမှုတိုက်ဖျက် ရေးကော်မရှင်က စစ်ဆေးပြီးလျှင် အဘယ့်ကြောင့် အရေးယူသည်ကို အချိန်မီ သတင်းထုတ်ပြန်မည်ဖြစ် ကြောင်း ပြန်လည်ဖြေကြားသည်။
ကျီးလန့်စာစား ဖြစ်နေရ
သူရိယနေဝန်းဂျာနယ်မှ CEO ဦးမိုးဟိန်းက ICJ မြန်မာကိုယ်စားလှယ် နှင့် ပတ်သက်သည့် မေးခွန်းတစ်ခု မေးမြန်းလိုပါကြောင်း၊ မမေးခင်တွင် အမှန်တကယ် မြန်မာနိုင်ငံတွင် ဖြစ်နေ သည့် မြေပြင်အခြေအနေပြဿနာတစ်ခု တင်ပြလိုပါကြောင်း၊ မိမိတို့ထံ ဖုန်းဆက် ပြီးမေးမြန်းမှုများ ရှိပါကြောင်း၊ ယင်းမှာ D Day ကိစ္စ ဖြစ်ပါကြောင်း၊ D Day ထပ်လာဦးမည်လား၊ ဦးမိုးဟိန်း မည်သို့ ထင်ပါသလဲဟုဆိုကာ ဖုန်းများ ဆက်မေး ပြီး တစ်နိုင်ငံလုံးက D Day ၊ D Day နှင့် ကျီးလန့်စာစား ဖြစ်နေရပါကြောင်း၊ တစ်ဖက်ကနေပြီး D Day ဆိုသည်ကို မင်းကိုနိုင်၊ ဇော်ဝေစိုး၊ ဆာဆာ၊ မိုးဇော်ဦး ၎င်းတို့က ကြိမ်ဖန်များစွာ ကလေးများကို ထိုးကျွေးနေပါကြောင်း၊ PDF ၊ GZ ဆိုသည့် အကြမ်းဖက်သမားများ သေ သည်ကို မိမိတို့ဝမ်းမနည်းပါကြောင်း၊ သို့သော် နေ့စဉ်သေနေသည်ကို တားရ မည့်အစား မင်းကိုနိုင်၊ ဇော်ဝေစိုး၊ ဆာဆာ၊ မိုးဇော်ဦး၊ NUG ပြည်ပြေးများ သည် D Day ကို အကြိမ်တစ်ထောင်ခန့် လုပ်နေသည့်အတွက် မကြည့်ရက်တော့ ပါကြောင်း၊PDF ၊ GZ ၊ အကြမ်းဖက်သမားများ၊ အကြမ်းဖက်သမား မဟုတ်သေးသူများ ကိုပြောလိုသည်မှာ ပွဲကပြီးသွားတာ ၄ လခန့်ရှိပြီ ညီလေးတို့ဟူ၍ ပြောလို ပါကြောင်း၊ ပွဲပြီးသွားသည့်အတွက် အိမ်ပြန်လျှင်ပြန်၊ မဟုတ်လျှင် လက်ရှိ ဘဝက အပြီးထွက်သွားရတော့မည် ဖြစ်ကြောင်း၊ ထိုအချိန်တွင် မြှောက်ပေး နေသူများက D Day ဟု ထပ်မြှောက် ပေးနေခြင်းကြောင့် သေနေခြင်းများကို ဝမ်းမသာနိုင်ပါကြောင်း၊ မဖြစ်နိုင်သည့်ပွဲ ဖြစ်ပြီးပွဲက “ပတ်စာခွာဖျာသိမ်း” ပြီးသွားပြီဖြစ်ကြောင်း။
ထိုကြားထဲတွင် နောက်ထပ်သတင်း တစ်ခုရှိပါကြောင်း၊ ယင်းမှာ နဝတခေတ် ခေါင်းဆောင်ကြီးတစ်ဦး ဆေးရုံတက်ရ သည့်အခါ ၎င်းတို့ ဇနီးမောင်နှံကို ဒေါ်အောင်ဆန်းစုကြည်သည် အကျယ် ချုပ်ဘဝမှ စာတစ်စောင်ပို့သည်ဟူ၍ စာက များစွာဂယက်ရိုက်သွားပါကြောင်း၊ ကိတ်မုန့်ပို့ပြီး ကျန်းမာပါစေကြောင်း၊ ထာဝရလေးစားစွာဖြင့်ဆိုပြီး ပို့သည်မှာ ဂယက် အတော်ကြီးသွားပါကြောင်း၊ ဒေါ်အောင်ဆန်းစုကြည်သည် အကျယ် ချုပ်ဆိုသော်လည်း ၎င်းပို့လိုသည့် Massage ကို ၎င်းပို့လိုသူကို ပို့၍ရနေပါ ကြောင်း၊ ထိုအချက်က ရှင်းသွားသည့် အတွက်ကြောင့် PDF ၊ GZ ၊ NUG ၊ NLD များ၏ အကြမ်းဖက်လုပ်ငန်းကိုလည်း ၎င်းသာတားဆီးလိုသည့် ဆန္ဒအမှန်ရှိ လျှင် ၎င်းကြိုက်သည့်လမ်းကြောင်းမှ Massage ပေး၍ရပါကြောင်း၊ ထို့ကြောင့် မိမိအင်တာဗျူးများတွင် ပြောခဲ့ပါ ကြောင်း၊ ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် အကြမ်းဖက်လုပ်ငန်းများကို သဘောမတူဟုဆိုသည့်စကားကို ယခု ရုပ်သိမ်းရတော့မည် ဖြစ်ပါကြောင်း၊ PDF ၊ GZ သေနေသည့် ကိစ္စကို မင်းကိုနိုင်၊ ဇော်ဝေစိုး မြှောက်ပေးနေသည်ထက် ဒေါ်အောင်ဆန်းစုကြည်က မတားခြင်းက ပို၍ပြစ်မှုကြီးမားကြောင်းကို မိမိအနေ ဖြင့် Massage ပေးလိုပါကြောင်း၊ မိမိ မေးမြန်းလိုသည့်မေးခွန်းမှာ ICJ နိုင်ငံ တကာအပြည်ပြည်ဆိုင်ရာ တရားရုံးတွင် မြန်မာနိုင်ငံဆိုင်ရာ ကိုယ်စားလှယ်အဖြစ် ရရှိရေးပြဿနာကို NUG က တရားရုံး ကိုပင်လိုက်လုနေပါကြောင်း၊ အာဆီယံ ကိုလုသော်လည်း မရပါကြောင်း၊ နောက်ဆုံး ကုလသမဂ္ဂလုံခြုံရေးကောင်စီ အစည်းအဝေးကိုပင် လုရန်ကြံနေပါ ကြောင်း၊ နောက်ဆုံးအမှုဖြစ်နေပြီး တိုင်းပြည်အတွက် မကောင်းသည့် တရားရုံးကိုပင် လိုက်လုနေပါကြောင်း၊ ICJ တွင် NUG က ကြိုးပမ်းနေသည်ကို မြန်မာနိုင်ငံကိုယ်စားပြုသည့် ကိုယ်စား လှယ်သည် မည်သည့်အနေအထားမျိုး ဖြစ်နေပါသလဲ၊ အခြေအနေအမှန်ကို သိလိုပါကြောင်း မေးမြန်းသည်။
ဗိုလ်ချုပ်ဇော်မင်းထွန်းက သတင်း ထုတ်ပြန်ရာတွင် သေစာရင်းများကို မထုတ်ပြန်ပါကြောင်း၊ မည်သူသေသေ ကိုယ့်နိုင်ငံသား သေဆုံးခြင်းပင်ဖြစ် ကြောင်း၊ မည်သည့်အခါမှလည်း ထုတ်ပြန်စရာအကြောင်း မရှိပါကြောင်း၊ တော်တော်လေးသေဆုံးကြပြီး တော်တော် လေးလည်း မိုက်ရူးရဲဆန်ပါကြောင်း၊ အစောပိုင်းက မိမိပြသခဲ့သည့်အကြောင်း အရာများသည် အကင်းလောက်သာ ရှိသေးပါကြောင်း၊ ၎င်းတို့ကိုယ်တိုင်ဗုံးလုပ် ရင်း ဗုံးကွဲ၍သေသူများ၊ အစပျောက်ပြီး သေသူများအစရှိသဖြင့် အမှန်တကယ် ဖြစ်ပျက်နေသည့် အခြေအနေက တော်တော်လေးဆိုးပါကြောင်း၊ သတင်း များ မခိုင်မာဘဲ ပြောသည်ဆိုလျှင် မကောင်းတတ်၍သာ မပြောခြင်းဖြစ် ကြောင်း၊ မြှောက်ပေးနေသူများ တော်တော်များပါကြောင်း၊ မြှောက်ပေး နေသူများက ဒလက်များဖြစ်၍ ယင်းမှာ ၎င်းတို့လုပ်ရမည့် အလုပ်သာဖြစ် ကြောင်း။
ဒုတိယမေးခွန်းဖြစ်သည့် အပြည် ပြည်ဆိုင်ရာ တရားရုံးနှင့် ပတ်သက်ပြီး ICJ ၌ မြန်မာနိုင်ငံကိုယ်စားပြုသည့် ကိုယ်စားလှယ်နှင့်ပတ်သက်၍ အသိ အမှတ်ပြုရန် ကျော်မိုးထွန်းက NLD နှင့် CRPHကို ကိုယ်စားပြုပြီး ကုလသမဂ္ဂ အထွေထွေညီလာခံ အစည်းအဝေးကို တက်ရောက်ခြင်းများ ပြုလုပ်ခဲ့ကြောင်း၊ CRPH နှင့် NUG တို့က အပြည်ပြည်ဆိုင်ရာ တရားရုံးတွင် ကျော်မိုးထွန်းကို ကိုယ်စား လှယ်အဖြစ်ခန့်နိုင်ရန် ဆောင်ရွက်ခဲ့ ကြောင်း၊ ထို့အပြင် FAO , ILO , WHO တို့တွင်လည်း တက်ရောက်ခွင့်ကို ဆိုင်းငံ့ ထားစေရန် ဆောင်ရွက်မှုများလုပ်ခဲ့ ကြောင်း၊ ICJ နှင့်ပတ်သက်ပြီး လုပ် ဆောင်ရာတွင် ICJ အနေဖြင့် မြန်မာနိုင်ငံ ၏ ကိုယ်စားလှယ်အဖြစ် ပြည်ထောင်စု ဝန်ကြီး ဦးကိုကိုလှိုင်နှင့် ဒုတိယ ကိုယ်စားလှယ်အနေဖြင့် ပြည်ထောင်စု ရှေ့နေချုပ်ဒေါက်တာ သီတာဦးတို့အား ကိုယ်စားလှယ်အဖြစ်လက်ခံရန် ပြောခဲ့ ကြောင်း၊ အဆိုပါကိစ္စကိုလည်း NUG မှ ကျော်မိုးထွန်းက သူလုပ်မည်ဟု ပြောဆို ခြင်းကြောင့် ဆိုင်းငံ့ထားသည့် အခြေ အနေဖြစ်ခဲ့ကြောင်း၊ သို့သော် ၂၀၂၁ ခုနှစ်၊ ဧပြီ ၁၄ ရက်တွင် တရားဝင်စာဖြင့် ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင်နှင့် ပြည်ထောင်စုရှေ့နေချုပ် ဒေါက်တာ သီတာဦးတို့ကို အသိအမှတ်ပြုလက်ခံ သည်ဟု အကြောင်းပြန်ခဲ့ကြောင်း။
အသိအမှတ်ပြုသည့်သဘော
ICJ ဆိုသည်မှာ အပြည်ပြည်ဆိုင်ရာ ဥပဒေကို လက်တွေ့ကျင့်သုံးနေသည့် ကုလသမဂ္ဂ၏ Judicial Organ ဖြစ် ကြောင်း၊ အပြည်ပြည်ဆိုင်ရာ တရားရုံး ICJ မှ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ ၏ ကိုယ်စားလှယ်များကို အသိအမှတ်ပြု ခြင်းသည် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ၏ Legitimacy ကို အသိအမှတ် ပြုသည့်သဘောဖြစ်ကြောင်း၊ ကုလ သမဂ္ဂတွင် ၎င်း၏ လုပ်ငန်းဆောင်တာ များရှိကြောင်း၊ အဆိုပါအထဲတွင် အမြင့် ဆုံးတရားစီရင်ရေးအဖွဲ့မှာ ICJ ဖြစ် ကြောင်း၊ နိုင်ငံတစ်ခုတွင် အုပ်ချုပ်ရေး အာဏာ၊ တရားဥပဒေပြုရေးအာဏာ၊ တရားစီရင်ရေး အာဏာရှိကြောင်း၊ ယင်းတို့အထဲတွင် တရားစီရင်ရေးအာဏာ ကို ကိုင်စွဲထားသည့် အဖွဲ့အစည်းတစ်ခု က တရားဝင်အသိအမှတ်ပြုခြင်း ဖြစ် ကြောင်း။
အလားတူ ယခုလ ၂၀၂၁ ခုနှစ်၊ ဩဂုတ် ၂၃ ရက်မှ ၂၅ ရက်အထိ ပြုလုပ် သည့် အာဆီယံပါလီမန်များ အထွေထွေ ညီလာခံတွင်လည်း ထိုသို့ပင် လိုက်လုခဲ့ ကြောင်း၊ အာဆီယံပါလီမန်များ အထွေ ထွေညီလာခံတွင် တရားဝင်တက်ရောက် ခွင့်ရသူများမှာ ပြည်ထောင်စုရှေ့နေချုပ် ဒေါက်တာ သီတာဦးနှင့် ရှေ့နေချုပ်ရုံးမှ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယ ညွှန်ကြားရေးမှူးချုပ်များ တက်ရောက် ခဲ့ကြောင်း၊ ဆွေးနွေးရာတွင်လည်း မြန်မာနိုင်ငံအနေဖြင့် အာဆီယံပါလီမန် များ ညီလာခံ (AIPA)တွင် တက်ကြွစွာ ပါဝင်ဆောင်ရွက်သွားမည့် အကြောင်း များ၊နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ၏ လမ်းပြမြေပုံ(၅)ခု၊ ရှေ့လုပ်ငန်းစဉ်(၅)ရပ်နှင့်အညီ ပါတီစုံဒီမိုကရေစီ အထွေ ထွေရွေးကောက်ပွဲ ဆက်လက်ကျင်းပပြီး ဆောင်ရွက်မည့် အကြောင်းများကို ဆွေးနွေးနိုင်ခဲ့ကြောင်း၊ မြန်မာနိုင်ငံအနေ ဖြင့် နိုင်ငံတကာ ပါလီမန်များသမဂ္ဂတွင် Statement များ ဖတ်ကြားခြင်းကို ဆောင်ရွက်နိုင်ခဲ့ကြောင်း၊ ထို့ကြောင့် လက်ရှိအစိုးရအနေဖြင့် တရားဝင် တက်ရောက်ခွင့်ရရှိခဲ့ပြီး၊ တရားဝင်အသိ အမှတ်ပြုခြင်းကို ရရှိခဲ့ပြီး ဖြစ်သည်ဟု ပြောလိုကြောင်းပြန်လည်ဖြေကြားသည်။
ထောက်ပံ့ငွေပေးရန်
NHP သတင်းဌာနမှ အယ်ဒီတာချုပ် ဦးဝင်းဦးက မေးခွန်းမမေးမီ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီနှင့် အိမ်စောင့် အစိုးရအား တောင်းဆိုစရာရှိကြောင်း၊ မိမိအနေဖြင့် ယခုသတင်းစာရှင်းလင်းပွဲ မတိုင်မီ ရန်ကုန်အပါအဝင် နယ်မြို့များ ကိုပါဆက်သွယ်ပြီး အခက်အခဲများကို စုံစမ်းကြည့်ရာ စားဝတ်နေရေးအခက် အခဲများစွာ ဖြစ်ပေါ်နေသည်ဟု သိရ ကြောင်း၊ ယခင် NLD လက်ထက်က ပေးခဲ့သကဲ့သို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီနှင့် အိမ်စောင့်အစိုးရအနေဖြင့် ပြည်သူများအား ထောက်ပံ့ငွေပေးရန် ပြောလိုကြောင်းနှင့် ရန်ကုန်တိုင်းတွင် လုပ်နေသည့် ရွေ့လျားဈေးရောင်းသည့် ကားများ အောင်မြင်နေသည့်အခြေအနေ ကို တွေ့ရကြောင်း၊ အခြားပြည်နယ်နှင့် တိုင်းများတွင်လည်း ထိုကဲ့သို့လုပ်ဆောင် ပေးရန် တောင်းဆိုလာသည်များရှိ ကြောင်း၊ ထို့နောက် ပြည်တွင်းမီဒီယာ များ အားကောင်းလာစေရန် ယခင်က လည်းတောင်းဆိုခဲ့ကြောင်း၊ အစိုးရအနေ ဖြင့် မည်ကဲ့သို့သောပံ့ပိုးမှုများ ပေးနိုင် မည်ကိုလည်း စဉ်းစားပေးစေလိုကြောင်း ကို အကြံပြုပြောကြားလိုကြောင်း၊ မေးခွန်းနှင့်ပတ်သက်၍ နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီအစိုးရ၏ သက်တမ်း သည် ယခုလကုန်ပါက ၇ လပြည့်တော့ မည်ဖြစ်ကြောင်း၊ အိမ်စောင့်အစိုးရ၏ သက်တမ်းသည်လည်း တစ်လပြည့်ခါနီး ပြီဖြစ်ကြောင်း၊ နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီနှင့် အိမ်စောင့်အစိုးရတွင် ကိုဗစ်ရောဂါထိန်းချုပ်နိုင်မှု အပါအဝင် ကြုံတွေ့နေရသည့် အဓိကအခက်အခဲ များကို သိလိုကြောင်း မေးမြန်းသည်။
ဗိုလ်ချုပ်ဇော်မင်းထွန်းက သတင်း ထောက်ကြီးပြောခဲ့သည့် ရန်ကုန်တိုင်း ဒေသကြီးတွင် အောင်မြင်နေသည့် ရွေ့လျားဈေးကားများ ကိစ္စနှင့် ပတ်သက် ပြီး နိုင်ငံတော်ဝန်ကြီးချုပ်က ကိုဗစ်-၁၉ ရောဂါနှင့် ပတ်သက်ပြီး ပြုလုပ်သည့် အစည်းအဝေးများတွင် တိုင်းဒေသကြီး နှင့် ပြည်နယ်ဝန်ကြီးချုပ်များကို ပြည်သူ များ စားရေးသောက်ရေးကိစ္စများ အတွက် ထုတ်လုပ်သည့်နေရာများကို သွားရောက်ကြည့်ရှုပြီး လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးရန် ညွှန်ကြား ထားပြီးဖြစ်ကြောင်း။
အဖျက်အမှောင့်လုပ်ဆောင်နေ
သတင်းထောက်ကြီး မေးခဲ့သည့် လက်ရှိအစိုးရ၏ အဓိက အခက်အခဲနှင့် ပတ်သက်ပြီးပြောရလျှင် ယခုအချိန်တွင် နိုင်ငံတော်တည်ငြိမ် အေးချမ်းရေးနှင့် ပတ်သက်၍ အနှောင့်အယှက်ရှိသည်ဟု ပြောလိုကြောင်း၊ တည်ငြိမ်အေးချမ်းရေး ဆိုသည်မှာတစ်တိုင်းပြည်လုံး၌ တည်ငြိမ် အေးချမ်းမှု တည်ဆောက်နိုင်မှသာရမည် ဖြစ်ကြောင်း၊ ယခုအချိန်တွင် PDF ၊ NUG၊ CRPH စသည့်အဖွဲ့များက အဖျက် အမှောင့်လုပ်ငန်းများ လုပ်ဆောင်နေကြ သည့်အတွက် ပြည်သူလူထုစိတ်ထဲတွင် အနည်းဆုံးတော့ စိုးရိမ်ထိတ်လန့်မှုများ ခံစားရမည်ဖြစ်ကြောင်း၊ ဗုံးခွဲ၊ သေနတ် ပစ်သာမက D Day ကဲ့သို့သော ကိစ္စများ ကို လုပ်နေသည်မှာကြာပြီဖြစ်ကြောင်း၊ ဖေဖော်ဝါရီလကတည်းက နေ့စဉ် လောက် နီးပါး၊ လစဉ်လောက်နီးပါး ပြောင်းလဲပြီး လုပ်နေကြကြောင်း၊ ထို့ကြောင့် ပြည်သူ များအနေဖြင့် စိတ်မလုံခြုံသကဲ့သို့ ခံစား နေကြရကြောင်း၊ သို့ဖြစ်၍ အမြန်ဆုံး ပြန်လည် တည်ငြိမ်အေးချမ်းမှုရရှိရေး ဆောင်ရွက်လျက်ရှိကြောင်း၊ တတ်နိုင် သမျှ ထိန်းချုပ်နိုင်ပြီဆိုသော်လည်း ရာနှုန်းပြည့်တော့ မဟုတ်သေးဟုပြောလို ကြောင်း။
နောက်တစ်ခုမှာ စီးပွားရေးကိစ္စ ဖြစ်ကြောင်း၊ ကိုဗစ်- ၁၉ ရောဂါကြောင့် နိုင်ငံတိုင်းတွင် စီးပွားရေးကျဆင်းနေ သည်ကို အားလုံးအသိပင်ဖြစ်ကြောင်း၊ မိမိတို့နိုင်ငံတွင် စီးပွားရေးပိတ်ဆို့အောင် နည်းမျိုးစုံဖြင့် လုပ်ဆောင်နေကြသူများ ကြောင့် ပို၍ဆိုးကြောင်း၊ ထိုကိစ္စများကို လည်း မိတ်ဆွေနိုင်ငံများနှင့် လက်တွဲ၍ ဖြေရှင်းသွားမည်ဟု ပြောလိုကြောင်း ပြန်လည်ဖြေကြားသည်။
Myanmar National Post သတင်း ဌာနမှ အယ်ဒီတာချုပ် နောင်တော်လေး က ယခုလိုကာလတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနက အခြားသောကိစ္စများ ကို ကူညီဆောင်ရွက်ပေးနေခြင်း ရှိပါ ကြောင်း၊ သို့သော် အကြမ်းဖက်သမားများ ၏ လုပ်ရပ်ကြောင့် ထွက်ပြေးတိမ်းရှောင် နေကြရပြီး အိုးမဲ့အိမ်မဲ့ဖြစ်နေသည့် ပြည်သူများအတွက် ဆောင်ရွက်ပေး သည်ကို မတွေ့ရကြောင်း၊ လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထား ရေးဝန်ကြီးဌာနအနေဖြင့် အဆိုပါ ပြည်သူများကို ကူညီဆောင်ရွက်ပေးရန် အစီအစဉ် ရှိ/ မရှိ သိလိုကြောင်း မေးမြန်း သည်။
ဗိုလ်ချုပ် ဇော်မင်းထွန်းက လူမှု ဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေးဝန်ကြီးဌာနအနေဖြင့် ဘေးအန္တရာယ်စီမံခန့်ခွဲရေးဦးစီးဌာနမှ ထောက်ပံ့ကူညီမှုများ ဆောင်ရွက်ရာတွင် သဘာဝဘေးအန္တရာယ်ဆိုင်ရာကိစ္စရပ်များကို အများဆုံး လုပ်ဆောင်ရကြောင်း၊ ထိုသို့ လုပ်ဆောင်ရာတွင် နောက်ထပ် ထပ်ပါသည်မှာ ယာယီတိုက်ပွဲရှောင် စခန်းများတွင် ခိုလှုံနေသူများ၊ ရခိုင် ပြည်နယ်တွင် လူမှုပဋိပက္ခကြောင့် နေရပ်စွန့်ခွာ ထွက်ပြေးနေရသူများကို ကူညီထောက်ပံ့မှုများ ဆောင်ရွက် ကြောင်း၊ သတင်းထောက်ကြီးပြောသလို ကိစ္စများဖြစ်ပေါ်လာပါက အဓိကလုပ် ဆောင်ရန်တာဝန်ရှိသည့်ဌာနမှာ လူမှု ဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေးဝန်ကြီးဌာန မဟုတ် ကြောင်း၊ တိုင်းဒေသကြီး/ ပြည်နယ် အစိုးရ၊ ခရိုင်၊ မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနတို့က ဆောင်ရွက် ရမည်ဖြစ်ကြောင်း၊ ထိုသို့ဆောင်ရွက်ရာ တွင် ၎င်းတို့မှ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဦးစီးဌာနက သတ်မှတ်နှုန်း ထားများဖြင့် ဆောင်ရွက်ရမည်ဖြစ် ကြောင်း။
ယခုမေးမြန်းသည့် ဖြစ်စဉ်များတွင် နေအိမ်မီးလောင်မှု၊ သေဆုံးဒဏ်ရာရမှု၊ ထွက်ပြေးတိမ်းရှောင်မှုတို့ကို သက်ဆိုင် ရာတိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရ အဖွဲ့များ၊ ခရိုင်၊ မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနများက စိစစ်ပြီး ထောက်ပံ့ပေးရန် ညှိနှိုင်းလာပါက ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီး ဌာန၊ တိုင်းဒေသကြီးနှင့် ပြည်နယ်၊ ခရိုင်၊ မြို့နယ်အုပ်ချုပ်ရေမှူးများ၏ ခွင့်ပြုချက်ရယူပြီး အခြားသော ဘေး အန္တရာယ်များ ထောက်ပံ့မှုနှင့် ထောက်ပံ့ ပေးလျက်ရှိကြောင်း၊ ထို့ကြောင့် သက်ဆိုင်ရာ တိုင်းဒေသကြီးနှင့် ပြည်နယ် အစိုးရ၊ ခရိုင်၊ မြို့နယ်အုပ်ချုပ်ရေးအဖွဲ့ များကိုပြောရန် လိုမည်ဖြစ်ကြောင်း၊ ယင်းကိစ္စနှင့် ပတ်သက်ပြီး ပြည်ထဲရေး ဝန်ကြီးဌာနမှ ကိုယ်စားလှယ်လည်း ယခုသတင်းစာရှင်းလင်းပွဲကို တက် ရောက်သည့်အတွက် ၎င်းတို့ဝန်ကြီး ဌာနအနေဖြင့်လည်း သက်ဆိုင်ရာဝန်ကြီး ဌာနများနှင့် ညှိနှိုင်းဆောင်ရွက်ပေးရန် ပြောလိုကြောင်း ပြန်လည်ဖြေကြား သည်။ ။