
ကနောင်
====
(ယမန်နေ့မှ အဆက်)
မဲစာရင်းမြေပြင်စစ်ဆေးချက်တွေက သက်သေပြခဲ့ပြီ
ဇွန် ၁ ရက်က မန္တလေးတိုင်းဒေသကြီး (ပြည်ထောင် စုနယ်မြေမပါ) မြို့နယ် ၂၈ မြို့နယ်က မဲစာရင်း ရလဒ်တွေကို ရွေးကောက်ပွဲကော်မရှင်က သတင်း ထုတ်ပြန်ခဲ့ပါတယ်။ တိုင်းဒေသကြီးဝန်ကြီးချုပ်နဲ့ NLD ပါတီတို့က သူတို့ပါတီတစ်ခုသာ ရွေးကောက် ပွဲအနိုင်ရစေဖို့၊ နိုင်ငံတော်အာဏာကို ရယူနိုင်ဖို့ ဥပဒေတွေကို ကျော်လွန်ဖောက်ဖျက်ကာ ကြိုတင် ကြံစည်ခဲ့တယ်ဆိုတာကို ဖော်ထုတ်နိုင်ခဲ့ပါတယ်။ ဇွန်လအအတွင်း ရွေးကောက်ပွဲကော်မရှင်ကနေ ရှမ်းပြည်နယ် ကွန်ဟိန်း၊ မိုင်းရှူး၊ မောက်မယ်၊ မိုင်းပန်၊ နမ္မတူ၊ နမ့်ဆန်နဲ့ မန်တုံမြို့နယ်၊ ကချင်ပြည်နယ် ဝိုင်းမော်နဲ့ မိုးမောက်မြို့နယ်၊ ပဲခူးတိုင်းဒေသကြီး မိုးညိုမြို့နယ်အပါအဝင် မြို့နယ် ၂၈ မြို့နယ်၊ ချင်းပြည်နယ်ရှိ မြို့နယ် ကိုးမြို့နယ်၊ တနင်္သာရီတိုင်းဒေသကြီးရှိ မြို့နယ် ၁၀ မြို့နယ်၊ စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ မြို့နယ် ၃၇ မြို့နယ်၊ ဧရာဝတီတိုင်းဒေသကြီး အတွင်းရှိ မြို့နယ် ၂၆ မြို့နယ်၊ ရှမ်းပြည်နယ် အတွင်းရှိ မြို့နယ် ၄၉ မြို့နယ်တို့ရဲ့ မဲစာရင်းတွေနဲ့ မဲပေးမှုအခြေအနေတွေကို ပွင့်လင်းမြင်သာစွာ ထုတ်ပြန်နိုင်ခဲ့ပြီး မဲမသမာမှုတွေ၊ ကြိုတင်ကြံစည် ဆောင်ရွက်ထားမှုတွေ၊ ကော်မရှင်ရဲ့ လုပ်ပိုင်ခွင့်ကို အလွဲသုံးဆောင်ရွက်မှုတွေကို ဖော်ထုတ်တွေ့ရှိခဲ့ ပါတယ်။
စီးပွားရေးရာ တိုးတက်ဆောင်ရွက်နိုင်မှု
ကုမ္ပဏီဝန်ထမ်းတွေ အခွန်ပေးသွင်းရာမှာ အီလက်ထရွန်နစ်ငွေပေးချေမှုစနစ် မိုဘိုင်းလ်ငွေ ပေးချေမှု၊ MPU ကတ်နဲ့ အွန်လိုင်းကတစ်ဆင့် ပေးချေမှုကို ယခုလမှာ စတင်ဆောင်ရွက်နိုင်ပြီဖြစ် သလို ငွေပေးသွင်းမှုအထောက်အထားအဖြစ် သက်ဆိုင်ရာဘဏ်က ငွေသွင်းပြီးကြောင်းကို အခွန်ရုံးငွေစာရင်းက လက်ခံရရှိတာနဲ့ အခွန်ပေး သွင်းပြီးကြောင်း e-payment နဲ့ အထောက်အထား ပေးပို့သွားမှာဖြစ်တယ်လို့ သိရပါတယ်။
ရန်ကုန်တိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသ ကြီးနဲ့ ကချင်ပြည်နယ်အစရှိတဲ့ စက်မှုလုပ်ငန်း တွေ ထွန်းကားရာ တိုင်းဒေသကြီးနဲ့ပြည်နယ်တွေမှာရှိတဲ့ မီးခံအုတ်စက်ရုံ၊ သစ်အချောထည်စက်ရုံ၊ အထည်ချုပ်စက်ရုံစတဲ့ နေရာတွေမှာ စီးပွားရေး ထုတ်ကုန်တွေ အရည်အသွေးပြည့်မီစွာနဲ့ ထုတ် လုပ်နိုင်ဖို့အတွက်လည်းကောင်း၊ ပြည်နယ်နဲ့ တိုင်းဒေသကြီးတွေအတွင်း စီးပွားရေးလုပ်ငန်းတွေ ဖွံ့ဖြိုးတိုးတက်လာစေဖို့ တွေ့ဆုံဆွေးနွေးခြင်းတွေ ကိုလည်းကောင်း သက်ဆိုင်ရာ ပြည်ထောင်စု
ဝန်ကြီးများက ဇွန်လအတွင်း ကြည့်ရှုစစ်ဆေး ခဲ့ကြပါတယ်။ ဒါ့အပြင် ကုန်စည်စီးဆင်းမှု လွယ်ကူလျင်မြန်စေဖို့ လုပ်ငန်းကော်မတီဥက္ကဋ္ဌ တွေ၊ စက်ရုံလုပ်ငန်းရှင်တွေ၊ ကုန်ကြမ်းဝယ်ယူ ရရှိရေးလက်လီလက်ကား အရောင်းဆိုင်လုပ်ငန်း ရှင်တွေနဲ့ ဌာနဆိုင်ရာ တာဝန်ရှိသူတွေ ညှိနှိုင်း အဖြေရှာမှုကို ဇွန်လပထမပတ်အတွင်း ပြုလုပ် နိုင်ခဲ့ပါတယ်။
ပြည်သူတွေ အလုပ်အကိုင်အခွင့်အလမ်းတွေ ပိုမိုရရှိစေရေးအတွက် ငွေကျပ်သန်း ခြောက်ထောင် ကျော် ရင်းနှီးမြှုပ်နှံတဲ့ နိုင်ငံသားရင်းနှီးမြှုပ်နှံမှုလုပ်ငန်း နှစ်ခုကိုလည်း ရန်ကုန်တိုင်းဒေသကြီးအတွင်းမှာ ခွင့်ပြုပေးခဲ့တာကို ဇွန်လ ၉ ရက်က သိရှိရပါတယ်။
စိုက်မွေးတောင်သူများအတွက် ဖြည့်ဆည်း
မကွေးတိုင်းဒေသကြီး မြို့သစ်မြို့နယ်အတွင်း မှာ ဇွန်လပထမပတ်အတွင်း တောင်သူ ၈၆ ဦး ပိုင်ဆိုင်တဲ့ လယ်မြေဧက ၁၀၅ ဧကအတွက် ရေသွင်းမြောင်း၊ ရေနုတ်မြောင်း၊ ကုန်ထုတ်လမ်း စတာတွေပါဝင်တဲ့ စနစ်တကျ စက်မှုလယ်ယာစနစ် လယ်ယာမြေဖော်ထုတ်ရေး လုပ်ငန်းတွေကို စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဌာနက ဆောင်ရွက်ပေးနိုင်ခဲ့တာကို ဝမ်းမြောက် ဖွယ် မြင်တွေ့ရပါတယ်။ ပြည်သူများ စားနပ်ရိက္ခာ ဖူလုံရေး၊ ရေချိုငါးသယံဇာတ ပေါကြွယ်ဝရေး ရည်ရွယ်ပြီး ယခုနှစ်မိုးရာသီအတွက် တစ်နိုင်ငံ လုံးအတိုင်အတာနဲ့ ငါးသားပေါက်ကောင်ရေ ၁၀၁၂ ဒသမ ၀၇၅ သိန်း ငါးမျိုးစိုက်ထည့်သွားမှာဖြစ်ပြီး သဘာဝရေပြင်၊ မြစ်၊ ချောင်း၊ အင်းအိုင်တွေမှာ ငါးမျိုးစိုက်ထည့်ခြင်းတွေကို အမြို့မြို့အနယ်နယ်မှာ ဆောင်ရွက်လျက်ရှိပါတယ်။ ဒေသပို့ကုန်တွေ ရေရှည်ဈေးကွက်ရရှိဖို့နဲ့ တိုးမြှင့်တင်ပို့နိုင်ဖို့ ကုန်သွယ်ဖက်နိုင်ငံတွေနဲ့ G to G ညှိနှိုင်းမှုတွေအတွက် Action Plan တွေကိုလည်း နိုင်ငံတကာမှာ ခန့်အပ်ထားတဲ့ စီးပွားရေးသံမှူးတွေနဲ့ ညှိနှိုင်း
ဆောင်ရွက်ခဲ့တာကို ဇွန် ၁၁ ရက်က တွေ့ရှိရပါ
တယ်။
ထို့အတူ စိုက်ပျိုးမွေးမြူရေးကဏ္ဍ မြင့်မား စေဖို့အတွက် ပြည်နယ်နဲ့ တိုင်းဒေသကြီးတွေမှာ
စိုက်ပျိုးရေးထွက်ကုန်တွေအပေါ် သုတေသန လုပ်ငန်းတွေ တိုးမြှင့်လုပ်ဆောင်မှုတွေအပြင် မြစ်ရေ တင်လုပ်ငန်းတွေ ကြပ်မတ်ဆောင်ရွက်တာ၊ ရေ ထုတ်လမ်း၊ ကုန်ထုတ်လမ်း အဆင့်မြှင့်တာတွေကို လည်း ယခုလအတွင်း သက်ဆိုင်ရာဝန်ကြီးဌာနတွေ က ဆောင်ရွက်ပေးလျက်ရှိသကဲ့သို့ ရေစီးရေလာ ကောင်းမွန်ရေး၊ သဘာဝဘေးအန္တရာယ် ကြိုတင် ကာကွယ်ရေးလုပ်ငန်းတွေကိုလည်း စဉ်ဆက်မပြတ် ဆောင်ရွက်နေတာကို ဇွန်လအတွင်း မြင်တွေ့ရမှာ ဖြစ်ပါတယ်။
ကျန်းမာရေး အလှမ်းမဝေးစေရ
အနယ်နယ်အရပ်ရပ်မှာရှိတဲ့ ထေရ်ကြီးဝါကြီး ဆရာတော်ကြီးများ၊ ဌာနဆိုင်ရာဝန်ထမ်းများနဲ့ အများပြည်သူတွေကို ကာကွယ်ဆေးထိုးလုပ်ငန်း တွေ၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးလုပ်ငန်းတွေ၊ ကွာရန်တင်းစင်တာတွေ၊ စောင့်ကြည့်ကုသရေး စင်တာတွေစတာတွေအပြင် Stay at Home မြို့နယ် သတ်မှတ်တာတွေ၊ နေပြည်တော်ကောင်စီနယ်မြေ အတွင်း ဝင်ရောက်သွားလာမှုကန့်သတ်တာတွေ၊ ကိုဗစ် - ၁၉ ရောဂါထိန်းချုပ်ရေးနဲ့ အရေးပေါ်တုံ့ပြန် ရေးကော်မတီတွေ အဆင့်ဆင့်က ပြည်နယ်နဲ့ တိုင်းဒေသကြီးအလိုက် အစီအမံတွေကို ဇွန်လအတွင်း ဆောင်ရွက်ပေးခဲ့ပါတယ်။ မြို့နယ် အသီးသီးက ကျန်းမာရေးဌာနတွေ အမြန်ဆုံး ပြန်လည်ဖွင့်လှစ် နိုင်ရေးနဲ့ လိုအပ်တဲ့ဒေသတွေကို တပ်မတော် ကျန်းမာရေးအဖွဲ့တွေက သွားရောက်ကုသမှုတွေကို လည်း ပြုလုပ်ခဲ့ရာမှာ ဖေဖော်ဝါရီလ ကနေ ဇွန် ၂၇ ရက်အထိ ပြင်ပလူနာ နှစ်သိန်းခွဲနဲ့ အတွင်းလူနာ ခုနစ်သောင်းခွဲတို့ကို ကုသပေးနိုင်ခဲ့ပါတယ်။
ပညာရေးကဏ္ဍ မြှင့်တင်
ယခုနှစ် ပညာသင်နှစ်အတွက် ဇွန် ၁ ရက် မှာ အခြေခံပညာကျောင်းတွေကို ကိုဗစ် - ၁၉ ရောဂါ ကာကွယ်ရေးစည်းကမ်းချက်တွေနဲ့အညီ စတင်ဖွင့် လှစ်နိုင်ခဲ့ပါတယ်။ ကလေးတွေ ကျောင်း မတက်ကြဖို့ အဖျက်သမားတွေရဲ့ အကြံအစည် အမျိုးမျိုးကို ပြည်သူတွေရဲ့ ပူးပေါင်းဆောင်ရွက်မှု၊ ဆရာ ဆရာမ တွေရဲ့ အားထုတ်ကြိုးပမ်းမှုတွေနဲ့ ကျော်လွှားနိုင်ခဲ့ပြီ ဖြစ်ပါတယ်။ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ အခြေခံပညာကျောင်းတွေမှာ ကျောင်းသား ကျောင်းသူတွေ အေးချမ်းစွာပညာ သင်ကြားလျက် ရှိနေပြီ ဖြစ်ပါတယ်။ ၂၀၂၀ ပြည့်နှစ် တက္ကသိုလ် ဝင်တန်း အောင်မြင်သူတွေအတွက် တက္ကသိုလ် ဝင်ခွင့်လျှောက်ထားရန် ရက်ကိုလည်း ဇွန် ၃၀ ရက်အထိ တိုးမြှင့်ဆောင်ရွက်ပေးခဲ့တာကို မြင်တွေ့ ရပါတယ်။
တိုင်းရင်းသားစာပေ သင်ကြားပေးတဲ့ Teaching Assistant တွေနဲ့ Language Teacher တွေ ခန့်အပ်နိုင်ဖို့အတွက် ပြည်နယ်နဲ့တိုင်း
ဒေသကြီးအသီးသီးက လျှောက်လွှာတွေကို
တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာနက လက်ခံရရှိနေပြီဖြစ်တဲ့အတွက် လုပ်ထုံးလုပ်နည်း တွေနဲ့အညီ ပညာရေးဝန်ကြီးဌာနကို ပေးပို့သွားဖို့ ပြင်ဆင်လျက်ရှိတာကို ဇွန် ၂၁ ရက်က ဝမ်းမြောက် ဖွယ်သိရှိရပါတယ်။
လူမှုဘဝများလုံခြုံရေးနှင့် တိုးတက်မြင့်မားစေရေးဖော်ဆောင်
၂၀၂၁ ခုနှစ်အတွက် ပတ်ဝန်းကျင်စိမ်းလန်းစိုပြည်ရေးလှုပ်ရှားမှု မိုးရာသီသစ်ပင်စိုက်ပျိုးပွဲကို ဇွန်လအတွင်း တစ်နိုင်ငံလုံးမှာ စတင်နိုင်ခဲ့ပါတယ်။ ယခုနှစ်မှာ တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ ပျိုးပင် ပေါင်း ၃၆ သန်းကျော် စိုက်ပျိုးမှာဖြစ်တယ်လို့
ဇွန် ၁၈ ရက်က နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ကိုယ်တိုင်တက်ရောက်ခဲ့တဲ့ မိုးရာသီသစ်ပင် စိုက်ပျိုးပွဲကနေ သိရပါတယ်။
(၇၃) ကြိမ်မြောက် တိပိဋကဓရ တိပိဋက ကောဝိဒ စာအောင်သာသနာ့ အာဇာနည် အရှင် မြတ်တို့အား ဘွဲ့တံဆိပ်တော်နဲ့ အောင်လက်မှတ် ဆက်ကပ်ချီးကျူးပူဇော်ပွဲကို ဇွန် ၂၆ ရက်က ရန်ကုန်တိုင်းဒေသကြီး မရမ်းကုန်းမြို့နယ် ကမ္ဘာ အေးကုန်းမြေ မဟာပါသဏလိုဏ်ဂူသိမ်တော် ကြီးမှာ ကျင်းပခဲ့ရာမှာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းက ဘွဲ့တပ်ဆိပ်တော်များနှင့် အောင်လက် မှတ်များကို ဆပ်ကပ်ပူဇော်ခဲ့ပါတယ်။
လက်ရှိပြည်တွင်းအကြမ်းဖက်နေမှုတွေကို တည်ဆဲဥပဒေ လုပ်ထုံးလုပ်နည်းတွေနဲ့အညီ အရှိန်အဟုန်နဲ့ တိုက်ဖျက်သွားနိုင်ဖို့ အကြမ်းဖက်မှု တိုက်ဖျက်ရေးဗဟိုအဖွဲ့ အစည်းအဝေးကို ဇွန် ၂၃ ရက်က နေပြည်တော်မှာ ကျင်းပခဲ့ပါတယ်။ နိုင်ငံ တော်စီမံအုပ်ချုပ်ရေးကောင်စီရဲ့ မူဝါဒဖြစ်တဲ့ လူ့အဖွဲ့အစည်းအတွင်းမှာ ကွဲပြားစေမယ့်အခြေခံ အကြောင်း အရာတွေကို စနစ်တကျ စိစစ်ဖော်ထုတ် ကာကွယ်တားဆီးနိုင်ဖို့၊ အစွန်းရောက်မှုတွေနဲ့ အကြမ်းဖက်မှုတွေကို ထိရောက်စွာတိုက်ဖျက်နိုင်ဖို့ ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဆောင်တဲ့ ဗဟိုအဖွဲ့ဝင်တွေက ဆွေးနွေးညှိနှိုင်း ခဲ့ကြပါတယ်။
ကိုဗစ် - ၁၉ ကြောင့် နှောင့်နှေးနေရတဲ့ မြန်မာ့စီးပွားရေး ပြန်လည်မြှင့်တင်ရန် ရည်ရွယ် ချက်နဲ့ ၂၀၂၀ ပြည့်နှစ် ပြည်ထောင်စု၏ အခွန် အကောက်ဥပဒေကို ပြင်ဆင်တဲ့ ဥပဒေတစ်ရပ်ကို လည်း ဇွန်လ ၁၇ ရက်က ပြဋ္ဌာန်းခဲ့ပါတယ်။ မူးယစ် ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေတဲ့ ဆေးဝါးတွေ ထုတ်လုပ်ရာမှာ အသုံးပြုတဲ့ ထိန်းချုပ်ဓာတုပစ္စည်း တွေအဖြစ်
N စာမျက်နှာ ၈ မှ
၁၉၈၈ ခုနှစ် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲ စေတဲ့ဆေးဝါးများ တရားမဝင် သယ်ဆောင် ရောင်း ဝယ်ခြင်းကို ဆန့်ကျင်တိုက်ဖျက်သည့် ကမ္ဘာ့ ကုလသမဂ္ဂကွန်ဗင်းရှင်းရဲ့ ထိန်းချုပ်ဓာတုပစ္စည်း တွေကိုလည်း လိုက်နာဆောင်ရွက်ခဲ့တာကို ဇွန် လဆန်းသတင်းထုတ်ပြန်ချက်အရသိရှိရပါတယ်။
အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး အလွဲသုံးမှု နှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ ဖြစ်တဲ့ ဇွန် ၂၆ ရက်က ဖမ်းဆီးရမိတဲ့ မူးယစ်ဆေး ဝါး တွေကို ရန်ကုန်၊ မန္တလေးနဲ့ တောင်ကြီးမြို့တို့မှာ
မီးရှို့ဖျက်ဆီးခြင်းအခမ်းအနားတွေ ကျင်းပခဲ့ပါ တယ်။ ဒါ့အပြင် အရွယ်မရောက်သေးတဲ့ ကလေး သူငယ်တွေ စစ်မှုထမ်းခြင်းမှ ကာကွယ်တားဆီး ရေးအတွက် ကာကွယ်တားဆီးထိန်းသိမ်းရေးကော် မတီရဲ့ ၁/၂၀၂၁ အစည်းအဝေးကျင်းပခဲ့ပြီး လုပ် ငန်းစဉ်တွေ ပိုမိုတိုးချဲ့နိုင်စေဖို့ ကြိုးပမ်းခဲ့တာကို လည်း ဇွန် ၉ ရက်က မြင်တွေ့ရပါတယ်။အကျဉ်း သားတစ်ဦးရဲ့ ရရှိရမယ့်အခွင့်အရေးတွေ အပြည့် အဝရရှိစေဖို့အတွက် မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင်က ကြိုးပမ်းလျက်ရှိရာမှာ အကျဉ်းထောင်များ၊ ရဲစခန်းများနဲ့ အချုပ်ခန်းများ အထိ သွားရောက်ကာ အခွင့်အရေးပြည့်ဝစွာ ရရှိ အောင် ဆောင်ရွက်ပေးနေတာကိုလည်း ဇွန် ၉ ရက်ကမြင်တွေ့ခဲ့ရပါတယ်။
နေပြည်တော် မြို့မဈေးအနီး သုခတော်ဝင် အိမ်ရာ ဒုတိယအဆင့်ဆောက်လုပ်ပြီးတဲ့
တိုက်များက ငွေသွင်းပြီးတဲ့ မြေညီထပ်နဲ့ ပထမ ထပ်ရှိ အခန်း ၇၅ ခန်းကို မဲနှိုက်နေရာချထား ပေးတာတွေကို ဇွန်လဆန်းက ဆောင်ရွက်ပေးခဲ့ တဲ့အပြင် ရခိုင်ပြည်နယ် တိုက်ပွဲရှောင်ပြည်သူတွေ အတွက် နေအိမ်တွေကိုလည်း မြောက်ဦးနဲ့ မင်းပြား မြို့နယ်တွေမှာ ဇွန်လအတွင်း တည်ဆောက်ပေးနိုင် ခဲ့ပါတယ်။ ထို့အတူ ရန်ကုန်မြို့ မြနန္ဒာနိုင်ငံ့ဝန်ထမ်း အိမ်ရာ နေထိုင်ခွင့်ကို ဇူလိုင် ၁ ရက်မှာ စတင်ခွင့် ပြုမှာဖြစ်တဲ့အတွက် ယခုလအတွင်း လုပ်ငန်းလိုအပ် ချက်များ ဖြည့်ဆည်းပေးလျက်ရှိတာကို သိရပါတယ်။
၂၀၂၂ ခုနှစ်မှာ လယ်ယာသန်းခေါင်စာရင်းကို နည်းပညာအကူအညီအသုံးပြု ကောက်ယူနိုင်ဖို့ အလုပ်ရုံဆွေးနွေးပွဲတွေ ကျင်းပလျက်ရှိပါတယ်။ ငါးသယံဇာတ ရေရှည်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပင်လယ်ပြင် ငါးမဖမ်းရရာသီသစ်ကို မေလကနေ ဩဂုတ်လအထိ လေးလတာသတ်မှတ်နိုင်ခြင်းကို ဇွန်လအတွင်း ပြုလုပ်ခဲ့ပါတယ်။ လျှပ်စစ်နဲ့ စွမ်းအင် ကဏ္ဍ ပိုမိုမြင့်မားဖို့အတွက် နေရောင်ခြည်စွမ်းအင်သုံး ဓာတ်အားပေးစက်ရုံတွေ တည်ဆောက်တာ၊ ရေအား လျှပ်စစ်စီမံကိန်းတွေ တည်ဆောက်တာတွေကိုလည်း ယခုလအတွင်း ပြည်ထောင်စုဝန်ကြီးက သွားရောက် စစ်ဆေးခဲ့ပြီး လျှပ်စစ်ဓာတ်အား အမြန်ဆုံး အသုံး ပြုနိုင်ရေးအတွက် ကြိုးပမ်းနေတာကို မြင်တွေ့ရ ပါတယ်။
ပြည်ထောင်စုတရားသူကြီးချုပ်ဦးဆောင်တဲ့ အထူးအယူခံခုံရုံးက ရာဇဝတ်အထူးအယူခံမှု ငါးမှုနဲ့ တရားမအထူးအယူခံမှု ခြောက်မှုတို့ကို စီရင်ချက် ချမှတ်ခြင်းနှင့် ရုံးထိုင်ကြားနာခြင်းများ ပြုလုပ်ခဲ့ တာကို ဇွန် ၁၄ ရက်က တွေ့ရှိရပါတယ်။ အနု ပညာရှင် ၂၄ ဦးကိုလည်း ပုဒ်မ ၅၀၅-ကနဲ့ အမှုဖွင့် ထားခြင်းကို ရုပ်သိမ်းပေးလိုက်ကြောင်း သတင်း ထုတ်ပြန်ချက်တစ်စောင်ကို ဇွန်လ ၂၉ ရက်က ထုတ်ပြန်ခဲ့ပါတယ်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီရဲ့ ငါးလတာ ကာလမှာ အသက်ဝင်လာခဲ့တဲ့ လူငယ်များ ကျန်းမာ ကြံ့ခိုင်ရေးအတွက် အားကစားပြိုင်ပွဲတွေကျင်းပဖို့ ကြိုးစားမှုက အရာထင်လာခဲ့ပြီဖြစ်ပါတယ်။ တိုင်း ဒေသကြီးနဲ့ ပြည်နယ် အသက် ၂၁ နှစ်အောက် ဘောလုံးပြိုင်ပွဲကို ဇွန် ၂၄ ရက်က ကျင်းပနိုင်ခဲ့ပြီး တစ်နိုင်ငံလုံးမှာရှိတဲ့ အားကစားကွင်းတွေမှာလည်း အားကစားလေ့ကျင့်ရေးလုပ်ငန်းတွေ စတင်နိုင်ခဲ့ပြီ ဖြစ်ပါတယ်။
ပန်းခင်းစီမံချက်နဲ့ အိမ်ထောင်စုလူဦးရေ စာရင်းနဲ့ နိုင်ငံသားစိစစ်ရေးကတ်ပြား ပေးအပ် တာတွေကို ဇွန်လအတွင်း အရှိန်အဟုန်မြှင့်တင်ဆောင်ရွက်နေတာကိုလည်း မြို့နယ်များမှာ မြင်တွေ့ရပါတယ်။ ထို့အတူ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး နှာခေါင်းစည်းတပ်ဆင်ရေးလှုပ်
ရှားမှု (ကမ်ပိန်း)တွေကိုလည်း ယခုလအတွင်း အနယ်နယ်အရပ်ရပ်မှာ ကျင်းပလျက်ရှိပါတယ်။
ပြည်သူ့လက်ဝယ်သို့သတင်းမှန်ရောက်ရှိရေး
ဇွန်လအတွင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေး
ကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့ထံသို့ မီဒီယာ များက ဆက်သွယ်မေးမြန်းထားမှုတွေအပေါ် ပြန် လည်ဖြေကြားခြင်းကိုလည်း စဉ်ဆက်မပြတ် ပြုလုပ် ပေးနေပြီး သတင်းမှန်များ ပြည်သူများ လက်ဝယ် ရရှိအောင် ကြိုးပမ်းပေးလျက်ရှိပါတယ်။ သတင်း ထုတ်ပြန်ရေးအဖွဲ့အနေနဲ့ ကျောင်းဆရာ ဆရာမ တွေရဲ့ ဂုဏ်ကျေးဇူးကို အသိအမှတ်ပြု သောအားဖြင့် ကြေညာချက်တစ်စောင်ကို ဇွန် ၁၁ ရက်က ထုတ်ပြန် ခဲ့ပြီး စာသင်ကျောင်းတွေကို အခက်အခဲတွေကြားမှ ဖွင့်လှစ်ပေးခဲ့ကြတဲ့ ဆရာ ဆရာမတွေကို ချီးကျူး ဂုဏ်ပြုခဲ့ပါတယ်။
သတင်းထုတ်ပြန်ရေးအဖွဲ့ရဲ့ (၆) ကြိမ်မြောက် သတင်းစာရှင်းလင်းပွဲကို ဇွန် ၁၂ ရက်က ကျင်းပခဲ့ ပါတယ်။ နိုင်ငံတော်ရဲ့အခြေအနေ အရပ်ရပ်၊ အကြမ်းဖက်လုပ်ရပ် ဆောင်ရွက်သူတွေ ဖမ်းဆီး ရမိခဲ့တဲ့ အခြေအနေတွေနဲ့ ထွက်ဆိုချက်တွေနဲ့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရဲ့ ဆောင် ရွက်ချက်တွေကို မီဒီယာတွေထံ ရှင်းလင်းပြော ကြားခဲ့ပြီး သတင်းမီဒီယာတွေရဲ့ မေးမြန်းချက် တွေကို ပြန်လည်ဖြေကြားခဲ့ပါတယ်။
ပြန်ကြားရေးဝန်ကြီးဌာနအနေနဲ့ သတင်း မမှန် ထုတ်လွှင့်တဲ့ မီဒီယာတွေကို သတိပေးမှုတွေ ပြုလုပ်ခဲ့တဲ့အပြင် တစ်ဖက်မှာ ဂျာနယ်ထုတ်ဝေ လိုသူ ငါးဦး၊ အထွေထွေထုတ်ဝေသူ ၂၂ ဦးနဲ့ သတင်းအေဂျင်စီလုပ်ငန်းနှစ်ခုကို ယခုလ ၈ ရက်က ခွင့်ပြုပေးခဲ့ပါတယ်။ စာပေပညာရှင်ကြီး တွေကို အမျိုးသားစာပေတစ်သက်တာဆုနဲ့ အမျိုး သားစာပေဆုတွေ၊ စာပေဗိမာန်စာမူဆုတွေကို နှစ်စဉ်ချီးမြှင့်လျက်ရှိရာ ချီးမြှင့်ငွေများကို တိုးမြှင့် ချီးမြှင့်သွားမှာဖြစ်ကြောင်းကို ဇွန် ၁၆ ရက်က သတင်းထုတ်ပြန်ခဲ့ပါတယ်။
လမ်းပန်းဆက်သွယ်ရေး
ဇွန်လအတွင်း အများပြည်သူများ လေကြောင်း ခရီး လွယ်ကူစေရေးအတွက် ခရီးစဉ်အသစ်တွေ ဖြစ်တဲ့ မန္တလေး - မကွေး - စစ်တွေ ခရီးစဉ်ကို ဇွန် ၁၄ ရက်နဲ့ ၂၄ ရက်တို့မှာ စတင်တိုးချဲ့ ပြေးဆွဲ ပေးခဲ့ပါတယ်။ အနယ်နယ်အရပ်ရပ်မှာ ခရီးသည် တင်အဝေးပြေးနဲ့ မြို့တွင်း ခရီးသည်တင်ယာဉ်တွေ စည်းကမ်းတကျပြေးဆွဲနိုင်ဖို့ ကြိုးပမ်းနိုင်ခဲ့ပြီး နေပြည်တော်ကောင်စီနယ်မြေအတွင်း စည်းကမ်း တကျပြေးဆွဲနိုင်ဖို့ ကြိုးပမ်းခဲ့တာကိုလည်း ဇွန် ၁၂ ရက်က တွေ့ရှိရပါတယ်။ မန္တလေး - ပုဂံ လမ်း ပိုင်းနဲ့ သာစည်- မြင်းခြံလမ်းပိုင်း လူစီးရထားကို လည်း ဇွန် ၁၅ ရက် မှစတင်၍ ပြန်လည်ပြေးဆွဲ ပေးခဲ့ပါတယ်။
နိုင်ငံတော်ရဲ့ တာဝန်အရပ်ရပ်ကို နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီက ဦးဆောင်တာဝန်ယူ ခဲ့တာ ဖေဖော်ဝါရီ ၁ ရက်က စတင်ခဲ့တဲ့အတွက် ပြီးခဲ့တဲ့ဇွန်လက ငါးလတာ ပြည့်မြောက်တဲ့ကာလ ဖြစ်ပါတယ်။ နိုင်ငံတော်အစိုးရရဲ့ နိုင်ငံနဲ့ပြည်သူ အတွက် ဆောင်ရွက်ချက်တွေကို ပြန်လည်တင်ပြ ရာမှာ များပြားလွန်းလှတဲ့အတွက် အချို့လုပ်ငန်း ရပ်တွေကိုသာ ကောက်နုတ်တင်ပြနိုင်ခဲ့တာ
ဖြစ်ပါတယ်။ နိုင်ငံ့အကျိုးပြု ဆောင်ရွက်ချက်တွေ များစွာကျန်ရှိနေသေးပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေနဲ့ ရှေ့လုပ်ငန်းစဉ်တွေနဲ့ ဦးတည်ချက်တွေကို မမှိတ်မသုန် ကြိုးပမ်းဖော် ဆောင်သွားနေဦးမှာ ဖြစ်တယ်ဆိုတာကို တင်ပြ လိုက်ရပါတယ်။ ။