နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ အုပ်ချုပ်မှု(၂)နှစ်ပြည့် ကြိုဆိုထောက်ခံပွဲ၊ အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ ကြိုဆိုထောက်ခံပွဲနှင့် တပ်မတော်ထောက်ခံပွဲများ ပြုလုပ်

 

နေပြည်တော် ဖေဖော်ဝါရီ  ၁


နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ၏ အုပ်ချုပ်မှု  (၂)  နှစ်ပြည့်  ကြိုဆို ထောက်ခံပွဲ၊ အမျိုးသားကာကွယ် ရေးနှင့် လုံခြုံရေးကောင်စီ ကြိုဆို ထောက်ခံပွဲ၊ မြန်မာ့တပ်မတော် အား ထောက်ခံပွဲနှင့် ကုလသမဂ္ဂ လုံခြုံရေးကောင်စီ၏ မြန်မာနိုင်ငံ ဆိုင်ရာ ဆုံးဖြတ်ချက်အဆိုအပေါ် ကန့်ကွက်ရှုတ်ချပွဲတို့ကို   ယနေ့ တွင် ရှမ်းပြည်နယ်(တောင်ပိုင်း) နမ့်စန်မြို့နယ်၊ ရန်ကုန်တိုင်းဒေသ ကြီးအတွင်းရှိ      မြို့နယ် လေးမြို့ နယ်နှင့်   မန္တလေးတိုင်း ဒေသကြီး ချမ်းအေးသာစံမြို့နယ် တို့၌ ပြုလုပ်ကြပြီး ဆန္ဒဖော်ထုတ် ခဲ့ကြသည်။

 


ထိုသို့     ဆန္ဒဖော်ထုတ်ရာ တွင် “နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအစိုးရ၏  (၂) နှစ်ပြည့် အုပ်ချုပ်မှုကို  ထောက်ခံပါသည်၊ အမျိုးသားကာကွယ်ရေးနှင့် လုံခြုံ ရေးကောင်စီကို   ကြိုဆိုပါသည်၊ အမျိုးဘာသာ၊   သာသနာစောင့် ရှောက်ရေး ဒို့အရေး၊ NUG ၊ CRPH ၊ PDF    အကြမ်းဖက်သမားများ အလိုမရှိ၊   ပြည်တွင်း၊  ပြည်ပ အဖျက်သမားမှန်သမျှ ဆန့်ကျင် ကြ၊ ဗုဒ္ဓဘာသာရဟန်းတော်များ အား ကာကွယ်ကြ၊ ရွေးကောက်ပွဲ အောင်မြင်စွာ       ကျင်းပနိုင်ရေး ဒို့အရေး၊ ဖွဲ့စည်းပုံအခြေခံဥပဒေ နှင့်အညီ   ဆောင်ရွက်နေသည့် တပ်မတော်အား    ထောက်ခံပါ သည်၊ အကြမ်းဖက် PDF အလိုမရှိ၊ NUG ၊ CRPH အကြမ်းဖက်သမား များ အလိုမရှိ၊ NUG ၊ PDF ပြည်သူ အပေါ် အကြမ်းဖက်မှု ချက်ချင်း ရပ်၊ မြန်မာ့ပြည်တွင်းရေး ပြည်ပ စွက်ဖက်မှု အလိုမရှိ၊ ကုလသမဂ္ဂ လုံခြုံရေးကောင်စီ၏ မြန်မာနိုင်ငံ ဆိုင်ရာ ဆုံးဖြတ်ချက်အဆိုအပေါ် ကန့်ကွက်ရှုတ်ချပါသည်”စသည့် စာသားပါ  ဆိုင်းဘုတ်များအား ကိုင်ဆောင်ကြွေးကြော်၍ အေးချမ်း စွာ ဆန္ဒဖော်ထုတ်ကြပြီး ဟောပြော ပွဲများ ပြုလုပ်ခဲ့ကြကြောင်း သတင်းရရှိသည်။    

သတင်းစဉ်