
နေပြည်တော် ဖေဖော်ဝါရီ ၁၂
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီ ၁၂ ရက်တွင် ကျရောက်သော စိန်ရတု ပြည်ထောင်စုနေ့ အထိမ်းအမှတ်အားဖြင့် တည်ဆဲဥပဒေများကို ကျူးလွန်ဖောက်ဖျက်၍ အကျဉ်းထောင်အသီးသီးတွင် ပြစ်ဒဏ်ကျခံလျက်ရှိသည့် အကျဉ်းသားများအနက် ထိုက်သင့်သောပြစ်ဒဏ်များကို ကျခံပြီးဖြစ်သည့််အပြင် စည်းကမ်းကောင်းမွန်စွာ နေထိုင်ကြသော အကျဉ်းသား/သူတို့အားနိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ယနေ့ရက်စွဲပါ အမိန့် အမှတ်၊ ၁၅/၂၀၂၂နှင့် ၁၆/၂၀၂၂ တို့ဖြင့် ရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ-၄၀၁၊ ပုဒ်မခွဲ(၁)အရ “နောက်တစ်ကြိမ် ပြစ်မှုထပ်မံကျူးလွန်ပါက ၎င်းပြစ်ဒဏ် အပြင် ယခုကျခံရန် ကျန်ရှိသော ပြစ်ဒဏ်များကိုပါ ဆက်လက်ကျခံပါမည်” ဟူသော စည်းကမ်းသတ်မှတ်ချက် ဖြင့် ယင်းတို့ ကျခံရန် ကျန်ရှိသော ပြစ်ဒဏ်များကို လွတ်ငြိမ်းခွင့်ပြုခဲ့မှုအရ အင်းစိန်ဗဟို အကျဉ်းထောင်မှ သတ်မှတ် စည်းကမ်းနှင့် ကိုက်ညီသည့် နိုင်ငံသား အကျဉ်းသား ၈၂ဦး၊ အကျဉ်းသူ ရှစ်ဦး စုစုပေါင်း ၉၀နှင့် နိုင်ငံခြားသား(သီရိလင်္ကာနိုင်ငံသား) အကျဉ်းသား ခုနစ်ဦး စုစုပေါင်း ၉၇ဦးတို့ကို ယနေ့တွင် လွတ်မြောက် သူ အကျဉ်းသား/အကျဉ်းသူ တစ်ဦးချင်းအား အကျဉ်းထောင်မှတ်တမ်းနှင့် တိုက်ဆိုင်စစ်ဆေးကာ စနစ်တကျ လွှတ်ပေးခဲ့သည်။
အဆိုပါ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ-၄၀၁၊ ပုဒ်မခွဲ(၁) တို့အရ ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ဖြင့် လွတ်မြောက်သည့် အကျဉ်းသား/သူ ၉၀ လွှတ်ပေးပွဲအခမ်းအနားကို အင်းစိန် ဗဟိုအကျဉ်းထောင်၊ မိုးလုံလေလုံ အားကစားရုံခန်းမ၌ ယနေ့နံနက် ၁၁ နာရီတွင် ကျင်းပခဲ့ရာ အခမ်းအနားသို့ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၊ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ဝင်းတင့်၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံး၊ ဒုတိယတိုင်းရဲတပ်ဖွဲ့မှူး ရဲမှူးကြီး မျိုးကြည်၊ အကျဉ်းဦးစီးဌာနမှ တာဝန်ရှိသူများ၊ အကျဉ်းထောင် အရာထမ်း/ အမှုထမ်းများနှင့် လွတ်မြောက်ခဲ့ သည့် အကျဉ်းသား/သူများတက်ရောက်ခဲ့ကြပြီး အကျဉ်းသား/ သူများကို သက်ဆိုင်ရာ မြို့နယ်များအလိုက် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့က စီစဉ်ဆောင်ရွက်ပေးသောမော်တော်ယာဉ်များဖြင့် လိုက်ပါပို့ဆောင်ပေးခဲ့ သည်။
သတင်းစဉ်