နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ရှေ့လုပ်ငန်းစဉ် (၅) ရပ်

 

၁။    ပြည်ထောင်စု  ရွေးကောက်ပွဲကော်မရှင်ကို  ပြန်လည် ဖွဲ့စည်းပြီး     မဲစာရင်းများ      စစ်ဆေးခြင်းများအပါအဝင်  လုပ်ဆောင်သင့်၊  လုပ်ဆောင်ထိုက်သည်များကို  ဥပဒေနှင့် အညီ ဆက်လက်လုပ်ဆောင်သွားမည်။

 

၂။    လတ်တလော    ဖြစ်ပွားနေဆဲဖြစ်သည့်    COVID-19 ကပ်ရောဂါ ကာကွယ်ရေးလုပ်ငန်းများကို အရှိန်အဟုန်မပျက်      ထိထိရောက်ရောက် ဆက်လက်ဆောင်ရွက်သွားမည်။

 

၃။    COVID-19 ကပ်ရောဂါကြောင့် ထိခိုက်ခဲ့သည့် စီးပွား ရေး    လုပ်ငန်းများအား   ဖြစ်နိုင်သမျှ    နည်းလမ်းများဖြင့် အမြန်ဆုံးကုစားသွားမည်။

 

၄။    တစ်နိုင်ငံလုံး   ထာဝရငြိမ်းချမ်းရေးရရှိရေးအတွက်  တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA)  ပါ   သဘောတူညီချက်များအတိုင်း   ဖြစ်နိုင်သမျှ      အလေးထားလုပ်ဆောင်သွားမည်။

 

၅။    အရေးပေါ်ကာလဆိုင်ရာ ပြဋ္ဌာန်းချက်များနှင့်အညီ ဆောင်ရွက်ပြီးစီးပါက ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်) နှင့်အညီ  လွတ်လပ်ပြီး  တရားမျှတသော ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲအား ပြန်လည်ကျင်းပ၍   အနိုင်ရ သည့်ပါတီအား  ဒီမိုကရေစီစံနှုန်းများနှင့်အညီ  နိုင်ငံတော် တာဝန်အား လွှဲအပ်နိုင်ရေး ဆက်လက်ဆောင်ရွက်သွားမည်။