(ယမန်နေ့မှအဆက်)
Who News Agency မှ ကိုကျော်ဝဏ္ဏက လျှပ်စစ်နှင့် ပတ်သက်ပြီး တစ်နိုင်ငံလုံးအတိုင်းအတာနှင့် လူများ ခက်ခဲနေချိန် လျှပ်စစ်မီတာမဆောင်၍ သပိတ်မှောက် သူများရှိသလို မတတ်နိုင်၍ မဆောင်သူများလည်း ရှိကြောင်း၊ ထိုအချိန်မျိုးတွင် မီတာပုံးများ ဖျက်သိမ်း ကြောင်း၊ လက်ရှိလုပ်ငန်းအသေးလေးများ လည် ပတ်နေမှုမျိုးရှိကြောင်း၊ ထိုသို့လုပ်လိုက်ခြင်းဖြင့် လက်ရှိအစိုးရနှင့် ပြည်သူလူထုကြား အက်ကြောင်း များဖြစ်လာနိုင်ကြောင်း၊ ယင်းပြဿနာများကို မည်သို့ဖြေရှင်းပေးနိုင်မည်ကို သိလိုပါကြောင်း မေးမြန်းသည်။
ပွဲလန့်တုန်းဖျာခင်း
ဗိုလ်ချုပ်ဇော်မင်းထွန်းက လျှပ်စစ်မီတာနှင့်ပတ် သက်ပြီး လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနကလည်း ထုတ်ပြန်ချက်ရှိကြောင်း၊ တချို့ကိစ္စများသည် ပွဲလန့် တုန်းဖျာခင်းလုပ်ခြင်းရှိကြောင်း၊ လျှပ်စစ်မီတာခ မဆောင်လို၍ PDF များကို လှူမည်ဟုဆိုသည်မျိုး လည်းရှိကြောင်း၊ လျှပ်စစ်မီတာခ သိန်း ၆၀၀ ခန့် ပေးစရာရှိသည်ကို လျှပ်စစ်ရုံးက စာရွက်စာတမ်းများ မီးရှို့ပေးလျှင်၊ ပြုလုပ်ပေးလျှင် မည်မျှပေးမည်ဆိုသည် များလည်းရှိကြောင်း၊ ဘဏ်လုပ်ငန်းများတွင်လည်း ထိုကိစ္စများရှိကြောင်း၊ လုပ်ကြံဖန်တီး၍ ပြောခြင်းဖြစ် မည်စိုး၍ ပေါ်လာသည့်တစ်နေ့ တွေ့ရမည်ဖြစ် ကြောင်း၊ ကိုဗစ်-၁၉ ရောဂါကာလကတည်းက လျှပ်စစ်မီတာနှင့်ပတ်သက်ပြီး ကင်းလွတ်ခွင့်၊ သက်သာခွင့်ပေးထားမှုများလည်းရှိကြောင်း၊ သာမန် အိမ်ထောင်စုတစ်စု၊ လက်လုပ်လက်စား လူတန်းစား တစ်ခုက ထိုလျှပ်စစ်ဓာတ်အားယူနစ်နှင့် လုံလောက် သည့်အနေအထားမျိုးရှိသလို မလုံလောက်မှုမျိုး လည်းရှိနိုင်ကြောင်း၊ အချို့မှာ တတ်နိုင်လျက်နှင့် မပေးခြင်းမျိုးလည်းရှိကြောင်း၊ နိုင်ငံတော်အစိုးရ အနေဖြင့် ကိုဗစ်-၁၉ ရောဂါကာလအတွင်း ယခင် ကတည်းက သက်သာခွင့်များပေးပြီးဖြစ်ကြောင်း၊ လုံလောက်သည့် လျှပ်စစ်ဓာတ်အားပမာဏမျိုးသုံးစွဲ နိုင်ရန် ပေးပြီးဖြစ်ကြောင်း၊ အဓိက နိုင်ငံသူနိုင်ငံသားများ၏တာဝန်ဖြစ်ကြောင်း၊ လျှပ်စစ်ဓာတ်အားသည် ထုတ်လုပ်ရသည့်နေရာတွင် ပမာဏငွေကုန်ကြေး ကျရှိကြောင်း၊ ပုဂ္ဂလိကဆောင်ရွက်နေသည့် လုပ်ငန်းများလည်းရှိပြီး ဆက်စပ်ဆောင်ရွက်နေသည့် လုပ်ငန်းများလည်းရှိကြောင်း၊ မည်သည့်နိုင်ငံတွင် မှမရှိပါကြောင်း၊ သုံးစွဲထားသည့်ပမာဏအတိုင်း ပေးရမည်ဖြစ်ကြောင်း၊ ကင်းလွတ်ခွင့်လည်း ပေးထား ပြီးဖြစ်ကြောင်း၊ ယခုလို ကိုဗစ်-၁၉ ကာလတွင် Stay at Home နေရသည့်အတွက် လျှပ်စစ်ဓာတ်အား ပိုမိုသုံးနိုင်ခြင်းရှိနိုင်ကြောင်း၊ ပိုမိုသုံးစွဲခြင်းနှင့် ပတ်သက်ပြီး ပြန်လည်စဉ်းစားသုံးသပ်ပေးနိုင် မည်ဟုပြောနိုင်ကြောင်း၊ ပြန်လည်စဉ်းစားသုံးသပ်ပေးနိုင်မည်ဆိုသည့်နေရာတွင်လည်း ကျပ်တည်း နေသော အခြေခံလူတန်းစားအတွက်သာ ဖြစ်ကြောင်း၊ လျှပ်စစ်ဓာတ်အားကို သတ်မှတ် လစ်မစ်ထက် သုံးစွဲထားသူများက ပေးဆောင် ရမည်ဖြစ်ကြောင်း၊ အဓိကကတော့ နိုင်ငံကြီးသား ပီသရန်ပြောလိုကြောင်း ပြန်လည်ဖြေကြား သည်။
Who News Agency မှ ကိုကျော်ဝဏ္ဏက ပွဲလန့်တုန်းဖျာခင်းသည့်လူများကို မည်သို့ဖော်ထုတ် အရေးယူသွားမည်ကို သိလိုကြောင်း မေးမြန်းသည်။
ဗိုလ်ချုပ်ဇော်မင်းထွန်းက ဥပဒေစည်းမျဉ်း စည်းကမ်းနှင့်အညီ အရေးယူသွားမည်ဖြစ်ကြောင်း၊ လျှပ်စစ်ဓာတ်အားနှင့်ပတ်သက်ပြီး ပထမဆုံးသတိ ပေးပြီး ဖြတ်တောက်ခြင်းမျိုး လုပ်ဆောင်သွားရ မည်ဖြစ်ကြောင်း ဖြေကြားသည်။
Myanmar Public Press မှ ဒေါက်တာစိုးမြင့်ဦး က ယခုကူးစက်မြန် ကိုဗစ်-၁၉ ရောဂါ တတိယလှိုင်း တွင် ဆရာဝန်များနှင့် ကျန်းမာရေးဝန်ထမ်းများ အားနည်းနေသည်ကိုတွေ့ရကြောင်း၊ CDM မလုပ်ဘဲ အမှားကိုသိမြင်လာသည့် ဆရာဝန်များ၊ ကျန်းမာ ရေးဝန်ထမ်းများကို ဖြေလျှော့ပေးရန် အစီအစဉ်ရှိ/မရှိနှင့် Volunteer များကို လေ့ကျင့်ပျိုးထောင်ပြီး ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးလုပ်ငန်းများတွင် အသုံးပြုရန် အခြေအနေများက မည်မျှထိရောက်နေ ပြီး မည်မျှထိကျယ်ပြန့်အောင် ဆောင်ရွက်မည်ကို သိလိုပါကြောင်း မေးမြန်းသည်။
ဖြေလျှော့ထားပြီးဖြစ်
ဗိုလ်ချုပ်ဇော်မင်းထွန်းက ကျန်းမာရေးဝန်ထမ်း များကို ဖြေလျှော့ပေးရန်ဆိုသည့်ကိစ္စနှင့်ပတ်သက်၍ ကျန်းမာရေးဝန်ထမ်းသာမက အခြားဝန်ထမ်းများ အားလုံးကိုပါ ဖြေလျှော့ထားပြီးဖြစ်ပါကြောင်း၊ CDM ဝန်ထမ်းများနှင့် ပတ်သက်ပြီး လုပ်ဆောင်ရမည့် လုပ်ထုံးလုပ်နည်းအဆင့်ဆင့်ကို ပြောပြီးဖြစ်ကြောင်း၊ ၎င်းတို့သည် ထဲထဲဝင်ဝင်ပတ်သက်သည့်သူမဟုတ်၊ လှုံ့ဆော်ခဲ့သူမဟုတ်ပါက သက်ဆိုင်ရာဝန်ကြီးဌာန များတွင် ကိုယ်တိုင်ဝန်ခံချက်နှင့်အတူ ပြော၍ရပါ ကြောင်း၊ ကိုယ်တိုင်ဝန်ခံချက်နှင့်အတူ လိုအပ်သည် များ လုပ်ဆောင်ပြီးပါက မူလရာထူးအဆင့်အတိုင်း ခန့်ထားမည်ဟု ပြောပြီးဖြစ်ကြောင်း၊ အချိန်အကန့် အသတ်ရှိမည်ဖြစ်ကြောင်း၊ မိမိလည်း မမှတ်မိ ကြောင်း၊ ယခုနောက်ပိုင်းတွင်လည်း လုပ်ထုံး လုပ်နည်းအရ ဆက်လက်လုပ်ဆောင်နိုင်ရန် ဖြစ်မည် ဟုပြောလိုပါကြောင်း၊ volunteer နှင့်ပတ်သက်ပြီး လုပ်ဆောင်နေမှုများရှိပါကြောင်း၊ အဓိကအားဖြင့် တပ်မတော်ဆေးဝန်ထမ်းတပ်ဖွဲ့မှ အငြိမ်းစားယူသွား သူများ၊ ပြင်ပ၌ လုပ်ငန်းလုပ်ဆောင်နေသူများ၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ အငြိမ်း စားယူသွားသူများ၊ ပြင်ပတွင် လုပ်ဆောင်နေသည့် ကျန်းမာရေးဝန်ထမ်းများ အစရှိသည်တို့ကို ဦးစားပေးပြီးလုပ်ဆောင်နေပါကြောင်း၊ မြို့နယ်များအလိုက် ဖိတ်ခေါ်ပြီး volunteer စနစ်နှင့် ၎င်းတို့ရသင့်ရထိုက် သည့် ခံစားခွင့်များ၊ ရပိုင်ခွင့်များပေးပြီး လုပ်ဆောင် မည့်စနစ်များကို လုပ်ဆောင်နေပါကြောင်း၊ တိုးတက်မှုစာရင်းများရရှိလျှင် အချိန်မီပြန်ကြားပေးသွားမည်ဖြစ်ကြောင်း ပြန်လည်ဖြေကြားသည်။
Myanmar Public Press မှ ဒေါက်တာစိုးမြင့်ဦး က volunteer ထဲတွင် ပရဟိတလုပ်နေသည့် လူငယ်များကိုပါ ထည့်သွင်းအသုံးပြုစေလိုကြောင်း၊ volunteer အသင်းများတွင်လည်း အချို့ကိစ္စများ အခက်အခဲရှိကြောင်း၊ ယခင်အစိုးရလက်ထက်က ဆိုလျှင် NGO များ၊ CSO များကို မှတ်ပုံတင်မရခြင်းများ၊ အချိန်ဆွဲထားခြင်းများရှိပါကြောင်း၊ ယခုနိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ အစိုးရလက်ထက်တွင် အသင်းအဖွဲ့မှတ်ပုံတင်များကို တင်၍ရ၊ မရသိလို ကြောင်း၊ တင်၍မရပါကလည်း အသင်းအဖွဲ့ဆိုင်ရာ ဥပဒေအရ အသင်းအဖွဲ့မှတ်ပုံတင်ခြင်းဆိုင်ရာ ဥပဒေအခန်း(၄) အပိုဒ်(၇)တွင် ပြည်တွင်းအသင်းအဖွဲ့ များသည် ဆန္ဒအလျောက် မှတ်ပုံတင်လျှောက်ထား လိုပါက အောက်ပါအတိုင်းလျှောက်ထားနိုင်သည်ဆိုပြီး ပါရှိပါကြောင်း၊ မှတ်ပုံမတင်သည့်အတွက် ပြစ်ဒဏ်လည်းမရှိပါကြောင်း၊ ဘာသာရေးနှင့် စီးပွား ရေးအဖွဲ့အစည်းများတွင် မှတ်ပုံတင်ရန်မလိုဟု ပါရှိပါကြောင်း၊ သို့သော် အချို့ဝန်ထမ်းများသည် မှတ်ပုံတင်မရှိသည့်အသင်းအဖွဲ့ကို ဥပဒေနှင့်မညီ သလို၊ တရားမဝင်သလိုမျိုးဆိုသည်များလည်းရှိ ကြောင်း၊ ထို့ကြောင့် အသင်းအဖွဲ့မှတ်ပုံတင်ခွင့် မရ သေးလျှင်လည်း ဝန်ထမ်းများ အသင်းအဖွဲ့ဆိုင်ရာ ဥပဒေနှင့် နားလည်ပြီး အရပ်ဘက်အသင်းအဖွဲ့များကို ဥပဒေနှင့်ညီသည်ဆိုပါက တရားဝင်သဘောမျိုး ဆက်ဆံပေးရန်လည်း ဖြစ်စေလိုကြောင်း၊ အသင်းအဖွဲ့မှတ်ပုံတင်နှင့်ပတ်သက်ပြီး မည်သည့်အခြေ အနေမျိုးရှိသည်ကို သိလိုပါကြောင်း မေးမြန်းသည်။
အမျိုးသားရေးတာဝန်တစ်ရပ်အဖြစ်ခံယူ
ဗိုလ်ချုပ်ဇော်မင်းထွန်းက အသင်းအဖွဲ့မှတ်ပုံ တင် ပိတ်ထားခြင်းမရှိပါကြောင်း၊ ယခုလိုကာလမျိုး ဖြေလျှော့နေသည့်ကာလမျိုးတွင် ပိုပြီးဆောင်ရွက် သွားမည်ဖြစ်ကြောင်း၊ volunteer အသင်းများတွင် ပရဟိတလုပ်နေသည့်အသင်းများ ပါဝင်ရန်ကိစ္စများ သည်လည်း ကောင်းမွန်သည့်အစီအစဉ်ဖြစ်ပါကြောင်း၊ အမျိုးသားရေးတာဝန်တစ်ရပ်အဖြစ်ခံယူပြီး နိုင်ငံ တော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်အနေဖြင့် ပြောကြားသည့် အထဲတွင်လည်း ပါရှိကြောင်း၊ အမျိုးသားရေး တာဝန်တစ်ရပ်အနေဖြင့်ခံယူပြီး အားလုံးပူးပေါင်း ပါဝင်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ပရဟိတ လုပ်နေသည့်အသင်းများ volunteer အနေဖြင့် ပါဝင် လာမည်ဆိုပါကလည်း ပိုပြီးကောင်းမွန်ပါကြောင်း၊ ကြိုဆိုလျက်ရှိကြောင်း ပြောလိုပါကြောင်း ပြန်လည် ဖြေကြားသည်။
97 Media မှ သတင်းထောက်ချုပ်နန္ဒလင်းကျော် (ထားဝယ်)က ရုရှားနှင့် မြန်မာ နှစ်နိုင်ငံပူးပေါင်းပြီး ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထုတ်လုပ်ရန် စီစဉ်ဆောင်ရွက်နေသည်ဟု သိရှိရပါကြောင်း၊ ကာကွယ်ဆေးထုတ်လုပ်မှု အစီအစဉ်အကြောင်းကို ဖြေကြားပေးစေလိုကြောင်း၊ ဆက်စပ်မေးခွန်းအနေ ဖြင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထုတ်လုပ်ရန် အတွက် ရုရှားနှင့်မြန်မာ နှစ်နိုင်ငံပူးပေါင်းဆောင် ရွက်နေသကဲ့သို့ အခြားထုတ်ကုန်ကဏ္ဍများတွင်လည်း ပူးပေါင်းဆောင်ရွက်မည့် အစီအစဉ်များရှိ/မရှိနှင့် ရှိပါက ဖြေကြားပေးစေလိုကြောင်း မေးမြန်းသည်။
ဗိုလ်ချုပ်ဇော်မင်းထွန်းက နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ပြောကြားသွားသည့်အထဲတွင်လည်း ပြည်သူကို အသိပေးချက်၊ ပြည်သူကိုသိနိုင်ရန် သတင်းထုတ်ပြန်သည့်အထဲတွင်လည်းပါကြောင်း၊ ကိုဗစ်-၁၉ ရောဂါကိစ္စနှင့်ပတ်သက်ပြီး နောက်ပိုင်း ယူဆလိုက်သည်မှာ နိုင်ငံများတွင် ကိုဗစ်-၁၉ ရောဂါ နှင့်ပတ်သက်ပြီး ကုသနိုင်မှုများ၊ ရောဂါမပြန့်ပွား သည့် ၁၀၀ ရာခိုင်နှုန်း ထိန်းချုပ်နိုင်ပြီဆိုသည့် နိုင်ငံမရှိသေးကြောင်း၊ ယခု မိတ်ဆွေနိုင်ငံဖြစ်သည့်၊ အိမ်နီးချင်းနိုင်ငံဖြစ်သည့် အိန္ဒိယနိုင်ငံဖြစ်သကဲ့သို့ အိန္ဒိယမှ ဆေး သန်း ၃၀ မှာ ထားသော်လည်း လက်တွေ့တွင် နှစ်သန်းသာရသေးကြောင်း၊ အချို့က ကြိုတင်ငွေချေပြီးဖြစ်ကြောင်း၊ ယင်းကို ဆေးထပ်ရရန် ဖိအားသွားပေး၍မရကြောင်း၊ အဘယ်ကြောင့်ဆို သော် ၎င်းတို့နိုင်ငံတွင်ပင် ရောဂါဖြစ်ပွားမှုနှုန်း များနေပါကြောင်း၊ ယခုအများဆုံးပို့ပေးနေသည့် မိတ်ဆွေနိုင်ငံမှာ တရုတ်နိုင်ငံဖြစ်ကြောင်း၊ ကျန်သည့် နိုင်ငံများက ပို့ပေးသည်ထက် မိမိနိုင်ငံထဲတွင် ထုတ် လုပ်နိုင်လျှင် ပိုမကောင်းဘူးလားဆိုသည့် ယူဆချက် ဖြစ်လာကြောင်း၊ ထို့ကြောင့် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်အနေဖြင့် ကာကွယ်ဆေးထုတ်လုပ်နိုင်ရေး အတွက် ဆွေးနွေးခဲ့ခြင်းဖြစ်ပါကြောင်း၊ ရုရှားတွင် တာဝန်ရှိသူများနှင့် ဆွေးနွေးသည့်အခါ အခြေခံ သဘောတူညီချက်ရခဲ့ကြောင်း၊ ၎င်းတို့အနေဖြင့် ကာကွယ်ဆေးထုတ်လုပ်နိုင်ရန်အတွက် စက်ရုံကို အသစ်ထောင်မည်ဆိုလျှင် ကုန်ကျစရိတ်များသည့် အတွက် ဤနိုင်ငံတွင် ထုတ်လုပ်နိုင်ရန် အခြေခံ အချက်အလက်များ မေးခြင်းများရှိကြောင်း၊ ကျန်းမာ ရေးနှင့်အားကစားဝန်ကြီးဌာနမှ တာဝန်ရှိသူများ၊ ဆေးဝန်ထမ်းညွှန်ကြားရေးမှူးရုံးမှ တာဝန်ရှိသူများ နှင့် ဆွေးနွေးခဲ့ပါကြောင်း၊ ထိုသို့ ဆွေးနွေးသည့်အခါ ထုတ်လုပ်နိုင်သည့် အခြေခံရှိနိုင်သည့်အတွက် မိမိတို့နိုင်ငံတွင် စက်ရုံများကို လာရောက်လေ့လာမည် ဖြစ်ကြောင်း၊ ထို့နောက် ထုတ်လုပ်နိုင်ရေးဆောင်ရွက် သွားမည်ဖြစ်ကြောင်း၊ အချိန်အတိုင်းအတာတစ်ခု အထိ စောင့်ရမည်ဖြစ်ကြောင်း၊ အမှန်တကယ် ယခု လထဲတွင် လာရောက်လေ့လာရန်ဖြစ်ကြောင်း၊ သို့သော် မိမိတို့နိုင်ငံတွင် ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားမှု များနေသည့်အတွက် ၎င်းတို့ဘက်က လာရောက်ရန် မေးမြန်းနေသည့်သဘောမျိုးရှိကြောင်း၊ လုပ်ဖြစ် မည်ဟုပြောလိုပါကြောင်း၊ အခြားကိစ္စများနှင့် ပတ်သက်၍ လက်တွေ့ဖြစ်လာနိုင်သည့်ကိစ္စတွင် လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန ရေနံနှင့်သဘာဝ ဓာတ်ငွေ့ထုတ်လုပ်ရေးလုပ်ငန်းဖြစ်ကြောင်း၊ ရေနံ နှင့်သဘာဝဓာတ်ငွေ့ထုတ်လုပ်ရေးလုပ်ငန်းကို ရုရှား အနေဖြင့် စိတ်ဝင်စားကြောင်း၊ ၎င်းတို့အနေဖြင့်လည်း ကမ္ဘာပေါ်တွင် သဘာဝဓာတ်ငွေ့ အများဆုံးထုတ် လုပ်နေသည့်နိုင်ငံဖြစ်သည့်အတွက်၊ အတွေ့အကြုံ ရှိပြီးဖြစ်သည့်အတွက် လုပ်ဆောင်သွားရန်ရှိကြောင်း၊ တွင်းအသစ်များ ရှာဖွေခြင်းလုပ်ငန်းများ၊ ရေနံမြေ အဟောင်းများတွင်
ရေနံနှင့်သဘာဝဓာတ်ငွေ့ ထုတ်လုပ်နိုင်ရေးလုပ်ငန်း များဆောင်ရွက်သွားရန်ရှိသည်ဟု ပြောလိုပါကြောင်း၊ အခြားလုပ်ငန်းများအနေဖြင့်လည်း ကမ္ဘာလှည့်ခရီးသွားလုပ်ငန်းဖြစ်ပြီး ယင်းတို့မှာလည်း ညှိနှိုင်းဆောင် ရွက်ရမည်ဖြစ်ကြောင်း၊ ၎င်းတို့ဘက်မှ တောင်းဆို သည်မှာ ကမ္ဘာလှည့်ခရီးသွားလာရေးလုပ်ငန်းဆိုလျှင် မြန်မာနိုင်ငံဘက်တွင် ဗီဇာမလိုဘဲ တိုက်ရိုက်စင်းလုံး ငှားလေယာဉ်ဖြင့် ဝင်ရောက်နိုင်ခွင့် စသည့်လုပ်ငန်း များလည်း တိုးချဲ့လာမည်ဖြစ်ကြောင်း၊ သို့သော် ပထမဦးဆုံး မိမိတို့လုပ်ရမည့်လုပ်ငန်း၊ အာရုံစိုက် လုပ်ရမည့်လုပ်ငန်းမှာ ကိုဗစ်-၁၉ ရောဂါနှင့်ပတ်သက် ပြီး ထိန်းချုပ်နိုင်ရေးဆောင်ရွက်သွားရမည်ဖြစ် ကြောင်း ပြန်လည်ဖြေကြားသည်။
နေပြည်တော်တိုင်းမ်သတင်းဌာနမှ သတင်း ထောက် ဦးမင်းမောင်က ကိုဗစ်-၁၉ ရောဂါပိုး အမျိုးအစားသုံးမျိုး တွေ့ရှိထားသည်ကိုသိရကြောင်း၊ အဆိုပါရောဂါပိုးသုံးမျိုးလုံး၏ မြန်ဆန်မှုနှုန်းသည် ဒုတိယလှိုင်းထက် ပိုမိုကူးစက်မြန်ဆန်သည်ကို တွေ့ရကြောင်း၊ မှာယူထားသည့်ကာကွယ်ဆေးများ မှာ တရုတ်၊ ရုရှား၊ အိန္ဒိယနိုင်ငံများဖြစ်ပြီး မိမိတို့ နိုင်ငံအနေဖြင့် ထုတ်လုပ်ရန်အတွက် ပြင်ဆင်နေ သည်ကိုသိရကြောင်း၊ လက်ရှိဖြစ်ပေါ်နေသည့် ကိုဗစ်-၁၉ ရောဂါပိုးသုံးမျိုးကို တရုတ်ကပို့လိုက်သည့် ကာကွယ်ဆေးအနေဖြင့် ကာကွယ်ဆေးထိုးပြီးထားသည့်သူများမှာ ရောဂါပိုးပြန်လည်တွေ့ရသည်ကို သိရကြောင်း၊ လက်ရှိတပ်မတော်အတွင်း ကာကွယ် ဆေးထိုးပြီးသည့် အရာရှိများ ပြန်လည်ကူးစက်နေ သည်ကို ကြားသိရကြောင်း၊ အဆိုပါကိစ္စများနှင့် ပတ်သက်ပြီး မှာယူထားသည့်ဆေးများသည် အာနိသင်ထိရောက်မှုရှိ/မရှိနှင့် တရုတ်ကကူညီပေး သည်မှာမှန်သော်လည်း ကူညီပေးလိုက်သည့်ဆေးက မိမိတို့နိုင်ငံအတွက် အကျိုးသက်ရောက်မှုရှိ/မရှိကို သိလိုကြောင်း မေးမြန်းသည်။
သေဆုံးမှုကို ၉၃ ရာခိုင်နှုန်းထိ လျှော့ချပေးနိုင်
ဗိုလ်ချုပ်ဇော်မင်းထွန်းက ကိုဗစ်-၁၉ ရောဂါ မျိုးရိုးဗီဇနှင့်ပတ်သက်ပြီး သုံးမျိုးအပြင် နောက်ထပ် နှစ်မျိုးရှိသည်ကို ကျန်းမာရေးဝန်ကြီးဌာနက အသေး စိတ် ရှင်းလင်းမည်ဖြစ်ကြောင်း၊ အဆိုပါမေးခွန်းဖြစ် ပေါ်လာခြင်းသည် သတင်းအခြေခံအချက်အလက် များကြောင့်ဖြစ်ကြောင်း၊ ကျင့်ဝတ်သိက္ခာမရှိသော မီဒီယာများ၊ ကျန်းမာရေးဝန်ကြီးဌာနမှ CDM လုပ်သွားသည့် ဆရာဝန်၊ ဆရာမများနှင့် နိုင်ငံခြား တွင်နေထိုင်သည့် ဆန့်ကျင်ဘက်အမျိုးမျိုးပြောနေ သည့် ကျန်းမာရေးဝန်ထမ်းများနှင့် ပြုလုပ်ထားသည့် အင်တာဗျူးများတွေ့ရကြောင်း၊ ဖြေကြားမှုများတွင် ရုရှားနိုင်ငံထုတ်ကာကွယ်ဆေးများနှင့် တရုတ်နိုင်ငံ ထုတ် ကာကွယ်ဆေးများအနေဖြင့် စိတ်မချရ ကြောင်း၊ ၎င်းတို့နေထိုင်သည့် အမေရိကန်နိုင်ငံထုတ် ကာကွယ်ဆေးထိုးပြီးနောက် ရောဂါပိုးမှာ မကူးစက် ဘူးလား၊ အမေရိကန်နိုင်ငံတွင်လည်း ရောဂါပိုး ကူးစက်လျက်ရှိကြောင်း၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ် ဆေးထိုးထားသည့်သူများသည် ကိုဗစ်-၁၉ ရောဂါ မဖြစ်နိုင်ရန်အတွက် ၆၉ ရာခိုင်နှုန်း အာမခံချက်ရှိ ကြောင်း၊ သိပ္ပံနည်းလမ်းအရ စစ်ဆေးတွေ့ရှိချက် ဖြစ်ပြီး ၎င်းထက်များစရာမရှိဘဲ နည်းစရာသာရှိ ကြောင်း၊ အိန္ဒိယနိုင်ငံက ကိုဗစ်-၁၉ ရောဂါ ကာကွယ် ဆေးမှာယူခဲ့ပြီး အိန္ဒိယနိုင်ငံတွင် မည်မျှကူးစက်နေ သည်ကို တွေ့ရကြောင်း၊ လက်တွေ့ နှိုင်းယှဉ်ကြည့်ပြီး ပညာရပ်အရပြောခြင်းမဟုတ်ကြောင်း၊ အိန္ဒိယ နိုင်ငံနှင့် တရုတ်နိုင်ငံတွင် မည်သည့်နိုင်ငံက ရောဂါ ဖြစ်ပွားနှုန်းများနေသလဲ၊ အမေရိကန်တွင် ၎င်းတို့ ဖော်ထားသည့်ဆေးနှင့် ကုသခဲ့ပြီး မည်မျှများနေ သလဲ၊ ရုရှားနိုင်ငံတွင် ၎င်းကိုယ်တိုင်ဖော်ထားသည့် ဆေးနှင့် ကုသခဲ့ပြီး မည်မျှများနေသလဲ စသည်ကို နှိုင်းယှဉ်ကြည့်လျှင် သိနိုင်ကြောင်း၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ပြောသွားသည့်အတိုင်း ရရှိထားသည့် ကာကွယ်ဆေးသည် အကောင်းဆုံး ဖြစ်ကြောင်း၊ အဆိုပါနိုင်ငံများမှထုတ်ထားသည့် ကာကွယ်ဆေးများသည် အာမခံချက်ရှိခြင်းကြောင့် ထုတ်ထားပြီး ၎င်းတို့နိုင်ငံသားများကိုယ်တိုင် လက်တွေ့ထိုးပြီး ပျောက်ကင်းလျက်ရှိကြောင်း၊ သို့သော် မည်သည့် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးမှ အပြည့် အဝကာကွယ်ပေးနိုင်ခြင်း မရှိသေးကြောင်း၊ လူ၏ Antibody နှင့်လည်း သက်ဆိုင်ကြောင်း၊ ၆၉ ရာခိုင် နှုန်းသာမဖြစ်အောင် ကာကွယ်နိုင်ကြောင်း၊ သို့သော် အာမခံချက်အမြင့်ဆုံးအနေဖြင့် ကာကွယ်ဆေး ထိုးထားသည့်သူများသည် ရောဂါထပ်မံဖြစ်ပွားလျှင် ပြင်းထန်သည့်ရောဂါဖြစ်ပွားမှုကို ကာကွယ်နိုင်ပြီး သေဆုံးမှုကို ၉၃ ရာခိုင်နှုန်းအထိ လျှော့ချပေးနိုင် ကြောင်း၊ အဆိုပါအခြေခံအချက်များကို သိရပြီး ကြောင်း၊ ယခုလိုမေးခွန်းမေးပေးသည့်အတွက် ကျေးဇူးတင်ပါကြောင်း၊ မိမိတို့နိုင်ငံသူ နိုင်ငံသားများ လက်ထဲတွင် မဟုတ်မမှန်မီဒီယာများက အားပေး အားမြှောက်လုပ်ပြီး လူသတ်ကောင်များက မေးနေ ခြင်းဖြစ်ကြောင်း၊ ယခင်က စစ်အစိုးရက ထိုးပေး သည့်ကာကွယ်ဆေးမထိုးရန် ပြောဆိုသပိတ်မှောက် ခဲ့သည်များရှိကြောင်း၊ ယခုအခါ ကာကွယ်ဆေးထိုး ရန် အရေးကြီးသည့်အချိန်တွင် တရုတ်ကမှာယူထား သည့် ကာကွယ်ဆေးသည် မကောင်းကြောင်း၊ ရုရှားက ကာကွယ်ဆေးသည် WHO အဖွဲ့အစည်းက အသိအမှတ်မပြုထားမှုကို ဖြန့်ဝေလျက်ရှိကြောင်း၊ WHO က အသိအမှတ်ပြုထားသည့် ကာကွယ်ဆေးထိုး သည့်သူများလည်း ပြန်လည်ကူးစက်နေပြီး မည်သည့်ကာကွယ်ဆေးမဆို ၆၉ ရာခိုင်နှုန်းသာ ကာကွယ်နိုင်ကြောင်း၊ သို့သော် သေဆုံးနိုင်ခြေနှင့် ပြင်းထန်စွာဖြစ်ပွားနိုင်ခြေကို ၉၃ ရာခိုင်နှုန်း ကာကွယ် ကြောင်း၊ ထပ်မံတွေ့ရှိချက်များအရ တချို့နိုင်ငံများ တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးကို ဒုတိယ အကြိမ်ထပ်မံထိုးရန် ဆောင်ရွက်နေကြောင်း၊ ဒုတိယ အကြိမ်ဆိုသည်မှာ ပထမအကြိမ်တွင် နှစ်ကြိမ် ထိုးနှံပြီး ထပ်မံထိုးနှံရန်လုပ်ဆောင်နေကြောင်း၊ Antibody ကို စစ်ဆေးသည့်အခါ ကျနေသည့်သူများ၊ အဓိက ကျန်းမာရေးဝန်ထမ်းများကို ထိုးရန်လုပ် ဆောင်နေကြကြောင်း၊ အဆိုပါအစီအစဉ်ကို မိမိနိုင်ငံ အနေဖြင့် ဆောင်ရွက်ရန်ရှိကြောင်း ပြန်လည် ဖြေကြားသည်။
၁၀၀ ရာခိုင်နှုန်း ကာကွယ်သည့်ဆေး မပေါ်ပေါက်သေး
ဆက်လက်ပြီး ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူး ဒေါက်တာ သန်းနိုင်စိုးက ဖြည့်စွက်ရှင်းလင်းရာ ကမ္ဘာပေါ်တွင် ကာကွယ်ဆေးကို ထုတ်လုပ်ပြီး သုံးစွဲလာသည့်ကိစ္စ သည် ခေတ်ပေါ်ဆေးသိပ္ပံပညာ၏ ကောင်းကျိုးတစ်ခု လည်းဖြစ်ကြောင်း၊ မည်သည့်ကာကွယ်ဆေးမှ ၁၀၀ ရာခိုင်နှုန်း ကာကွယ်သည့်ဆေး မပေါ်ပေါက်သေး ကြောင်း၊ ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ကာကွယ်ဆေး တစ်ခုကို ပြည်သူလူထုအတွက် အသုံးပြုသင့်ကြောင်း၊ ထောက်ခံသည့်ဆေးသည် အခြေခံအားဖြင့် ၅၀ ရာခိုင်နှုန်းအထက်ကာကွယ်နိုင်လျှင် အဆိုပါ ကာကွယ် ဆေးသုံး၍ရသည်ကို သတ်မှတ်ထားကြောင်း၊ နှစ်စဉ်နှစ်တိုင်းထိုးနေသည့် တုပ်ကွေးကာကွယ်ဆေး (H1N1)သည် ၅၀ ရာခိုင်နှုန်းသာ ကာကွယ်နိုင် ကြောင်း၊ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး၏ ထူးခြားချက်အနေဖြင့် ၉၃ ရာခိုင်နှုန်းအထက် ကာကွယ်နိုင်ပြီး မျိုးပြောင်းလဲသည့်ပိုးကို ၆၀ ရာခိုင် နှုန်းအထက် ၇၀ ရာခိုင်နှုန်းခန့်ရှိသည်ကို သုတေသန စာတမ်းအရသိနိုင်ကြောင်း၊ လတ်တလောအဖြစ် အပျက်များကိုကြည့်လျှင် နေပြည်တော်ကောင်စီ နယ်မြေအတွင်း ကျမ်းသုတေသနလုပ်ထားခြင်း များရှိကြောင်း၊ ကာကွယ်ဆေးထိုးသည့်သူများတွင် မည်မျှကူးစက်ပြီး ရောဂါပြင်းထန်မှုနှင့် သေဆုံး မှုနှုန်းသည် ကာကွယ်ဆေးထိုးထားသည့်သူများတွင် အင်မတန်နည်းပါးကြောင်း၊ အသက်အရွယ်ကြီးလျှင် အတော်လေးစိတ်ပူရပြီး ကျန်းမာရေးအသိုင်းအဝိုင်း က တချို့ဆရာဝန်များလည်း ပါဝင်ပြီး ရောဂါအခံများ လည်းရှိကြကြောင်း၊ ကာကွယ်ဆေးထိုးထားခြင်း ကြောင့် ပြင်းပြင်းထန်ထန်မခံစားရဘဲ ပြန်ကောင်း သွားသည့်သူများ မျက်မြင်ရှိကြောင်း၊ အဆိုပါဖြစ်စဉ် များကိုလည်း ထုတ်ပြန်ပေးသွားမည်ဖြစ်ကြောင်း၊ ရုရှားနိုင်ငံထုတ် ကာကွယ်ဆေးအမျိုးအစား Sputnik V ၊ Sinopharm နှင့် Sinovac အမျိုးမျိုး ရှိကြောင်း၊ Sinopharm သည် ကမ္ဘာ့ကျန်းမာရေး လက်မှတ်ရထားပြီး Sinovac အနေဖြင့် EU က အရေးပေါ်အသုံးပြုခွင့် လက်မှတ်ရထားကြောင်း၊ ၎င်းတို့နိုင်ငံများတွင် အများကြီးထိုးလျက်ရှိကြောင်း၊ ကာကွယ်ဆေးတစ်ခုကို အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနက အသိအမှတ်ပြုပြီးမှ မိမိတို့နိုင်ငံမှာ ထိုးခြင်းဖြစ်ကြောင်း၊ ကာကွယ်ဆေး တစ်ခုအနေဖြင့် အသိအမှတ်ပြုရန်အတွက် အခြေခံ အရည်အချင်းနှစ်ခုရှိပြီး နံပါတ်တစ် ကာကွယ်ဆေး သည် ထိရောက်မှုရှိရမည်၊ နံပါတ်နှစ် ဘေးကင်း လုံခြုံစိတ်ချရမှုရှိရမည်၊ အဆိုပါအချက်များပြည့်စုံမှ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးက အသိ အမှတ်ပြုမည်ဖြစ်ကြောင်း၊ အဆိုပါ အသိအမှတ်ပြု ကာကွယ်ဆေးကို အဆိုပါနိုင်ငံများတွင် ထိုးနှံခြင်း ရှိ၊ မရှိ ကြည့်ရမည်ဖြစ်ပြီး ယခုကာကွယ်ဆေးကို အဆိုပါနိုင်ငံများတွင် ထိုးထားသည့်သူများ များစွာရှိ ကြောင်း၊ ကမ္ဘာပေါ်တွင် နိုင်ငံအရေအတွက် ဘယ်လောက်က အဆိုပါကာကွယ်ဆေးကို ထိုးထားသလဲ ဆိုလျှင် Sinovac နှင့် Sputnik V ကို ကမ္ဘာပေါ် တွင်ထိုးနေသည့်နိုင်ငံ အများအပြားရှိကြောင်း၊ ကာကွယ်နိုင်စွမ်းကို ဆေးပညာဆောင်းပါးများတွင် ရှာကြည့်လျှင် တွေ့နိုင်ကြောင်း၊ ၅၀ ရာခိုင်နှုန်း အထက်မှာရှိခြင်း၊ အာနိသင်သက်ရောက်မှုလည်းရှိ ခြင်းနှင့် ထိုးထားသည့်သူများတွင် ပြင်းပြင်းထန်ထန် မခံစားရကြောင်း၊ ထို့ကြောင့် မိမိနိုင်ငံအတွက် ရရှိ သည့်ဆေးသည် အကောင်းဆုံးဖြစ်ကြောင်း၊ ကမ္ဘာ့ ကျန်းမာရေးအဖွဲ့ကလည်း ထိုးသင့်ကြောင်းကို တရားဝင်ထုတ်ပြန်ထားကြောင်း၊ သို့သော် ကာကွယ် ဆေးထိုးပြီးသည့်အခါ ၁၀၀ ရာခိုင်နှုန်းအပြည့် ကာကွယ်နိုင်သည့်ဆေးမရှိသေးကြောင်း၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထူးခြားချက်အရ ရောဂါပိုး ဝင်လာလျှင်လည်း ခံနိုင်ရည်ရှိပြီး ကိုဗစ်-၁၉ ရောဂါ ပိုးသည် မျက်လုံး၊ ပါးစပ်၊ နှာခေါင်းမှ ဝင်လာခြင်း ကြောင့် အဆိုပါနေရာများတွင် သွေးလည်ပတ်မှုက ရောဂါပိုးကို ချေဖျက်မှုများရှိကြောင်း၊ နှာခေါင်းတွင် ကပ်ပြီးပါလာခြင်း၊ နှာခေါင်းတစ်ဝိုက်တွင်ပွားနေခြင်း ကို သွေးထဲတွင် ရောဂါပိုးအများကြီးမပွားနိုင်၊ ရောဂါ အကြီးကြီးဖြစ်မသွားသော်လည်း နှာခေါင်းတစ်ဝိုက် ပွားနေချိန်တွင် အာခေါင်တို့ဖတ်ယူခြင်းကြောင့် Positive ဖြစ်သွားသည့်သူလည်းရှိကြောင်း၊ ထို့ကြောင့် ကာကွယ်ဆေးကို ထိုးနှံသင့်ပါကြောင်း၊ ကာကွယ်ဆေးထိုးခြင်းသည် အနာဂတ်တွင် ကိုဗစ်-၁၉ ရောဂါပိုးကို ရေရှည်ရင်ဆိုင်နိုင်မည့် အကောင်းဆုံး နည်းလမ်းဖြစ်ပါကြောင်း ဖြည့်စွက်ရှင်းလင်းသည်။
သုံးလပေါင်းပြီးရောက်ရှိလာသည့်
စလစ်များအတွက် ဒဏ်ကြေးပေးဆောင်ရ
နေပြည်တော်တိုင်းမ်သတင်းဌာနမှ သတင်း ထောက် ဦးမင်းမောင်က လျှပ်စစ်မီတာကိစ္စနှင့် ပတ်သက်ပြီး မီတာသုံးစွဲသူ ပြည်သူလူထုကြား ဝေဖန် ပြောဆိုမှုများရှိကြောင်း၊ ယခင်က ဆန္ဒပြသည့်ကိစ္စ နှင့် ကြုံတွေ့နေသည့်အခါ မီတာရုံးမှာ ပြည်သူလူထု ထံသို့ စလစ်များကို အချိန်မီမရောက်ရှိခြင်းကြောင့် ပြည်သူလူထုအနေဖြင့် မပေးဆောင်ခြင်းများရှိ ကြောင်း၊ တချို့အနေဖြင့် သုံးလကြာမြင့်ပြီး သုံးလ စာစလစ်များရောက်ရှိခြင်းကြောင့်တွေ့ရှိရကြောင်း၊ ပြည်သူလူထုအနေဖြင့် သုံးလပေါင်းပြီးရောက်ရှိလာသည့်စလစ်များအတွက် ဒဏ်ကြေးပေးဆောင်ရ မှုအပေါ် သဘောမကျကြောင်း၊ အဆိုပါကိစ္စနှင့် ပတ်သက်ပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အနေဖြင့် ပြည်သူလူထုသည် ကိုဗစ်ကာလ၊ နိုင်ငံရေး ပြဿနာကာလ၊ စားဝတ်နေရေး ကျပ်တည်းမှု၊ လုပ်ငန်းရှားပါးမှုပြဿနာများကြောင့် ဒဏ်ကြေး အတတ်နိုင်ဆုံး ဖြေလျှော့ပေးနိုင်ရန်ရှိ/မရှိကို သိလို ကြောင်း မေးမြန်းသည်။
ဗိုလ်ချုပ်ဇော်မင်းထွန်းက အဆိုပါလျှပ်စစ် မီတာကိစ္စနှင့်ပတ်သက်သည့် မေးခွန်းကို လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနကို မေးမြန်းပြီးမှ ဖြေနိုင်မည်ဖြစ် ကြောင်း၊ ဘာကြောင့်ဒဏ်ကြေးပေးဆောင်ရသည်မှာ သူ့အကြောင်းအရင်းနှင့်သူ ရှိမည်ဖြစ်ကြောင်း၊ အကြောင်းအရင်းမရှိဘဲ ဥပဒေမဲ့၊ စည်းကမ်းမဲ့ လုပ်ဆောင်စရာအကြောင်းမရှိကြောင်း၊ စလစ်များ သုံးလကြာမှရောက်ရှိခြင်း၊ မီတာခကောက်ခံရန် တာဝန် မည်သို့ခွဲဝေထားသည်ကို၊ မည်သို့ရှိသည်ကို လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနကို မေးမြန်းပြီး ပြန်လည်ဖြေကြားပေးမည်ဖြစ်ကြောင်း ပြန်လည် ဖြေကြားသည်။
o စာမျက်နှာ ၁၇ မှ
Daily Eleven သတင်းဌာနမှ သတင်းထောက် အောင်မင်းသိန်းက CDM ပြုလုပ်သည့် ကျန်းမာ ရေးဝန်ထမ်းတချို့သည် ကိုဗစ်-၁၉ ရောဂါ ကာကွယ် ဆေး သိုလှောင်ထားသည့် သိုလှောင်ရုံရှိ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများကို ပျက်စီးအောင်လုပ် ဆောင်သည့်ကိစ္စသည် မြေပြင်တွင် အမှန်တကယ် ဖြစ်ပျက်ခဲ့ခြင်းရှိ/မရှိ သိလိုကြောင်း မေးမြန်း သည်။
မြေပြင်တွင်အမှန်တကယ်မဖြစ်ခဲ့
ဗိုလ်ချုပ်ဇော်မင်းထွန်းက ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး သိုလှောင်ရုံကိစ္စသည် မြေပြင်တွင်အမှန်တကယ်မဖြစ်ခဲ့ကြောင်း၊ လက်ရှိအစိုးရကို သဘောကျသည့်သူများလည်းရှိပြီး သဘောမကျ သည့်သူများလည်းရှိနိုင်ကြောင်း၊ အစိုးရကိုသဘောမကျ သည့်သူများသည် အစိုးရကို ဆန့်ကျင်တိုက်ခိုက်မည် ဖြစ်ကြောင်း၊ အစိုးရကို သဘောမကျခြင်းကြောင့် အစိုးရ၏ လုပ်ဆောင်ချက်အားလုံးကို ဆန့်ကျင် တိုက်ခိုက်မည်ဆိုလျှင် အဆိုပါအယူအဆသည် အစွန်းရောက်သည့်အယူအဆဖြစ်ကြောင်း၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံနေသည့်အချိန်တွင် ပထမအနေဖြင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ် ဆေးမထိုးကြရန်လှုံ့ဆော်ကြောင်း၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများထိုးသည့်သူများရှိပြီး ကာကွယ် ဆေးထိုးနှံသည့်အရေအတွက် ထုတ်ပြန်ခြင်းကြောင့် စိတ်ခံစားချက်ဖြင့် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး အာနိသင်မရှိဘူးဟု ကျန်းမာရေးဝန်ထမ်းတစ်ဦးက ပြောဆိုခဲ့ခြင်းဖြစ်ကြောင်း၊ အဆိုပါဝန်ထမ်းအား ထိန်းသိမ်းထားရှိပြီးဖြစ်ကြောင်း၊ ကျန်းမာရေး ဝန်ထမ်းတစ်ဦးက ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး များသည်ဘာမှသုံးစွဲ၍မရတော့ကြောင်းကို မစဉ်းစား မဆင်ခြင်ဘဲ လုပ်ခြင်းဖြစ်ကြောင်း၊ ယခုအခါ မြန်မာနိုင်ငံတွင် ကိုဗစ်-၁၉ ရောဂါနှင့်ပတ်သက်ပြီး တတိယလှိုင်းဖြစ်လာခြင်းကို အခြားတစ်ဖက် တွင်ရောက်နေသည့် ဝါရင့်ကျန်းမာရေးပညာရှင် ကိုယ်တိုင်က ၎င်းတို့ကို မကူးစက်ကြောင်း၊ တပ်နှင့် ရဲများကိုသာ ကူးစက်မည်ဟု ပြောဆိုထားခြင်းများ ရှိကြောင်း၊ အတွေ့အကြုံ၊ ဉာဏ်ပညာလည်းရှိသူ ကိုယ်တိုင် ပြောဆိုခြင်းဖြစ်ကြောင်း၊ သို့သော် အမုန်းတရား၊ ဆန့်ကျင်ဘက်များလာသည့်အခါ စဉ်းစားဆင်ခြင်သည့်စိတ်ဖြင့် မပြောနိုင်တော့ ကြောင်း၊ အမုန်းတရားများမှတ်ထားသည့်ဉာဏ်များ ကောင်းရန်မလိုကြောင်း၊ တချို့အရာများကို မေ့လိုက် ခြင်းသည်ကောင်းပြီး မေ့ဉာဏ်မကောင်းလျှင် ရူးတတ်ပါကြောင်း၊ မေ့သင့်သည့်အရာများ၊ ခွင့်လွှတ် သင့်သည့်အရာများကို မခွင့်လွှတ်လျှင် ရူးတတ်ပါ ကြောင်း ပြန်လည်ဖြေကြားသည်။
Daily Eleven သတင်းဌာနမှ သတင်းထောက် အောင်မင်းသိန်းက ပြီးခဲ့သည့်အစိုးရလက်ထက်တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးကို အိန္ဒိယနိုင်ငံကနေ ဝယ်ယူပြီး ထိုးနှံပေးခဲ့ကြောင်း၊ ပထမအကြိမ်ထိုးသည့် အချိန်က နိုင်ငံ့ဝန်ထမ်းများ၊ ပြည်သူလူထုများပါ တော်တော်များများ ထိုးခဲ့ကြကြောင်း၊ ဒုတိယအကြိမ် မထိုးနှံသည့်သူများရှိသည်ကို သိရကြောင်း၊ အဆိုပါ ဖြစ်စဉ်ကြောင့် လူဦးရေမည်မျှရာခိုင်နှုန်းလောက် ကာကွယ်ဆေးလာမထိုးသည်ကို သိလိုကြောင်း မေးမြန်းသည်။
ဗိုလ်ချုပ်ဇော်မင်းထွန်းက ပထမအကြိမ် ကာကွယ်ဆေးထိုးသည့်စာရင်းနှင့် ဒုတိယအကြိမ် ကာကွယ်ဆေးထိုးသည့်စာရင်းအရ လူဦးရေ လေး သိန်းနှင့် ငါးသိန်းကြားကွာဟကြောင်း၊ ဒုတိယအကြိမ် ထိုးသည့်အခါ လှုံ့ဆော်မှုများ တော်တော်များ ကြောင်း၊ တချို့အနေဖြင့် မျိုးစုံလှုံ့ဆော်မှုကြောင့် မထိုးခဲ့ခြင်းဖြစ်ကြောင်း၊ သွားထိုးသည့်သူများကို ဒလန်ဟု စွပ်စွဲမှုများရှိကြောင်း၊ အမုန်းတရားများ ခြင်းကြောင့် ကြောင်တောင်တောင်အတွေးအခေါ် များ ထွက်လာခြင်းဖြစ်ကြောင်း ပြန်လည်ဖြေကြား သည်။
Daily Eleven သတင်းဌာနမှ သတင်းထောက် အောင်မင်းသိန်းက ကာကွယ်ဆေးကို ပထမအကြိမ် ထိုးနှံပြီး ဒုတိယအကြိမ်မထိုးနှံခြင်းကြောင့် မည်သည့်ဘေးထွက်ဆိုးကျိုးများ ဖြစ်သည်ကို သိလိုကြောင်း မေးမြန်းသည်။
အဆိုပါမေးခွန်းနှင့်ပတ်သက်ပြီး ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူး ဒေါက်တာသန်းနိုင်စိုးက ကာကွယ်ဆေးတစ်ခု၏ အာနိသင်အပြည့်အဝရရန်အတွက် ပထမအကြိမ်နှင့် ဒုတိယအကြိမ်ထိုးနှံပြီး နှစ်ပတ်အကြာတွင် ကိုယ်ခံအားအပြည့်အဝရရှိမည်ဖြစ်ကြောင်း၊ ထိုးနှံသည့် အဖွဲ့များကလည်း ကာကွယ်ဆေးထိုးလုပ်ငန်းတွင် အတွေ့အကြုံရှိသည့်ဆရာဝန်ကြီးများနှင့်ညှိနှိုင်းပြီး လမ်းညွှန်မှုများခံယူလျက်ရှိကြောင်း၊ များသော အားဖြင့် တစ်ကြိမ်တည်းထိုးထားလျှင် အပြည့် အဝမရဘဲ အခုနောက်ပိုင်း တစ်ကြိမ်ထိုးထားလျှင် ထိရောက်မှုရှိကြောင်း၊ နှစ်ကြိမ်ထိုးထားလျှင် Antibody နေနိုင်သည့်ပမာဏ ပိုရှည်သွားကြောင်း၊ တစ်ကြိမ်ထိုးနှံထားပြီး နောက်ထပ်တစ်ကြိမ် မထိုးနှံ သည့်သူ ကျန်းမာရေးဝန်ထမ်းတွင် လူဦးရေ သုံး သောင်းလောက်ရှိကြောင်း၊ အဆိုပါလူများကို ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနအနေဖြင့် ထိုးနှံပေးရန် ဆောင်ရွက်ထားကြောင်း၊ ဆေးရရှိမှု အပေါ်မူတည်ပြီး အမျိုးသားအဆင့် Corona Virus ဗဟိုကော်မတီ၏ လမ်းညွှန်မှုကိုခံယူပြီး ဝန်ကြီး ဌာနအနေဖြင့် ဆက်လက်ဆောင်ရွက်မည်ဖြစ် ကြောင်း ပြန်လည်ဖြေကြားသည်။
NHP သတင်းဌာနမှ အယ်ဒီတာချုပ် ဦးဝင်းဦးက လက်ရှိမြေပြင်တွင် ရောဂါပိုးတွေ့ရှိမှုအများကြီး ဖြစ်နေပြီး ပြီးခဲ့သည့်အစိုးရလက်ထက်တွင် စာသင်ကျောင်းများကို သံသယလူနာစောင့်ကြည့်ရန် အတွက် အသုံးပြုခဲ့ခြင်းများရှိကြောင်း၊ လက်ရှိ ကျောင်းများကို ခေတ္တပြန်ပိတ်ထားသော်လည်း အမျိုးသားရေးတာဝန်အနေဖြင့် ဖြေရှင်းနေသည့်အခါ စာသင်ကျောင်းများကို အသုံးချရန် အစီအစဉ် ရှိ/မရှိ သိလိုကြောင်း မေးမြန်းသည်။
ဗိုလ်ချုပ်ဇော်မင်းထွန်းက ကျောင်းအားလုံး အသုံးချရန်မရှိကြောင်း၊ တချို့မြို့များတွင် သွားရေး လာရေးအချက်အချာကျသည့် စာသင်ကျောင်းတချို့ ကို လတ်တလော စတင်ပြင်ဆင်နေပြီဖြစ်ကြောင်း ဖြေကြားသည်။
NHP သတင်းဌာနမှ အယ်ဒီတာချုပ် ဦးဝင်းဦးက NLD ပါတီမှ ဦးဉာဏ်ဝင်း အပါအဝင် ထိပ်ပိုင်း ခေါင်းဆောင်များ ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံနေရ ပြီဆိုပြီး သတင်းများထွက်နေကြောင်း၊ အဆိုပါကိစ္စ ကိုအတည်ပြုပေးစေလိုကြောင်း၊ အမှန်တကယ် ဟုတ်/မဟုတ်သိလိုကြောင်း၊ ၎င်းတို့ကို မည်ကဲ့သို့ ကုသမှုပေးနေသည်ကို ထုတ်ပြန်ပေးစေလိုကြောင်း၊ စစ်ရေးပိုင်းအနေဖြင့် တပ်မတော်ဘက်မှ လိုင်ဇာကို အချိန်မရွေးသိမ်းလို့ရသည့် အနေအထားကို ရောက်နေပြီဆိုပြီး သတင်းများတက်လာကြောင်း၊ တပ်မတော်ဘက်ကလည်း ငြိမ်းချမ်းရေးကိုထိခိုက် မည်စိုးရိမ်သဖြင့် ချိန်ဆနေသည်ဟု ပြောဆိုမှုများ ထွက်လာကြောင်း၊ အဆိုပါကိစ္စအပေါ် ဗိုလ်ချုပ် အနေဖြင့် မည်ကဲ့သို့ပြောကြားပေးနိုင်မည်ကို သိလိုကြောင်း မေးမြန်းသည်။
ငြိမ်းချမ်းရေးကို ရှေးရှု
ဗိုလ်ချုပ်ဇော်မင်းထွန်းက နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်အနေဖြင့် ပြောကြားခဲ့သည်ရှိကြောင်း၊ EAO အဖွဲ့များ မည်သည့်နေရာတွင်ရှိသည်၊ ဌာနချုပ်များ မည်သည့်နေရာတွင်ရှိသည်ကို သိပြီးဖြစ်ကြောင်း၊ သို့သော် မိမိတို့အနေဖြင့် ငြိမ်းချမ်းရေးကိုရှေးရှုပြီး EAO များ ယခင်ကတည်းကနေထိုင်ခဲ့သည့်နေရာများ၊ ဌာနချုပ်များကို နိုင်ငံတော်၏အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေးနှင့် လုံခြုံရေးကိုမထိခိုက်သရွေ့ မတိုက်ခိုက်ဘူးဟု ပြောထားသည်ရှိကြောင်း၊ အဆိုပါ အတိုင်းပင် ဆောင်ရွက်လျက်ရှိကြောင်း ပြန်လည် ဖြေကြားသည်။
နေပြည်တော်တိုင်းမ်သတင်းဌာနမှ အယ်ဒီတာ ဦးမင်းမောင်က လက်ရှိမြန်မာနိုင်ငံတွင် ကိုဗစ်-၁၉ ကပ်ရောဂါ Third Wave ရောက်သည့်အချိန် ဖြစ်ကြောင်း၊ ပထမနှင့် ဒုတိယလှိုင်းများတွင်လည်း စာသင်တိုက်သံဃာတော်များ၊ ဆရာတော်များအနေ ဖြင့် ဆွမ်း၊ ကွမ်းကိစ္စအတွက် အခက်အခဲများစွာဖြင့် ရင်ဆိုင်နေရသည်ကို မြေပြင်ကွင်းဆင်းမှုများအရသိရှိရကြောင်း၊ အဆိုပါကိစ္စနှင့်ပတ်သက်ပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် ထိုဆရာ တော်များ၏အခက်အခဲများအား တစ်ဖက်တစ်လမ်းမှ မည်ကဲ့သို့ကူညီဆောင်ရွက်ပေးမည်ကို သိလိုကြောင်း ဆက်လက်မေးမြန်းသည်။
ဗိုလ်ချုပ်ဇော်မင်းထွန်းက ယင်းကိစ္စကို တပ်မတော်အနေဖြင့် နေ့စဉ်၊ အပတ်စဉ် လုပ်ဆောင် လျက်ရှိကြောင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အစိုးရလက်ထက်မှ ပြုလုပ်ခြင်းမဟုတ်ကြောင်း၊ တပ်မတော်အနေဖြင့် ဆရာဒကာစီမံချက်ဆိုပြီး ယခင်ကတည်းကရှိကြောင်း၊ ဆရာဒကာစီမံချက် ဆိုသည်မှာ ထူးထူးဆန်းဆန်း စီမံချက်မဟုတ် ကြောင်း၊ ဆရာတော်၊ သံဃာတော်များနှင့်ပတ်သက် ပြီး ပရိယတ္တိ၊ ပဋိပတ္တိ၊ ပရိဝေဒသာသနာ့တာဝန်များ ထမ်းဆောင်နိုင်ရန်အတွက် လိုအပ်သည့် ဆွမ်း၊ ကွမ်းကိစ္စများကို စီစဉ်ဆောင်ရွက်ပေးနိုင်ရန် တပ်မတော် အနေဖြင့် စီစဉ်ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ တပ်မတော်အနေဖြင့် ဆရာတော်များ၏ ကျန်းမာရေး နှင့် ဆရာတော်များ၏ ကျောင်းသန့်ရှင်းရေးကိစ္စ များကို အရှိန်အဟုန်ဖြင့် ဆက်လက်လုပ်ဆောင် ပေးရန် ညွှန်ကြားထားပြီးဖြစ်ကြောင်း၊ အစိုးရ ဖြစ်မှလုပ်တာမဟုတ်ကြောင်း၊ ယခင်ကတည်းက ဆောင်ရွက်နေခြင်းဖြစ်ကြောင်း၊ ဆက်လက်၍လည်း ဆောင်ရွက်လျက်ရှိကြောင်း ပြန်လည်ဖြေကြား သည်။
လူထုရင်ဖွင့်သံမီဒီယာမှ အယ်ဒီတာ ဦးမင်းဂေါင် က တစ်နိုင်ငံလုံးက ပြည်သူတွေရော တပ်မတော်ကို ထောက်ခံသည့်အမျိုးသားရေးသမားများအပါအဝင် အားလုံးစိတ်ဝင်စားနေကြကြောင်း၊ အဆိုပါကိစ္စမှာ NLD ခေါင်းဆောင်များကို အရေးယူသည့်ကိစ္စဖြစ် ကြောင်း၊ လက်ရှိတွင် တည်ဆဲဥပဒေအရထိုက်သင့် သည့် အရေးယူဆောင်ရွက်မှုများတွေ့ရပါကြောင်း၊ ဒီထက်လေးနက်သည့် အကြောင်းခြင်းရာများကို ပြည်သူများက မျှော်လင့်နေကြကြောင်း၊ သတင်းစာရှင်းလင်းပွဲ တစ်ခါလုပ်လျှင် ဒါတွေပါ မလားဆိုပြီး ပြည်သူတွေမျှော်လင့်နေသည့်အသံ များကို မိမိတို့ကြားနေရကြောင်း၊ ဒါကြောင့် နောက် ထပ်သတင်းစာရှင်းလင်းပွဲများတွင် NLD ၏ တာဝန်ရှိ သည့် ထိပ်ပိုင်းခေါင်းဆောင်များ၏ အကြောင်းခြင်း ရာများကို ထည့်သွင်းဆွေးနွေးလိုမှုရှိ/မရှိ သိလို ကြောင်း မေးမြန်းသည်။
ဥပဒေအပေါ်ကျူးလွန်ခြင်း၊
မကျူးလွန်ခြင်းနှင့်သာဆိုင်
ဗိုလ်ချုပ်ဇော်မင်းထွန်းက ကြိုတင်ပြော၍မရ ကြောင်း၊ ဖြစ်ပေါ်လာသည့် အခြေအနေတွေအပေါ် မူတည်ပြီး လုပ်ရမည်ဖြစ်ကြောင်း၊ ငယ်ငယ်ကဆို ခဲ့သည့် နိုင်ငံတော်သီချင်းတွင် တရားမျှတလွတ်လပ် ခြင်းနှင့်မသွေဆိုပြီး ပါရှိကြောင်း၊ တပ်မတော်အနေ ဖြင့်လည်း မဲစာရင်းမသမာမှုကြောင့် တာဝန်ယူ ခဲ့ခြင်းဖြစ်ကြောင်း၊ တရားမျှတမှုအတွက် လုပ်ဆောင် ခဲ့ခြင်းဖြစ်ကြောင်း၊ အရေးယူခြင်း၊မယူခြင်းကလည်း သူ့ရဲ့ဥပဒေအပေါ်ကျူးလွန်ခြင်း၊ မကျူးလွန်ခြင်းနှင့် သာဆိုင်ပါကြောင်း၊ Emotion ဖြင့်လုပ်၍မရကြောင်း၊ တရားဥပဒေအပေါ်သာ မူတည်လိမ့်မည်ဖြစ်ကြောင်း၊ တရားဥပဒေအရအရေးယူသင့်သည်ဆိုလျှင် အရေး ယူမည်ဖြစ်ပြီး အရေးမယူသင့်ပါက အရေးမယူဘူး ဆိုသည့်အခြေအနေမျိုးသာ ဖြစ်လာမည်ဖြစ်ကြောင်း၊ သတင်းထောက်ကြီးတို့ သိပြီးဖြစ်လိမ့်မည်ဖြစ် ကြောင်း၊ သတင်းစာရှင်းလင်းပွဲတွင် UEC မှရှင်းလင်း သည့် အကြောင်းအရာများ၊ မိမိတို့ရှင်းလင်းသည့် အကြောင်းအရာများတွင် မည်သူများက မည်သည့် ပြစ်မှုကိုကျူးလွန်နေသည်၊ မည်ကဲ့သို့လုပ်သည်ကို သတင်းထောက်ကြီးတို့လည်း တွေ့ရှိပြီးဖြစ်ကြောင်း၊ တရားဥပဒေအတိုင်းသာဖြစ်မည်ဟု ပြန်လည် ဖြေကြားသည်။
နိဂုံးချုပ်အနေဖြင့် ဗိုလ်ချုပ်ဇော်မင်းထွန်းက ကိုဗစ်-၁၉ ရောဂါနှင့်ပတ်သက်ပြီး ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ချက်များ၊ ပြည်သူ များကို အသိပေးချက်များ၊ သတင်းမှန်ပြန်ကြား ချက်များကို အစိုးရပိုင်သတင်းဌာနများမှလည်း ထုတ်လွှင့်လျက်ရှိကြောင်း၊ တက်ရောက်လာကြသည့် မီဒီယာများအနေဖြင့်လည်း ကိုဗစ်-၁၉ ရောဂါနှင့် ပတ်သက်သည့် စည်းမျဉ်း၊ စည်းကမ်းများ၊ ကျန်းမာ ရေးအသိပညာပေးမှုများကို ပြည်သူများ ပိုမိုသိရှိလာ စေရန် မိမိတို့တတ်စွမ်းသမျှ ဆောင်ရွက်ပေးကြစေ လိုကြောင်း မေတ္တာရပ်ခံပြောကြားသည်။ ။